Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စေလတိုက္နယ္ေဆး႐ံု၌ ေဆး႐ံုအေဆာက္အအံုေနရာ အခက္အခဲေၾကာင့္ အႏၲရာယ္ရိွ အေဆာက္အအံုအျဖစ္ သတ္မွတ္ထားၿပီးျဖစ္သည့္ သားဖြားေဆာင္ကို လက္ရွိအခ်ိန္အထိ ဆက္လက္အသံုးျပဳေနရဆဲျဖစ္ကာ လူနာမ်ား ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ အေဆာက္အအံုသစ္တစ္ခု အျမန္ဆံုးရရွိရန္ လိုအပ္လ်က္ ရွိေၾကာင္း သိရသည္။

စေလတိုက္နယ္ေဆး႐ံု ဆရာဝန္ႀကီး ေဒါက္တာ ေဒၚခင္မာရင္က အဆိုပါ သားဖြားေဆာင္ကို ၂ဝ၁၆ ခုႏွစ္ ၾသဂုတ္လမွစ၍ အႏၲရာယ္ရိွ အေဆာက္အအံုအျဖစ္ သတ္မွတ္ထားျခင္းျဖစ္ေသာ္လည္း လူနာမ်ားထားရွိရန္ ေနရာအခက္အခဲေၾကာင့္ အဆိုပါသားဖြားေဆာင္ကို ဆက္လက္အသံုးျပဳေနရေၾကာင္း ေျပာၾကားသည္။ ''ကြၽန္မတို႔ရဲ႕ ေဆး႐ံုမွာလည္း လူနာအေနထားအရ ၁၆ ခုတင္ဆံ့ ဆိုေပမယ့္ လူနာက ႏွစ္ဆယ္ေက်ာ္၊ သံုးဆယ္ေလာက္အထိ ရိွေနပါတယ္။ အဲဒါေၾကာင့္ လူနာထားဖို႔ အခက္အခဲရွိေနတာေၾကာင့္ ဒီအက္ကြဲေနတဲ့ အေဆာက္အအံုကိုပဲ လူနာထားၿပီး သံုးေနရတာပါ''ဟု ဆရာဝန္ႀကီးက ဆက္ေျပာသည္။

ၿပီးခဲ့သည့္ ၂ဝ၁၆ ခုႏွစ္ ၾသဂုတ္လက ေခ်ာက္ၿမိဳ႕အနီးကို ဗဟိုျပဳ၍ လႈပ္ခတ္သြားခဲ့ေသာ အင္အား ၆ ဒသမ ၈ ျပင္းအားရွိ ငလ်င္ေၾကာင့္ ေဒသရွိ ေရွးေဟာင္းေစတီပုထိုးအခ်ဳိ႕ ပ်က္စီးျခင္းႏွင့္အတူ သက္တမ္းရင့္ အေဆာက္အအံု တစ္ခုျဖစ္သည့္ အဆိုပါ သားဖြားေဆာင္မွာလည္း အုတ္နံရံမ်ား အက္ကြဲသြားခဲ့ျခင္း ျဖစ္ေၾကာင္း စေလၿမိဳ႕ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီမွ အတြင္းေရးမွဴး ဦးေမာင္ေမာင္ဝင္းက ဆိုသည္။ ယခုလက္ရွိတြင္ အႏၲရာယ္ရွိ အေဆာက္အအံုအျဖစ္ သတ္မွတ္ထားၿပီးျဖစ္သည့္ ယင္းသားဖြားေဆာင္ကို ၿမိဳ႕နယ္ဆရာဝန္ႀကီး၏ ညြန္ၾကားခ်က္ျဖင့္ ဖ်က္သိမ္းခြင့္ ေလွ်ာက္ထားေၾကာင္းလည္း အတြင္းေရးမွဴးထံမွ သိရသည္။

ေခ်ာက္ၿမိဳ႕နယ္ အမွတ္(၂) မဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးဝင္းကလည္း အဆိုပါ ယိုယြင္းပ်က္စီးေနသည့္ စေလတိုက္နယ္ေဆး႐ံု သားဖြားေဆာင္အတြက္ အစိုးရအဖြဲ႕မွ ကူညီပံ့ပိုးေပးရန္ လႊတ္ေတာ္တြင္ ေမးျမန္းခဲ့ရာ တိုင္းေဒသႀကီး က်န္းမာေရးဝန္ႀကီးက လာေရာက္ကြင္းဆင္း ေလ့လာခဲ့ၿပီး ၂ဝ၁၇ -၂ဝ၁၈ ဘ႑ာႏွစ္အတြင္း ျပင္ဆင္ေဆာင္ရြက္ေပးမည္ဟု ဝန္ႀကီးက ေျပာဆိုခဲ့ေၾကာင္း ဝန္ႀကီး၏ ေျပာၾကားခ်က္ကို ကိုးကား၍ ရွင္းျပသည္။

''ဝန္ႀကီးကိုယ္တိုင္က ဒီအေဆာက္အအံုဟာ မိုးရက္ရွည္ ႐ြာသြန္းတဲ့အခါမ်ိဳးမွာဆိုရင္ အႏၲရာယ္ျဖစ္ႏိုင္တယ္လို႔ ဆိုေသာ္ျငားလည္း ကြၽန္ေတာ္တို႔မွာ ဒီဖြားခန္းနဲ႔ လူနာေဆာင္ကိုမွ မသံုးရင္ အျခားသံုးစြဲစရာေနရာ မရိွတဲ့အတြက္ ဒီအေဆာက္အအံုမွာပဲ အခုလို သံုးစြဲေနရျခင္းျဖစ္ပါတယ္''ဟု တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္က ဆက္လက္ေျပာၾကားသည္။

အဆိုပါ ၁၆ ခုတင္ဆံ့ စေလတိုက္နယ္ေဆး႐ံုမွာ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္သျဖင့္ ေဆး႐ံုတြင္ လူဦးေရ ႏွစ္ေသာင္းနီးပါးရွိသည့္ စေလတိုက္နယ္ထဲမွ ေဒသခံ လူနာမ်ားသာမက စလင္း၊ ပခန္းငယ္၊ ေက်ာက္ရဲ စသည့္ ပတ္ဝန္းက်င္ေဒသမ်ားမွ လူနာမ်ားပါ လာေရာက္ကုသၾကေသာေၾကာင့္ တိုက္နယ္ေဆး႐ံုတြင္ လက္ခံႏိုင္သည့္ လူနာအေရအတြက္ထက္ လာေရာက္ျပသသည့္ လူနာဦးေရက ပိုမ်ားေနလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
စလေတိုက်နယ်ဆေးရုံ၌ ဆေးရုံအဆောက်အအုံနေရာ အခက်အခဲကြောင့် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် သားဖွားဆောင်ကို လက်ရှိအချိန်အထိ ဆက်လက်အသုံးပြုနေရဆဲဖြစ်ကာ လူနာများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အဆောက်အအုံသစ်တစ်ခု အမြန်ဆုံးရရှိရန် လိုအပ်လျက် ရှိကြောင်း သိရသည်။

စလေတိုက်နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ခင်မာရင်က အဆိုပါ သားဖွားဆောင်ကို ၂ဝ၁၆ ခုနှစ် သြဂုတ်လမှစ၍ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားခြင်းဖြစ်သော်လည်း လူနာများထားရှိရန် နေရာအခက်အခဲကြောင့် အဆိုပါသားဖွားဆောင်ကို ဆက်လက်အသုံးပြုနေရကြောင်း ပြောကြားသည်။ ''ကျွန်မတို့ရဲ့ ဆေးရုံမှာလည်း လူနာအနေထားအရ ၁၆ ခုတင်ဆံ့ ဆိုပေမယ့် လူနာက နှစ်ဆယ်ကျော်၊ သုံးဆယ်လောက်အထိ ရှိနေပါတယ်။ အဲဒါကြောင့် လူနာထားဖို့ အခက်အခဲရှိနေတာကြောင့် ဒီအက်ကွဲနေတဲ့ အဆောက်အအုံကိုပဲ လူနာထားပြီး သုံးနေရတာပါ''ဟု ဆရာဝန်ကြီးက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် သြဂုတ်လက ချောက်မြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သော အင်အား ၆ ဒသမ ၈ ပြင်းအားရှိ ငလျင်ကြောင့် ဒေသရှိ ရှေးဟောင်းစေတီပုထိုးအချို့ ပျက်စီးခြင်းနှင့်အတူ သက်တမ်းရင့် အဆောက်အအုံ တစ်ခုဖြစ်သည့် အဆိုပါ သားဖွားဆောင်မှာလည်း အုတ်နံရံများ အက်ကွဲသွားခဲ့ခြင်း ဖြစ်ကြောင်း စလေမြို့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမောင်မောင်ဝင်းက ဆိုသည်။ ယခုလက်ရှိတွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့် ယင်းသားဖွားဆောင်ကို မြို့နယ်ဆရာဝန်ကြီး၏ ညွန်ကြားချက်ဖြင့် ဖျက်သိမ်းခွင့် လျှောက်ထားကြောင်းလည်း အတွင်းရေးမှူးထံမှ သိရသည်။

ချောက်မြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကလည်း အဆိုပါ ယိုယွင်းပျက်စီးနေသည့် စလေတိုက်နယ်ဆေးရုံ သားဖွားဆောင်အတွက် အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေးရန် လွှတ်တော်တွင် မေးမြန်းခဲ့ရာ တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးက လာရောက်ကွင်းဆင်း လေ့လာခဲ့ပြီး ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ပြင်ဆင်ဆောင်ရွက်ပေးမည်ဟု ဝန်ကြီးက ပြောဆိုခဲ့ကြောင်း ဝန်ကြီး၏ ပြောကြားချက်ကို ကိုးကား၍ ရှင်းပြသည်။

''ဝန်ကြီးကိုယ်တိုင်က ဒီအဆောက်အအုံဟာ မိုးရက်ရှည် ရွာသွန်းတဲ့အခါမျိုးမှာဆိုရင် အန္တရာယ်ဖြစ်နိုင်တယ်လို့ ဆိုသော်ငြားလည်း ကျွန်တော်တို့မှာ ဒီဖွားခန်းနဲ့ လူနာဆောင်ကိုမှ မသုံးရင် အခြားသုံးစွဲစရာနေရာ မရှိတဲ့အတွက် ဒီအဆောက်အအုံမှာပဲ အခုလို သုံးစွဲနေရခြင်းဖြစ်ပါတယ်''ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။

အဆိုပါ ၁၆ ခုတင်ဆံ့ စလေတိုက်နယ်ဆေးရုံမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သဖြင့် ဆေးရုံတွင် လူဦးရေ နှစ်သောင်းနီးပါးရှိသည့် စလေတိုက်နယ်ထဲမှ ဒေသခံ လူနာများသာမက စလင်း၊ ပခန်းငယ်၊ ကျောက်ရဲ စသည့် ပတ်ဝန်းကျင်ဒေသများမှ လူနာများပါ လာရောက်ကုသကြသောကြောင့် တိုက်နယ်ဆေးရုံတွင် လက်ခံနိုင်သည့် လူနာအရေအတွက်ထက် လာရောက်ပြသသည့် လူနာဦးရေက ပိုများနေလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top