Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ၂၀၁၇ ဇြန္လဆန္းမွ ေအာက္တိုဘာလကုန္အထိ လက္နက္ကိုင္ပဋိပကၡအႀကိမ္ ၈၀ ေက်ာ္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာ့ၿငိမ္းခ်မ္းေရး အေထာက္အကူျပဳဆုိင္ရာ အဖြဲ႕အစည္းတစ္ရပ္ျဖစ္သည့္ Myanmar Peace Monitor ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံုဒုတိယ အစည္းအေဝးသည္ ၂၁၇ ေမလ ကုန္တြင္ က်င္းပၿပီးစီးခဲ့သည္။ အ စည္းအေဝးၿပီးေနာက္ ငါးလအ တြင္း ထိေတြ႕ပစ္ခတ္မႈ ၈၆ ႀကိမ္ ေက်ာ္ရွိေၾကာင္း Myanmar Pea-ce Monitor ၏ ၿငိမ္းခ်မ္းေရး ေစာင့္ၾကည့္ေလ့လာေရး အေျခ အေနျပဇယားတြင္ ေဖာ္ျပသည္။

တပ္မေတာ္ႏွင့္ တအာင္း လက္နက္ကိုင္အဖြဲ႕ (TNLA) ၾကား ပစ္ခတ္တိုက္ခိုက္မႈ အမ်ား ဆံုးျဖစ္ပြားခဲ့သည္။ ကခ်င္လက္ နက္ကိုင္အဖြဲ႕ (KIA)၊ ရွမ္းလက္ နက္ကိုင္အဖြဲ႕(SSPP/SSA)ႏွင့္ RCSS/SSA တုိ႔ႏွင့္ ဒုတိယအမ်ားဆံုးျဖစ္ပြားခဲ့ကာ DKBA လက္နက္ကိုင္အဖြဲ႕၊ ULA/AA လက္နက္ ကိုင္အဖြဲ႕တုိ႔ႏွင့္လည္း ထိေတြ႕ ပစ္ခတ္မႈအခ်ိဳ႕ရွိခဲ့ေၾကာင္း Myan-mar Peace Monitor ၏ အခ်က္အလက္မ်ားအရ သိရသည္။

ျပည္တြင္း  လက္နက္ကုိင္ ပဋိပကၡမ်ားသည္ ဇြန္လတြင္ အ မ်ားဆံုးျဖစ္ၿပီး ထိေတြ႕ပစ္ခတ္ မႈ ၃၄ ႀကိမ္ရွိေၾကာင္း ေဖာ္ျပ သည္။ ထို႔အတူ ပဋိပကၡအမ်ား ဆံုးျဖစ္ပြားရာ ေဒသသည္ ရွမ္း ျပည္နယ္ နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ ေက်ာက္မဲၿမိဳ႕နယ္တို႔ျဖစ္ေၾကာင္း စက္တင္ဘာ အေျခအေနျပ ဇယားတြင္ ေဖာ္ျပသည္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ၂၁ ရာစု ပင္လံုဒုတိယ အႀကိမ္အစည္းအေဝး မတုိင္မီ ငါးလက လက္နက္ကိုင္ပဋိပကၡ အႀကိမ္ ၁၂၀ ေက်ာ္ ျဖစ္ပြားခဲ့ ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

NCA လက္မွတ္ေရးထိုးၿပီး ေနာက္ပိုင္းတြင္ တပ္မေတာ္ႏွင့္ NCA လက္မွတ္ထိုးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ားအၾကား တိုက္ပြဲျဖစ္ပြားမႈ သိသာစြာ ေလွ်ာ့ခ်ႏုိင္ခဲ့ေသာ္လည္း တပ္မေတာ္ႏွင့္ NCA မထိုးရေသးသည့္ အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ား ပိုမိုျပင္းထန္ခဲ့ေၾကာင္း ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အကဲခတ္သူမ်ားက သံုးသပ္သည္။

KNU အပါအဝင္ တုိင္းရင္း သားလက္နက္ကိုင္ ရွစ္ဖြဲ႕သည္ NCA တြင္ ပါဝင္၍ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္၌ ေဆြးေႏြးေနမႈရွိ ေသာ္လည္း NCA ျပင္ပတြင္ တုိင္း ရင္းသား လက္နက္ကိုင္အဖြဲ႕ အမ်ားစုက်န္ရွိေနဆဲျဖစ္သည္။ NCA မထိုးဘဲ ႏုိင္ငံေရးေဆြးေႏြး မည့္ ေျမာက္ပိုင္းလက္နက္ကိုင္ အဖြဲ႕ခုနစ္ဖြဲ႕၏ စုဖြဲ႕မႈႏွင့္ NCAလက္မွတ္ထိုးႏိုင္ေရး ညႇိႏိႈင္းေန သည့္ ညီၫြတ္ေသာ တုိင္းရင္းသားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္ စီ (UNFC) စုဖြဲ႕မႈဟူ၍ ျဖစ္သည္။

‘‘ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အျပင္ဘက္မွာ လက္နက္ကိုင္အ ဖြဲ႕အစည္းေတြ ရွိေနေသးတာက ဒီလိုတုိက္ပြဲေတြ ျဖစ္ေနရတဲ့အ ေၾကာင္းရင္းေပါ့ေနာ္။ ေဆြးေႏြးမႈ ေတြ တစ္ဖက္မွာ တိုက္ပြဲေတြျဖစ္ ေနတာ။ ဒါက ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္မွာ မွန္ကန္တဲ့ ႏုိင္ငံေရး ေဆြးေႏြးမႈေတြနဲ႔ သြားေနရဲ႕လား ဆုိတာကိုလည္း ေမးခြန္းထုတ္မိ ေစတယ္’’ဟု ၿငိမ္းခ်မ္းေရးေလ့ လာသံုးသပ္သူ ဦးေမာင္ေမာင္စိုး က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ၂၀၁၇ ဇွန်လဆန်းမှ အောက်တိုဘာလကုန်အထိ လက်နက်ကိုင်ပဋိပက္ခအကြိမ် ၈၀ ကျော် ဖြစ်ပွားခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြုဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် Myanmar Peace Monitor ၏ အချက်အလက်များတွင် ဖော်ပြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဒုတိယ အစည်းအဝေးသည် ၂၁၇ မေလ ကုန်တွင် ကျင်းပပြီးစီးခဲ့သည်။ အ စည်းအဝေးပြီးနောက် ငါးလအ တွင်း ထိတွေ့ပစ်ခတ်မှု ၈၆ ကြိမ် ကျော်ရှိကြောင်း Myanmar Pea-ce Monitor ၏ ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာရေး အခြေ အနေပြဇယားတွင် ဖော်ပြသည်။

တပ်မတော်နှင့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ကြား ပစ်ခတ်တိုက်ခိုက်မှု အများ ဆုံးဖြစ်ပွားခဲ့သည်။ ကချင်လက် နက်ကိုင်အဖွဲ့ (KIA)၊ ရှမ်းလက် နက်ကိုင်အဖွဲ့(SSPP/SSA)နှင့် RCSS/SSA တို့နှင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့ကာ DKBA လက်နက်ကိုင်အဖွဲ့၊ ULA/AA လက်နက် ကိုင်အဖွဲ့တို့နှင့်လည်း ထိတွေ့ ပစ်ခတ်မှုအချို့ရှိခဲ့ကြောင်း Myan-mar Peace Monitor ၏ အချက်အလက်များအရ သိရသည်။

ပြည်တွင်း  လက်နက်ကိုင် ပဋိပက္ခများသည် ဇွန်လတွင် အ များဆုံးဖြစ်ပြီး ထိတွေ့ပစ်ခတ် မှု ၃၄ ကြိမ်ရှိကြောင်း ဖော်ပြ သည်။ ထို့အတူ ပဋိပက္ခအများ ဆုံးဖြစ်ပွားရာ ဒေသသည် ရှမ်း ပြည်နယ် နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့ဖြစ်ကြောင်း စက်တင်ဘာ အခြေအနေပြ ဇယားတွင် ဖော်ပြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဒုတိယ အကြိမ်အစည်းအဝေး မတိုင်မီ ငါးလက လက်နက်ကိုင်ပဋိပက္ခ အကြိမ် ၁၂၀ ကျော် ဖြစ်ပွားခဲ့ ကြောင်း အချက်အလက်များအရ သိရသည်။

NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် တပ်မတော်နှင့် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တိုက်ပွဲဖြစ်ပွားမှု သိသာစွာ လျှော့ချနိုင်ခဲ့သော်လည်း တပ်မတော်နှင့် NCA မထိုးရသေးသည့် အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်ခဲ့ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကဲခတ်သူများက သုံးသပ်သည်။

KNU အပါအဝင် တိုင်းရင်း သားလက်နက်ကိုင် ရှစ်ဖွဲ့သည် NCA တွင် ပါဝင်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ဆွေးနွေးနေမှုရှိ သော်လည်း NCA ပြင်ပတွင် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ အများစုကျန်ရှိနေဆဲဖြစ်သည်။ NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေး မည့် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ခုနစ်ဖွဲ့၏ စုဖွဲ့မှုနှင့် NCAလက်မှတ်ထိုးနိုင်ရေး ညှိနှိုင်းနေ သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) စုဖွဲ့မှုဟူ၍ ဖြစ်သည်။

‘‘ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြင်ဘက်မှာ လက်နက်ကိုင်အ ဖွဲ့အစည်းတွေ ရှိနေသေးတာက ဒီလိုတိုက်ပွဲတွေ ဖြစ်နေရတဲ့အ ကြောင်းရင်းပေါ့နော်။ ဆွေးနွေးမှု တွေ တစ်ဖက်မှာ တိုက်ပွဲတွေဖြစ် နေတာ။ ဒါက ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ မှန်ကန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ သွားနေရဲ့လား ဆိုတာကိုလည်း မေးခွန်းထုတ်မိ စေတယ်’’ဟု ငြိမ်းချမ်းရေးလေ့ လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top