ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဆာင္းရာသီလို ရာသီဥတုေအးတဲ႔အခ်ိန္မွာ အေရျပားဆဲလ္ေသေတြ ဖေနာင္႔မွာစုပံုၿပီး ဖေနာင္႔ကြဲတတ္ပါတယ္။

ဘာလိုလိုနဲဲ႔ ေဆာင္းေတာင္ ဝင္လာၿပီေနာ္။ ႏိုဝင္ဘာလကုန္ရင္ ခရစၥမတ္ရာသီထဲလည္း ဝင္ေတာ႔မယ္။ ေဆာင္းရာသီလို ရာသီဥတု ေအးတဲ႔အခ်ိန္မွာ အေရျပားဆဲလ္ေသေတြ ဖေနာင္႔မွာစုပံုၿပီး ဖေနာင္႔ကြဲတတ္ပါတယ္။ ဖေနာင္႔ကြဲတဲ႔အခါ နာက်င္မႈေဝဒနာကို ခံစားရတဲ႔အျပင္ အသားမာႀကီးတက္ၿပီး ေျခေထာက္အလွကို ပ်က္ဆီးေစႏိုင္ပါတယ္။

မိန္းကေလးေတြဆို တစ္ကိုယ္လံုးလန္းေအာင္ ဘယ္ေလာက္ျပင္ထား၊ ျပင္ထား... ေျခညွပ္ဖိနပ္ စီးမိတဲ႔ေန႕မွာ ေျခဖေနာင္႔က အက္ကြဲေနရင္ အလွပ်က္ပါတယ္။ ဒီလိုအျဖစ္မ်ိဳးေတြကို ေရွာင္ရွားႏိုင္ဖို႔ ဖေနာင္႔ကြဲျခင္းကို ကုစားႏုိင္တဲ႔ သဘာဝကုထံုးေလး တစ္မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

အဆင္႔ (၁)- ေရေႏြးကုထံုး

အရင္ဆံုး ၾကက္သီးေႏြးရံုေလာက္ ေရေႏြးတစ္အိုးရယ္၊ မုန္႕ဖုတ္ရာမွာ သံုးတဲ႔ မုန္႕ဖုတ္ဆိုဒါ (၂) ဇြန္းရယ္၊ ေခ်းတြန္းေက်ာက္လို႔ လူသိမ်ားၾကတဲ႔ ေရျမွဳပ္ေက်ာက္ရယ္၊ ဆား (၂) ဇြန္းရယ္ လိုအပ္ပါတယ္။ ေၾကြဇလံု (သို႕) စတီးလ္ဇလံု ထဲမွာ ၾကက္သီးေႏြးရံုေလာက္ ေရေႏြးကိုထည္႔လိုက္ပါ။

ေရေႏြးထဲမွာ မုန္႕ဖုတ္ဆိုဒါနဲ႔ ဆားနည္းနည္း ေရာလိုက္ပါ။ ၿပီးရင္ သမေအာင္ ေရာေမႊလိုက္ပါ။ သမသြားၿပီဆိုရင္ ေျခေထာက္ကို ေရထဲမွာႏွစ္ၿပီး (၁၅) မိနစ္ေလာက္ စိမ္ေပးလိုက္ပါ။ (၁၅) မိနစ္ၾကာေအာင္ စိမ္ၿပီးရင္ ေျခေထာက္ကို ေရစင္ေအာင္ျပန္သုတ္ၿပီး ေခ်းတြန္းေက်ာက္နဲ႔ အေရျပားဆဲလ္ေသလႊာေတြ ကြာက်သြားေအာင္ ညင္သာစြာ ပြတ္တိုက္ေပးလိုက္ပါ။

အဆင္႔ (၂)- ေခ်းခြ်တ္ျခင္း

ဆဲလ္ေသေတြကို ဖယ္ရွားၿပီးၿပီဆိုရင္ေတာ႔ ေခ်းခြ်တ္လို႔ရပါၿပီ။ ေခ်းခြ်တ္မယ္ဆိုရင္ လိုအပ္တဲ႔ပစၥည္းေတြကေတာ႔ ဆီ (၂) ဇြန္း နဲ႔ သၾကားအနည္းငယ္ျဖစ္ပါတယ္။ အရင္ဆံုး ေၾကြဇလံုတစ္လံုးထဲမွာ ဆီ (၂) ဇြန္းနဲ႔ သၾကား (၁) ဇြန္းကို ထည္႔လိုက္ပါ။

သမေအာင္ေမႊၿပီးရင္ေတာ႔ သဘာဝေခ်းခြ်တ္ေဆး (scrub) ေလးက အဆင္သင္႔ျဖစ္သြားပါၿပီ။ အဲဒီ ေခ်းခြ်တ္ေဆး (scrub) ေလးနဲ႔ ေျခေထာက္နဲ႔ဖေနာင္႔ကို (၅) မိနစ္ခန္႕ ညင္သာစြာ ပြတ္တိုက္ေပးလိုက္ပါ။ ၿပီးရင္ေတာ႔ ေရေအးေအးေလးနဲ႔ ျပန္လည္ေဆးေၾကာေပးလိုက္ပါ။

အဆင္႔ (၃)- အစိုဓာတ္ထိန္းသိမ္းျခင္း

ေခ်းခြ်တ္ၿပီးၿပီဆိုရင္ေတာ႔ အေရျပားအစိုဓာတ္ျပန္လည္ထိန္းသိမ္းျခင္း (moisturizer) သံုးဖို႔လိုအပ္လာပါၿပီ။ မိမိႏွစ္သက္ရာ moisturizer တစ္မ်ိဳးမ်ိဳးကို သံုးၿပီး အေရျပားအစိုဓာတ္ကို ျပန္လည္ထိန္းသိမ္းလို႔ ရပါတယ္။ Moisturizer သံုးမယ္ဆိုရင္ ခရင္မ္ကို ေျခဖဝါးတစ္ခုလံုး ႏွံ႕စပ္ေအာင္ လိမ္းေပးရမွာျဖစ္ၿပီး ၿပီးရင္ ေျခအိတ္အပါးေလးနဲ႔ ခဏေလာက္ စြပ္ထားေပးလိုက္ပါ။ ခဏၾကာရင္ေတာ႔ ေျခအိတ္ျပန္ခြ်တ္ႏိုင္ပါၿပီ။ ေျခဖေနာင္႔ အက္ကြဲတဲ႔အခါတိုင္း ဒီနည္းလမ္းေလးကို ျပဳလုပ္ေပးႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဆောင်းရာသီလို ရာသီဥတုအေးတဲ့အချိန်မှာ အရေပြားဆဲလ်သေတွေ ဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။

ဘာလိုလိုနဲ့ ဆောင်းတောင် ဝင်လာပြီနော်။ နိုဝင်ဘာလကုန်ရင် ခရစ္စမတ်ရာသီထဲလည်း ဝင်တော့မယ်။ ဆောင်းရာသီလို ရာသီဥတု အေးတဲ့အချိန်မှာ အရေပြားဆဲလ်သေတွေ ဖနောင့်မှာစုပုံပြီး ဖနောင့်ကွဲတတ်ပါတယ်။ ဖနောင့်ကွဲတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရတဲ့အပြင် အသားမာကြီးတက်ပြီး ခြေထောက်အလှကို ပျက်ဆီးစေနိုင်ပါတယ်။

မိန်းကလေးတွေဆို တစ်ကိုယ်လုံးလန်းအောင် ဘယ်လောက်ပြင်ထား၊ ပြင်ထား... ခြေညှပ်ဖိနပ် စီးမိတဲ့နေ့မှာ ခြေဖနောင့်က အက်ကွဲနေရင် အလှပျက်ပါတယ်။ ဒီလိုအဖြစ်မျိုးတွေကို ရှောင်ရှားနိုင်ဖို့ ဖနောင့်ကွဲခြင်းကို ကုစားနိုင်တဲ့ သဘာဝကုထုံးလေး တစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆင့် (၁)- ရေနွေးကုထုံး

အရင်ဆုံး ကြက်သီးနွေးရုံလောက် ရေနွေးတစ်အိုးရယ်၊ မုန့်ဖုတ်ရာမှာ သုံးတဲ့ မုန့်ဖုတ်ဆိုဒါ (၂) ဇွန်းရယ်၊ ချေးတွန်းကျောက်လို့ လူသိများကြတဲ့ ရေမြှုပ်ကျောက်ရယ်၊ ဆား (၂) ဇွန်းရယ် လိုအပ်ပါတယ်။ ကြွေဇလုံ (သို့) စတီးလ်ဇလုံ ထဲမှာ ကြက်သီးနွေးရုံလောက် ရေနွေးကိုထည့်လိုက်ပါ။

ရေနွေးထဲမှာ မုန့်ဖုတ်ဆိုဒါနဲ့ ဆားနည်းနည်း ရောလိုက်ပါ။ ပြီးရင် သမအောင် ရောမွှေလိုက်ပါ။ သမသွားပြီဆိုရင် ခြေထောက်ကို ရေထဲမှာနှစ်ပြီး (၁၅) မိနစ်လောက် စိမ်ပေးလိုက်ပါ။ (၁၅) မိနစ်ကြာအောင် စိမ်ပြီးရင် ခြေထောက်ကို ရေစင်အောင်ပြန်သုတ်ပြီး ချေးတွန်းကျောက်နဲ့ အရေပြားဆဲလ်သေလွှာတွေ ကွာကျသွားအောင် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။

အဆင့် (၂)- ချေးချွတ်ခြင်း

ဆဲလ်သေတွေကို ဖယ်ရှားပြီးပြီဆိုရင်တော့ ချေးချွတ်လို့ရပါပြီ။ ချေးချွတ်မယ်ဆိုရင် လိုအပ်တဲ့ပစ္စည်းတွေကတော့ ဆီ (၂) ဇွန်း နဲ့ သကြားအနည်းငယ်ဖြစ်ပါတယ်။ အရင်ဆုံး ကြွေဇလုံတစ်လုံးထဲမှာ ဆီ (၂) ဇွန်းနဲ့ သကြား (၁) ဇွန်းကို ထည့်လိုက်ပါ။

သမအောင်မွှေပြီးရင်တော့ သဘာဝချေးချွတ်ဆေး (scrub) လေးက အဆင်သင့်ဖြစ်သွားပါပြီ။ အဲဒီ ချေးချွတ်ဆေး (scrub) လေးနဲ့ ခြေထောက်နဲ့ဖနောင့်ကို (၅) မိနစ်ခန့် ညင်သာစွာ ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ ရေအေးအေးလေးနဲ့ ပြန်လည်ဆေးကြောပေးလိုက်ပါ။

အဆင့် (၃)- အစိုဓာတ်ထိန်းသိမ်းခြင်း

ချေးချွတ်ပြီးပြီဆိုရင်တော့ အရေပြားအစိုဓာတ်ပြန်လည်ထိန်းသိမ်းခြင်း (moisturizer) သုံးဖို့လိုအပ်လာပါပြီ။ မိမိနှစ်သက်ရာ moisturizer တစ်မျိုးမျိုးကို သုံးပြီး အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းလို့ ရပါတယ်။ Moisturizer သုံးမယ်ဆိုရင် ခရင်မ်ကို ခြေဖဝါးတစ်ခုလုံး နှံ့စပ်အောင် လိမ်းပေးရမှာဖြစ်ပြီး ပြီးရင် ခြေအိတ်အပါးလေးနဲ့ ခဏလောက် စွပ်ထားပေးလိုက်ပါ။ ခဏကြာရင်တော့ ခြေအိတ်ပြန်ချွတ်နိုင်ပါပြီ။ ခြေဖနောင့် အက်ကွဲတဲ့အခါတိုင်း ဒီနည်းလမ်းလေးကို ပြုလုပ်ပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top