iMyanmarHouse.com - Best Property Website for Myanmar
×

nonselfmotto (56)တကယ္ရွိတာက သေဘာပရမတ္ပါ။ သေဘာပရမတ္မွာ ပညတ္တပ္ရရင္ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္ပါ။ စိတ္၊ ေစတသိတ္၊ ရုပ္ဆိုတာက တရစပ္ပ်က္စီးတဲ့ သေဘာပါ။ အနိစၥ၊ အနတၱ၊ ဒုကၡသေဘာပါ။ နိဗၺာန္ဆိုတာက ပ်က္စီးမွဳကင္းတဲ့ သေဘာပါ။ နိစၥ၊ သုခ၊ အနတၱသေဘာပါ။ စကားလံုးေတြ လက္ခံရံုနဲ႕ မၿပီးပါဘူး။ ဗုဒၶဘာသာဝင္ျဖစ္တဲ့ အတြက္ ဘုရားဆိုတဲ့ စကားလံုးနဲ႕၊ တရားဆိုတဲ့ စကားလံုးေတာ့ လက္ခံႏိုင္ၿပီးသား ျဖစ္ပါတယ္။ ဘာရိပ္သာ ညာရိပ္သာဝင္တယ္ဆိုရင္ ဘာတရား ညာတရားဆိုတဲ့ စကားလံုးေတြကိုေတာ့ လက္ခံႏိုင္ၿပီးသား ျဖစ္ပါတယ္။ ဘယ္သူ ဘယ္ဝါဆိုတဲ့ သတ္မွတ္ခ်က္ေတြကိုေတာ့ လက္ခံႏိုင္ၿပီးသား ျဖစ္ပါတယ္။ အနိစၥ၊ အနတၱ၊ ဒုကၡဆိုတဲ့ စကားလံုးေတြကေတာ့ လက္ခံႏိုင္ၿပီးသား နိစၥ၊ သုခ၊ အနတၱဆိုတဲ့ စကားလံုးေတြကေတာ့ ဘုရားေဟာပဲဆိုရင္ေတာ့ ဘုရားကို ယံုၾကည္မွဳရွိတာျဖစ္တဲ့အတြက္ ဘုရားေဟာတာကိုလဲ လက္ခံၿပီးသားေပါ့။ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္ ပရမတ္တရား (၄)ပါး ဒါေတြကိုလဲ လက္ခံႏိုင္ၿပီးသားေပါ့။

တရားအလုပ္က်ေတာ့  စကားကိုလက္ခံတာမဟုတ္ေတာ့ပဲ စကားေနာက္ကြယ္က အမွန္တရားကို လက္ခံႏိုင္ဖို႕ႀကိဳးစားရမွာပါ။ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္ ဆိုတာက သေဘာပရမတ္ေတြပါ။ စိတ္၊ ေစတသိတ္၊ ရုပ္ ဆိုတာလဲ သေဘာပရမတ္ နိဗၺာန္ဆိုတာလဲ သေဘာပရမတ္ပါပဲ။ ဒါေပမယ့္ စြမ္းအင္သတၱိမတူပါဘူး။ စိတ္၊ ေစတသိတ္၊ ရုပ္ဆိုတာက မတည္ၿမဲတဲ့ ေဖါက္ျပန္တဲ့ မျပတ္တရစပ္ ျပဳျပင္ေနတဲ့ တရစပ္ပ်က္စီးေနတဲ့ စြမ္းအင္သတၱိရွိတဲ့ သေဘာပရမတ္ပါ။ နိဗၺာန္ဆိုတာက ျပဳျပင္မွဳ ေဖါက္ျပန္မွဳ မတည္ၿမဲမွဳ ပ်က္စီးမွဳကင္းတဲ့ စြမ္းအင္သတၱိရွိတဲ့ သေဘာပရမတ္ပါ။

ဓါတ္ႀကီး(၄)ပါးလိုေပါ့ ပူတာလဲတေဇာ၊  ေအးတာလဲ  ေတေဇာေပါ့။ ေတေဇာေတာ့   ေတေဇာပဲ ပူတာနဲ႔ ေအးတာနဲ႕ စြမ္းအင္သတၱိ (၂) ခုရွိသလိုပါပဲ။ ဝါေယာဓာတ္ဆိုတာလဲ လွဳပ္တာလဲ ဝါေယာ ၿငိမ္တာတဲ့ ဝါေယာပါပဲ။ အဲဒီလို ဆန္႕က်င္ဘက္သတၱိ(၂) ခုရွိပါတယ္။ ပထဝီဓာတ္လို မာတာလဲ ပထဝီ ေပ်ာ့တာလဲ ပထဝီ ဆန္႔က်င္ဘက္ စြမ္းအင္သတၱိ(၂) မ်ိဳးရွိပါတယ္။ အာေပါ ဓာတ္လို ယိုစီးတာလဲ အာေဘာဓာတ္ပဲ ဖြဲ႕စည္းတာလဲ အာေပါဓာတ္ပဲ။ ဓာတ္တစ္ခုထဲကပဲ ဆန္႔က်င္ဘက္ စြမ္းရည္သတၱိ ရွိေနသလိုမ်ိဳးပါပဲ။ သေဘာပရမတ္ကလဲ တရစပ္ပ်က္စီးတဲ့ အနိစၥ၊ ဒုကၡ၊ အနတၱစြမ္းရည္သတၱိနဲ႕ အဲဒီ ပ်က္စီးမွဳ ျပဳျပင္မွဳ ေဖါက္ျပန္မွဳ မတည္ၿမဲမွဳ ကင္းတဲ့ စြမ္းအင္သတၱိ ဒီ ဆန္႕က်င္ဘက္စြမ္းအင္သတၱိ(၂) မ်ိဳးရွိပါတယ္။ အဲဒါေတြပဲရွိပါတယ္။ သေဘာပရမတ္ေတြပဲ ရွိပါတယ္။

စိတ္၊ ေစတသိတ္၊ ရုပ္ ေတြမွာက အနိစၥစြမ္းအင္ေပါ့.. မၿမဲတဲ့စြမ္းအင္ေပါ့ .. ဒုကၡဆိုတာက ဆင္းရဲတဲ့ စြမ္းအင္သတၱိ၊ အနတၱဆိုတာက တစ္ခု၊ တစ္ေယာက္၊ တစ္ခ်ိန္ တစ္ေနရာ မဟုတ္တဲ့ စြမ္းအင္သတၱိပါ။ မၿမဲတဲ့စြမ္းအင္ရဲ႕ ဆန္႕က်င္ဘက္က ၿမဲတဲ့ စြမ္းအင္သတၱိ.. ဒါေတြက သေဘာပရမတ္ေတြခ်ည္းပဲ။ ဘာမၿမဲတာညာမၿမဲတာ မဟုတ္ဘူး။ တစ္ခုခု တစ္ေယာက္ေယာက္ တစ္ခ်ိန္ခ်ိန္ တစ္ေနရာရာ ၿမဲတာ မၿမဲတာကို ေျပာတာ မဟုတ္ဘူး။ မၿမဲတဲ့စြမ္းအင္ သတၱိေတြ ၿမဲေနတာက စိတ္၊ ေစတသိတ္၊ ရုပ္။ ၿမဲတဲ့စြမ္းအင္သတၱိ ၿမဲေနတာက၊ မၿမဲတဲ့စြမ္းအင္သတၱိကင္းတဲ့ သေဘာၿမဲေနတာက နိဗၺာန္ပါ။နိဗၺာန္က ဘာမွ မရွိတာ နိဗၺာန္မဟုတ္။ နိဗၺာန္က ဘံုနန္းျပႆဒ္ႀကီးလဲ မဟုတ္။ အဲဒီ တစ္ခု၊ တစ္ေယာက္၊ တစ္ခ်ိန္၊ တစ္ေနရာ ဆိုတာနဲ႕ မပါတ္သက္တဲ့ ဘာေတြညာေတြ ဘယ္သူေတြ ဘယ္ဝါေတြနဲ႕ မပါတ္သက္တဲ့ ျပဳျပင္မွဳ၊ ေဖါက္ျပန္မွဳ၊ ပ်က္စီးမွဳ၊ မတည္ၿမဲမွဳ ကင္းတဲ့ စြမ္းအင္သတၱိက နိဗၺာန္ပါ။

အဲဒီေတာ့ ရွိတာကေတာ့ သေဘာပရမတ္ပဲ ရွိပါတယ္။ ဒီသေဘာပရမတ္မွာ အနိစၥစြမ္းအင္နဲ႕ နိစၥစြမ္းအင္.. အပူနဲ႕ အေအးလို ဒုကၡစြမ္းအင္နဲ႔ သုခဆိုတဲ့ ဆန္႕က်င္ဘက္စြမ္းအင္သတၱိ.. ဒီဆန္႕က်င္ဘက္ စြမ္းအင္သတၱိေတြရွိတဲ့ သေဘာပရမတ္သာလွ်င္ အၿမဲရွိေနတာပါ။ တရားအလုပ္က အဲဒီလို မွန္ကန္တဲ့ အဓိပၸါယ္ကို လက္ခံတဲ့ အလုပ္ပါ။ အဲဒီလိုသေဘာပရမတ္ကို လက္ခံႏိုင္တယ္ဆိုရင္ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္  ပဲရွိတယ္.. အနိစၥနဲ႕ နိစၥ၊ ဒုကၡနဲ႕ သုခ၊ အသုဘနဲ႕ သုဘေပါ့။ ဒုကၡသစၥာနဲ႕ သုခသစၥာပဲရွိတယ္.. ဒီအမွန္တရားကို လက္ခံႏိုင္တယ္ဆိုရင္ ဒီတရားနဲ႕ အညီ ဒါပဲရွိတယ္ဆိုေတာ့ ရွိတာကိုပဲ ရွိတဲ့အျဖစ္ ခံယူလိုက္ဖို႕ပါပဲ။ ပရမတ္နဲ႕ တသားတည္းျဖစ္သြားဖို႕ သေဘာပရမတ္အျဖစ္ ခံယူလိုက္ဖို႕ပဲေပါ့။ သေဘာပရမတ္ပဲရွိတယ္ဆိုေတာ့ ပရမတ္နဲ႔ တသားတည္းျဖစ္သြားဖို႕ ႀကိဳးစားဖို႕ပါပဲ။

အဲဒီေတာ့ စကားလံုးေတြကို လက္ခံနိဳင္ရံုနဲ႕ အဓိပၸါယ္ကို လက္မခံႏိုင္ေသးပါဘူး။ ဘုရားေဟာတဲ့ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္.. သစၥာ(၄)ပါး စကားလံုးေတြကိုေတာ့ ဗုဒၶဘာသာဝင္အားလံုးေလာက္ နီးပါး လက္ခံႏုိင္ၿပီးသားေပါ့။ စကားလံုးေတြကို လက္ခံတယ္။ ဒါေပမယ့္ အဓိပၸါယ္နားလည္မွဳက်ေတာ့ တစ္ေယာက္တစ္ေပါက္စီ ျဖစ္ေနပါတယ္။ ေယာဂီတိုင္းနီးပါးေတာ့ ဒီ စကားလံုးေတြကို လက္ခံနိုင္ၿပီးသားေပါ့။ ဒါေပမယ့္ မဂၢသစၥာကို၊ ဒုကၡသစၥာကို၊ သမုဒယသစၥာကို ဒါမွမဟုတ္နိဗၺာန္ကို .. ဒီစကားလံုးေတြရဲ႕ အဓိပၸါယ္ကို နားလည္မွဳက်ေတာ့ အမ်ိဳးမ်ိဳးကြဲျပားေနပါတယ္။ အဲဒါေၾကာင့္လဲ ဒီမွန္ကန္တဲ့ အဓိပၸါယ္ကို လက္ခံႏိုင္ဖို႕ လိုပါတယ္။ မွန္ကန္တဲ့ အဓိပၸါယ္ကိုမွ လက္မခံႏိုင္ဘူးဆိုရင္.. မွန္ကန္တဲ့ အဓိပၸါယ္ဆိုတာလဲ အမ်ိဳးမ်ိဳးရွိတာ မဟုတ္ပါဘူး။ ပရမတ္က တသမတ္တည္းပါပဲ။ ဘုရားေဟာတာကေတာ့ စိတ္၊ ေစတသိတ္၊ ရုပ္၊နိဗၺာန္ပဲေပါ့.. အနိစၥ၊ အနတၱ၊ ဒုကၡပဲေပါ့ .. ။အဲလိုပဲ ပရမတ္ဆိုတာလဲ သူ႕ရဲ႕ အဓိပၸါယ္က တသေဘာတည္းပါပဲ။

ဦးဇင္းတို႕ တရားေဟာတယ္ဆိုတာကလဲ သေဘာပရမတ္ဆိုတာကို အနီးစပ္ဆံုး၊ အတိက်ဆံုး ပညတ္တပ္တာပါ။ ဒါကိုလက္မခံႏိုင္ဘူးဆိုရင္ မတိက်တာေတြကို မေသခ်ာတဲ့ အဓိပၸါယ္ေတြကို ပရမတ္လုပ္ေနေတာ့မွာ ပါပဲ။ အဲဒီေတာ့ လက္မခံႏိုင္ေသးဘူးဆိုရင္ ဘုရားေဟာ စိတ္၊ ေစတသိတ္၊ ရုပ္၊ နိဗၺာန္ ဆိုတာ လက္ခံႏိုင္ေပမယ့္ ဦးဇင္းေျပာတဲ့ အဓိပၸါယ္ကို လက္မခံႏိုင္ေသးဘူးဆိုရင္ လက္ခံႏိုင္ဖို႕ ႀကိဳးစားရမွာပါပဲ။ စကားမေျပာတတ္ရင္ ေျပာတတ္ေအာင္သာ ႀကိဳးစားဖို႕ လိုသလိုေပါ့။ ပညာမတတ္ရင္ တတ္ေအာင္သင္ဖို႕သာ လိုသလိုပါပဲ။ ကိုယ္လက္မခံႏိုင္ရင္လဲ လက္ခံႏိုင္ေအာင္ ႀကိဳးစားဖို႕သာ လိုပါတယ္။ ကိုယ္လက္မခံႏိုင္တာနဲ႕ ဒါ မွားတယ္ ဆိုၿပီးေတာ့မွ စြဲခ်က္တင္ရမွာ မဟုတ္ပါဘူး။

ကိုယ့္အယူနဲ႕ မတူတာနဲ႕ အမွန္တရားကို မဆန္႕က်င္ပါနဲ႕။ အဲဒီေတာ့ ကိုယ္က တရားလာရွာတာပဲ။ ကိုယ္က ဆရာလာလုပ္တာပဲ.. ကိုယ္က ဆရာေနရာမွာ ေနတယ္ ဆိုရင္ေတာ့ တပည့္က လုပ္တာကို ကိုယ္သိတဲ့ အသိနဲ႕ အမွားအမွန္ ဆံုးျဖတ္ရမွာေပါ့.. ကိုယ့္ရဲ႕ ဆရာအသိကို ကိုင္ထားၿပီး တပည့္သိတဲ့ အသိကို ျပင္ေပးရမွာပါ။ ကိုယ္က တပည့္လုပ္တယ္ဆိုရင္ေတာ့ ဆရာသိတဲ့ အသိကို လက္ခံၿပီးေတာ့မွ တပည့္အသိကို စြန္႕ရဲတဲ့ သတၱိရွိဖို႔လိုပါတယ္။

          တကယ္ရွိတာက သေဘာပရမတ္ပဲ.. အဲဒီ သေဘာပရမတ္မွာ ဆန္႔က်င္ဘက္ စြမ္းအင္သတၱိေတြရွိတယ္။ စိတ္၊ ေစတသိတ္၊ ရုပ္ နဲ႕ နိဗၺာန္ဆိုတာက သေဘာပရမတ္ခ်ည္းပါပဲ။ စြမ္းအင္သတၱိမတူတာပဲရွိပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: တရားဓမၼ
#Unicode Version#
တကယ်ရှိတာက သဘောပရမတ်ပါ။ သဘောပရမတ်မှာ ပညတ်တပ်ရရင် စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်ပါ။ စိတ်၊ စေတသိတ်၊ ရုပ်ဆိုတာက တရစပ်ပျက်စီးတဲ့ သဘောပါ။ အနိစ္စ၊ အနတ္တ၊ ဒုက္ခသဘောပါ။ နိဗ္ဗာန်ဆိုတာက ပျက်စီးမှုကင်းတဲ့ သဘောပါ။ နိစ္စ၊ သုခ၊ အနတ္တသဘောပါ။ စကားလုံးတွေ လက်ခံရုံနဲ့ မပြီးပါဘူး။ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ အတွက် ဘုရားဆိုတဲ့ စကားလုံးနဲ့၊ တရားဆိုတဲ့ စကားလုံးတော့ လက်ခံနိုင်ပြီးသား ဖြစ်ပါတယ်။ ဘာရိပ်သာ ညာရိပ်သာဝင်တယ်ဆိုရင် ဘာတရား ညာတရားဆိုတဲ့ စကားလုံးတွေကိုတော့ လက်ခံနိုင်ပြီးသား ဖြစ်ပါတယ်။ ဘယ်သူ ဘယ်ဝါဆိုတဲ့ သတ်မှတ်ချက်တွေကိုတော့ လက်ခံနိုင်ပြီးသား ဖြစ်ပါတယ်။ အနိစ္စ၊ အနတ္တ၊ ဒုက္ခဆိုတဲ့ စကားလုံးတွေကတော့ လက်ခံနိုင်ပြီးသား နိစ္စ၊ သုခ၊ အနတ္တဆိုတဲ့ စကားလုံးတွေကတော့ ဘုရားဟောပဲဆိုရင်တော့ ဘုရားကို ယုံကြည်မှုရှိတာဖြစ်တဲ့အတွက် ဘုရားဟောတာကိုလဲ လက်ခံပြီးသားပေါ့။ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ပရမတ်တရား (၄)ပါး ဒါတွေကိုလဲ လက်ခံနိုင်ပြီးသားပေါ့။

တရားအလုပ်ကျတော့  စကားကိုလက်ခံတာမဟုတ်တော့ပဲ စကားနောက်ကွယ်က အမှန်တရားကို လက်ခံနိုင်ဖို့ကြိုးစားရမှာပါ။ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတာက သဘောပရမတ်တွေပါ။ စိတ်၊ စေတသိတ်၊ ရုပ် ဆိုတာလဲ သဘောပရမတ် နိဗ္ဗာန်ဆိုတာလဲ သဘောပရမတ်ပါပဲ။ ဒါပေမယ့် စွမ်းအင်သတ္တိမတူပါဘူး။ စိတ်၊ စေတသိတ်၊ ရုပ်ဆိုတာက မတည်မြဲတဲ့ ဖေါက်ပြန်တဲ့ မပြတ်တရစပ် ပြုပြင်နေတဲ့ တရစပ်ပျက်စီးနေတဲ့ စွမ်းအင်သတ္တိရှိတဲ့ သဘောပရမတ်ပါ။ နိဗ္ဗာန်ဆိုတာက ပြုပြင်မှု ဖေါက်ပြန်မှု မတည်မြဲမှု ပျက်စီးမှုကင်းတဲ့ စွမ်းအင်သတ္တိရှိတဲ့ သဘောပရမတ်ပါ။

ဓါတ်ကြီး(၄)ပါးလိုပေါ့ ပူတာလဲတဇော၊  အေးတာလဲ  တေဇောပေါ့။ တေဇောတော့   တေဇောပဲ ပူတာနဲ့ အေးတာနဲ့ စွမ်းအင်သတ္တိ (၂) ခုရှိသလိုပါပဲ။ ဝါယောဓာတ်ဆိုတာလဲ လှုပ်တာလဲ ဝါယော ငြိမ်တာတဲ့ ဝါယောပါပဲ။ အဲဒီလို ဆန့်ကျင်ဘက်သတ္တိ(၂) ခုရှိပါတယ်။ ပထဝီဓာတ်လို မာတာလဲ ပထဝီ ပျော့တာလဲ ပထဝီ ဆန့်ကျင်ဘက် စွမ်းအင်သတ္တိ(၂) မျိုးရှိပါတယ်။ အာပေါ ဓာတ်လို ယိုစီးတာလဲ အာဘောဓာတ်ပဲ ဖွဲ့စည်းတာလဲ အာပေါဓာတ်ပဲ။ ဓာတ်တစ်ခုထဲကပဲ ဆန့်ကျင်ဘက် စွမ်းရည်သတ္တိ ရှိနေသလိုမျိုးပါပဲ။ သဘောပရမတ်ကလဲ တရစပ်ပျက်စီးတဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တစွမ်းရည်သတ္တိနဲ့ အဲဒီ ပျက်စီးမှု ပြုပြင်မှု ဖေါက်ပြန်မှု မတည်မြဲမှု ကင်းတဲ့ စွမ်းအင်သတ္တိ ဒီ ဆန့်ကျင်ဘက်စွမ်းအင်သတ္တိ(၂) မျိုးရှိပါတယ်။ အဲဒါတွေပဲရှိပါတယ်။ သဘောပရမတ်တွေပဲ ရှိပါတယ်။

စိတ်၊ စေတသိတ်၊ ရုပ် တွေမှာက အနိစ္စစွမ်းအင်ပေါ့.. မမြဲတဲ့စွမ်းအင်ပေါ့ .. ဒုက္ခဆိုတာက ဆင်းရဲတဲ့ စွမ်းအင်သတ္တိ၊ အနတ္တဆိုတာက တစ်ခု၊ တစ်ယောက်၊ တစ်ချိန် တစ်နေရာ မဟုတ်တဲ့ စွမ်းအင်သတ္တိပါ။ မမြဲတဲ့စွမ်းအင်ရဲ့ ဆန့်ကျင်ဘက်က မြဲတဲ့ စွမ်းအင်သတ္တိ.. ဒါတွေက သဘောပရမတ်တွေချည်းပဲ။ ဘာမမြဲတာညာမမြဲတာ မဟုတ်ဘူး။ တစ်ခုခု တစ်ယောက်ယောက် တစ်ချိန်ချိန် တစ်နေရာရာ မြဲတာ မမြဲတာကို ပြောတာ မဟုတ်ဘူး။ မမြဲတဲ့စွမ်းအင် သတ္တိတွေ မြဲနေတာက စိတ်၊ စေတသိတ်၊ ရုပ်။ မြဲတဲ့စွမ်းအင်သတ္တိ မြဲနေတာက၊ မမြဲတဲ့စွမ်းအင်သတ္တိကင်းတဲ့ သဘောမြဲနေတာက နိဗ္ဗာန်ပါ။နိဗ္ဗာန်က ဘာမှ မရှိတာ နိဗ္ဗာန်မဟုတ်။ နိဗ္ဗာန်က ဘုံနန်းပြဿဒ်ကြီးလဲ မဟုတ်။ အဲဒီ တစ်ခု၊ တစ်ယောက်၊ တစ်ချိန်၊ တစ်နေရာ ဆိုတာနဲ့ မပါတ်သက်တဲ့ ဘာတွေညာတွေ ဘယ်သူတွေ ဘယ်ဝါတွေနဲ့ မပါတ်သက်တဲ့ ပြုပြင်မှု၊ ဖေါက်ပြန်မှု၊ ပျက်စီးမှု၊ မတည်မြဲမှု ကင်းတဲ့ စွမ်းအင်သတ္တိက နိဗ္ဗာန်ပါ။

အဲဒီတော့ ရှိတာကတော့ သဘောပရမတ်ပဲ ရှိပါတယ်။ ဒီသဘောပရမတ်မှာ အနိစ္စစွမ်းအင်နဲ့ နိစ္စစွမ်းအင်.. အပူနဲ့ အအေးလို ဒုက္ခစွမ်းအင်နဲ့ သုခဆိုတဲ့ ဆန့်ကျင်ဘက်စွမ်းအင်သတ္တိ.. ဒီဆန့်ကျင်ဘက် စွမ်းအင်သတ္တိတွေရှိတဲ့ သဘောပရမတ်သာလျှင် အမြဲရှိနေတာပါ။ တရားအလုပ်က အဲဒီလို မှန်ကန်တဲ့ အဓိပ္ပါယ်ကို လက်ခံတဲ့ အလုပ်ပါ။ အဲဒီလိုသဘောပရမတ်ကို လက်ခံနိုင်တယ်ဆိုရင် စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်  ပဲရှိတယ်.. အနိစ္စနဲ့ နိစ္စ၊ ဒုက္ခနဲ့ သုခ၊ အသုဘနဲ့ သုဘပေါ့။ ဒုက္ခသစ္စာနဲ့ သုခသစ္စာပဲရှိတယ်.. ဒီအမှန်တရားကို လက်ခံနိုင်တယ်ဆိုရင် ဒီတရားနဲ့ အညီ ဒါပဲရှိတယ်ဆိုတော့ ရှိတာကိုပဲ ရှိတဲ့အဖြစ် ခံယူလိုက်ဖို့ပါပဲ။ ပရမတ်နဲ့ တသားတည်းဖြစ်သွားဖို့ သဘောပရမတ်အဖြစ် ခံယူလိုက်ဖို့ပဲပေါ့။ သဘောပရမတ်ပဲရှိတယ်ဆိုတော့ ပရမတ်နဲ့ တသားတည်းဖြစ်သွားဖို့ ကြိုးစားဖို့ပါပဲ။

အဲဒီတော့ စကားလုံးတွေကို လက်ခံနိုင်ရုံနဲ့ အဓိပ္ပါယ်ကို လက်မခံနိုင်သေးပါဘူး။ ဘုရားဟောတဲ့ စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန်.. သစ္စာ(၄)ပါး စကားလုံးတွေကိုတော့ ဗုဒ္ဓဘာသာဝင်အားလုံးလောက် နီးပါး လက်ခံနိုင်ပြီးသားပေါ့။ စကားလုံးတွေကို လက်ခံတယ်။ ဒါပေမယ့် အဓိပ္ပါယ်နားလည်မှုကျတော့ တစ်ယောက်တစ်ပေါက်စီ ဖြစ်နေပါတယ်။ ယောဂီတိုင်းနီးပါးတော့ ဒီ စကားလုံးတွေကို လက်ခံနိုင်ပြီးသားပေါ့။ ဒါပေမယ့် မဂ္ဂသစ္စာကို၊ ဒုက္ခသစ္စာကို၊ သမုဒယသစ္စာကို ဒါမှမဟုတ်နိဗ္ဗာန်ကို .. ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို နားလည်မှုကျတော့ အမျိုးမျိုးကွဲပြားနေပါတယ်။ အဲဒါကြောင့်လဲ ဒီမှန်ကန်တဲ့ အဓိပ္ပါယ်ကို လက်ခံနိုင်ဖို့ လိုပါတယ်။ မှန်ကန်တဲ့ အဓိပ္ပါယ်ကိုမှ လက်မခံနိုင်ဘူးဆိုရင်.. မှန်ကန်တဲ့ အဓိပ္ပါယ်ဆိုတာလဲ အမျိုးမျိုးရှိတာ မဟုတ်ပါဘူး။ ပရမတ်က တသမတ်တည်းပါပဲ။ ဘုရားဟောတာကတော့ စိတ်၊ စေတသိတ်၊ ရုပ်၊နိဗ္ဗာန်ပဲပေါ့.. အနိစ္စ၊ အနတ္တ၊ ဒုက္ခပဲပေါ့ .. ။အဲလိုပဲ ပရမတ်ဆိုတာလဲ သူ့ရဲ့ အဓိပ္ပါယ်က တသဘောတည်းပါပဲ။

ဦးဇင်းတို့ တရားဟောတယ်ဆိုတာကလဲ သဘောပရမတ်ဆိုတာကို အနီးစပ်ဆုံး၊ အတိကျဆုံး ပညတ်တပ်တာပါ။ ဒါကိုလက်မခံနိုင်ဘူးဆိုရင် မတိကျတာတွေကို မသေချာတဲ့ အဓိပ္ပါယ်တွေကို ပရမတ်လုပ်နေတော့မှာ ပါပဲ။ အဲဒီတော့ လက်မခံနိုင်သေးဘူးဆိုရင် ဘုရားဟော စိတ်၊ စေတသိတ်၊ ရုပ်၊ နိဗ္ဗာန် ဆိုတာ လက်ခံနိုင်ပေမယ့် ဦးဇင်းပြောတဲ့ အဓိပ္ပါယ်ကို လက်မခံနိုင်သေးဘူးဆိုရင် လက်ခံနိုင်ဖို့ ကြိုးစားရမှာပါပဲ။ စကားမပြောတတ်ရင် ပြောတတ်အောင်သာ ကြိုးစားဖို့ လိုသလိုပေါ့။ ပညာမတတ်ရင် တတ်အောင်သင်ဖို့သာ လိုသလိုပါပဲ။ ကိုယ်လက်မခံနိုင်ရင်လဲ လက်ခံနိုင်အောင် ကြိုးစားဖို့သာ လိုပါတယ်။ ကိုယ်လက်မခံနိုင်တာနဲ့ ဒါ မှားတယ် ဆိုပြီးတော့မှ စွဲချက်တင်ရမှာ မဟုတ်ပါဘူး။

ကိုယ့်အယူနဲ့ မတူတာနဲ့ အမှန်တရားကို မဆန့်ကျင်ပါနဲ့။ အဲဒီတော့ ကိုယ်က တရားလာရှာတာပဲ။ ကိုယ်က ဆရာလာလုပ်တာပဲ.. ကိုယ်က ဆရာနေရာမှာ နေတယ် ဆိုရင်တော့ တပည့်က လုပ်တာကို ကိုယ်သိတဲ့ အသိနဲ့ အမှားအမှန် ဆုံးဖြတ်ရမှာပေါ့.. ကိုယ့်ရဲ့ ဆရာအသိကို ကိုင်ထားပြီး တပည့်သိတဲ့ အသိကို ပြင်ပေးရမှာပါ။ ကိုယ်က တပည့်လုပ်တယ်ဆိုရင်တော့ ဆရာသိတဲ့ အသိကို လက်ခံပြီးတော့မှ တပည့်အသိကို စွန့်ရဲတဲ့ သတ္တိရှိဖို့လိုပါတယ်။

          တကယ်ရှိတာက သဘောပရမတ်ပဲ.. အဲဒီ သဘောပရမတ်မှာ ဆန့်ကျင်ဘက် စွမ်းအင်သတ္တိတွေရှိတယ်။ စိတ်၊ စေတသိတ်၊ ရုပ် နဲ့ နိဗ္ဗာန်ဆိုတာက သဘောပရမတ်ချည်းပါပဲ။ စွမ်းအင်သတ္တိမတူတာပဲရှိပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: တရားဓမ္မ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top