×





Credit: lwinpyin
#Unicode Version#


ဒေါက်တာသန့်မြင့်ဦးရဲ့facebookမှာ 1865ခုနှစ်က ကျိုက်ထီးရိုးလို့ရေးသားထားတဲ့ဓါတ်ပုံပါ…ပုံထဲမှာ အနီနဲ့ဝိုင်းထားတဲ့သူတွေဟာ (ကျနော်ဝိုင်းထားတာပါ မူရင်းမဟုတ်)အမျိုးသမီးတဦးနဲ့ မိန်းကလေးငယ်တဦးလို့ ယူဆရပြီးသူတို့ဟာ ဒီနေ့ခတ်မှာအမျိုးသမီးမဝင်ရလို့သတ်မှတ်ထားတဲ့ တောင်ထွတ်ပေါ်မှာရှိနေတာပါ…

ဒါဆိုရှေးအရင်ခေတ်တွေတုန်းက ကျိုက်ထီးရိုးစေတီကျောက်တုံးအနီးထိအမျိုးသမီးတွေဝင်ရောက်ဖူးမြှော်ခွင့်ရှိခဲ့သလားဆိုတာ စဉ်းစားစရာဖြစ်ပါတယ်…သိတဲ့မီတဲ့သူတွေရှိရင် အကိုးအကားနဲ့ ရှာဖွေဖော်ထုတ်ကြစေချင်ပါတယ်… အရင်ကရရင်အခုလည်းရသင့်ပါတယ်။

အမျိုးသမီးတွေကို တဆင့်နှိမ့်ခွဲခြားဆက်ဆံတာတွေပပျောက်ဖို့ ဒီလိုယုတ္တိမတန်တဲ့အယူသည်းမှုတွေကိုလည်း ဖယ်ရှားတော်လှန်ကြရပါမယ်…

တဖက်မှာလည်း ငါ သူ တပါး ယောကျား မိန်းမမရှိ ရုပ်နဲ့နာမ်သာရှိတယ်ဆိုတဲ့ ဗုဒ္ဓအဘိဓမ္မာကိုကျား/မ အသားအရောင်လူမျိုး ဘာသာခွဲခြားမှုတွေအခြေခံထားတဲ့အယူသည်းမှုတွေကလှောင်ပြောင်သလိုဖြစ်နေတာကို ကာကွယ်နိုင်ဖို့ ဒီလိုအချက်တွေကိုပြုပြင်သင့်ပါတယ်…

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top