Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မေကြးတိုင္းေဒသႀကီး၊ မင္းဘူး/စကုျမိဳ႕နယ္ မန္းေရႊစက္ေတာ္ဘုရား (၃)မိုင္လမ္းရွိ မန္းေခ်ာင္းျဖတ္ ေလွတင္တံတား ေဆာက္လုပ္ျပီးစီးပါက တံတားျဖတ္သန္းခ ေကာက္ခံရန္ အစီအစဥ္ မရွိေႀကာင္း
မန္းေရႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႕ထံမွ သိရသည္။

“ ဒီေလွတင္တံတားႀကီး တည္ေဆာက္တာက ဘုရားဖူး ရဟန္းရွင္သူျမတ္မ်ားနဲ႔ျပည္သူလူထုေတြရဲ႕ ေခၽြးနည္းစာနဲ႕ လွဴဒါန္းထားတဲ႔ ေငြေတြနဲ႔ ေဆာက္တာျဖစ္ပါတယ္၊ ဒီေငြေတြနဲ႔ ေလွတင္တံတားကုိ   ေဆာက္လုပ္ထားတာ ျဖစ္တဲ႔အတြက္ ဘုရားဖူး ရဟန္းရွင္၊ျပည္သူလူထုေတြ စိတ္ခ်မ္းသာေအာင္ တံတားႀကီးကုိ အခြန္အခ ေကာက္ခံရန္ ေလာေလာဆယ္ အစီအစဥ္ မရွိပါဘူး” ဟု ေဂါပကဥကၠ႒ ဦးသိန္းလိႈင္က မဇိၩမသုိ႔ ေျပာသည္။

လက္ရွိ တံတားတည္ေဆာက္မႈမွာ ၆၅ ရာခိုင္ႏႈန္းခန္႔ ျပီးစီးေနျပီး၊ လာမည့္ဘုရားပြဲေတာ္အမီ ျပီးစီးနိင္ေႀကာင္း၊ တံတား အရွည္ေပ(၅၀၀)၊ အက်ယ္ေပ(၃၀)၊ အျမင့္ေပ(၂၀)၊  တံတားတိုင္ေပါင္း(၈)တိုင္ ပါရွိျပီး ဘုရားႀကီး ဘ႑ာေငြ က်ပ္သန္း(၁၄၀၀)ျဖင့္ တံတားတည္ေဆာက္ေရး၊အထူးအဖြဲ႕(၅)ဆိပ္ျဖဴမွ တာဝန္ယူ ေဆာက္လုပ္ျခင္း ျဖစ္ေႀကာင္း သိရသည္။

“ အရင္ႏွစ္ေတြကလည္း ဘုရားႀကီးဘ႑ာေငြနဲ႔ ပြဲေတာ္ရက္မွာ ဒီေလွတင္တံတားကုိ ယာယီေဆာက္တယ္၊ ျပီးေတာ့ ေလလံေပးတယ္၊ ဘုရားဖူးယာဥ္ေတြ ျဖတ္သန္းတဲ႔အခါ ျဖတ္သန္းခ ေကာက္တယ္၊ ဘုရားပြဲ စည္ကားတဲ႔ရက္ေတြဆို အေကာက္ၾကမ္းတယ္၊နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ႔တယ္၊ အခု အရပ္သားေဂါပကအဖြဲ႕ လက္ထက္မွာ ဘုရားဘ႑ာေငြနဲ႔ ရာသီမေရြး ျဖတ္သန္းလို႔ရေအာင္   ေဆာက္တယ္ ျဖတ္သန္းခ မေပးရဘူး ဆိုရင္ေတာ့ ဘုရားဖူး ရဟန္းရွင္၊ျပည္သူေတြ စိတ္ခ်မ္းသာတာေပါ့ဗ်ာ” ဟု မုံရြာျမိဳ႕မွ ဘုရားဖူး လာေရာက္သူ ဦးသက္က ေျပာသည္။

မန္းေရႊစက္ေတာ္ဘုရားပြဲေတာ္အား လာမည့္ ၂၀၁၈ခုႏွစ္ ဇန္နဝါရီလ ၂၁ ရက္ေန႔တြင္ စတင္ဖြင္လွစ္ မည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော်ဘုရား (၃)မိုင်လမ်းရှိ မန်းချောင်းဖြတ် လှေတင်တံတား ဆောက်လုပ်ပြီးစီးပါက တံတားဖြတ်သန်းခ ကောက်ခံရန် အစီအစဉ် မရှိကြောင်း
မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ ဒီလှေတင်တံတားကြီး တည်ဆောက်တာက ဘုရားဖူး ရဟန်းရှင်သူမြတ်များနဲ့ပြည်သူလူထုတွေရဲ့ ချွေးနည်းစာနဲ့ လှူဒါန်းထားတဲ့ ငွေတွေနဲ့ ဆောက်တာဖြစ်ပါတယ်၊ ဒီငွေတွေနဲ့ လှေတင်တံတားကို   ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် ဘုရားဖူး ရဟန်းရှင်၊ပြည်သူလူထုတွေ စိတ်ချမ်းသာအောင် တံတားကြီးကို အခွန်အခ ကောက်ခံရန် လောလောဆယ် အစီအစဉ် မရှိပါဘူး” ဟု ဂေါပကဥက္ကဋ္ဌ ဦးသိန်းလှိုင်က မဇ္ဈိမသို့ ပြောသည်။

လက်ရှိ တံတားတည်ဆောက်မှုမှာ ၆၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး၊ လာမည့်ဘုရားပွဲတော်အမီ ပြီးစီးနိင်ကြောင်း၊ တံတား အရှည်ပေ(၅၀၀)၊ အကျယ်ပေ(၃၀)၊ အမြင့်ပေ(၂၀)၊  တံတားတိုင်ပေါင်း(၈)တိုင် ပါရှိပြီး ဘုရားကြီး ဘဏ္ဍာငွေ ကျပ်သန်း(၁၄၀၀)ဖြင့် တံတားတည်ဆောက်ရေး၊အထူးအဖွဲ့(၅)ဆိပ်ဖြူမှ တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရင်နှစ်တွေကလည်း ဘုရားကြီးဘဏ္ဍာငွေနဲ့ ပွဲတော်ရက်မှာ ဒီလှေတင်တံတားကို ယာယီဆောက်တယ်၊ ပြီးတော့ လေလံပေးတယ်၊ ဘုရားဖူးယာဉ်တွေ ဖြတ်သန်းတဲ့အခါ ဖြတ်သန်းခ ကောက်တယ်၊ ဘုရားပွဲ စည်ကားတဲ့ရက်တွေဆို အကောက်ကြမ်းတယ်၊နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တယ်၊ အခု အရပ်သားဂေါပကအဖွဲ့ လက်ထက်မှာ ဘုရားဘဏ္ဍာငွေနဲ့ ရာသီမရွေး ဖြတ်သန်းလို့ရအောင်   ဆောက်တယ် ဖြတ်သန်းခ မပေးရဘူး ဆိုရင်တော့ ဘုရားဖူး ရဟန်းရှင်၊ပြည်သူတွေ စိတ်ချမ်းသာတာပေါ့ဗျာ” ဟု မုံရွာမြို့မှ ဘုရားဖူး လာရောက်သူ ဦးသက်က ပြောသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်အား လာမည့် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်ဖွင်လှစ် မည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top