Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ထုိင္းႏုိင္ငံ ဘန္ေကာက္ ၿမိဳ႕တြင္ အလုပ္ရမည္ဟုဆိုကာ ျမန္မာလုပ္သား ၃၀ ေက်ာ္ကို တရားမ၀င္ေခၚေဆာင္လာေသာ  ျမန္မာပဲြစားႏွစ္ဦးကို ျမ၀တီ - မဲ ေဆာက္ခ်စ္ၾကည္ေရးတံတား၌ ဖမ္းဆီးထားသည္။

ျမန္မာလုပ္သားတစ္ဦးလွ်င္  က်ပ္ခုနစ္သိန္းမွ ၁၀ သိန္းအထိ ေတာင္း၍ ျမန္မာလုပ္သား ၃၃ ဦးကို ဘန္ေကာက္ၿမိဳ႕တြင္  အ လုပ္ရမည္ဟုဆုိကာ တရားမ၀င္ ေခၚေဆာင္လာေသာ ျမန္မာပဲြစား ႏွစ္ဦးကို ႏုိ၀င္ဘာ ၆ ရက္က ျမ၀ တီ-မဲေဆာက္ခ်စ္ၾကည္ေရးတံ တား ျမန္မာဘက္ျခမ္း၌ အလုပ္ သမားသံအရာရွိ၊ လူကုန္ကူးမႈ တားဆီးေရးရဲတပ္ဖဲြ႕ႏွင့္ ျမန္မာ ျပည္ပ အလုပ္အကုိင္၀န္ေဆာင္မႈ လုပ္ငန္းရွင္မ်ား အဖဲြ႕ခ်ဳပ္ (MOEAF) တုိ႔က ဖမ္းဆီးခ့ဲသည္။

‘‘ပဲြစားေတြက ခုေလာေလာ ဆယ္ ႏွစ္ေယာက္ေပါ့။ ေနာက္ ထပ္လည္း ရွိႏုိင္ေသးတယ္။ ျမန္ မာဘက္ျခမ္းကေန တာ၀န္ယူၿပီး ပို႔ေပးတာက ငါးေယာက္ေပါ့။ ထုိင္းဘက္ျခမ္းမွာလည္း ျမန္မာ လုပ္သားေတြကို တာ၀န္ယူေခၚ ေဆာင္မယ့္ ထုိင္းပဲြစားေတြလည္း ရွိႏုိင္ေသးတယ္။ စစ္ေဆးၿပီးမွ သိ ရမွာေပါ့။ သူတုိ႔ကို လူကုန္တား ဥပေဒနဲ႔ အမႈဖြင့္ထားတယ္’’ဟု မဲေဆာက္ၿမိဳ႕ရွိ ျမန္မာလုပ္သား မ်ားအေရး ကူညီေပးေနေသာ ထုိင္းႏုိင္ငံလုံးဆုိင္ရာ ျမန္မာေရႊ႕ ေျပာင္းအလုပ္သမားကြန္ရက္ (MMNT) အေထြေထြအတြင္းေရး မွဴးဦးမိုးႀကိဳးက ေျပာသည္။

ဖမ္းမိသည့္ ျမန္မာပဲြစားႏွစ္ ဦးသည္ ျမန္မာလုပ္သား ၁၇၀ ဦး ကို ဘန္ေကာက္ၿမိဳ႕တြင္ အလုပ္ရ မည္ဟုဆုိကာ တရားမ၀င္ပို႔ ေဆာင္ေပးရန္ ျမ၀တီၿမိဳ႕တြင္ သုံးေနရာခဲြ၍ ထားရွိေၾကာင္း ဦးမိုးႀကိဳးက ဆက္လက္ေျပာသည္။

‘‘ဒီကိစၥကုိ လူကုန္တားနဲ႔ ရဲ တပ္ဖဲြ႕က ကိုင္တြယ္ေနတယ္။ လူဦးေရ စာရင္းကေတာ့ ပထမေတြ႕ တာ ၃၄ ဦးေပါ့’’ဟု ျမ၀တီခ႐ိုင္ လူ၀င္မႈ ႀကီးၾကပ္ေရးဦးစီးဌာန ခ႐ိုင္မွဴးဦး၀င္းလႈိင္ဦးက  ေျပာ သည္။

ေအာက္တိုဘာလဆန္းပိုင္း က ျမန္မာလုပ္သား ၁၀၀ ေက်ာ္ ကုိ ထုိင္းႏုိင္ငံတြင္ အလုပ္ေပး မည္ဟုဆုိကာ ႏွစ္ႏုိင္ငံသေဘာ တူစာခ်ဳပ္(MoU) ျဖင့္ လိမ္ လည္ေခၚေဆာင္ေသာ ထုိင္းႏုိင္ငံ သားတစ္ဦးကုိ ျမ၀တီၿမိဳ႕၌ ဖမ္းဆီးခဲ့သည္။

ထို႔အျပင္ ထုိင္းႏုိင္ငံ ေနရာ အမ်ားအျပားတြင္ မည္သူမည္၀ါ ျဖစ္ေၾကာင္း သက္ေသခံလက္ မွတ္ (CI) ျပဳလုပ္ေနသူမ်ားထံမွ ေငြေတာင္းခံေနေသာ ပဲြစားမ်ား ကို ဖမ္းဆီးအေရးယူရန္ ထုိင္း၀န္ ႀကီးခ်ဳပ္ ပရာယြတ္က စက္တင္ ဘာ ၂၆ ရက္၌ ၫႊန္ၾကားထား သည္။

ေအာက္တိုဘာလဆန္းတြင္ ထုိင္းႏုိင္ငံ၌  အလုပ္ရမည္ဟုဆိုကာ ႏွစ္ႏုိင္ငံသေဘာတူစာခ်ဳပ္ (MoU) ျဖင့္ ပို႔ေဆာင္ေပးေသာ ျမန္မာလုပ္သားမ်ားအနက္ ျမန္မာလုပ္သား ၅၀၀ ခန္႔သည္ တစ္ လၾကာသည္အထိ အလုပ္မရဘဲ ေသာင္တင္ေနေၾကာင္း ထုိင္း ေရာက္ျမန္မာလုပ္သားမ်ား အေရးကူညီေပးေနသည့္ ျမန္မာအဖဲြ႕ အစည္းမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင် အလုပ်ရမည်ဟုဆိုကာ မြန်မာလုပ်သား ၃၀ ကျော်ကို တရားမဝင်ခေါ်ဆောင်လာသော  မြန်မာပွဲစားနှစ်ဦးကို မြဝတီ - မဲ ဆောက်ချစ်ကြည်ရေးတံတား၌ ဖမ်းဆီးထားသည်။

မြန်မာလုပ်သားတစ်ဦးလျှင်  ကျပ်ခုနစ်သိန်းမှ ၁၀ သိန်းအထိ တောင်း၍ မြန်မာလုပ်သား ၃၃ ဦးကို ဘန်ကောက်မြို့တွင်  အ လုပ်ရမည်ဟုဆိုကာ တရားမဝင် ခေါ်ဆောင်လာသော မြန်မာပွဲစား နှစ်ဦးကို နိုဝင်ဘာ ၆ ရက်က မြ၀ တီ-မဲဆောက်ချစ်ကြည်ရေးတံ တား မြန်မာဘက်ခြမ်း၌ အလုပ် သမားသံအရာရှိ၊ လူကုန်ကူးမှု တားဆီးရေးရဲတပ်ဖွဲ့နှင့် မြန်မာ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEAF) တို့က ဖမ်းဆီးခဲ့သည်။

‘‘ပွဲစားတွေက ခုလောလော ဆယ် နှစ်ယောက်ပေါ့။ နောက် ထပ်လည်း ရှိနိုင်သေးတယ်။ မြန် မာဘက်ခြမ်းကနေ တာဝန်ယူပြီး ပို့ပေးတာက ငါးယောက်ပေါ့။ ထိုင်းဘက်ခြမ်းမှာလည်း မြန်မာ လုပ်သားတွေကို တာဝန်ယူခေါ် ဆောင်မယ့် ထိုင်းပွဲစားတွေလည်း ရှိနိုင်သေးတယ်။ စစ်ဆေးပြီးမှ သိ ရမှာပေါ့။ သူတို့ကို လူကုန်တား ဥပဒေနဲ့ အမှုဖွင့်ထားတယ်’’ဟု မဲဆောက်မြို့ရှိ မြန်မာလုပ်သား များအရေး ကူညီပေးနေသော ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ ပြောင်းအလုပ်သမားကွန်ရက် (MMNT) အထွေထွေအတွင်းရေး မှူးဦးမိုးကြိုးက ပြောသည်။

ဖမ်းမိသည့် မြန်မာပွဲစားနှစ် ဦးသည် မြန်မာလုပ်သား ၁၇၀ ဦး ကို ဘန်ကောက်မြို့တွင် အလုပ်ရ မည်ဟုဆိုကာ တရားမဝင်ပို့ ဆောင်ပေးရန် မြဝတီမြို့တွင် သုံးနေရာခွဲ၍ ထားရှိကြောင်း ဦးမိုးကြိုးက ဆက်လက်ပြောသည်။

‘‘ဒီကိစ္စကို လူကုန်တားနဲ့ ရဲ တပ်ဖွဲ့က ကိုင်တွယ်နေတယ်။ လူဦးရေ စာရင်းကတော့ ပထမတွေ့ တာ ၃၄ ဦးပေါ့’’ဟု မြဝတီခရိုင် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ခရိုင်မှူးဦးဝင်းလှိုင်ဦးက  ပြော သည်။

အောက်တိုဘာလဆန်းပိုင်း က မြန်မာလုပ်သား ၁၀၀ ကျော် ကို ထိုင်းနိုင်ငံတွင် အလုပ်ပေး မည်ဟုဆိုကာ နှစ်နိုင်ငံသဘော တူစာချုပ်(MoU) ဖြင့် လိမ် လည်ခေါ်ဆောင်သော ထိုင်းနိုင်ငံ သားတစ်ဦးကို မြဝတီမြို့၌ ဖမ်းဆီးခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံ နေရာ အများအပြားတွင် မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက် မှတ် (CI) ပြုလုပ်နေသူများထံမှ ငွေတောင်းခံနေသော ပွဲစားများ ကို ဖမ်းဆီးအရေးယူရန် ထိုင်းဝန် ကြီးချုပ် ပရာယွတ်က စက်တင် ဘာ ၂၆ ရက်၌ ညွှန်ကြားထား သည်။

အောက်တိုဘာလဆန်းတွင် ထိုင်းနိုင်ငံ၌  အလုပ်ရမည်ဟုဆိုကာ နှစ်နိုင်ငံသဘောတူစာချုပ် (MoU) ဖြင့် ပို့ဆောင်ပေးသော မြန်မာလုပ်သားများအနက် မြန်မာလုပ်သား ၅၀၀ ခန့်သည် တစ် လကြာသည်အထိ အလုပ်မရဘဲ သောင်တင်နေကြောင်း ထိုင်း ရောက်မြန်မာလုပ်သားများ အရေးကူညီပေးနေသည့် မြန်မာအဖွဲ့ အစည်းများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top