ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သူ႔ေကာင္ေလးကို လုသြားတဲ႔ ေကာင္မေလးကို သူ႔ေကာင္ေလးၾကိဳက္တတ္တာေတြေျပာျပျပီး
ဂရုစိုက္ဖို႔မွာျပီးတဲ႔ေနာက္ အားလံုးကိုႏႈတ္ဆက္ထြက္ခြာသြားသူ
သနားစရာ ညီမေလး ရင္ျငိမ္းပြင္႔အေၾကာင္း
—————————————————————————————————–

(ဒီ Post ကိုတင္တာက မိန္းကေလးေတြအေနနဲ႕ ရင္ျငိမ္းပြင့္ရဲ႕ လုပ္ရပ္ကို အတုယူေစခ်င္လို႔ မဟုတ္ပါဘူး
ေယာက္်ားေလးေတြအေနနဲ႕ မိန္းကေလးတစ္ေယာက္ရဲ႕ ခံစားခ်က္ေတြကို စာနာနားလည္ေစခ်င္လို႔ တင္ေပးတာပါ)
စကၤာပူႏိုင္ငံ၌ အသက္ (၂၂) ႏွစ္အ႐ြယ္႐ွိျမန္မာမေလးတစ္ေယာက္ တိုက္ေပၚကခုန္ခ်ၿပီး ကိုယ့္ကိုကိုယ္ အဆံုးစီရင္
ႏိုင္ဝင္ဘာလ ၁၆ ရက္ေန႔ မနက္မွာ ေကာင္မေလးတစ္ေယာက္ရဲ့ ႐ုပ္အေလာင္းကို သူမရဲ့ေနအိမ္ေျခရင္းမွာ ေတြ႔႐ွိခဲ့ပါတယ္။ သူရဲ့နာမည္ဟာ “ရီယန္ပင္”(Yi Yan Ping) {Facebook မွာနည္မည္ကေတာ့Yinnyein Pwint (ရင္ျငိမ္းပြင့္)} ျဖစ္ၿပီး အသက္ ၂၂ ႐ွိျမန္မာႏိုင္သူတစ္ဦးျဖစ္တယ္္။ အဲဒီေန႔ မနက္ ၆ နာရီဝန္းက်င္မွာ Serangoon Central ႐ွိ သူမရဲ့ေနအိမ္ Blk 420 မွ ခုန္ခ်ခဲ့တယ္လို႔ ယံုၾကည္ရပါတယ္။

Yinnyein Pwint (ရင္ျငိမ္းပြင့္) or Yi Yan Ping
Yi ဟာ သူမရဲ့ရည္းစားနာမည္ကို ရင္ဘတ္မွာ (ေဆးမွင္ျဖင့္) ေရးထိုးထားပါတယ္။ သူမဟာ သူရဲ့ရည္းစား ေကာင္းေလးႏွင့္ အဆင္မေျပတဲ့ေနာက္မွာ သူမကို သူမ အဆံုးစီရင္ခဲ့တယ္လို႔ ယံုၾကည္ရပါတယ္။
ရဲအရာ႐ွိေတြက ေကာင္မေလးႏွင့္ ေကာင္ေလးဓာတ္ပံုကိုယူေဆာင္းသြားပါတယ္။ အဲဒီဓာတ္ပံုမွာ ေရးထားဒါကေတာ့ “ခ်စ္ေလးရယ္… မင္းဘာေၾကာင္း အရမ္းစက္ရက္တာလဲကြာ။” (“Dear, why are you so cruel?”)လို႔ျဖစ္ပါတယ္။

Yi ဟာ Facebook မွာလည္းပဲ “ေက်းဇူးျပဳၿပီး ငါ့ရဲ့ ခ်စ္သူေလးကို ေစာင့္ေ႐ွာက္ပါ (Please Take Care of My Boyfried) လို႔ Suicide Note ကိုေရးသားထားခဲ့ၿပီး၊ အဲဒီမွာပဲ ေကာင္မေလးက (သူခ်စ္သူႏွင့္
ေနာက္ထပ္ခ်စ္ေနေသာ) တစ္ျခားေကာင္မေလးကို “ေက်းဇူးျပဳၿပီး ေကာင္ေလးႀကိဳက္တဲ့ အနက္ေရာင္ကိုဝတ္ဆင္ဖို႔ကို သတိရပါ” (Remember to wear black because it’s
his favourite colour.) လို႔ေရးသားထားပါေသးတယ္။
Yi ဟာ ျမန္မာမိန္းကေလး (၇)ေယာက္ႏွင့္အတူ (၄) လႊာမွာေနပါတယ္။ သူမဟာ ေအးေအးေလးႏွင့္ တစ္ေယာက္တည္းေနတ္သူျဖစ္ၿပီး၊ သူမရဲ့ အားလပ္ခ်ိန္ေတြကို အခန္းထဲမွာပဲ ကြန္ပ်ဴတာသံုးရင္း ကုန္ဆံုးေနသူလည္းျဖစ္တယ္။

သူမရဲ့ Facebook Account မွာေတာ့ သူငယ္ခ်င္း (၁၀)ေယာက္ခန္႔သာ႐ွိၿပီး၊ သူမရဲ့ လူမႈပတ္ဝန္းက်င္ႏွင့္ အလုပ္ေတြမွာ အခက္အခဲ႐ွိတယ္လို႔ သိရပါတယ္။
သူမရဲ့ အခန္းေဖာ္ေတြက ေကာင္းမေလးရဲ့အခန္းကို ဘယ္ေယာက်္ားမွ လာလည္တာကို မေတြ႔ေတာ့ပါဘူး။ အဲဒါေၾကာင့္ သူမရဲ့ ခ်စ္သူေကာင္ေလးကေတာ့ ျမန္မာျပည္ကိုျပန္သြားတယ္လို႔ ယံုၾကည္ရပါတယ္။
Yi ဟာ Nanyang Polytechnic မွ a Diploma in Nursing ႏွင့္ ဒီပမလိုမာရထားသူတစ္ဦးျဖစ္ၿပီး၊ နာ့(စ္)မအျဖစ္ Kandang Kerbau Women’s and Children’s Hospital မွာအလုပ္လုပ္ေနပါတယ္။
……..
ရင္ၿငိမ္းပြင့္ရဲ႔ သူ႔ေကာင္ေလးေနာက္ရည္းစားဖတ္ဘို႔ ထားခဲ့တဲ့စာပါ။

……….
သို့
မိန္းကေလးေရ…
အခု
နင္နဲ့ ၾကိဳက္ေနတဲ့ သူဟာ ငါ့ဘ၀မွာ
အခ်စ္ရဆံုးတစ္ေယာက္ျဖစ္တယ္…ငါဒီလိုေျပာလို့ သ၀န္တုိတယ္လို့
ထင္သြားမွာစိုးရိမ္တယ္…ဒါေပမဲ့ နင္ခ်စ္တဲ့သူနဲ့ တျခားတစ္ေယာက္ခ်စ္ ေနရင္
ဘယ္ေလာက္ခံစားရမလဲ…နင္နားလည္မယ္လို့
ေမွ်ာ္လင့္ပါတယ္…ရိုင္းသလိုျဖစ္သြားရင္ေတာင္းပန္ပါတယ္…ငါနာက်င္လြန္းလို့ပါ…ငါသူ့ကို
စြန့္လႊတ္ရေတာ့မယ္…သူ့ကို မခ်စ္လို့ မဟုတ္ပါဘူး…နင့္ကို
ယံုၾကည္ေနတဲ့သူ့ကို ငါ ေပ်ာ္ေစခ်င္တယ္…သူကေျပာတယ္…နင့္ကို
အသည္းနစ္ေအာင္ ခ်စ္တယ္တဲ့…
မိန္းကေလးေရ…ဂုဏ္ယူပါတယ္ကြာ…သူနဲ့ပတ္သက္ျပီး မွာစရာ ေလးေတြ ရွိတယ္…
မွတ္ထားေစခ်င္တယ္…
သူၾကိဳက္တဲ့ အေရာင္က အနက္ေရာင္ေလ…သူနဲ့အျပင္ထြက္တုိင္း မင္းကို အနက္ေရာင္ ၀တ္ေစခ်င္တယ္…
သူက စေတာ္ဘယ္ရီသိပ္ၾကိဳက္တယ္… သူသြားစားေလ့ရွိတဲ့ေနရာကသိပ္ေတာ့ အမ်ားၾကီးမရွိဘူး… သူနဲ့ လိုက္သြားေပါ့…
သူၾကိဳက္တဲ့ သီခ်င္းေတြ အားလံုးကို ၾကိဳးစားျပီး နားေထာင္ေပးပါကြာ… ဒီသီခ်င္းေတြ နင္လဲ ၾကိဳက္လာမွာပါ…
သူ ဂိမ္းေဆာ့တုိင္း ေႏွာင့္မယွက္မိေစနဲ့…ဒါေပမဲ့အျမဲ သူ့ေဘးမွာေနေပးေနာ္…ဂိမ္းက သူ့ဘ၀မွာ အေရးပါတဲ့ အရာမို့လို့ပါ…
သူငယ္ခ်င္းေတြနဲ့
သူ အေသာက္အစားလုပ္ရင္ သြားခြင့္ေပးလိုက္ပါ…သူနဲ့
ရန္မျဖစ္ပါနဲ့…သူငယ္ခ်င္းေတြဟာ သူ့ဘ၀ရဲ့
အစိတ္အပိုင္းတစ္ခုျဖစ္ေနလို့ပါ… ဘီယာမရွိရင္ သူ့ေန့ေတြကို
ျဖတ္သန္းႏိုင္မွာမဟုတ္ဘူး….
သူဖုန္းဆက္ရင္… နင္ ဘယ္ေလာက္ အလုပ္မ်ားမ်ား ဆက္ဆက္ကို္င္ပါ…ဖုန္းသံကို silent မလုပ္ထားနဲ့ေနာ္…
သူ့အိမ္ဖုန္းကို မဆက္ပါနဲ့…သူ့အေမ သူ့အတြက္စိတ္ပူမွာ သူမလိုလားဘူးေလ….သူက သူ့အေမကို အရမး္ခ်စ္တာ…
တျခားေကာင္ေလးေတြနဲ့ မင္း သူငယ္ခ်င္းမျဖစ္ေစနဲ့ေနာ္… သူမနာလိုျဖစ္လိမ့္မယ္ေလ…
သူနဲ့ပတ္သက္သမ်ွမွတ္ထားေပးပါ…
ညတိုင္း သူမအိပ္ခင္ … သူ့ကိုဖုန္းဆက္ျပီး သူ့ကို ခ်စ္တယ္လို့ ေျပာဖို့ မေမ့နဲ့ေနာ္…သူက သိပ္ၾကားခ်င္တာေလ….

အေရးၾကီးဆံုးက
နင္ ဘယ္ေရာက္ေနေန…စက္တင္ဘာလရဲ့ ေနာက္ဆံုးအပတ္ဆိုရင္
သူနဲ့အတူတူရွိေနေပးပါ…သူ့ေမြးေန့က စက္တင္ဘာလ ၂၆ ရက္ေန့ေလ…သူ့ေမြးေန့မွာ
သူနဲ့အတူတူ ခ်စ္ဂႏၱ၀င္ဆန္ဆန္ ပါတီပြဲ က်င္းပဖို့ မေမ့နဲ့ေနာ္…
ငါ့ကိုယ္စားအဲဒါ ေတြကို လုပ္ေပးပါ…မိန္းကေလးရယ္… ငါမင္းဆီက လိုခ်င္တာ အဲဒါပါပဲ…
ငါတုိ့ ၂ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ မႏွစ္သက္ၾကဘူးေလ… သူ့ကို ငါနဲ့ပတ္သက္ျပီး စိတ္အေႏွာင့္အယွက္မျဖစ္ပါေစနဲ့…စိတ္ခ်မယ္ေနာ္…
ငါနင့္ကို သူနဲ့အတူတူေတြ့ရင္ မနာလိုျဖစ္ေကာင္းျဖစ္မယ္….ဒါေပမဲ့ သူခ်စ္တဲ့သူနဲ့ အတူတူျမင္ေနရရင္ ငါ၀မ္းသာပါတယ္…
ဒီေလာက္ပါပဲ မိန္းကေလးရယ္…သူ့ကို ေစာင့္ေရွာက္ပါ… ၂ေယာက္လံုး အေကာင္းဆံုးျဖစ္ပါေစေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
 သူ့ကောင်လေးကို လုသွားတဲ့ ကောင်မလေးကို သူ့ကောင်လေးကြိုက်တတ်တာတွေပြောပြပြီး
ဂရုစိုက်ဖို့မှာပြီးတဲ့နောက် အားလုံးကိုနှုတ်ဆက်ထွက်ခွာသွားသူ
သနားစရာ ညီမလေး ရင်ငြိမ်းပွင့်အကြောင်း
—————————————————————————————————–

(ဒီ Post ကိုတင်တာက မိန်းကလေးတွေအနေနဲ့ ရင်ငြိမ်းပွင့်ရဲ့ လုပ်ရပ်ကို အတုယူစေချင်လို့ မဟုတ်ပါဘူး
ယောက်ျားလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို စာနာနားလည်စေချင်လို့ တင်ပေးတာပါ)
စင်္ကာပူနိုင်ငံ၌ အသက် (၂၂) နှစ်အရွယ်ရှိမြန်မာမလေးတစ်ယောက် တိုက်ပေါ်ကခုန်ချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်
နိုင်ဝင်ဘာလ ၁၆ ရက်နေ့ မနက်မှာ ကောင်မလေးတစ်ယောက်ရဲ့ ရုပ်အလောင်းကို သူမရဲ့နေအိမ်ခြေရင်းမှာ တွေ့ရှိခဲ့ပါတယ်။ သူရဲ့နာမည်ဟာ “ရီယန်ပင်”(Yi Yan Ping) {Facebook မှာနည်မည်ကတော့Yinnyein Pwint (ရင်ငြိမ်းပွင့်)} ဖြစ်ပြီး အသက် ၂၂ ရှိမြန်မာနိုင်သူတစ်ဦးဖြစ်တယ်။ အဲဒီနေ့ မနက် ၆ နာရီဝန်းကျင်မှာ Serangoon Central ရှိ သူမရဲ့နေအိမ် Blk 420 မှ ခုန်ချခဲ့တယ်လို့ ယုံကြည်ရပါတယ်။

Yinnyein Pwint (ရင်ငြိမ်းပွင့်) or Yi Yan Ping
Yi ဟာ သူမရဲ့ရည်းစားနာမည်ကို ရင်ဘတ်မှာ (ဆေးမှင်ဖြင့်) ရေးထိုးထားပါတယ်။ သူမဟာ သူရဲ့ရည်းစား ကောင်းလေးနှင့် အဆင်မပြေတဲ့နောက်မှာ သူမကို သူမ အဆုံးစီရင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
ရဲအရာရှိတွေက ကောင်မလေးနှင့် ကောင်လေးဓာတ်ပုံကိုယူဆောင်းသွားပါတယ်။ အဲဒီဓာတ်ပုံမှာ ရေးထားဒါကတော့ “ချစ်လေးရယ်… မင်းဘာကြောင်း အရမ်းစက်ရက်တာလဲကွာ။” (“Dear, why are you so cruel?”)လို့ဖြစ်ပါတယ်။

Yi ဟာ Facebook မှာလည်းပဲ “ကျေးဇူးပြုပြီး ငါ့ရဲ့ ချစ်သူလေးကို စောင့်ရှောက်ပါ (Please Take Care of My Boyfried) လို့ Suicide Note ကိုရေးသားထားခဲ့ပြီး၊ အဲဒီမှာပဲ ကောင်မလေးက (သူချစ်သူနှင့်
နောက်ထပ်ချစ်နေသော) တစ်ခြားကောင်မလေးကို “ကျေးဇူးပြုပြီး ကောင်လေးကြိုက်တဲ့ အနက်ရောင်ကိုဝတ်ဆင်ဖို့ကို သတိရပါ” (Remember to wear black because it’s
his favourite colour.) လို့ရေးသားထားပါသေးတယ်။
Yi ဟာ မြန်မာမိန်းကလေး (၇)ယောက်နှင့်အတူ (၄) လွှာမှာနေပါတယ်။ သူမဟာ အေးအေးလေးနှင့် တစ်ယောက်တည်းနေတ်သူဖြစ်ပြီး၊ သူမရဲ့ အားလပ်ချိန်တွေကို အခန်းထဲမှာပဲ ကွန်ပျူတာသုံးရင်း ကုန်ဆုံးနေသူလည်းဖြစ်တယ်။

သူမရဲ့ Facebook Account မှာတော့ သူငယ်ချင်း (၁၀)ယောက်ခန့်သာရှိပြီး၊ သူမရဲ့ လူမှုပတ်ဝန်းကျင်နှင့် အလုပ်တွေမှာ အခက်အခဲရှိတယ်လို့ သိရပါတယ်။
သူမရဲ့ အခန်းဖော်တွေက ကောင်းမလေးရဲ့အခန်းကို ဘယ်ယောကျ်ားမှ လာလည်တာကို မတွေ့တော့ပါဘူး။ အဲဒါကြောင့် သူမရဲ့ ချစ်သူကောင်လေးကတော့ မြန်မာပြည်ကိုပြန်သွားတယ်လို့ ယုံကြည်ရပါတယ်။
Yi ဟာ Nanyang Polytechnic မှ a Diploma in Nursing နှင့် ဒီပမလိုမာရထားသူတစ်ဦးဖြစ်ပြီး၊ နာ့(စ်)မအဖြစ် Kandang Kerbau Women’s and Children’s Hospital မှာအလုပ်လုပ်နေပါတယ်။
……..
ရင်ငြိမ်းပွင့်ရဲ့ သူ့ကောင်လေးနောက်ရည်းစားဖတ်ဘို့ ထားခဲ့တဲ့စာပါ။

……….
သို့
မိန်းကလေးရေ…
အခု
နင်နဲ့ ကြိုက်နေတဲ့ သူဟာ ငါ့ဘဝမှာ
အချစ်ရဆုံးတစ်ယောက်ဖြစ်တယ်…ငါဒီလိုပြောလို့ သဝန်တိုတယ်လို့
ထင်သွားမှာစိုးရိမ်တယ်…ဒါပေမဲ့ နင်ချစ်တဲ့သူနဲ့ တခြားတစ်ယောက်ချစ် နေရင်
ဘယ်လောက်ခံစားရမလဲ…နင်နားလည်မယ်လို့
မျှော်လင့်ပါတယ်…ရိုင်းသလိုဖြစ်သွားရင်တောင်းပန်ပါတယ်…ငါနာကျင်လွန်းလို့ပါ…ငါသူ့ကို
စွန့်လွှတ်ရတော့မယ်…သူ့ကို မချစ်လို့ မဟုတ်ပါဘူး…နင့်ကို
ယုံကြည်နေတဲ့သူ့ကို ငါ ပျော်စေချင်တယ်…သူကပြောတယ်…နင့်ကို
အသည်းနစ်အောင် ချစ်တယ်တဲ့…
မိန်းကလေးရေ…ဂုဏ်ယူပါတယ်ကွာ…သူနဲ့ပတ်သက်ပြီး မှာစရာ လေးတွေ ရှိတယ်…
မှတ်ထားစေချင်တယ်…
သူကြိုက်တဲ့ အရောင်က အနက်ရောင်လေ…သူနဲ့အပြင်ထွက်တိုင်း မင်းကို အနက်ရောင် ဝတ်စေချင်တယ်…
သူက စတော်ဘယ်ရီသိပ်ကြိုက်တယ်… သူသွားစားလေ့ရှိတဲ့နေရာကသိပ်တော့ အများကြီးမရှိဘူး… သူနဲ့ လိုက်သွားပေါ့…
သူကြိုက်တဲ့ သီချင်းတွေ အားလုံးကို ကြိုးစားပြီး နားထောင်ပေးပါကွာ… ဒီသီချင်းတွေ နင်လဲ ကြိုက်လာမှာပါ…
သူ ဂိမ်းဆော့တိုင်း နှောင့်မယှက်မိစေနဲ့…ဒါပေမဲ့အမြဲ သူ့ဘေးမှာနေပေးနော်…ဂိမ်းက သူ့ဘဝမှာ အရေးပါတဲ့ အရာမို့လို့ပါ…
သူငယ်ချင်းတွေနဲ့
သူ အသောက်အစားလုပ်ရင် သွားခွင့်ပေးလိုက်ပါ…သူနဲ့
ရန်မဖြစ်ပါနဲ့…သူငယ်ချင်းတွေဟာ သူ့ဘဝရဲ့
အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ပါ… ဘီယာမရှိရင် သူ့နေ့တွေကို
ဖြတ်သန်းနိုင်မှာမဟုတ်ဘူး….
သူဖုန်းဆက်ရင်… နင် ဘယ်လောက် အလုပ်များများ ဆက်ဆက်ကိုင်ပါ…ဖုန်းသံကို silent မလုပ်ထားနဲ့နော်…
သူ့အိမ်ဖုန်းကို မဆက်ပါနဲ့…သူ့အမေ သူ့အတွက်စိတ်ပူမှာ သူမလိုလားဘူးလေ….သူက သူ့အမေကို အရမ်းချစ်တာ…
တခြားကောင်လေးတွေနဲ့ မင်း သူငယ်ချင်းမဖြစ်စေနဲ့နော်… သူမနာလိုဖြစ်လိမ့်မယ်လေ…
သူနဲ့ပတ်သက်သမျှမှတ်ထားပေးပါ…
ညတိုင်း သူမအိပ်ခင် … သူ့ကိုဖုန်းဆက်ပြီး သူ့ကို ချစ်တယ်လို့ ပြောဖို့ မမေ့နဲ့နော်…သူက သိပ်ကြားချင်တာလေ….

အရေးကြီးဆုံးက
နင် ဘယ်ရောက်နေနေ…စက်တင်ဘာလရဲ့ နောက်ဆုံးအပတ်ဆိုရင်
သူနဲ့အတူတူရှိနေပေးပါ…သူ့မွေးနေ့က စက်တင်ဘာလ ၂၆ ရက်နေ့လေ…သူ့မွေးနေ့မှာ
သူနဲ့အတူတူ ချစ်ဂန္တဝင်ဆန်ဆန် ပါတီပွဲ ကျင်းပဖို့ မမေ့နဲ့နော်…
ငါ့ကိုယ်စားအဲဒါ တွေကို လုပ်ပေးပါ…မိန်းကလေးရယ်… ငါမင်းဆီက လိုချင်တာ အဲဒါပါပဲ…
ငါတို့ ၂ယောက် တစ်ယောက်ကိုတစ်ယောက် မနှစ်သက်ကြဘူးလေ… သူ့ကို ငါနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ့…စိတ်ချမယ်နော်…
ငါနင့်ကို သူနဲ့အတူတူတွေ့ရင် မနာလိုဖြစ်ကောင်းဖြစ်မယ်….ဒါပေမဲ့ သူချစ်တဲ့သူနဲ့ အတူတူမြင်နေရရင် ငါဝမ်းသာပါတယ်…
ဒီလောက်ပါပဲ မိန်းကလေးရယ်…သူ့ကို စောင့်ရှောက်ပါ… ၂ယောက်လုံး အကောင်းဆုံးဖြစ်ပါစေနော်…


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top