ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထူးဆန္းေနပံုရေသာ္လည္း ေအာက္ပါ ၉ မ်ိဳးသည္ တစ္စံုတစ္ေယာက္အတြက္ အလက္ဂ်စ္ ျဖစ္ေစသည့္ တကယ့္ အေၾကာင္းရင္းမ်ားပင္ ျဖစ္သည္။

၁။ တြားသြားသတၱဝါမ်ား

ေခြးမ်ား၊ ေၾကာင္မ်ား သို႔မဟုတ္ တျခားေသာ အေမႊးပြသည့္ တိရိစာၦန္မ်ားေၾကာင့္ အလက္ဂ်စ္ ျဖစ္တတ္ေၾကာင္းမွာ ထူးဆန္းသည္ မဟုတ္ပါ။ သို႔ေသာ္ အလက္ဂ်စ္ ျဖစ္ရျခင္း၏ ေနာက္ကြယ္၌ တြားသြားသတၱဝါမ်ားလည္း ပါေနပါသည္။ သင္၏ ကိုယ္ခံအားစနစ္သည္ တြားသြားသတၱဝါမ်ား၏ အေရျပားတြင္ပါေသာ နည္းပါးသည့္ ပ႐ိုတင္းကိုပင္ ဆိုးဝါးေၾကာင္းကို ခံစားမိႏိုင္သည္။ ထို႔ေၾကာင့္ ထိမိၿပီဆိုပါက မ်က္လံုး ယားယံျခင္း၊ ႏွာေစးျခင္း သို႔မဟုတ္ ပန္းနာရင္က်ပ္ ကဲ့သို႔ေသာ အလက္ဂ်စ္ လကၡဏာမ်ား ျဖစ္လာေစႏုိင္သည္။

၂။ ေလ့က်င့္ခန္းလုပ္ျခင္း

ေလ့က်င့္ခန္းေၾကာင့္ျဖစ္သည့္ ဓာတ္မတည့္ ျဖစ္စဥ္ႏွင့္ ေလ့က်င့္ခန္းေၾကာင္း ပန္းနာရင္က်ပ္ကို ခြဲျခားရန္ ခက္ႏုိင္သည္။ သို႔ေသာ္ ေလ့က်င့္ခန္းေၾကာင့္ ျဖစ္သည့္ ဓာတ္မတည့္မႈ ျဖစ္စဥ္သည္ အလက္ဂ်စ္ ထျခင္းတစ္မ်ိဳး ျဖစ္ၿပီး ေလ့က်င့္ခန္း မလုပ္ခင္ သင္စားလိုက္သည့္ အစာေၾကာင့္ ျဖစ္ႏုိင္သည္။ အစာေၾကာင့္ခ်ည္း သက္သက္ အလက္ဂ်စ္ ျဖစ္တတ္ေသာ လူမ်ားႏွင့္စာလွ်င္ ေလ့က်င့္ခန္း လုပ္ျခင္းေၾကာင့္ ဓာတ္မတည့္မႈ ျဖစ္တတ္ေသာ သူမ်ားတြင္ ေလ့က်င့္ခန္း မလုပ္ခင္အထိ ဘာလကၡဏာမွ မျပတတ္ပါ။ ေလ့က်င့္ခန္း စလုပ္သည္ႏွင့္ အေရျပားႏွင့္ အသက္ရွဴ လမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ားသည္ ဘယ္ကေနမွန္းမသိ ေပၚလာတတ္သည္။ ဤကဲ့သို႔ေသာ အေျခအေနမ်ိဳးကို ပံုမွန္အားျဖင့္ ပင္လယ္စာ၊ တ႐ုတ္နံနံႀကီးႏွင့္ ခ်ိစ္တို႔ေၾကာင့္ ျဖစ္တတ္ပါသည္။ ထို႔ေၾကာင့္ သင္စားမည့္အရာကို ေသခ်ာဂ႐ုစိုက္ပါ။

၃။ ပန္ကိတ္

အားလပ္ရက္မ်ားတြင္ လုပ္စားတတ္သည့္ ပန္ကိတ္ကို ပန္ကိတ္လုပ္သည့္ အစာပလာ တစ္ခုခုမွ မတည့္တာ ပါလာမွသာလွ်င္ မစားဘဲေနပါ။ ဘယ္လိုပဲျဖစ္ပါေစ ပန္ကိတ္ကိုယ္တိုင္ကေတာ့ အလက္ဂ်စ္ မျဖစ္ေစပါ။ “ပန္ကိတ္ေရာဂါ (Pancake Syndrome)” ဟုေခၚသည့္ ျဖစ္စဥ္သည္ ပန္ကိတ္ အသင့္လုပ္ အမႈန္႔မ်ားႏွင့္

တျခားပါဝင္ပစၥည္းမ်ား ထည့္ထားသည့္ ေသတၱာမ်ားတြင္ ရွိတတ္ေသာ ဖုန္မႈန္႔မ်ားေၾကာင့္ ျဖစ္တတ္ျခင္း ျဖစ္ပါသည္။

၄။ ကြန္ဒံုးမ်ား

ရာဘာ (Latex) ကို အလက္ဂ်စ္ ျဖစ္တတ္သူမ်ား ကြန္ဒံုးကို သတိထားပါ။ ကြန္ဒံုးအား Latex မ်ားႏွင့္ ျပဳလုပ္ထားျခင္း ျဖစ္သည္။

၅။ ေခၽြး

ပူေႏြးစြတ္စိုသည့္ အေျခအေနသည္ သင့္ကို ေခၽြးအေတာ္ ထြက္ေစႏိုင္ၿပီး သင္သည္လည္း သင့္ေခၽြးေၾကာင့္ အလက္ဂ်စ္ ျဖစ္ႏိုင္ပါသည္။ ထိုအလက္ဂ်စ္မ်ိဳးအား  cholinergic urticaria ဟု ေခၚၿပီး ဘယ္ကမွန္းမသိ ေပၚလာတတ္တာမ်ိဳး ျဖစ္သည္။ လကၡဏာမ်ားသည္ အဖုေသးေလးမ်ား ထျခင္းကေန သိသာစြာ ယားယံျခင္းအထိ ျဖစ္ႏိုင္ေသာ္လည္း ၎တို႔သည္ သင္ေခၽြးတိတ္ၿပီး ေအးသြားသည္ႏွင့္ အျမန္ေပ်ာက္သြားပါလိမ့္မည္။

၆။ သိုးေမႊးခ်ည္

သိုးေမႊးသည္ သူ႔သဘာဝအရကို ယားယံေစႏုိင္သည္။ ဘယ္လိုပင္ ျဖစ္ပါေစ၊ သိုးေမႊးခ်ည္ ထုတ္ေပးသည့္ သိုးမ်ားမွ ထုတ္ေသာ ဖေယာင္းသည္လည္း သိုးေမႊးခ်ည္ အလက္ဂ်စ္ ရွိသူမ်ားအတြက္ အလက္ဂ်စ္ ရွိေနႏိုင္ပါသည္။

၇။ လက္ဝတ္ရတနာ

လက္ဝတ္ရတနာမ်ားကို ခ်စ္တတ္သည့္ လူမ်ားအၾကားတြင္ ျဖစ္တတ္ေသာ အလက္ဂ်စ္သည္ အေရျပား အလက္ဂ်ီပင္ ျဖစ္ၿပီး ေစ်းေပါသည့္ပစၥည္းမ်ားမွ ျဖစ္ျခင္းပင္ျဖစ္သည္။ အရည္အေသြး နိမ့္ေသာ လက္ဝတ္ ရတနာမ်ားတြင္ နီကယ္ပါတတ္ၿပီး ဝတ္ဆင္လိုက္ပါက အေရျပားကို ယားၿပီး နီလာေစတတ္ပါသည္။

၈။ အရက္

အရက္တြင္ ဆာလ္ဖိုက္မ်ား ပါတတ္ၿပီး ၎သည္ ပန္းနာရင္က်ပ္ ရွိသူမ်ားတြင္ ေရာဂါထေအာင္ လံႈ႕ေဆာ္ႏိုင္သည္။ ပန္နားရင္က်ပ္ လကၡဏာမ်ားျဖစ္ေသာ ႏွာရည္က်ျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ တရႊီးရႊီး ျမည္ျခင္းတုိ႔သည္ အရက္ပါေသာ အရည္မ်ားကို ေသာက္ၿပီးၿပီးခ်င္း ေပၚလာတတ္၏။

၉။ ဝတ္မႈန္ကူးထားသည့္ အသီးမ်ား

ဝတ္မႈန္ကူးထားသည့္ အသီးမ်ားအား တစ္ကိုက္ေလာက္ ကိုက္မိလွ်င္ ပါးစပ္ သို႔မဟုတ္ ႏႈတ္ခမ္းတြင္ ယားယံလာပါက အလက္ဂ်စ္ ျဖစ္တတ္သည့္ သင့္အတြက္ ထိုအသီးမ်ားကိုသာ အျပစ္တင္လိုက္ပါ။ ထုိ႔အတူ သစ္ပင္မွ ဝတ္မႈန္မ်ားအား အလက္ဂ်စ္ ရွိသူမ်ားသည္လည္း ထိုဝတ္မႈန္ကူးထားသည့္ သစ္သီး အလက္ဂ်ီႏွင့္ တူညီေသာ အလက္ဂ်ီမ်ိဳး ရွိမည္ျဖစ္သည္။

သင့္၌ အလက္ဂ်ီ ရွိတတ္ပါက သင္ထိေတြ႔ေနရသည္မ်ားကုိ ဂ႐ုျပဳပါ။ အကယ္၍ အလက္ဂ်ီ တအားဆိုးလွ်င္ သို႔မဟုတ္ အလက္ဂ်ီကုိ ျဖစ္ေစသည့္ အေၾကာင္းရင္းကို ရွာမရလွ်င္ ဆရာဝန္ဆီမွ ေဆးပညာ အကူအညီႏွင့္ အႀကံဥာဏ္မ်ား ရယူပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ထူးဆန်းနေပုံရသော်လည်း အောက်ပါ ၉ မျိုးသည် တစ်စုံတစ်ယောက်အတွက် အလက်ဂျစ် ဖြစ်စေသည့် တကယ့် အကြောင်းရင်းများပင် ဖြစ်သည်။

၁။ တွားသွားသတ္တဝါများ

ခွေးများ၊ ကြောင်များ သို့မဟုတ် တခြားသော အမွှေးပွသည့် တိရိစ္ဆာန်များကြောင့် အလက်ဂျစ် ဖြစ်တတ်ကြောင်းမှာ ထူးဆန်းသည် မဟုတ်ပါ။ သို့သော် အလက်ဂျစ် ဖြစ်ရခြင်း၏ နောက်ကွယ်၌ တွားသွားသတ္တဝါများလည်း ပါနေပါသည်။ သင်၏ ကိုယ်ခံအားစနစ်သည် တွားသွားသတ္တဝါများ၏ အရေပြားတွင်ပါသော နည်းပါးသည့် ပရိုတင်းကိုပင် ဆိုးဝါးကြောင်းကို ခံစားမိနိုင်သည်။ ထို့ကြောင့် ထိမိပြီဆိုပါက မျက်လုံး ယားယံခြင်း၊ နှာစေးခြင်း သို့မဟုတ် ပန်းနာရင်ကျပ် ကဲ့သို့သော အလက်ဂျစ် လက္ခဏာများ ဖြစ်လာစေနိုင်သည်။

၂။ လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းကြောင့်ဖြစ်သည့် ဓာတ်မတည့် ဖြစ်စဉ်နှင့် လေ့ကျင့်ခန်းကြောင်း ပန်းနာရင်ကျပ်ကို ခွဲခြားရန် ခက်နိုင်သည်။ သို့သော် လေ့ကျင့်ခန်းကြောင့် ဖြစ်သည့် ဓာတ်မတည့်မှု ဖြစ်စဉ်သည် အလက်ဂျစ် ထခြင်းတစ်မျိုး ဖြစ်ပြီး လေ့ကျင့်ခန်း မလုပ်ခင် သင်စားလိုက်သည့် အစာကြောင့် ဖြစ်နိုင်သည်။ အစာကြောင့်ချည်း သက်သက် အလက်ဂျစ် ဖြစ်တတ်သော လူများနှင့်စာလျှင် လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ဓာတ်မတည့်မှု ဖြစ်တတ်သော သူများတွင် လေ့ကျင့်ခန်း မလုပ်ခင်အထိ ဘာလက္ခဏာမှ မပြတတ်ပါ။ လေ့ကျင့်ခန်း စလုပ်သည်နှင့် အရေပြားနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများသည် ဘယ်ကနေမှန်းမသိ ပေါ်လာတတ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ပုံမှန်အားဖြင့် ပင်လယ်စာ၊ တရုတ်နံနံကြီးနှင့် ချိစ်တို့ကြောင့် ဖြစ်တတ်ပါသည်။ ထို့ကြောင့် သင်စားမည့်အရာကို သေချာဂရုစိုက်ပါ။

၃။ ပန်ကိတ်

အားလပ်ရက်များတွင် လုပ်စားတတ်သည့် ပန်ကိတ်ကို ပန်ကိတ်လုပ်သည့် အစာပလာ တစ်ခုခုမှ မတည့်တာ ပါလာမှသာလျှင် မစားဘဲနေပါ။ ဘယ်လိုပဲဖြစ်ပါစေ ပန်ကိတ်ကိုယ်တိုင်ကတော့ အလက်ဂျစ် မဖြစ်စေပါ။ “ပန်ကိတ်ရောဂါ (Pancake Syndrome)” ဟုခေါ်သည့် ဖြစ်စဉ်သည် ပန်ကိတ် အသင့်လုပ် အမှုန့်များနှင့်

တခြားပါဝင်ပစ္စည်းများ ထည့်ထားသည့် သေတ္တာများတွင် ရှိတတ်သော ဖုန်မှုန့်များကြောင့် ဖြစ်တတ်ခြင်း ဖြစ်ပါသည်။

၄။ ကွန်ဒုံးများ

ရာဘာ (Latex) ကို အလက်ဂျစ် ဖြစ်တတ်သူများ ကွန်ဒုံးကို သတိထားပါ။ ကွန်ဒုံးအား Latex များနှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

၅။ ချွေး

ပူနွေးစွတ်စိုသည့် အခြေအနေသည် သင့်ကို ချွေးအတော် ထွက်စေနိုင်ပြီး သင်သည်လည်း သင့်ချွေးကြောင့် အလက်ဂျစ် ဖြစ်နိုင်ပါသည်။ ထိုအလက်ဂျစ်မျိုးအား  cholinergic urticaria ဟု ခေါ်ပြီး ဘယ်ကမှန်းမသိ ပေါ်လာတတ်တာမျိုး ဖြစ်သည်။ လက္ခဏာများသည် အဖုသေးလေးများ ထခြင်းကနေ သိသာစွာ ယားယံခြင်းအထိ ဖြစ်နိုင်သော်လည်း ၎င်းတို့သည် သင်ချွေးတိတ်ပြီး အေးသွားသည်နှင့် အမြန်ပျောက်သွားပါလိမ့်မည်။

၆။ သိုးမွှေးချည်

သိုးမွှေးသည် သူ့သဘာဝအရကို ယားယံစေနိုင်သည်။ ဘယ်လိုပင် ဖြစ်ပါစေ၊ သိုးမွှေးချည် ထုတ်ပေးသည့် သိုးများမှ ထုတ်သော ဖယောင်းသည်လည်း သိုးမွှေးချည် အလက်ဂျစ် ရှိသူများအတွက် အလက်ဂျစ် ရှိနေနိုင်ပါသည်။

၇။ လက်ဝတ်ရတနာ

လက်ဝတ်ရတနာများကို ချစ်တတ်သည့် လူများအကြားတွင် ဖြစ်တတ်သော အလက်ဂျစ်သည် အရေပြား အလက်ဂျီပင် ဖြစ်ပြီး ဈေးပေါသည့်ပစ္စည်းများမှ ဖြစ်ခြင်းပင်ဖြစ်သည်။ အရည်အသွေး နိမ့်သော လက်ဝတ် ရတနာများတွင် နီကယ်ပါတတ်ပြီး ဝတ်ဆင်လိုက်ပါက အရေပြားကို ယားပြီး နီလာစေတတ်ပါသည်။

၈။ အရက်

အရက်တွင် ဆာလ်ဖိုက်များ ပါတတ်ပြီး ၎င်းသည် ပန်းနာရင်ကျပ် ရှိသူများတွင် ရောဂါထအောင် လှုံ့ဆော်နိုင်သည်။ ပန်နားရင်ကျပ် လက္ခဏာများဖြစ်သော နှာရည်ကျခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီးရွှီး မြည်ခြင်းတို့သည် အရက်ပါသော အရည်များကို သောက်ပြီးပြီးချင်း ပေါ်လာတတ်၏။

၉။ ဝတ်မှုန်ကူးထားသည့် အသီးများ

ဝတ်မှုန်ကူးထားသည့် အသီးများအား တစ်ကိုက်လောက် ကိုက်မိလျှင် ပါးစပ် သို့မဟုတ် နှုတ်ခမ်းတွင် ယားယံလာပါက အလက်ဂျစ် ဖြစ်တတ်သည့် သင့်အတွက် ထိုအသီးများကိုသာ အပြစ်တင်လိုက်ပါ။ ထို့အတူ သစ်ပင်မှ ဝတ်မှုန်များအား အလက်ဂျစ် ရှိသူများသည်လည်း ထိုဝတ်မှုန်ကူးထားသည့် သစ်သီး အလက်ဂျီနှင့် တူညီသော အလက်ဂျီမျိုး ရှိမည်ဖြစ်သည်။

သင့်၌ အလက်ဂျီ ရှိတတ်ပါက သင်ထိတွေ့နေရသည်များကို ဂရုပြုပါ။ အကယ်၍ အလက်ဂျီ တအားဆိုးလျှင် သို့မဟုတ် အလက်ဂျီကို ဖြစ်စေသည့် အကြောင်းရင်းကို ရှာမရလျှင် ဆရာဝန်ဆီမှ ဆေးပညာ အကူအညီနှင့် အကြံဉာဏ်များ ရယူပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top