(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ခုတေလာ ရန္ကုန္ မွာ အုပ္စုဖြဲ႕ ေဖာက္ထြင္းလုယက္မႈေတြ ႀကံဳေတြ႕ရတာ မ်ားလာပါတယ္။
ကိုယ္ေတြ႕ႀကံဳေတြ႕ေနရတဲ့ ႏိုင္ငံ့ဂုဏ္ေဆာင္ အားကစားသမားတစ္ဦးျဖစ္တဲ့ ကိုႏိုင္စစ္ေအာင္က သူ႕ရဲ႕အေတြ႕အႀကံဳကို အခုလို ေျပာျပပါတယ္။
ကြ်န္ေတာ္ဟာ ျမန္မာ့လက္ေရြးစင္ ေရကူး ခ်န္ပီယံတစ္ေယာက္ျဖစ္သလို ႏိုင္ငံ့ဝန္ထမ္းတစ္ဦးျဖစ္တယ္။ ၂၀ဝ၃ ခုႏွစ္ကတည္း က ေရကူးခ်န္ပီယံအျဖစ္နဲ႔ ႏိုင္ငံကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူျဖစ္တယ္။ အာရွၿပိဳင္ပြဲ ငါးပြဲ၊ အိုလံပစ္ ႏွစ္ပြဲ အပါအဝင္ ၿပိဳင္ပြဲေပါင္း မ်ားစြာ ဝင္ေရာက္ယွဥ္ၿပိဳင္ရာမွာ ေရႊတံဆိပ္ ၁၉ ဆုအထိ ရရွိထားပါတယ္။
ေရကူးခ်န္ပီယံဆိုေတာ့ ေရထဲမွာပဲ ကြ်မ္းက်င္ၿပီး ကုန္းေပၚမွာ မကြ်မ္းက်င္လို႔လားေတာ့ မသိဘူး၊ အိမ္ကို ေဖာက္ထြင္းခံရတာ သံုး ႀကိမ္ရွိသြားၿပီ။ က်ဴးလြန္တဲ့ သူေတြကို မမိလိုက္ဘူး။ ကြ်န္ေတာ္တို႔ မိသားစုက လမ္းမေတာ္ၿမိဳ႕ နယ္က စီးပြား/ကူးသန္းအိမ္ရာမွာ ေနတယ္။ ဝန္ထမ္းေတြဆိုေတာ့ အိမ္ရာအတည္အက် မရွိဘူး။ အလုပ္ေျပာင္းေရႊ႕တဲ့ ေနရာ လိုက္ေနရ ေတာ့ သည္အိမ္ကို ေျပာင္းေရႊ႕လာတာ မၾကာေသးဘူး။ အရင္ကလည္း အခုလို ေဖာက္ထြင္းခံရတာမ်ိဳး မရွိခဲ့ပါဘူး။ ေဖာက္ထြင္းတဲ့သူေတြကလည္း အလစ္ကို ေခ်ာင္းေနၾကတာ ထင္ပါတယ္။ ကြ်န္ေတာ့္အမ်ိဳးသမီးကလည္း ဝန္ ထမ္းဆိုေတာ့ ေန႔ဘက္ဆိုရင္ အိမ္မွာ အိမ္ေစာင့္တစ္ေယာက္မွ မရွိဘဲ ေသာ့ခတ္ထားခဲ့ရတယ္။ အဲဒါကို အခြင့္ေကာင္းယူသြားတာပါ။ အိမ္နီးခ်င္းအားလံုးကလည္း ဝန္ထမ္းေတြ ခ်ည္းဆိုေတာ့ မရွိၾကတာမ်ားတယ္။ ရွိတဲ့အိမ္ ကလည္း တံခါးပိတ္ၿပီး အထဲမွာ တိတ္တိတ္ဆိတ္ဆိတ္ ေနၾကတာမ်ားေတာ့ သူတို႔အတြက္ အခြင့္အေရးေပးသလို ျဖစ္ေနတာေပါ့။
ေနာက္တစ္ခ်က္က ကြ်န္ေတာ္တို႔အိမ္က မီးရထားသံလမ္းနဲ႔ ကပ္ေနေတာ့ အဲသည္လမ္း ၾကားဘက္ကေန အလြယ္တကူ ေက်ာ္ဝင္ႏိုင္ တာပါ။ ပထမအႀကိမ္မွာေတာ့ အိမ္ေရွ႕ထုတ္ ထားတဲ့ ပစၥည္းေတြ မ,သြားတယ္။ ေနာက္ဒုတိယတစ္ႀကိမ္မွာလည္း အိမ္ေရွ႕မွာ က်န္တဲ့ ပစၥည္းေတြ သယ္သြားတာ ခံလိုက္ရတယ္။ စိတ္ထဲမွာ မသတီေတာ့ဘူးေပါ့။ အဲဒါေၾကာင့္ သည္တစ္ခါပိတ္ရက္ဆိုရင္သြပ္ေတြ၊ ပစၥည္းေတြဝယ္ၿပီး အိမ္ကို လံုၿခံဳေအာင္ ထပ္ကာမယ္ လို႔ စဥ္းစားေနတုန္း သည္ေကာင္ေတြက လက္ ဦးသြားပါတယ္။ တတိယအႀကိမ္မွာ အိမ္ထဲအ ထိ ဝင္သြားတာပါ။
အုပ္စုလိုက္ျဖစ္ႏိုင္
အိမ္ထဲအထိ ဝင္ခိုးတာျဖစ္လို႔ ခိုးတဲ့ သူဟာ တစ္ေယာက္တည္းေတာ့ မျဖစ္ႏိုင္ပါဘူး။ အနည္းဆံုးသံုးေလးေယာက္ေတာ့ ျဖစ္ႏိုင္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ တစ္ေယာက္က ကြ်န္ ေတာ္တို႔ အိမ္ခန္းထဲအထိ ဝင္ေရာက္ခဲ့တာပါ။ ဝင္ေတာ့လည္း ေသာ့ခတ္ထားတဲ့ အိမ္ေရွ႕တံ ခါးမႀကီးကေန ဝင္တာပါ။ ၿပီးေတာ့ ေသာ့ျပန္ ခတ္ထားပါတယ္။ သူတို႔အထဲမွာ ေသာ့ဝိဇၨာ တစ္ေယာက္ပါလို႔သာ ေသာ့ဖြင့္ၿပီး ျပန္ပိတ္ေပး ႏိုင္တာပါ။ ေသာ့ပိတ္ေပးတဲ့သူက အျပင္ကေန အခ်က္ျပ သတိေပးဖို႔ ေစာင့္ေပးေနတာ ျဖစ္ႏိုင္ တယ္။ သူတို႔က အဖြဲ႕လိုက္ လႈပ္ရွားတာ ျဖစ္ႏိုင္ ၿပီး သံုးႀကိမ္လံုး သူတို႔အဖြဲ႕ပဲ ျဖစ္ႏိုင္ပါတယ္။  ေနာက္ဆံုးအႀကိမ္ ေဖာက္ထြင္းဝင္ေရာက္ရာ မွာေတာ့ တီဗီ၊ ေအာက္စက္၊ ေဘာက္စ္ေတြနဲ႔ ဖုန္းတစ္လံုး ပါသြားတယ္၊ စုစုေပါင္း က်ပ္ ၅၀ဝ,ဝ၀ဝ ဝန္းက်င္ တန္ဖိုးရွိတဲ့ ပစၥည္းေတြ ေဖာက္ထြင္းခံလိုက္ရတာပါ။ အဖိုးအတန္ဆံုးကေတာ့ ဖလက္တီဗီေပါ့။ သယ္လို႔လြယ္တဲ့ ပစၥည္းေတြ ေရြးၿပီးသယ္သြားတဲ့သေဘာပါပဲ။ ေဘာက္စ္ေတြကလည္း ေနာက္ဆံုးေပၚအသစ္ေတြပါ။
ရဲကိုတိုင္
ကြ်န္ေတာ့္အမ်ိဳးသမီးက အိမ္ကို အရင္ေရာက္တယ္။ ဖုန္းဆက္တယ္။ ေသာ့ဖြင့္ၿပီး အိမ္ထဲဝင္လိုက္ေတာ့ ပစၥည္းေတြ မရွိေတာ့ဘူး ဆိုၿပီး ေျပာတယ္။ အဲဒါနဲ႔ ကြ်န္ေတာ္လည္း ရဲကိုဖုန္းဆက္ၿပီး အိမ္ကို အျမန္ျပန္တယ္။ ရဲေတြလည္း ေရာက္လာတယ္။ ကြ်န္ေတာ္တို႔ အိပ္ခန္းအတြင္းက ေလာ့ခ္ခ်ထားေတာ့ အထဲ မွာ လူရွိေနေသးလား ထင္စရာေပါ့။ အိပ္ခန္းတံခါးဖ်က္ၿပီး ဝင္ေတာ့ ဘယ္သူမွ ရွိမေနေတာ့ ပါဘူး။ အိပ္ခန္းထဲက ျပတင္းေပါက္မွာ ကာ ထားတဲ့ သစ္သားေတြ ဖ်က္ၿပီး အျပင္ထြက္သြားတဲ့အေနအထားမ်ိဳးေတြ႕ရတယ္။ အခန္းထဲက ေန ကန္႔လန္႔ထိုးထားၿပီး လူရွိတဲ့ ပံုစံ လုပ္ထားတာပါ။ အခ်ိန္ဆြဲလို႔ ရသေလာက္ ဆြဲထားတာပါ။ ေနာက္တစ္ေန႔က်ေတာ့ ပစၥည္းေတြဝယ္ၿပီး အိမ္ကာဖို႔လုပ္ေတာ့ သူတို႔ထြက္သြားတဲ့ဘက္မွာ တီဗီရီမုတ္ရယ္နဲ႔ ဖုန္းအားသြင္းႀကိဳးရယ္ တစ္ဖက္စီက်ေနတယ္။ အီးယားဖုန္းနားၾကပ္ တစ္ခုက သစ္ပင္မွာ ခ်ိတ္ေနတယ္။ ကြ်န္ေတာ့္ အမ်ိဳးသမီးျပန္လာတာသိလို႔ အလ်င္စလို အ ျမန္ထြက္ၾကတဲ့ အေနအထားရွိတယ္။ ဒါေပမဲ့ ပစၥည္းေတြကိုုေတာ့ ပါေအာင္သယ္သြားႏိုင္ၾကတယ္။ ရဲကေတာ့ အကူအညီလိုရင္ လာေျပာပါ လို႔ ဆိုတယ္။
ရန္ကုန္မွာ အုပ္စုဖြဲ႕ေဖာက္ထြင္းလုယက္တဲ့ သူေတြရွိေနတာျဖစ္လို႔ အားလံုး သတိဝီရိယ နဲ႔ ေနႏိုင္ေအာင္ပါ။ ဝန္ထမ္းလစာေလးေတြနဲ႔ ေခြ်တာစုေဆာင္းထားတဲ့ ပစၥည္းေလးေတြပါ သြားေတာ့ ႏွေျမာမိတာပါပဲ။ စီးပြားေရးေတြ က်ပ္တည္းေနၾကတဲ့အခ်ိန္ မရွိလို႔ လုပ္ၾကတာ ျဖစ္မွာပဲလို႔ သေဘာထားရေတာ့တယ္။
ဂိုဏ္းဖြဲ႕လုယက္
မဂၤလာဒံုၿမိဳ႕နယ္၊ ေအာင္မဂၤလာအေဝး ေျပးဂိတ္အနီးမွာလည္း အငွားယာဥ္ေတြကို အရီးသည္ဟန္ေဆာင္ၿပီး လုယက္မႈေတြ ျဖစ္ခဲ့ပါတယ္။ သူတို႔ဟာ ဂိုဏ္းအဖြဲ႕နဲ႔ လႈပ္ရွားပါတယ္။ အငွားယာဥ္ေတြကို ခရီးသည္ဟန္ ေဆာင္ငွားရမ္းၿပီး လမ္းခုလတ္မွာ ယာဥ္ေမာင္း ကို ထိုးႀကိတ္ထားခဲ့ၿပီး အငွားယာဥ္ကို လုယက္တာပါ။ သူတို႔ဟာ တကၠစီေတြကို ေထာက္ၾကန္႔၊ ေမွာ္ဘီနဲ႔ လွည္းကူးဘက္ေတြ ေခၚငွာၿပီး လမ္းေရာက္မွ ယာဥ္ေမာင္းကို ဓားနဲ႔ ေထာက္၊ ထိုး ႀကိတ္၊ လက္ျပန္ႀကိဳးတုပ္၊ ကားေပၚက ကန္ခ် ၿပီး ကားကိုယူတာပါ။ အဲသည္ဂိုဏ္း အဖြဲ႕ထဲက သံုးေယာက္ကို ျပည္နဝေဒးတံတားနားမွာ ရဲတပ္ဖြဲ႕က ဖမ္းမိပါတယ္။ သူတို႔ကို ေမွာ္ဘီ၊ ေထာက္ၾကန္႔နဲ႔ လွည္းကူး ၿမိဳ႕နယ္ ၊ ဒါးပိန္ ရဲ စခန္းေတြမွာ အမႈဖြင့္အေရးယူထားပါတယ္။ အဲသည္လူငယ္သံုးဦးဟာ ေမွာ္ဘီမွာ ေနထိုင္သူေတြ ျဖစ္တယ္။ အလုခံရတဲ့ ကားက ေလးစီးဝန္းက်င္ေလာက္ ရွိေနၿပီး ျပန္မရေသးပါဘူး။ အခုဖမ္းမိထားတဲ့ သံုးဦးကို စစ္ေဆးၿပီး ဆက္လက္ ေဖာ္ထုတ္သြားမွာ ျဖစ္တယ္။ ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္ ရဲတပ္ဖြဲ႕က ကိုင္တြယ္စစ္ေဆးေနတာ ျဖစ္ပါတယ္။
သဃၤန္းကြ်န္းၿမိဳ႕နယ္ မိုးလံုေလလံု အား ကစားကြင္းေဘးမွာရွိတဲ့ ၿပိဳင္ကားဝင္းအတြင္းမွာ ဖြင့္လွစ္ထားတဲ့ စားေသာက္ဆိုင္တစ္ဆိုင္ မွာလည္း ၿပီးခဲ့တဲ့စက္တင္ဘာလထဲက ေရေမာ္ တာ ေလးလံုး၊ အဲကြန္းေၾကးပိုက္ေတြ ခိုးယူခံရမႈ ျဖစ္ပြားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ၉ ရက္ကလည္း စမ္းေခ်ာင္းၿမိဳ႕နယ္မွာ အမ်ိဳးသမီးတစ္ဦးရဲ႕ ဦးေခါင္းကို လူငယ္တစ္ဦးက အုတ္ခဲနဲ႔ထုၿပီး လက္ကိုင္ဖုန္းကို လုယက္တဲ့အမႈ ျဖစ္ပြားခဲ့တယ္။ ဖုန္းလုခံရတဲ့ အမ်ိဳးသမီးက ေအာ္ဟစ္ ၿပီး ပတ္ဝန္းက်င္ကို အကူအညီေတာင္းတဲ့အတြက္ အနီးအနားက လူေတြဝိုင္းလိုက္ေတာ့ ဖုန္းခ်ထားၿပီး ထြက္ေျပးသြားတယ္။ လုယက္ တဲ့သူကို မမိလိုက္ေပမဲ့ ဖုန္းေတာ့ျပန္ရလိုက္ပါ တယ္။ စိုးရိမ္စရာမရွိေပမဲ့ အမ်ိဳးသမီးရဲ႕ ဦး ေခါင္းမွာ ေပါက္ၿပဲ ဒဏ္ရာရရွိသြားခဲ့တယ္။
ရဲတစ္ဦးကို ဓားနဲ႔ျပန္ထိုးတဲ့ ျဖစ္စဥ္လည္း လိႈင္သာယာမွာ ျဖစ္ခဲ့ပါတယ္။ ျဖစ္စဥ္က လိႈင္ သာယာၿမိဳ႕နယ္၊ စက္မႈဇုန္ (၄)၊ ရန္ကုန္-ပုသိမ္ လမ္းမေဘး က်ဴးေက်ာ္တဲအိမ္တစ္လံုးမွာ လင္ မယားႏွစ္ေယာက္က အမ်ိဳးသားတစ္ဦးကို ဝါးထမ္းပိုးနဲ႔ ဝိုင္း႐ိုက္ရာကေန လူသတ္မႈျဖစ္ သြားတာပါ။ အဲသည္လင္မယားႏွစ္ေယာက္ကို ဖမ္းဆီးဖို႔ ရဲတပ္ၾကပ္နဲ႔ အဖြဲ႕သြားေရာက္ပါ တယ္။  နဝေဒးလမ္းမွာ အဘြားအိုတစ္ဦးက ေျပးလာၿပီး အရက္မူးဆဲဆိုေနတဲ့ သူ႕သားကို ထိန္းသိမ္းေပးဖို႔ အကူအညီေတာင္းပါတယ္။ အကူအညီေပးဖို႔လုပ္တဲ့ ရဲတပ္ၾကပ္ကို အဲသည္ အဘြားအိုရဲ႕သားက ဓားနဲ႔ ထိုးတဲ့အတြက္ ရဲတပ္ၾကပ္ဟာ အင္းစိန္ျပည္သူ႕ေဆး႐ံုႀကီးမွာ အ တြင္းလူနာအျဖစ္ ကုသေနရတာပါ။
ေအာက္တိုဘာလအတြင္း ရန္ကုန္တိုင္းေဒသႀကီးရဲ႕ ေလာင္းကစားဖမ္းဆီးရမႈအေျခအေန ဟာ ၁၁၅ မႈနဲ႔ တစ္ႏိုင္ငံလံုးမွာ အမ်ားဆံုး ဖမ္းဆီးရမိတယ္ဆိုတာကို ရဲတပ္ဖြဲ႕ရဲ႕ ထုတ္ျပန္ ခ်က္အရ သိႏိုင္ပါတယ္။ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလအတြင္း ျမန္မာႏိုင္ငံ ျပည္နယ္/တိုင္းမ်ားမွာ ျဖစ္ပြားေသာ အမႈျဖစ္ပြားမႈမ်ား စာရင္းကိုလည္း ပူးတြဲေဖာ္ျပပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ခုတလော ရန်ကုန် မှာ အုပ်စုဖွဲ့ ဖောက်ထွင်းလုယက်မှုတွေ ကြုံတွေ့ရတာ များလာပါတယ်။
ကိုယ်တွေ့ကြုံတွေ့နေရတဲ့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတစ်ဦးဖြစ်တဲ့ ကိုနိုင်စစ်အောင်က သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
ကျွန်တော်ဟာ မြန်မာ့လက်ရွေးစင် ရေကူး ချန်ပီယံတစ်ယောက်ဖြစ်သလို နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်တယ်။ ၂၀ဝ၃ ခုနှစ်ကတည်း က ရေကူးချန်ပီယံအဖြစ်နဲ့ နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်တယ်။ အာရှပြိုင်ပွဲ ငါးပွဲ၊ အိုလံပစ် နှစ်ပွဲ အပါအဝင် ပြိုင်ပွဲပေါင်း များစွာ ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွှေတံဆိပ် ၁၉ ဆုအထိ ရရှိထားပါတယ်။
ရေကူးချန်ပီယံဆိုတော့ ရေထဲမှာပဲ ကျွမ်းကျင်ပြီး ကုန်းပေါ်မှာ မကျွမ်းကျင်လို့လားတော့ မသိဘူး၊ အိမ်ကို ဖောက်ထွင်းခံရတာ သုံး ကြိမ်ရှိသွားပြီ။ ကျူးလွန်တဲ့ သူတွေကို မမိလိုက်ဘူး။ ကျွန်တော်တို့ မိသားစုက လမ်းမတော်မြို့ နယ်က စီးပွား/ကူးသန်းအိမ်ရာမှာ နေတယ်။ ဝန်ထမ်းတွေဆိုတော့ အိမ်ရာအတည်အကျ မရှိဘူး။ အလုပ်ပြောင်းရွှေ့တဲ့ နေရာ လိုက်နေရ တော့ သည်အိမ်ကို ပြောင်းရွှေ့လာတာ မကြာသေးဘူး။ အရင်ကလည်း အခုလို ဖောက်ထွင်းခံရတာမျိုး မရှိခဲ့ပါဘူး။ ဖောက်ထွင်းတဲ့သူတွေကလည်း အလစ်ကို ချောင်းနေကြတာ ထင်ပါတယ်။ ကျွန်တော့်အမျိုးသမီးကလည်း ဝန် ထမ်းဆိုတော့ နေ့ဘက်ဆိုရင် အိမ်မှာ အိမ်စောင့်တစ်ယောက်မှ မရှိဘဲ သော့ခတ်ထားခဲ့ရတယ်။ အဲဒါကို အခွင့်ကောင်းယူသွားတာပါ။ အိမ်နီးချင်းအားလုံးကလည်း ဝန်ထမ်းတွေ ချည်းဆိုတော့ မရှိကြတာများတယ်။ ရှိတဲ့အိမ် ကလည်း တံခါးပိတ်ပြီး အထဲမှာ တိတ်တိတ်ဆိတ်ဆိတ် နေကြတာများတော့ သူတို့အတွက် အခွင့်အရေးပေးသလို ဖြစ်နေတာပေါ့။
နောက်တစ်ချက်က ကျွန်တော်တို့အိမ်က မီးရထားသံလမ်းနဲ့ ကပ်နေတော့ အဲသည်လမ်း ကြားဘက်ကနေ အလွယ်တကူ ကျော်ဝင်နိုင် တာပါ။ ပထမအကြိမ်မှာတော့ အိမ်ရှေ့ထုတ် ထားတဲ့ ပစ္စည်းတွေ မ,သွားတယ်။ နောက်ဒုတိယတစ်ကြိမ်မှာလည်း အိမ်ရှေ့မှာ ကျန်တဲ့ ပစ္စည်းတွေ သယ်သွားတာ ခံလိုက်ရတယ်။ စိတ်ထဲမှာ မသတီတော့ဘူးပေါ့။ အဲဒါကြောင့် သည်တစ်ခါပိတ်ရက်ဆိုရင်သွပ်တွေ၊ ပစ္စည်းတွေဝယ်ပြီး အိမ်ကို လုံခြုံအောင် ထပ်ကာမယ် လို့ စဉ်းစားနေတုန်း သည်ကောင်တွေက လက် ဦးသွားပါတယ်။ တတိယအကြိမ်မှာ အိမ်ထဲအ ထိ ဝင်သွားတာပါ။
အုပ်စုလိုက်ဖြစ်နိုင်
အိမ်ထဲအထိ ဝင်ခိုးတာဖြစ်လို့ ခိုးတဲ့ သူဟာ တစ်ယောက်တည်းတော့ မဖြစ်နိုင်ပါဘူး။ အနည်းဆုံးသုံးလေးယောက်တော့ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တစ်ယောက်က ကျွန် တော်တို့ အိမ်ခန်းထဲအထိ ဝင်ရောက်ခဲ့တာပါ။ ဝင်တော့လည်း သော့ခတ်ထားတဲ့ အိမ်ရှေ့တံ ခါးမကြီးကနေ ဝင်တာပါ။ ပြီးတော့ သော့ပြန် ခတ်ထားပါတယ်။ သူတို့အထဲမှာ သော့ဝိဇ္ဇာ တစ်ယောက်ပါလို့သာ သော့ဖွင့်ပြီး ပြန်ပိတ်ပေး နိုင်တာပါ။ သော့ပိတ်ပေးတဲ့သူက အပြင်ကနေ အချက်ပြ သတိပေးဖို့ စောင့်ပေးနေတာ ဖြစ်နိုင် တယ်။ သူတို့က အဖွဲ့လိုက် လှုပ်ရှားတာ ဖြစ်နိုင် ပြီး သုံးကြိမ်လုံး သူတို့အဖွဲ့ပဲ ဖြစ်နိုင်ပါတယ်။  နောက်ဆုံးအကြိမ် ဖောက်ထွင်းဝင်ရောက်ရာ မှာတော့ တီဗီ၊ အောက်စက်၊ ဘောက်စ်တွေနဲ့ ဖုန်းတစ်လုံး ပါသွားတယ်၊ စုစုပေါင်း ကျပ် ၅၀ဝ,ဝဝဝ ဝန်းကျင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဖောက်ထွင်းခံလိုက်ရတာပါ။ အဖိုးအတန်ဆုံးကတော့ ဖလက်တီဗီပေါ့။ သယ်လို့လွယ်တဲ့ ပစ္စည်းတွေ ရွေးပြီးသယ်သွားတဲ့သဘောပါပဲ။ ဘောက်စ်တွေကလည်း နောက်ဆုံးပေါ်အသစ်တွေပါ။
ရဲကိုတိုင်
ကျွန်တော့်အမျိုးသမီးက အိမ်ကို အရင်ရောက်တယ်။ ဖုန်းဆက်တယ်။ သော့ဖွင့်ပြီး အိမ်ထဲဝင်လိုက်တော့ ပစ္စည်းတွေ မရှိတော့ဘူး ဆိုပြီး ပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ရဲကိုဖုန်းဆက်ပြီး အိမ်ကို အမြန်ပြန်တယ်။ ရဲတွေလည်း ရောက်လာတယ်။ ကျွန်တော်တို့ အိပ်ခန်းအတွင်းက လော့ခ်ချထားတော့ အထဲ မှာ လူရှိနေသေးလား ထင်စရာပေါ့။ အိပ်ခန်းတံခါးဖျက်ပြီး ဝင်တော့ ဘယ်သူမှ ရှိမနေတော့ ပါဘူး။ အိပ်ခန်းထဲက ပြတင်းပေါက်မှာ ကာ ထားတဲ့ သစ်သားတွေ ဖျက်ပြီး အပြင်ထွက်သွားတဲ့အနေအထားမျိုးတွေ့ရတယ်။ အခန်းထဲက နေ ကန့်လန့်ထိုးထားပြီး လူရှိတဲ့ ပုံစံ လုပ်ထားတာပါ။ အချိန်ဆွဲလို့ ရသလောက် ဆွဲထားတာပါ။ နောက်တစ်နေ့ကျတော့ ပစ္စည်းတွေဝယ်ပြီး အိမ်ကာဖို့လုပ်တော့ သူတို့ထွက်သွားတဲ့ဘက်မှာ တီဗီရီမုတ်ရယ်နဲ့ ဖုန်းအားသွင်းကြိုးရယ် တစ်ဖက်စီကျနေတယ်။ အီးယားဖုန်းနားကြပ် တစ်ခုက သစ်ပင်မှာ ချိတ်နေတယ်။ ကျွန်တော့် အမျိုးသမီးပြန်လာတာသိလို့ အလျင်စလို အ မြန်ထွက်ကြတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ပစ္စည်းတွေကိုုတော့ ပါအောင်သယ်သွားနိုင်ကြတယ်။ ရဲကတော့ အကူအညီလိုရင် လာပြောပါ လို့ ဆိုတယ်။
ရန်ကုန်မှာ အုပ်စုဖွဲ့ဖောက်ထွင်းလုယက်တဲ့ သူတွေရှိနေတာဖြစ်လို့ အားလုံး သတိဝီရိယ နဲ့ နေနိုင်အောင်ပါ။ ဝန်ထမ်းလစာလေးတွေနဲ့ ချွေတာစုဆောင်းထားတဲ့ ပစ္စည်းလေးတွေပါ သွားတော့ နှမြောမိတာပါပဲ။ စီးပွားရေးတွေ ကျပ်တည်းနေကြတဲ့အချိန် မရှိလို့ လုပ်ကြတာ ဖြစ်မှာပဲလို့ သဘောထားရတော့တယ်။

ဂိုဏ်းဖွဲ့လုယက်
မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေး ပြေးဂိတ်အနီးမှာလည်း အငှားယာဉ်တွေကို အရီးသည်ဟန်ဆောင်ပြီး လုယက်မှုတွေ ဖြစ်ခဲ့ပါတယ်။ သူတို့ဟာ ဂိုဏ်းအဖွဲ့နဲ့ လှုပ်ရှားပါတယ်။ အငှားယာဉ်တွေကို ခရီးသည်ဟန် ဆောင်ငှားရမ်းပြီး လမ်းခုလတ်မှာ ယာဉ်မောင်း ကို ထိုးကြိတ်ထားခဲ့ပြီး အငှားယာဉ်ကို လုယက်တာပါ။ သူတို့ဟာ တက္ကစီတွေကို ထောက်ကြန့်၊ မှော်ဘီနဲ့ လှည်းကူးဘက်တွေ ခေါ်ငှာပြီး လမ်းရောက်မှ ယာဉ်မောင်းကို ဓားနဲ့ ထောက်၊ ထိုး ကြိတ်၊ လက်ပြန်ကြိုးတုပ်၊ ကားပေါ်က ကန်ချ ပြီး ကားကိုယူတာပါ။ အဲသည်ဂိုဏ်း အဖွဲ့ထဲက သုံးယောက်ကို ပြည်နဝဒေးတံတားနားမှာ ရဲတပ်ဖွဲ့က ဖမ်းမိပါတယ်။ သူတို့ကို မှော်ဘီ၊ ထောက်ကြန့်နဲ့ လှည်းကူး မြို့နယ် ၊ ဒါးပိန် ရဲ စခန်းတွေမှာ အမှုဖွင့်အရေးယူထားပါတယ်။ အဲသည်လူငယ်သုံးဦးဟာ မှော်ဘီမှာ နေထိုင်သူတွေ ဖြစ်တယ်။ အလုခံရတဲ့ ကားက လေးစီးဝန်းကျင်လောက် ရှိနေပြီး ပြန်မရသေးပါဘူး။ အခုဖမ်းမိထားတဲ့ သုံးဦးကို စစ်ဆေးပြီး ဆက်လက် ဖော်ထုတ်သွားမှာ ဖြစ်တယ်။ ရန်ကုန် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ကိုင်တွယ်စစ်ဆေးနေတာ ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် မိုးလုံလေလုံ အား ကစားကွင်းဘေးမှာရှိတဲ့ ပြိုင်ကားဝင်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တစ်ဆိုင် မှာလည်း ပြီးခဲ့တဲ့စက်တင်ဘာလထဲက ရေမော် တာ လေးလုံး၊ အဲကွန်းကြေးပိုက်တွေ ခိုးယူခံရမှု ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်ကလည်း စမ်းချောင်းမြို့နယ်မှာ အမျိုးသမီးတစ်ဦးရဲ့ ဦးခေါင်းကို လူငယ်တစ်ဦးက အုတ်ခဲနဲ့ထုပြီး လက်ကိုင်ဖုန်းကို လုယက်တဲ့အမှု ဖြစ်ပွားခဲ့တယ်။ ဖုန်းလုခံရတဲ့ အမျိုးသမီးက အော်ဟစ် ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့အတွက် အနီးအနားက လူတွေဝိုင်းလိုက်တော့ ဖုန်းချထားပြီး ထွက်ပြေးသွားတယ်။ လုယက် တဲ့သူကို မမိလိုက်ပေမဲ့ ဖုန်းတော့ပြန်ရလိုက်ပါ တယ်။ စိုးရိမ်စရာမရှိပေမဲ့ အမျိုးသမီးရဲ့ ဦး ခေါင်းမှာ ပေါက်ပြဲ ဒဏ်ရာရရှိသွားခဲ့တယ်။
ရဲတစ်ဦးကို ဓားနဲ့ပြန်ထိုးတဲ့ ဖြစ်စဉ်လည်း လှိုင်သာယာမှာ ဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်က လှိုင် သာယာမြို့နယ်၊ စက်မှုဇုန် (၄)၊ ရန်ကုန်-ပုသိမ် လမ်းမဘေး ကျူးကျော်တဲအိမ်တစ်လုံးမှာ လင် မယားနှစ်ယောက်က အမျိုးသားတစ်ဦးကို ဝါးထမ်းပိုးနဲ့ ဝိုင်းရိုက်ရာကနေ လူသတ်မှုဖြစ် သွားတာပါ။ အဲသည်လင်မယားနှစ်ယောက်ကို ဖမ်းဆီးဖို့ ရဲတပ်ကြပ်နဲ့ အဖွဲ့သွားရောက်ပါ တယ်။  နဝဒေးလမ်းမှာ အဘွားအိုတစ်ဦးက ပြေးလာပြီး အရက်မူးဆဲဆိုနေတဲ့ သူ့သားကို ထိန်းသိမ်းပေးဖို့ အကူအညီတောင်းပါတယ်။ အကူအညီပေးဖို့လုပ်တဲ့ ရဲတပ်ကြပ်ကို အဲသည် အဘွားအိုရဲ့သားက ဓားနဲ့ ထိုးတဲ့အတွက် ရဲတပ်ကြပ်ဟာ အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ အ တွင်းလူနာအဖြစ် ကုသနေရတာပါ။
အောက်တိုဘာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ လောင်းကစားဖမ်းဆီးရမှုအခြေအနေ ဟာ ၁၁၅ မှုနဲ့ တစ်နိုင်ငံလုံးမှာ အများဆုံး ဖမ်းဆီးရမိတယ်ဆိုတာကို ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန် ချက်အရ သိနိုင်ပါတယ်။ ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ ပြည်နယ်/တိုင်းများမှာ ဖြစ်ပွားသော အမှုဖြစ်ပွားမှုများ စာရင်းကိုလည်း ပူးတွဲဖော်ပြပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top