ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အေလာင္းေတာ္ကႆပ သုိ႔ သြားရာလမ္းပုိင္းတစ္ေနရာ တြင္ သပိတ္ေဆးေခ်ာင္းကူး ႀကိဳး တံတားတည္ေဆာက္မည္ ျဖစ္ ေၾကာင္း အေလာင္းေတာ္ကႆပ ဘုရားေဂါပကအဖြဲ႕ဒုတိယဥကၠ႒ ဦးေမာင္ေမာင္ခ်ိဳက ေျပာသည္။

အေလာင္းေတာ္ကႆပ အမ်ိဳးသားဥယ်ာဥ္သပိတ္ေဆး သစ္ေတာစခန္းမွ စံေက်ာင္းေတာ္ အထိ ေျခက်င္လမ္းေလွ်ာက္သြား ရေသာ လမ္းပိုင္းတစ္မိုင္အတြင္း သပိတ္ေဆးေခ်ာင္းကုိ ျဖတ္၍ ႀကိဳးတံတားတစ္စင္း တည္ ေဆာက္ရန္ ႏုိ၀င္ဘာ ၁၈ ရက္က ယင္းမာပင္ၿမိဳ႕နယ္ ဖုိလ္၀င္ ေတာင္ပုပၸားေက်ာင္းတိုက္တြင္ က်င္းပေသာ အေလာင္းေတာ္ ကႆပဘုရားဘက္စံုျပဳျပင္မြမ္း မံေရးညိႇႏႈိင္းအစည္းအေ၀း၌ ဆုံးျဖတ္ခဲ့သည္။ ‘‘ႀကိဳးတံတားတည္ေဆာက္ဖုိ႔ အေလာင္းေတာ္ကႆပဘက္စုံျပဳျပင္မြမ္းမံေရးရန္ပုံေငြကေနထုတ္သုံးမွာပါ။ သက္ဆုိင္ရာကုိ တြက္ခ်က္ေပးဖုိ႔နဲ႔ခြင့္ျပဳေပးဖုိ႔ တင္ျပထားတယ္’’ ဟု ဦးေမာင္ ေမာင္ခ်ိဳက ေျပာသည္။

သပိတ္ေဆးေခ်ာင္းကူး ႀကိဳး တံတားသည္ အရွည္ေပ ၁၀၀ ေက်ာ္ရွိၿပီး ခ်ဥ္းကပ္လမ္းအပါအ ၀င္ အရွည္ေပ ၂၅၀ ခန္႔ တည္ ေဆာက္ရန္ စီစဥ္ေဆာင္ရြက္ေန ေၾကာင္း ၎ကေျပာသည္။

အေလာင္းေတာ္ကႆပ ဘုရားဖူးပို႔ေဆာင္ေရးမွ ယာဥ္ပိုင္ ရွင္တစ္ဦးက ‘‘လက္ရွိ သပိတ္ ေဆးသစ္ေတာစခန္းကေန စံ ေက်ာင္းအထိ တစ္မုိင္ေလာက္ လမ္းေလွ်ာက္ရတယ္။ သပိတ္ ေဆးေခ်ာင္းက အဆင္းအတက္ မတ္ေစာက္ေတာ့ လူႀကီးေတြအ တြက္ သြားလာေရးအခက္အခဲရွိ တယ္။ ႀကိဳးတံတားတည္ေဆာက္ ၿပီးရင္ ျဖတ္လမ္းျဖစ္တဲ့အတြက္ တစ္မုိင္ခရီးက ေလးဖာလုံ ေလာက္သြားလာေရးသက္သာ သြားတယ္’’ ဟုေျပာသည္။

အေလာင္းေတာ္ကႆပ တြင္  ႏွစ္စဥ္ပြင့္လင္းရာသီျဖစ္ေသာ ဒီဇင္ဘာမွ ဧၿပီလအထိ ဘုရားဖူးမ်ားျဖင့္ စည္ကားေနၿပီး မုံရြာၿမိဳ႕မွ သပိတ္ေဆးသစ္ေတာစခန္းအထိ မုိင္ ၄၀ ေက်ာ္ကုိ ယာဥ္မ်ားျဖင့္ သြားေရာက္ႏုိင္သည္။ သပိတ္ေဆးစခန္းမွ  စံေက်ာင္းေတာ္အထိ ကားလမ္းမေပါက္သျဖင့္ ေျခက်င္ခရီးျဖင့္လည္းေကာင္း၊ ဆင္စီး၍လည္းေကာင္း သြားေရာက္ႏုိင္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


အလောင်းတော်ကဿပ သို့ သွားရာလမ်းပိုင်းတစ်နေရာ တွင် သပိတ်ဆေးချောင်းကူး ကြိုး တံတားတည်ဆောက်မည် ဖြစ် ကြောင်း အလောင်းတော်ကဿပ ဘုရားဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ချိုက ပြောသည်။

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သပိတ်ဆေး သစ်တောစခန်းမှ စံကျောင်းတော် အထိ ခြေကျင်လမ်းလျှောက်သွား ရသော လမ်းပိုင်းတစ်မိုင်အတွင်း သပိတ်ဆေးချောင်းကို ဖြတ်၍ ကြိုးတံတားတစ်စင်း တည် ဆောက်ရန် နိုဝင်ဘာ ၁၈ ရက်က ယင်းမာပင်မြို့နယ် ဖိုလ်ဝင် တောင်ပုပ္ပားကျောင်းတိုက်တွင် ကျင်းပသော အလောင်းတော် ကဿပဘုရားဘက်စုံပြုပြင်မွမ်း မံရေးညှိနှိုင်းအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။ ‘‘ကြိုးတံတားတည်ဆောက်ဖို့ အလောင်းတော်ကဿပဘက်စုံပြုပြင်မွမ်းမံရေးရန်ပုံငွေကနေထုတ်သုံးမှာပါ။ သက်ဆိုင်ရာကို တွက်ချက်ပေးဖို့နဲ့ခွင့်ပြုပေးဖို့ တင်ပြထားတယ်’’ ဟု ဦးမောင် မောင်ချိုက ပြောသည်။

သပိတ်ဆေးချောင်းကူး ကြိုး တံတားသည် အရှည်ပေ ၁၀၀ ကျော်ရှိပြီး ချဉ်းကပ်လမ်းအပါအ ဝင် အရှည်ပေ ၂၅၀ ခန့် တည် ဆောက်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ၎င်းကပြောသည်။

အလောင်းတော်ကဿပ ဘုရားဖူးပို့ဆောင်ရေးမှ ယာဉ်ပိုင် ရှင်တစ်ဦးက ‘‘လက်ရှိ သပိတ် ဆေးသစ်တောစခန်းကနေ စံ ကျောင်းအထိ တစ်မိုင်လောက် လမ်းလျှောက်ရတယ်။ သပိတ် ဆေးချောင်းက အဆင်းအတက် မတ်စောက်တော့ လူကြီးတွေအ တွက် သွားလာရေးအခက်အခဲရှိ တယ်။ ကြိုးတံတားတည်ဆောက် ပြီးရင် ဖြတ်လမ်းဖြစ်တဲ့အတွက် တစ်မိုင်ခရီးက လေးဖာလုံ လောက်သွားလာရေးသက်သာ သွားတယ်’’ ဟုပြောသည်။

အလောင်းတော်ကဿပ တွင်  နှစ်စဉ်ပွင့်လင်းရာသီဖြစ်သော ဒီဇင်ဘာမှ ဧပြီလအထိ ဘုရားဖူးများဖြင့် စည်ကားနေပြီး မုံရွာမြို့မှ သပိတ်ဆေးသစ်တောစခန်းအထိ မိုင် ၄၀ ကျော်ကို ယာဉ်များဖြင့် သွားရောက်နိုင်သည်။ သပိတ်ဆေးစခန်းမှ  စံကျောင်းတော်အထိ ကားလမ်းမပေါက်သဖြင့် ခြေကျင်ခရီးဖြင့်လည်းကောင်း၊ ဆင်စီး၍လည်းကောင်း သွားရောက်နိုင်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top