Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သံပရာရည္/သံပ႐ိုရည္ သံုးဖုိ႔ လိုလာတိုင္း ပုလင္းထဲကအရည္ေလးကို ယူသံုး႐ံုေပါ့။

သံပ႐ိုသီးကို ခ်က္ျပဳတ္၊ အသုပ္သုပ္တဲ့ ေနရာမွာ ထည့္သံုးတာက သံပရာသီးထက္ ပိုသေဘာက်မိတယ္။ သံပုရာသီးကို ဟင္းထဲထည့္ခ်က္ရင္ အခန္႔မသင့္ရင္ ခါးသြားတတ္တယ္ေလ။ သံပ႐ိုသီးက မခါးဘူး။ လိုတဲ့အခ်ိန္ သံုးလို႔ရေအာင္ သံပ႐ိုသီးေတြကို ဆားရည္စိမ္ထားရင္လည္း ရတာပဲ။

ဒီတိုင္းထားရင္ ၾကာၾကာမခံဘူး ပုပ္ကုန္မယ့္အတူတူေတာ့ ဆားရည္စိမ္ၿပီး သိမ္းထားရင္ အၾကာႀကီးခံပါတယ္။ သံပ႐ိုသီး ဆားရည္စိမ္ခ်င္ရင္ေတာ့ မပုပ္တဲ့အလံုးကိုပဲ ေရြးၿပီးစိမ္ရမွာပါ။ ပုပ္စျပဳေနတဲ့အလံုးကို စိမ္လိုက္ရင္ တျခားအလံုးေတြပါ ပုပ္သြားႏိုင္တာကိုလည္း သတိထားဦးေနာ္။

သံပ႐ိုသီးေတြကို ပထမဆံုး ေရေႏြးနဲ႔ေဆးပါ။ စိမ္ၿပီး မေဆးရပါဘူး။ ေလာင္းခ်ၿပီးေဆးရပါမယ္။ ၿပီးသြားရင္ သံပ႐ိုသီးတစ္လံုးကို ေဒါင္လုိက္ ေလးစိတ္ စိတ္ရပါမယ္။ အရင္းကို လွီးထုတ္ၿပီးမွ ေလးစိတ္ စိတ္ပါ။ အစိတ္ေတြကြဲသြားတဲ့ထိေတာ့ မစိတ္ရဘူး။ ပံုထဲကေလာက္ပဲစိတ္ရမယ္။

သံပ႐ိုသီးတစ္လံုးကို ဆား ထမင္းစားဇြန္းတစ္ဇြန္းခန္႔ သိပ္ေပးရပါမယ္။ စိတ္ထားတဲ့ အရာေတြကို လက္ေလးနဲ႔ၿဖဲၿပီး ဆားသိပ္ပါ။ ဆားသိပ္ထားတဲ့ သံပ႐ိုသီးေတြကို ပုလင္းထဲမွာ က်ပ္ေနေအာင္ ဖိသိပ္ၿပီးရင္ သံပ႐ိုသီးေတြဖံုးတဲ့အထိ သံပ႐ိုရည္ ေလာင္းခ်ၿပီးရင္ေတာ့ အဖံုးကို ေလလံုေအာင္ပိတ္ထားလိုက္႐ံုပါပဲ။

ပလတ္စတစ္ဘူး၊ အဖံုးေတြကို သံုးတာထက္ အပူဒဏ္ခံမယ့္ ပုလင္းနဲ႔ သံအဖံုးတုိ႔ကို သံုးတာက အေကာင္းဆံုးျဖစ္ပါလိမ့္မယ္။ ဘူးကို အခန္းအပူခ်ိန္မွာပဲ သိမ္းထားပါ။ ေနရာင္နဲ႔မထိေအာင္ ၁၀ ရက္မွ ၁၂ ရက္အထိ ထားၿပီးရင္ေတာ့ ေရခဲေသတၱာထဲမွာ သိမ္းထားလုိ႔ ရပါၿပီ။ လအေတာ္ၾကာ အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ သံပရာရည္/သံပ႐ိုရည္ သံုးဖုိ႔ လိုလာတိုင္း ပုလင္းထဲကအရည္ေလးကို ယူသံုး႐ံုေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


သံပရာရည်/သံပရိုရည် သုံးဖို့ လိုလာတိုင်း ပုလင်းထဲကအရည်လေးကို ယူသုံးရုံပေါ့။

သံပရိုသီးကို ချက်ပြုတ်၊ အသုပ်သုပ်တဲ့ နေရာမှာ ထည့်သုံးတာက သံပရာသီးထက် ပိုသဘောကျမိတယ်။ သံပုရာသီးကို ဟင်းထဲထည့်ချက်ရင် အခန့်မသင့်ရင် ခါးသွားတတ်တယ်လေ။ သံပရိုသီးက မခါးဘူး။ လိုတဲ့အချိန် သုံးလို့ရအောင် သံပရိုသီးတွေကို ဆားရည်စိမ်ထားရင်လည်း ရတာပဲ။

ဒီတိုင်းထားရင် ကြာကြာမခံဘူး ပုပ်ကုန်မယ့်အတူတူတော့ ဆားရည်စိမ်ပြီး သိမ်းထားရင် အကြာကြီးခံပါတယ်။ သံပရိုသီး ဆားရည်စိမ်ချင်ရင်တော့ မပုပ်တဲ့အလုံးကိုပဲ ရွေးပြီးစိမ်ရမှာပါ။ ပုပ်စပြုနေတဲ့အလုံးကို စိမ်လိုက်ရင် တခြားအလုံးတွေပါ ပုပ်သွားနိုင်တာကိုလည်း သတိထားဦးနော်။

သံပရိုသီးတွေကို ပထမဆုံး ရေနွေးနဲ့ဆေးပါ။ စိမ်ပြီး မဆေးရပါဘူး။ လောင်းချပြီးဆေးရပါမယ်။ ပြီးသွားရင် သံပရိုသီးတစ်လုံးကို ဒေါင်လိုက် လေးစိတ် စိတ်ရပါမယ်။ အရင်းကို လှီးထုတ်ပြီးမှ လေးစိတ် စိတ်ပါ။ အစိတ်တွေကွဲသွားတဲ့ထိတော့ မစိတ်ရဘူး။ ပုံထဲကလောက်ပဲစိတ်ရမယ်။

သံပရိုသီးတစ်လုံးကို ဆား ထမင်းစားဇွန်းတစ်ဇွန်းခန့် သိပ်ပေးရပါမယ်။ စိတ်ထားတဲ့ အရာတွေကို လက်လေးနဲ့ဖြဲပြီး ဆားသိပ်ပါ။ ဆားသိပ်ထားတဲ့ သံပရိုသီးတွေကို ပုလင်းထဲမှာ ကျပ်နေအောင် ဖိသိပ်ပြီးရင် သံပရိုသီးတွေဖုံးတဲ့အထိ သံပရိုရည် လောင်းချပြီးရင်တော့ အဖုံးကို လေလုံအောင်ပိတ်ထားလိုက်ရုံပါပဲ။

ပလတ်စတစ်ဘူး၊ အဖုံးတွေကို သုံးတာထက် အပူဒဏ်ခံမယ့် ပုလင်းနဲ့ သံအဖုံးတို့ကို သုံးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဘူးကို အခန်းအပူချိန်မှာပဲ သိမ်းထားပါ။ နေရာင်နဲ့မထိအောင် ၁၀ ရက်မှ ၁၂ ရက်အထိ ထားပြီးရင်တော့ ရေခဲသေတ္တာထဲမှာ သိမ်းထားလို့ ရပါပြီ။ လအတော်ကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သံပရာရည်/သံပရိုရည် သုံးဖို့ လိုလာတိုင်း ပုလင်းထဲကအရည်လေးကို ယူသုံးရုံပေါ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top