ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အိႏၵိယႏိုင္ငံ၏သားေကာင္းရတနာ ဘုရင္တစ္ပါးျဖစ္ေသာ အေသာကမင္းႀကီး သည္ ခရစ္ေတာ္ မေပၚမွွီ ၂၆၈ ခုႏွစ္တြင္ အိႏၵိယထီးနန္းကို ဆက္ခံခဲ့သည့္ ဧကရာဇ္ မင္းတစ္ပါးျဖစ္သည္။ သမိုင္းမွတ္တမ္း၀င္ဘုရင္မ်ားအနက္ ေအာင္ပြဲရၿပီးေနာက္ စစ္ကိုစြန္႔ပယ္ခဲ့ေသာ တစ္ဦးတည္းေသာ စစ္ဘုရင္ျဖစ္သည္ဟု စာေရးဆရာႀကီး အိပ္-ဂ်ီ၀ဲလ္ ကဆိုထားသည္။ စစ္ကို စြန္႔ပယ္ခဲ့ေသာ အေသာကမင္းသည္ ဗုဒၶဘာသာ ကို သက္၀င္ယုံၾကည္ခဲ့သည္။ ဗုဒၶသာသနာ ကိုလူအမ်ားသက္၀င္ယုံၾကည္လာေစရန္ ႀကိဳးပမ္းခဲ့ေသာ ပုဂၢိဳလ္ႀကီးလည္းျဖစ္သည္။ အေသာကမင္းႀကီး၏ ဘ၀ႏွင့္ခံယူခ်က္မ်ားအား သူပိုင္ေသာ နယ္ေျမအတြင္းတြင္ ေရးထိုးထားေသာ ေက်ာက္စာမ်ားတြင္ေတြ႔ရွိႏိုင္သည္။ ထိုေက်ာက္စာမ်ားအနက္မွ အခ်ိဳ႕အား အိႏၵိယႏိုင္ငံ အႏွံ႔အျပားတြင္ ယေန႔တိုင္ေတြ႔ရွိ ႏိုင္ေသးသည္။ ဤေက်ာက္စာမ်ား၏ ပထ၀ီအေနအထားအရ အေသာကမင္းႀကီး ၏ နယ္ပယ္အက်ယ္အ၀န္းကို ေႏွာင္းလူမ်ားခန္႔မွန္းခြင့္ ရခဲ့ၾကသည္။

အေသာကမင္းႀကီးသည္ ဗုဒၶ၏ဓမၼကို မိမိ၏ဘာသာေရး ဒႆနအျဖစ္ လက္ခံခဲ့ၿပီးေနာက္ တိုင္းသူျပည္သားမ်ားအား မွန္ကန္သစၥာရွိမႈ၊ သနားၾကင္နာမႈ၊ အၾကမ္းမဖက္မႈ စသည့္တရားမ်ားျဖင့္ အုပ္ခ်ဳပ္ခဲ့သည္။ တင္းက်ပ္လြန္းေသာ ဥပေဒမ်ားကို ေလွ်ာ့ခ်ေပးျခင္း၊ တိရစၧာန္ ေဘးမဲ့ေဂဟာမ်ား ေဆာက္လုပ္ေပးျခင္း၊ လမ္းမ်ားေဖါက္ေပးျခင္း၊ ဆည္ေျမာင္းတာတမံ မ်ားေဆာက္လုပ္ေပးျခင္း စသည္တို႔ကို တိုင္းသူျပည္သားမ်ားအတြက္ ေဆာင္ရြက္ေပးခဲ့သည္။ ႏုိင္ငံအႏွ႔ံအျပားတြင္ ေရတြင္း၊ေရကန္မ်ားလည္း တူးေဖၚလွဴဒါန္းခဲ့သည္။ အထူးျခားဆုံးမွာ တစ္ျခားဘာသာမ်ားအားလည္းလြတ္လပ္စြာ ကိုးကြယ္ခြင့္ေပးခဲ့ျခင္းျဖစ္သည္။ ႏိုင္ငံျခားသို႔ ဗုဒၶသာသနာျပဳမ်ားလည္း ေစလႊတ္ခဲ့ၿပီး သီဟိုဠ္ကြ်န္းတြင္ ဗုဒၶသာသနာ အထူးပင္ စည္ပင္ဖြံ႔ၿဖိဳးခဲ့သည္။ ဘီစီ ၂၂၆ တြင္ အေသာကမင္းႀကီးကြန္လြန္ခဲ့သည္ဟု အခ်ိဳ႕သမိုင္းမွတ္တမ္းမ်ားတြင္ ေဖၚျပၾကသည္။ စာေရးဆရာႀကီး အိပ္-ဂ်ီ၀ဲလ္က သူေရးသားေသာ (Outline of History) ဆိုေသာ စာအုပ္ထဲတြင္ အေသာက မင္းႀကီးအား ဤကဲ့သို႔ ခ်ီဴးက်ဴးေျပာဆိုထားပါသည္။

“သမိုင္းစာမ်က္ႏွာမ်ားတြင္ ေထာင္ေပါင္းမ်ားစြာရွိေနသည့္ ဘုရင္၊ဧကရာဇ္၊ မင္းညီမင္းသား မ်ား၏အမည္နာမမ်ားၾကားတြင္ အာေသာက၏ အမည္နာမသည္ တစ္စင္းတည္းေသာ ၾကယ္တာရာအျဖစ္ ထီးထီးႀကီးပင္ ၀င္းလက္ေတာက္ပေနသည္။ ေဗာ္လဂါျမစ္မွသည္ ဂ်ပန္ျပည္အထိ အေသာက၏အမည္နာမသည္ အေလးအျမတ္အျပဳခံရတုန္းပင္ရွိသည္။ တရုတ္ျပည္ႏွင့္ တိဗက္ျပည္အျပင္ အိႏၵိယ သည္ပင္ သူ႔အဆုံးအမ ၾသ၀ါဒမ်ားကို စြန္႔လႊတ္လိုက္ၿပီျဖစ္ေသာ္လည္း သူ၏ႀကီးက်ယ္ျမင့္ျမတ္မူ႔ အစဥ္အလာကိုမူ ထိန္းထားေလသည္ ။ ကြန္စတင္တိုင္း ၊ သွ်ာလမိန္း ဆိုေသာနာမည္မ်ားကို ၾကားဖူးနား၀ ရွိေနသူမ်ားထက္ သူ႔ကိုတေလးတစား အမွတ္တရ ရွိေနၾကသူမ်ား၏ ဦးေရကယေန႔ ပို၍ပင္မ်ားျပားေနသည္။”
စစ္ဘုရင္ဘ၀

အေသာကမင္းႀကီးအား မည္သည့္ခုႏွစ္တြင္ေမြးဖြားခဲ့သည္ဟူေသာ သမိုင္းအေထာက္အထားမွာ ယခုထိအတိအက်မသိရေသးေပ။ ဘီစီ ၃၀၀ ခန္႔ကျဖစ္မည္ဟူေသာ ခန္႔မွန္းခ်က္မ်ားသာရွိသည္။အေသာက သည္ အိႏိၵယႏိုင္ငံ ၏သမိုင္းတြင္ပထမဆုံးေသာ အင္ပါယာကို တည္ေထာက္ႏိုင္ခဲ့သည့္ စႏၵဂုတၱေမာရိယ၏ ေျမးေတာ္ျဖစ္သည္။ ဘိုးေတာ္၏အင္ပါယာတြင္ မပါ၀င္ပဲ က်န္ရွိေသာအိႏၵိယ ႏိုင္ငံ အေ႔ရွပိုင္းႏွင့္ ေတာင္ပိုင္းအား ဆက္လက္သိမ္းပိုက္ရန္ အေသာကသည္ ႀကိဳးပမ္းခဲ့သည္။ တိုင္းႏိုင္ငံ ငယ္ေလးမ်ားအား တုိက္ခိုက္ေအာင္ပြဲ ခံလာၿပီးေနာက္ နန္းသက္ရွစ္ႏွစ္ေျမာက္တြင္ အိႏၵိယအေ႔ရွဘက္ကမ္းရွိ ကလိဂၤတိုင္း(ယခု အိုရစ္ဆာျပည္နယ္တြင္ရွိသည္) သို႔ ၀င္ေရာက္တိုက္ခိုက္ေလသည္။ ကလိဂၤတိုင္းသားမ်ားက ရဲရဲ၀ံ့၀ံ့ႏွင့္ ျပန္လည္ခုခံခဲ့ေသာေၾကာင့္ လူေပါင္းမ်ားစြာေသေၾကပ်က္စီးၾကရေလသည္။သို႔ေသာ္ကလိဂၤ တုိင္းသည္လည္း ေနာက္ဆုံးတြင္ အေသာကလက္သုိ႔ က်ေရာက္သြားခဲ့သည္။ ထိုစစ္ပြဲတြင္ ေသြးသံရဲရဲႏွင့္ အနိဌာရုံမ်ားကို ျမင္ေတြ႔ရေသာအခါ အေသာကမင္းသည္ စိတ္အာရုံတုန္လႈပ္ေျခာက္ျခားခဲ့ရသည္။ စစ္ႏွင့္ပတ္သတ္ေသာ လုပ္ငန္းမ်ားကိုလည္း စိတ္ကုန္သြားခဲ့သည္။ ထိုအခ်ိန္မွစ၍ က်ဴးေက်ာ္စစ္မွန္သမွ်ကို စြန္႔လႊတ္ရန္ ဆုံးျဖတ္ခဲ့သည္။

ကလိဂၤတိုင္းကို ေအာင္ျမင္ၿပီးေသာအခါတြင္ အိႏၵိယေတာင္ပိုင္းရွိ အနည္းငယ္မွ်ေသာ နယ္ေျမမ်ားသာ အေသာကမင္း၏ အင္ပါယာထဲတြင္ မပါ၀င္ပဲရွိေလသည္။ အေသာက၏ အင္ပါယာအားႏွင့္ ဆက္လက္တိုက္ခိုက္သိမ္းပိုက္မည္ဆိုပါက လြယ္တကူပင္ေအာင္ျမင္ႏုိင္ေသာ္လည္း စစ္ပြဲကို စြန္႔လႊတ္ခဲ့ေသာ အေသာကမင္းႀကီးသည္ တရားမင္းပီသပါေပသည္ဟု သမိုင္းဆရာမ်ားက တညီတညြတ္တည္း လက္ခံထားၾကသည္။
သာသနာျပဳမင္းဘ၀

ကလိဂၤတိုင္းတြင္ စစ္ကိုုၿငီးေငြ႔သြားေသာ အေသာကမင္းႀကီးသည္ ဗုဒၶ၏ ဓမၼဘက္တြင္စိတ္ကိုျမဳပ္ႏွံထားခဲ့သည္။ စစ္ဘုရင္ဘ၀မွ သာသာနာျပဳမင္းျမတ္အျဖစ္သုိ႔ေျပာင္းလဲသြားေသာ အေသာက မင္းႀကီးအား ဗုဒၶမွလြဲလ်င္ ဗုဒၶသာသနာ ကိုကမ ၻာ့ဘာသာ ႀကီးတစ္ခုျဖစ္ေအာင္ အထိေရာက္ဆုံး ေဆာင္ရြက္ႏိုင္ခဲ့သူဟု က်မ္းျပဳဆရာတစ္ေယာက္ျဖစ္ေသာ Michael H.Hart ကဆိုထားသည္။ သာသနာျပဳမ်ားႏွင့္ တမန္ေတာ္မ်ားအား အေနာက္အာရွ၊ ဥေရာပ ႏွင့္ အာဖရိကေဒသ မ်ားသို႔ ေစလႊတ္ခဲ့သည္။ အေသာကမင္းရဲ႔ အယူအဆမွာ ဓမၼဆိုသည္မွာမႏၲန္ရြတ္ဖတ္ ပူေဇာ္ျခင္း၊ ဘာသာေရးဓေလ့ထုံးစံမ်ားကို လိုက္နာျခင္းထက္ လူ႔ေလာက၊ လူ႔အဖြဲ႔အစည္းကို ျမွင့္တင္ေပးျခင္းသာ ျဖစ္တယ္ဟု ယုံၾကည္ထားသည္။ ထို႔ေၾကာင့္ ျပည္သူမ်ားအတြက္ ဥယ်ာဥ္မ်ား၊လမ္းမ်ား၊ ေရတြင္းေရကန္မ်ား၊ ေဆးရုံမ်ား ျပဳျပင္ေဆာက္လုပ္ေပးခဲ့သည္။ မိန္းမမ်ားပညာသင္ၾကား ႏိုင္ေရးအတြက္လည္းေဆာင္ရြက္ေပးႏိုင္ခဲ့သည္။ ပါဋလိပုတၱရ တစ္၀ိုက္တြင္ ဗုဒၶတကၠသိုလ္ မ်ားတည္ေဆာက္ေပးခဲ့သည္။ ထိုေက်ာင္းမ်ားသို႔ တရုတ္ျပည္ႏွင့္ အေနာက္အာရွရွိေ၀းကြာေသာ ႏိုင္ငံမ်ားမွ ေက်ာင္းသားမ်ားပင္ ပညာလာသင္ၾကားၾကသည္။ ထိုေက်ာင္းသားမ်ားသည္ မိမ္ိတို႔ဇာတိသုိ႔ ျပန္သြားေသာအခါ ဗုဒၶသာသာနာေတာ္ကို ေဆာင္ၾကဥ္းသြားၾကေလသည္။ လူမ်ားအတြက္သာမက သတၱ၀ါအေပါင္းအား သနားၾကင္နာေသာအားျဖင့္ တိရစၧာန္မ်ားကို သတ္ျဖတ္၍ယစ္ပူေဇာ္ေသာ ဓေလ့ကို တားဆီးခဲ့သည္။ တိရစၧာန္ ေဘးမဲ့ေဂဟာမ်ား တည္ေထာင္ေပးရုံသာမက၊ တိရစၧာန္ ေဆးကုသေရး ဌာနမ်ားပင္ တည္ေဆာက္ေပးခဲ့သည္။

အေသာကမင္းႀကီးလက္ထပ္တြင္ ဗုဒၶသာသနာ သန္႔ရွင္းစင္ၾကယ္ေစရန္အတြက္ တတိယ သံဃာယနာ တင္ေတာ္မူခဲ့သည္။ ထိုသာသနာပြဲအား ပါဋလိပုတၱရၿမိဳ႕တြင္ တင္ခဲ့ျခင္းျဖစ္သည္။ သာသနာေတာ္ (၂၃၅)ခုႏွစ္၊ တတိယသံဃာယနာ တင္ၿပီးခ်ိန္ တိုင္းျပည္အရပ္ရပ္တို႔သို႔ ဗုဒၶသာသနာေတာ္ျပန္႔ပြားေစရန္ရည္ညႊန္း၍ ထိုႏွစ္ တပို႔တြဲ လအတြင္း ၌ပင္ အေသာကမင္း တရားႀကီးႏွင့္ အရွင္ မဟာေမာဂၢလိပုတၱတိႆ မေထရ္ျမတ္တို႔က ကိုးတိုင္း ကိုးဌာန ျပည္နယ္တို႔သို႔ ဥပသမၸဒကံေဆာင္ႏိုင္ေစရန္ ေခါင္းေဆာင္တစ္ပါးႏွင့္ သံဃံငါးပါးစီကို ေစလႊတ္ၾကြခ်ီေတာ္မူၾကသည္။

သီဟိုဠ္သို႔ ညီေတာ္မဟိႏၵ ႏွင့္ ႏွမေတာ္ သဃၤမိတၱာအား ေစလႊတ္၍ ဗုဒၶဂါယာရွိ ေဗာဓိပင္မွေညာင္ကိုင္းတစ္ကိုင္းအား ယူေဆာင္သြားေစသည္ဟု အဆိုရွိခဲ့သည္။ သီဟုိဠ္တြင္ ဗုဒၶသာသနာျပန္႔ပြား လာၿပီး ထိုမွတဆင့္ ျမန္မာႏိုင္ငံရွိ မြန္လူမ်ိဳးမ်ား ထံသို႔ ဗုဒၶသာသနာ ေရာက္ရွိလာသည္ဟု ဆိုၾကေသာေၾကာင့္ အေသာကမင္းႀကီး၏ ေက်းဇူးသည္ ျမန္မာႏိုင္ငံ အေပၚလည္း မကင္းခဲ့(သက္ေရာက္ေပသည္) ဟုဆိုႏိုင္ပါသည္။
ကိုးကား

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဆရာပါရဂူဘာသာျပန္သည္၊ ကမၻာ့အေၾကာင္းတေစ့တေစာင္း

# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံ၏သားကောင်းရတနာ ဘုရင်တစ်ပါးဖြစ်သော အသောကမင်းကြီး သည် ခရစ်တော် မပေါ်မှှီ ၂၆၈ ခုနှစ်တွင် အိန္ဒိယထီးနန်းကို ဆက်ခံခဲ့သည့် ဧကရာဇ် မင်းတစ်ပါးဖြစ်သည်။ သမိုင်းမှတ်တမ်းဝင်ဘုရင်များအနက် အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့သော တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သည်ဟု စာရေးဆရာကြီး အိပ်-ဂျီဝဲလ် ကဆိုထားသည်။ စစ်ကို စွန့်ပယ်ခဲ့သော အသောကမင်းသည် ဗုဒ္ဓဘာသာ ကို သက်ဝင်ယုံကြည်ခဲ့သည်။ ဗုဒ္ဓသာသနာ ကိုလူအများသက်ဝင်ယုံကြည်လာစေရန် ကြိုးပမ်းခဲ့သော ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ အသောကမင်းကြီး၏ ဘဝနှင့်ခံယူချက်များအား သူပိုင်သော နယ်မြေအတွင်းတွင် ရေးထိုးထားသော ကျောက်စာများတွင်တွေ့ရှိနိုင်သည်။ ထိုကျောက်စာများအနက်မှ အချို့အား အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် ယနေ့တိုင်တွေ့ရှိ နိုင်သေးသည်။ ဤကျောက်စာများ၏ ပထဝီအနေအထားအရ အသောကမင်းကြီး ၏ နယ်ပယ်အကျယ်အဝန်းကို နှောင်းလူများခန့်မှန်းခွင့် ရခဲ့ကြသည်။

အသောကမင်းကြီးသည် ဗုဒ္ဓ၏ဓမ္မကို မိမိ၏ဘာသာရေး ဒဿနအဖြစ် လက်ခံခဲ့ပြီးနောက် တိုင်းသူပြည်သားများအား မှန်ကန်သစ္စာရှိမှု၊ သနားကြင်နာမှု၊ အကြမ်းမဖက်မှု စသည့်တရားများဖြင့် အုပ်ချုပ်ခဲ့သည်။ တင်းကျပ်လွန်းသော ဥပဒေများကို လျှော့ချပေးခြင်း၊ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ ဆောက်လုပ်ပေးခြင်း၊ လမ်းများဖေါက်ပေးခြင်း၊ ဆည်မြောင်းတာတမံ များဆောက်လုပ်ပေးခြင်း စသည်တို့ကို တိုင်းသူပြည်သားများအတွက် ဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ရေတွင်း၊ရေကန်များလည်း တူးဖေါ်လှူဒါန်းခဲ့သည်။ အထူးခြားဆုံးမှာ တစ်ခြားဘာသာများအားလည်းလွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားသို့ ဗုဒ္ဓသာသနာပြုများလည်း စေလွှတ်ခဲ့ပြီး သီဟိုဠ်ကျွန်းတွင် ဗုဒ္ဓသာသနာ အထူးပင် စည်ပင်ဖွံ့ဖြိုးခဲ့သည်။ ဘီစီ ၂၂၆ တွင် အသောကမင်းကြီးကွန်လွန်ခဲ့သည်ဟု အချို့သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြကြသည်။ စာရေးဆရာကြီး အိပ်-ဂျီဝဲလ်က သူရေးသားသော (Outline of History) ဆိုသော စာအုပ်ထဲတွင် အသောက မင်းကြီးအား ဤကဲ့သို့ ချီူးကျူးပြောဆိုထားပါသည်။

“သမိုင်းစာမျက်နှာများတွင် ထောင်ပေါင်းများစွာရှိနေသည့် ဘုရင်၊ဧကရာဇ်၊ မင်းညီမင်းသား များ၏အမည်နာမများကြားတွင် အာသောက၏ အမည်နာမသည် တစ်စင်းတည်းသော ကြယ်တာရာအဖြစ် ထီးထီးကြီးပင် ဝင်းလက်တောက်ပနေသည်။ ဗော်လဂါမြစ်မှသည် ဂျပန်ပြည်အထိ အသောက၏အမည်နာမသည် အလေးအမြတ်အပြုခံရတုန်းပင်ရှိသည်။ တရုတ်ပြည်နှင့် တိဗက်ပြည်အပြင် အိန္ဒိယ သည်ပင် သူ့အဆုံးအမ သြဝါဒများကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း သူ၏ကြီးကျယ်မြင့်မြတ်မူ့ အစဉ်အလာကိုမူ ထိန်းထားလေသည် ။ ကွန်စတင်တိုင်း ၊ သျှာလမိန်း ဆိုသောနာမည်များကို ကြားဖူးနား၀ ရှိနေသူများထက် သူ့ကိုတလေးတစား အမှတ်တရ ရှိနေကြသူများ၏ ဦးရေကယနေ့ ပို၍ပင်များပြားနေသည်။”
စစ်ဘုရင်ဘဝ

အသောကမင်းကြီးအား မည်သည့်ခုနှစ်တွင်မွေးဖွားခဲ့သည်ဟူသော သမိုင်းအထောက်အထားမှာ ယခုထိအတိအကျမသိရသေးပေ။ ဘီစီ ၃၀၀ ခန့်ကဖြစ်မည်ဟူသော ခန့်မှန်းချက်များသာရှိသည်။အသောက သည် အိန္ဒိယနိုင်ငံ ၏သမိုင်းတွင်ပထမဆုံးသော အင်ပါယာကို တည်ထောက်နိုင်ခဲ့သည့် စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်သည်။ ဘိုးတော်၏အင်ပါယာတွင် မပါဝင်ပဲ ကျန်ရှိသောအိန္ဒိယ နိုင်ငံ အေ့ရှပိုင်းနှင့် တောင်ပိုင်းအား ဆက်လက်သိမ်းပိုက်ရန် အသောကသည် ကြိုးပမ်းခဲ့သည်။ တိုင်းနိုင်ငံ ငယ်လေးများအား တိုက်ခိုက်အောင်ပွဲ ခံလာပြီးနောက် နန်းသက်ရှစ်နှစ်မြောက်တွင် အိန္ဒိယအေ့ရှဘက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်တွင်ရှိသည်) သို့ ဝင်ရောက်တိုက်ခိုက်လေသည်။ ကလိင်္ဂတိုင်းသားများက ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ခုခံခဲ့သောကြောင့် လူပေါင်းများစွာသေကြေပျက်စီးကြရလေသည်။သို့သော်ကလိင်္ဂ တိုင်းသည်လည်း နောက်ဆုံးတွင် အသောကလက်သို့ ကျရောက်သွားခဲ့သည်။ ထိုစစ်ပွဲတွင် သွေးသံရဲရဲနှင့် အနိဌာရုံများကို မြင်တွေ့ရသောအခါ အသောကမင်းသည် စိတ်အာရုံတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ စစ်နှင့်ပတ်သတ်သော လုပ်ငန်းများကိုလည်း စိတ်ကုန်သွားခဲ့သည်။ ထိုအချိန်မှစ၍ ကျူးကျော်စစ်မှန်သမျှကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။

ကလိင်္ဂတိုင်းကို အောင်မြင်ပြီးသောအခါတွင် အိန္ဒိယတောင်ပိုင်းရှိ အနည်းငယ်မျှသော နယ်မြေများသာ အသောကမင်း၏ အင်ပါယာထဲတွင် မပါဝင်ပဲရှိလေသည်။ အသောက၏ အင်ပါယာအားနှင့် ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက လွယ်တကူပင်အောင်မြင်နိုင်သော်လည်း စစ်ပွဲကို စွန့်လွှတ်ခဲ့သော အသောကမင်းကြီးသည် တရားမင်းပီသပါပေသည်ဟု သမိုင်းဆရာများက တညီတညွတ်တည်း လက်ခံထားကြသည်။
သာသနာပြုမင်းဘဝ

ကလိင်္ဂတိုင်းတွင် စစ်ကိုုငြီးငွေ့သွားသော အသောကမင်းကြီးသည် ဗုဒ္ဓ၏ ဓမ္မဘက်တွင်စိတ်ကိုမြုပ်နှံထားခဲ့သည်။ စစ်ဘုရင်ဘဝမှ သာသာနာပြုမင်းမြတ်အဖြစ်သို့ပြောင်းလဲသွားသော အသောက မင်းကြီးအား ဗုဒ္ဓမှလွဲလျင် ဗုဒ္ဓသာသနာ ကိုကမ ္ဘာ့ဘာသာ ကြီးတစ်ခုဖြစ်အောင် အထိရောက်ဆုံး ဆောင်ရွက်နိုင်ခဲ့သူဟု ကျမ်းပြုဆရာတစ်ယောက်ဖြစ်သော Michael H.Hart ကဆိုထားသည်။ သာသနာပြုများနှင့် တမန်တော်များအား အနောက်အာရှ၊ ဥရောပ နှင့် အာဖရိကဒေသ များသို့ စေလွှတ်ခဲ့သည်။ အသောကမင်းရဲ့ အယူအဆမှာ ဓမ္မဆိုသည်မှာမန္တန်ရွတ်ဖတ် ပူဇော်ခြင်း၊ ဘာသာရေးဓလေ့ထုံးစံများကို လိုက်နာခြင်းထက် လူ့လောက၊ လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးခြင်းသာ ဖြစ်တယ်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ပြည်သူများအတွက် ဥယျာဉ်များ၊လမ်းများ၊ ရေတွင်းရေကန်များ၊ ဆေးရုံများ ပြုပြင်ဆောက်လုပ်ပေးခဲ့သည်။ မိန်းမများပညာသင်ကြား နိုင်ရေးအတွက်လည်းဆောင်ရွက်ပေးနိုင်ခဲ့သည်။ ပါဋလိပုတ္တရ တစ်ဝိုက်တွင် ဗုဒ္ဓတက္ကသိုလ် များတည်ဆောက်ပေးခဲ့သည်။ ထိုကျောင်းများသို့ တရုတ်ပြည်နှင့် အနောက်အာရှရှိဝေးကွာသော နိုင်ငံများမှ ကျောင်းသားများပင် ပညာလာသင်ကြားကြသည်။ ထိုကျောင်းသားများသည် မိမိတို့ဇာတိသို့ ပြန်သွားသောအခါ ဗုဒ္ဓသာသာနာတော်ကို ဆောင်ကြဉ်းသွားကြလေသည်။ လူများအတွက်သာမက သတ္တဝါအပေါင်းအား သနားကြင်နာသောအားဖြင့် တိရစ္ဆာန်များကို သတ်ဖြတ်၍ယစ်ပူဇော်သော ဓလေ့ကို တားဆီးခဲ့သည်။ တိရစ္ဆာန် ဘေးမဲ့ဂေဟာများ တည်ထောင်ပေးရုံသာမက၊ တိရစ္ဆာန် ဆေးကုသရေး ဌာနများပင် တည်ဆောက်ပေးခဲ့သည်။

အသောကမင်းကြီးလက်ထပ်တွင် ဗုဒ္ဓသာသနာ သန့်ရှင်းစင်ကြယ်စေရန်အတွက် တတိယ သံဃာယနာ တင်တော်မူခဲ့သည်။ ထိုသာသနာပွဲအား ပါဋလိပုတ္တရမြို့တွင် တင်ခဲ့ခြင်းဖြစ်သည်။ သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန် တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲ လအတွင်း ၌ပင် အသောကမင်း တရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ကိုးတိုင်း ကိုးဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံဆောင်နိုင်စေရန် ခေါင်းဆောင်တစ်ပါးနှင့် သံဃံငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။

သီဟိုဠ်သို့ ညီတော်မဟိန္ဒ နှင့် နှမတော် သင်္ဃမိတ္တာအား စေလွှတ်၍ ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှညောင်ကိုင်းတစ်ကိုင်းအား ယူဆောင်သွားစေသည်ဟု အဆိုရှိခဲ့သည်။ သီဟိုဠ်တွင် ဗုဒ္ဓသာသနာပြန့်ပွား လာပြီး ထိုမှတဆင့် မြန်မာနိုင်ငံရှိ မွန်လူမျိုးများ ထံသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာသည်ဟု ဆိုကြသောကြောင့် အသောကမင်းကြီး၏ ကျေးဇူးသည် မြန်မာနိုင်ငံ အပေါ်လည်း မကင်းခဲ့(သက်ရောက်ပေသည်) ဟုဆိုနိုင်ပါသည်။
ကိုးကား

ဖိုးသူတော် (www.phothutaw.com)
Credit: ဆရာပါရဂူဘာသာပြန်သည်၊ ကမ္ဘာ့အကြောင်းတစေ့တစောင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top