ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဖက္႐ွင္ နဲ႔ သြင္ျပင္ ကို ေျပာင္းလဲလိုက္ျခင္းဟာ ကိုယ့္ကိုပိုမိုေပၚလြင္သြားေစၿပီး မိမိကိုယ္ကို ယံုၾကည္မႈ ပိုမို႐ွိလာေစပါတယ္။

အၿမဲတမ္းလိုလို ပံုစံတစ္မ်ိဳးတည္းကိုပဲ ျပင္ဆင္ေနရင္းက ကိုယ့္ကိုယ္ကိုယ္ ေျပာင္းလဲပစ္ဖုိ႔ စိတ္ကူး ေပၚလာၿပီလား။ ဒါေပမဲ့ ဘယ္လိုေျပာင္းလဲရမယ္ ဆုိတာကိုေတာ့ မသိဘူးဆိုသူေတြအတြက္ အၾကံေကာင္းတခ်ိဳ႕ မွ်ေဝလိုက္ပါတယ္။

၁။ နီရဲတဲ့ နွုတ္ခမ္း တစ္စံု

ႏႈတ္ခမ္း တစ္စံုအတြက္ဆုိရင္ ဘယ္အေရာင္ကမွ အနီေရာင္ေလာက္ ဆြဲေဆာင္အား မျပင္းထန္ပါဘူး။ မ်က္ႏွာ ကိုလည္း ခ်က္ျခင္းေျပာင္းလဲသြားေစႏိုင္တယ္ေလ။ အနီေဖ်ာ့ ကေန ၾကက္ေသြးေရာင္လို အေရာင္ရင့္ရင့္ေတြအထိ အႏု၊အရင့္ အမ်ိဳးမ်ိဳး႐ွိသည့္တိုင္ေအာင္ အနီေရာင္ က္သမ္းတဲ့ ႏႈတ္ခမ္းတစ္စံုဟာ လူတစ္ေယာက္ရဲ႕သြင္ျပင္ကို တခဏအတြင္း ေျပာင္းလဲေပးႏိုင္ပါတယ္။

၂။ Accessories

ဖက္႐ွင္ က်က် ဝတ္စားဆင္ယင္တတ္သူတုိင္းမွာ Accessories (တြဲဖက္အသံုးအေဆာင္ပစၥည္း)ေတြ ႐ွိတတ္ၾကပါတယ္။ အဝတ္အစား ကိုခ်ည္းပဲ ဦးစားေပးေန႐ံုနဲ႔ မၿပီးပါဘူး။ ပုဝါ၊ မ်က္မွန္၊ လက္ပတ္ စတာေတြက ကိုယ့္ကိုေျပာင္းလဲသြားေစပါတယ္။ ေဆာင္းရာသီ ေရာက္လုိ႔ ေစ်းႀကီးတဲဲ့အေႏြးထည္ကိုလည္း မဝယ္ခ်င္၊ ဖက္ရွင္ကိုလည္း ေျပာင္းခ်င္ရင္ သိုးေမြးပုဝါ တစ္ထည္ေလာက္ကို ေ႐ြးခ်ယ္လိုက္တာက ေငြကုန္သက္သာၿပီး ပံုစံကို ေျပာင္းလဲေပးမွာပါ။

၃။ ဆံပင္ ပံုစံ

ဆံပင္ ကို ေျဖာင့္မလား၊ ေကာက္မလား။ ဒါမွမဟုတ္ ညႇပ္မလား၊ ေဆးဆိုးမလား။ ႀကိဳက္တာတစ္ခုခုသာလုပ္ၾကည့္လိုက္ ကိုယ့္ပံုစံက က်ိန္းေသေပါက္ ေျပာင္းလဲသြားမွာ အေသအခ်ာပါပဲ။ ဆံပင္ ပံုစံေျပာင္းလိုက္ရင္ အသြင္အျပင္သာ ေျပာင္း႐ံုသာမက ကိုယ့္စိတ္လည္း အေျပာင္းအလဲျဖစ္ေစပါတယ္။ ပိုၿပီးလန္းဆန္းသြားဖုိ႔အတြက္ဆို ဆံပင္ ကို တစ္ခုခုလုပ္ၾကည့္ပါလို႔ အၾကံေပးပါရေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဖက်ရှင် နဲ့ သွင်ပြင် ကို ပြောင်းလဲလိုက်ခြင်းဟာ ကိုယ့်ကိုပိုမိုပေါ်လွင်သွားစေပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုမိုရှိလာစေပါတယ်။

အမြဲတမ်းလိုလို ပုံစံတစ်မျိုးတည်းကိုပဲ ပြင်ဆင်နေရင်းက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပစ်ဖို့ စိတ်ကူး ပေါ်လာပြီလား။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲရမယ် ဆိုတာကိုတော့ မသိဘူးဆိုသူတွေအတွက် အကြံကောင်းတချို့ မျှဝေလိုက်ပါတယ်။

၁။ နီရဲတဲ့ နှုတ်ခမ်း တစ်စုံ

နှုတ်ခမ်း တစ်စုံအတွက်ဆိုရင် ဘယ်အရောင်ကမှ အနီရောင်လောက် ဆွဲဆောင်အား မပြင်းထန်ပါဘူး။ မျက်နှာ ကိုလည်း ချက်ခြင်းပြောင်းလဲသွားစေနိုင်တယ်လေ။ အနီဖျော့ ကနေ ကြက်သွေးရောင်လို အရောင်ရင့်ရင့်တွေအထိ အနု၊အရင့် အမျိုးမျိုးရှိသည့်တိုင်အောင် အနီရောင် က်သမ်းတဲ့ နှုတ်ခမ်းတစ်စုံဟာ လူတစ်ယောက်ရဲ့သွင်ပြင်ကို တခဏအတွင်း ပြောင်းလဲပေးနိုင်ပါတယ်။

၂။ Accessories

ဖက်ရှင် ကျကျ ဝတ်စားဆင်ယင်တတ်သူတိုင်းမှာ Accessories (တွဲဖက်အသုံးအဆောင်ပစ္စည်း)တွေ ရှိတတ်ကြပါတယ်။ အဝတ်အစား ကိုချည်းပဲ ဦးစားပေးနေရုံနဲ့ မပြီးပါဘူး။ ပုဝါ၊ မျက်မှန်၊ လက်ပတ် စတာတွေက ကိုယ့်ကိုပြောင်းလဲသွားစေပါတယ်။ ဆောင်းရာသီ ရောက်လို့ ဈေးကြီးတဲ့အနွေးထည်ကိုလည်း မဝယ်ချင်၊ ဖက်ရှင်ကိုလည်း ပြောင်းချင်ရင် သိုးမွေးပုဝါ တစ်ထည်လောက်ကို ရွေးချယ်လိုက်တာက ငွေကုန်သက်သာပြီး ပုံစံကို ပြောင်းလဲပေးမှာပါ။

၃။ ဆံပင် ပုံစံ

ဆံပင် ကို ဖြောင့်မလား၊ ကောက်မလား။ ဒါမှမဟုတ် ညှပ်မလား၊ ဆေးဆိုးမလား။ ကြိုက်တာတစ်ခုခုသာလုပ်ကြည့်လိုက် ကိုယ့်ပုံစံက ကျိန်းသေပေါက် ပြောင်းလဲသွားမှာ အသေအချာပါပဲ။ ဆံပင် ပုံစံပြောင်းလိုက်ရင် အသွင်အပြင်သာ ပြောင်းရုံသာမက ကိုယ့်စိတ်လည်း အပြောင်းအလဲဖြစ်စေပါတယ်။ ပိုပြီးလန်းဆန်းသွားဖို့အတွက်ဆို ဆံပင် ကို တစ်ခုခုလုပ်ကြည့်ပါလို့ အကြံပေးပါရစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top