ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ေကာ္ဖီခ်စ္သူတိုင္း သိထားသင္႔တဲ႔ ေကာ္ဖီနဲ႔ပတ္သက္တဲ႔ အခ်က္ (၂၀) ကို ဗဟုသုတအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေကာ္ဖီဟာ ကမၻာေပၚမွာ လူႀကိဳက္အမ်ားဆံုး ေသာက္စရာတစ္မ်ိဳးဆိုတာကိုေတာ႔ ျငင္းဖြယ္မရွိပါဘူး။ ကြ်န္ေတာ္တို႔ ေတာ္ေတာ္မ်ားမ်ားမွာ ကဖင္းဓာတ္ေလး On လိုက္မွ အလုပ္လုပ္ရတာ ေနသာထိုင္သာ ရွိၾကတာပါ။ ေကာ္ဖီခ်စ္သူတိုင္း သိထားသင္႔တဲ႔ ေကာ္ဖီနဲ႔ပတ္သက္တဲ႔ အခ်က္ (၂၀) ကို ဗဟုသုတအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ေကာ္ဖီမွာ အဓိကပါဝင္တဲ႔ "ကဖင္း" ဆိုတဲ႔ဓာတ္ဟာ ဂ်ာမန္စကားလံုး Kaffee (Coffee) မွ ဆင္းသက္လာပါတယ္။

၂။ ကမၻာ႔ပထမဆံုး ေကာ္ဖီကို အီသီယိုးပီးယားက သိုးေက်ာင္းသားေတြ ေတြ႕ရွိခဲ႔တာပါ။ နယ္ခံဘုန္းေတာ္ႀကီးတစ္ပါးက ေကာ္ဖီဘယ္ရီသီးေတြကို ေသာက္စရာတစ္ခုခု ျပဳလုပ္မယ္ဆိုၿပီး စဥ္းစားခဲ႔ပါတယ္။ ေသာက္ၿပီးခ်ိန္မွာ အဲဒီေသာက္စရာက လူတစ္ေယာက္ကို ညဘက္အခ်ိန္မွာ ႏိုးၾကားဖ်တ္လတ္ေနေစတာကို ေတြ႕ရွိခဲ႔ပါတယ္။ အဲဒီကေန ေကာ္ဖီဆိုတာ ေပၚေပါက္လာခဲ႔ပါတယ္။

၃။ ေကာ္ဖီတစ္ခြက္မွာ ကိုလာတစ္ဘူး (သို႔) လက္ဖက္ရည္တစ္ခြက္ထက္ သံုးဆပိုျပင္းတဲ႔ ကဖင္းဓာတ္ပါဝင္ပါတယ္။

၄။ သုေတသနတစ္ခုအရ ေကာ္ဖီကို ပံုမွန္ေသာက္ေပးမယ္ဆိုရင္ ကိုယ္႔ကိုယ္ကိုယ္သတ္ေသခ်င္စိတ္နဲ႔ စိတ္ဓာတ္က်ျခင္းကို ေလ်ာ႔နည္းေစပါတယ္တဲ႔။

၅။ ေကာ္ဖီတစ္ခြက္မွာ စပ်စ္သီးေဖ်ာ္ရည္၊ လိေမၼာ္သီး၊ ရက္စ္ဘယ္ရီသီး၊ ဘလူးဘယ္ရီသီးတိုပထက္ ပိုမ်ားတဲ႔ antioxidant ေတြ ပါဝင္ပါတယ္။

၆။ ေကာ္ဖီေသာက္ျခင္းဟာ ဇီဝကမၼလုပ္ေဆာင္မႈေတြကို ျမွင္႔တင္ေပးႏိုင္ၿပီး ကယ္လိုရီေတြကိုလည္း ပိုမိုေလာင္ကြ်မ္းေစပါတယ္။ တစ္နည္းအားျဖင္႔ ဝိတ္က်ေစပါတယ္။

၇။ ေကာ္ဖီဟာ နာက်င္မႈေဝဒနာေတြကိုလည္း သက္သာေစပါတယ္။ ဒါေၾကာင္႔ ေခါင္းကိုက္တဲ႔အခါ ေကာ္ဖီခါးခါးနဲ႔ အကိုက္အခဲေပ်ာက္ေဆးကို တြဲေသာက္ၾကတာပါ။

၈။ ေကာ္ဖီက လူကိုဉာဏ္ပိုေကာင္းေစၿပီး ဦးေႏွာက္လုပ္ေဆာင္မႈေတြကို ပိုမိုျမန္ဆန္ေစတဲ႔ dopamine နဲ႔ norepinephrine တို႔လို ဓာတ္ေတြကိုလည္း ပိုမိုမ်ားျပားစြာ ထုတ္လုပ္ႏိုင္ေစပါတယ္။

၉။ ေကာ္ဖီပံုမွန္ေသာက္သူေတြဟာ ေရရွည္မွတ္ဉာဏ္ပိုင္းမွာ ဖြံ႕ၿဖိဳးတိုးတက္လာတယ္လို႔ ေတြ႕ရွိခဲ႔တဲ႔ သုေတသနရလဒ္ကို ၾကည္႔ျခင္းျဖင္႔ ေကာ္ဖီေသာက္ျခင္းဟာ မွတ္ဉာဏ္စြမ္းအားကို တိုးတက္ေစတယ္လို႔ ယူဆႏိုင္ပါတယ္။

၁၀။ ေကာ္ဖီေသာက္ျခင္းဟာ အသည္းနဲ႔ ႏွလံုးကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

၁၁။ ပင္ပန္းေနတယ္လို႔ ခံစားေနရခ်ိန္ေတြမွာ ေကာ္ဖီက စိတ္ဖိစီးမႈေတြကို ေျပေလ်ာ႔ေစပါတယ္။ ဒါေၾကာင္႔လည္း ကြ်န္ေတာ္တို႔ေတြ ပင္ပန္းႏြမ္းနယ္ေနခ်ိန္မွာ ေကာ္ဖီတစ္ခြက္ကို ေတာင္းဆိုတတ္ၾကၿပီး ပိုမိုလန္းဆန္းလာတယ္လို႔ ခံစားမိၾကတာျဖစ္ပါတယ္။

၁၂။ ေကာ္ဖီနံ႕ေလးရလိုက္ရံုနဲ႔ေတာင္ ကြ်န္ေတာ္တို႔ေတြ စိတ္ခံစားမႈ ပိုမိုေကာင္းမြန္လာၿပီး စိတ္ဖိစီးမႈ ေလ်ာ႔နည္းလာတယ္လို႔ ခံစားရပါတယ္။

၁၃။ တစ္ေန႔ကို ေကာ္ဖီႏွစ္ခြက္ေသာက္ေပးမယ္ဆိုရင္ ေယာက်္ားတစ္ေယာက္ရဲ႕ လိင္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ကို တိုးျမင္႔ေစပါတယ္။ ဒါေပမယ္႔ ႏွစ္ခြက္ထက္ပိုမယ္ ဆိုရင္ေတာ႔ အဲဒီအက်ိဳးေက်းဇူးကို ရရွိေတာ႔မွာ မဟုတ္ပါဘူး။

၁၄။ အေမရိကန္ႏိုင္ငံသားေတြဟာ တျခားအေဖ်ာ္ယမကာေတြထက္ ေကာ္ဖီကို ပိုမိုေသာက္သံုးၾကပါတယ္။

၁၅။ ကဖင္းဓာတ္ပါဝင္တဲ႔ အနက္ေရာင္ diet ေဆးေတာင္႔တစ္ေတာင္႔ကို ေသာက္သံုးျခင္းဟာ ေကာ္ဖီ (၈) ခြက္ကေန (၁၂) ခြက္ၾကား ေသာက္သံုးျခင္းနဲ႔ ညီမွ်ပါတယ္။

၁၆။ ကဖင္းဓာတ္ဟာ ကမၻာေပၚမွာ လူႀကိဳက္အမ်ားဆံုး မူးယစ္ေဆးတစ္မ်ိဳးျဖစ္ၿပီး သူ႔ေနာက္မွာ အယ္လ္ကိုေဟာက ဒုတိယ လိုက္ပါတယ္။

၁၇။ တခ်ိဳ႕ႏိုင္ငံက စစ္သားေတြကို ပင္ပန္းႏြမ္းနယ္မႈကို ရင္ဆိုင္ႏိုင္ဖိုု႔ ကဖင္းဓာတ္ကို ေဆးေတာင္႔ပံုစံနဲ႔ ေသာက္သံုးႏိုင္ဖို႔ ျပဳလုပ္ဖန္တီး ေပးထားပါတယ္။

၁၈။ ဘရာဇီးႏိုင္ငံဟာ ကမၻာ႔အႀကီးမားဆံုး ေကာ္ဖီထုတ္လုပ္ေရာင္းခ်သူ ျဖစ္ပါတယ္။

၁၉။ မဲနက္ေနေအာင္ ေလွာ္ထားတဲ႔ ေကာ္ဖီေစ႔ေတြဟာ မီးခပ္ေပ်ာ႔ေပ်ာ႔နဲ႔ ေလွာ္ထားတဲ႔ ေကာ္ဖီေစ႔ေတြထက္ ကဖင္းဓာတ္ပါဝင္မႈ ပိုနည္းပါတယ္။ ဘာလို႔လဲဆိုေတာ႔ မီးအပူေပးၿပီး ေလွာ္လိုက္ျခင္းက ကဖင္းဓာတ္ပမာဏကို ေလ်ာ႔က်ေစလို႔ပါပဲ။

၂၀။ ေကာ္ဖီဟာ ကုန္သြယ္မႈအျမင္႔မားဆံုး လူသံုးကုန္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ကော်ဖီချစ်သူတိုင်း သိထားသင့်တဲ့ ကော်ဖီနဲ့ပတ်သက်တဲ့ အချက် (၂၀) ကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော်။

ကော်ဖီဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး သောက်စရာတစ်မျိုးဆိုတာကိုတော့ ငြင်းဖွယ်မရှိပါဘူး။ ကျွန်တော်တို့ တော်တော်များများမှာ ကဖင်းဓာတ်လေး On လိုက်မှ အလုပ်လုပ်ရတာ နေသာထိုင်သာ ရှိကြတာပါ။ ကော်ဖီချစ်သူတိုင်း သိထားသင့်တဲ့ ကော်ဖီနဲ့ပတ်သက်တဲ့ အချက် (၂၀) ကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကော်ဖီမှာ အဓိကပါဝင်တဲ့ "ကဖင်း" ဆိုတဲ့ဓာတ်ဟာ ဂျာမန်စကားလုံး Kaffee (Coffee) မှ ဆင်းသက်လာပါတယ်။

၂။ ကမ္ဘာ့ပထမဆုံး ကော်ဖီကို အီသီယိုးပီးယားက သိုးကျောင်းသားတွေ တွေ့ရှိခဲ့တာပါ။ နယ်ခံဘုန်းတော်ကြီးတစ်ပါးက ကော်ဖီဘယ်ရီသီးတွေကို သောက်စရာတစ်ခုခု ပြုလုပ်မယ်ဆိုပြီး စဉ်းစားခဲ့ပါတယ်။ သောက်ပြီးချိန်မှာ အဲဒီသောက်စရာက လူတစ်ယောက်ကို ညဘက်အချိန်မှာ နိုးကြားဖျတ်လတ်နေစေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီကနေ ကော်ဖီဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

၃။ ကော်ဖီတစ်ခွက်မှာ ကိုလာတစ်ဘူး (သို့) လက်ဖက်ရည်တစ်ခွက်ထက် သုံးဆပိုပြင်းတဲ့ ကဖင်းဓာတ်ပါဝင်ပါတယ်။

၄။ သုတေသနတစ်ခုအရ ကော်ဖီကို ပုံမှန်သောက်ပေးမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်သတ်သေချင်စိတ်နဲ့ စိတ်ဓာတ်ကျခြင်းကို လျော့နည်းစေပါတယ်တဲ့။

၅။ ကော်ဖီတစ်ခွက်မှာ စပျစ်သီးဖျော်ရည်၊ လိမ္မော်သီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတိုပထက် ပိုများတဲ့ antioxidant တွေ ပါဝင်ပါတယ်။

၆။ ကော်ဖီသောက်ခြင်းဟာ ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြှင့်တင်ပေးနိုင်ပြီး ကယ်လိုရီတွေကိုလည်း ပိုမိုလောင်ကျွမ်းစေပါတယ်။ တစ်နည်းအားဖြင့် ဝိတ်ကျစေပါတယ်။

၇။ ကော်ဖီဟာ နာကျင်မှုဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့အခါ ကော်ဖီခါးခါးနဲ့ အကိုက်အခဲပျောက်ဆေးကို တွဲသောက်ကြတာပါ။

၈။ ကော်ဖီက လူကိုဉာဏ်ပိုကောင်းစေပြီး ဦးနှောက်လုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေတဲ့ dopamine နဲ့ norepinephrine တို့လို ဓာတ်တွေကိုလည်း ပိုမိုများပြားစွာ ထုတ်လုပ်နိုင်စေပါတယ်။

၉။ ကော်ဖီပုံမှန်သောက်သူတွေဟာ ရေရှည်မှတ်ဉာဏ်ပိုင်းမှာ ဖွံ့ဖြိုးတိုးတက်လာတယ်လို့ တွေ့ရှိခဲ့တဲ့ သုတေသနရလဒ်ကို ကြည့်ခြင်းဖြင့် ကော်ဖီသောက်ခြင်းဟာ မှတ်ဉာဏ်စွမ်းအားကို တိုးတက်စေတယ်လို့ ယူဆနိုင်ပါတယ်။

၁၀။ ကော်ဖီသောက်ခြင်းဟာ အသည်းနဲ့ နှလုံးကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ ပင်ပန်းနေတယ်လို့ ခံစားနေရချိန်တွေမှာ ကော်ဖီက စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ ပင်ပန်းနွမ်းနယ်နေချိန်မှာ ကော်ဖီတစ်ခွက်ကို တောင်းဆိုတတ်ကြပြီး ပိုမိုလန်းဆန်းလာတယ်လို့ ခံစားမိကြတာဖြစ်ပါတယ်။

၁၂။ ကော်ဖီနံ့လေးရလိုက်ရုံနဲ့တောင် ကျွန်တော်တို့တွေ စိတ်ခံစားမှု ပိုမိုကောင်းမွန်လာပြီး စိတ်ဖိစီးမှု လျော့နည်းလာတယ်လို့ ခံစားရပါတယ်။

၁၃။ တစ်နေ့ကို ကော်ဖီနှစ်ခွက်သောက်ပေးမယ်ဆိုရင် ယောကျ်ားတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးမြင့်စေပါတယ်။ ဒါပေမယ့် နှစ်ခွက်ထက်ပိုမယ် ဆိုရင်တော့ အဲဒီအကျိုးကျေးဇူးကို ရရှိတော့မှာ မဟုတ်ပါဘူး။

၁၄။ အမေရိကန်နိုင်ငံသားတွေဟာ တခြားအဖျော်ယမကာတွေထက် ကော်ဖီကို ပိုမိုသောက်သုံးကြပါတယ်။

၁၅။ ကဖင်းဓာတ်ပါဝင်တဲ့ အနက်ရောင် diet ဆေးတောင့်တစ်တောင့်ကို သောက်သုံးခြင်းဟာ ကော်ဖီ (၈) ခွက်ကနေ (၁၂) ခွက်ကြား သောက်သုံးခြင်းနဲ့ ညီမျှပါတယ်။

၁၆။ ကဖင်းဓာတ်ဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး မူးယစ်ဆေးတစ်မျိုးဖြစ်ပြီး သူ့နောက်မှာ အယ်လ်ကိုဟောက ဒုတိယ လိုက်ပါတယ်။

၁၇။ တချို့နိုင်ငံက စစ်သားတွေကို ပင်ပန်းနွမ်းနယ်မှုကို ရင်ဆိုင်နိုင်ဖိုု့ ကဖင်းဓာတ်ကို ဆေးတောင့်ပုံစံနဲ့ သောက်သုံးနိုင်ဖို့ ပြုလုပ်ဖန်တီး ပေးထားပါတယ်။

၁၈။ ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး ကော်ဖီထုတ်လုပ်ရောင်းချသူ ဖြစ်ပါတယ်။

၁၉။ မဲနက်နေအောင် လှော်ထားတဲ့ ကော်ဖီစေ့တွေဟာ မီးခပ်ပျော့ပျော့နဲ့ လှော်ထားတဲ့ ကော်ဖီစေ့တွေထက် ကဖင်းဓာတ်ပါဝင်မှု ပိုနည်းပါတယ်။ ဘာလို့လဲဆိုတော့ မီးအပူပေးပြီး လှော်လိုက်ခြင်းက ကဖင်းဓာတ်ပမာဏကို လျော့ကျစေလို့ပါပဲ။

၂၀။ ကော်ဖီဟာ ကုန်သွယ်မှုအမြင့်မားဆုံး လူသုံးကုန်တစ်မျိုးလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top