Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လည္ပင္းဆစ္ေခ်ာ္ျခင္းသည္ ရွားပါးပါသည္။ ထိုသို႕ျဖစ္ျခင္းသည္ လည္းပင္းေနရာရွိ အဆစ္မ်ား အေနအထားေခ်ာ္သြားျခင္းေႀကာင့္ ျဖစ္ပါသည္။ တခါတရံတြင္ လည္ပင္းတြင္ နာက်င္ျခင္း၊ ထံုုျခင္းနွင့္ အားနည္းျခင္းတို႕ ခံစားရတတ္ပါသည္။

ထိုသို႕ မျပင္းထန္ေသာ ေ၀ဒနာမ်ားကို ခံစားရလွ်င္ အိမ္တြင္းကုထံုးမ်ားျဖင့္ ကုသျခင္းက အသံုး၀င္နိုင္ပါသည္။

အပူ သို႕မဟုတ္ အေအးကုထံုး

လည္ပင္းေနရာကို္ အပူသို႕မဟုတ္ ေရခဲကပ္ျခင္းျဖင့္ သက္သက္သာေစနိုင္ပါသည္။ အပူသည္ ေသြးေႀကာမ်ားကို က်ယ္ေစျပီး အဆစ္ေခ်ာ္သည့္ေနရာသို႕ ေသြးလည္ပတ္မႈေကာင္းေစေသာေႀကာင့္ နာက်င္ျခင္းကို လွ်င္ျမန္စြာ သက္သာေစပါသည္။

ေရခဲကပ္ျခင္းသည္ ေသြးေႀကာမ်ားကို က်ံဳ႕ေစျပီး ေရာင္ရမ္းျခင္းနွင္ နာက်င္မႈမ်ားကို သက္သာေစပါသည္။

လည္ပင္းနာေနေသာေနရာကို ေရခဲျဖင့္ ၁၀-၁၅ မိနစ္ႀကာမွ် ကပ္ေပးပါ။ ၂-၃ နာရီျခားစီကပ္ေပးပါ။ သို႕ေသာ္ အေအးေႀကာင့္ အေရျပားပ်က္စီးမႈကို ကာကြယ္နိုင္ရန္ ေရခဲနွင့္ အေရျပားႀကားတြင္ အ၀တ္ပါးတစ္လႊာခံေပးပါ။

ထို႕ျပင္ ေရေႏြး၀တ္ျဖင့္ ကပ္ျခင္း၊ ေရေႏြးျဖင့္ ေရခ်ိဳးျခင္းတို႕ကိုလည္း ျပဳလုပ္ေပးျခင္းျဖင့္ အေႀကာအျခင္မ်ားကို ေျပေလ်ာ့ေစနိုင္ပါသည္။ မပူခ်ိန္အလယ္အလတ္မွ်သာရွိေသာ ေရေႏြးအိတ္ကိုသံုးပါ။

အပူအလြန္ျပင္းလွ်င္ သင့္အေရျပားအပူေလာင္ေစနိုင္ေသာေႀကာင့္ ျဖစ္ပါသည္။ လည္ပင္းနာေနေသာေရာကို ေရခဲျဖင့္ ၁၀-၁၅ မိနစ္ႀကာမွ် ကပ္ေပးပါ။ ၂-၃ နာရီျခားစီကပ္ေပးပါ။

အဆိုပါ ေရေႏြးအိတ္၊ ေရခဲမ်ားကို တညလံုးကပ္ထားျခင္းကလည္း အေရျပားကို ပ်က္စီးေစနိုင္ေႀကာင္း သတိျပဳရပါမည္။
နွိပ္နယ္ျခင္း

နွိပ္နယ္ျခင္းသည္ ေတာင့္တင္းေနေသာႀကြက္သားမ်ားကို ေျပေလ်ာ့ေစပါသည္။။ လည္ပင္းကို နွိပ္ေပးျခင္းျဖင့္ လည္ပင္းႀကြက္သားမ်ားကို ေျပေလ်ာ့ေစျပီး လည္ပင္းတ၀ိုက္ရွိႀကြက္သားမ်ား၊ အရြတ္မ်ား၊ အရိုးဆက္အရြတ္မ်ားကိုပါ ေျပေလ်ာ့ေစပါသည္။ ထို႕ျပင္ နွိပ္နယ္ျခင္းသည္ စိတ္ဖိစီးမႈမ်ားကိုလည္း ေျပေလ်ာ့ေစပါသည္။

ေလ့က်င့္ခန္းျပဳလုပ္ျခင္း

လည္ပင္းဆစ္ေခ်ာ္ျခင္းအတြက္ ျပဳလုပ္ရမည့္ ေလ့က်င့္ခန္းမ်ားတြင္ ဆန္႔ထုတ္ေသာ ေလ့က်င့္ခန္းမ်ား၊ ေအရိုးဗစ္ေလ့က်င့္ခန္းမ်ား ျပဳလုပ္နိုင္ပါသည္။ လည္ပင္းနွင့္ ပခံုးမ်ားကို လွည့္ျခင္း၊ ေခါင္းေမာ့ ေခါင္းငံု႕ျပဳလုပ္ျခင္း စသည့္ေလ့က်င့္ခန္းမ်ားသည္ လႈပ္ရွားမႈမ်ားနွင့္ အေကြးအဆန္႕မ်ားကို ပိုမိုေကာင္းမြန္နိုင္ေစပါသည္။

ထို႕အျပင္ လမ္းေလွ်ာက္ျခင္း၊ စက္ဘီးစီးျခင္း၊ ေရကူးျခင္း စသည့္ေလ့က်င့္ခန္းမ်ားသည္ ေပါ့ပါးျပီး နာက်င္ျခင္းကိုလည္း သက္သာေစပါသည္။ ထို႕ျပင္ နွလံုးခုန္မွန္ေစျခင္း၊ ပင္မေက်ာရိုးသို႕ ေသြးလည္ပတ္မႈေကာင္းျခင္းျဖစ္ေစကာ သင့္ကို က်န္းမာေစပါသည္။

ေလ့က်င့္ခန္းမလုပ္မီတြင္ ေရေႏြးျဖင့္ ေရခ်ိဳးျခင္း၊ ေရေႏြးအိတ္ကပ္ျခင္း၊ ၅ မိနစ္ခန္႕လမ္းေလွ်ာက္ျခင္းျဖင့္ ေသြးပူေလ့က်င့္ခန္းမ်ားကို ျပဳလုပ္ေပးသင့္ပါသည္။ ေလ့က်င့္ခန္းျပဳလုပ္ျခင္းသည္ မနာက်င္ေစပါ။

သို႕ေသာ္ တင္းေသာ ခံစားမႈကိုရပါမည္။ သင့္ကို အျပင္းအထန္ နာက်င္ေစေသာ ေလ့က်င့္ခန္းမ်ားကို မျပဳလုပ္ပါနွင့္။ ေလ့က်င့္ခန္းျပဳလုပ္ေနရင္းလည္ပင္းဆစ္မ်ား ပိုနာလာလွ်င္ ဆက္မလုပ္ဘဲ ရပ္ပစ္လိုက္ပါ။
သင့္အေနအထားကို သတိထားပါ။

ကိုယ္ဟန္ အေနအထားမမွန္ျခင္းသည္ လည္ပင္းဆစ္ေခ်ာ္ျခင္းကို ျဖစ္ေစနိုင္ပါသည္။ သင္အိပ္ေနစဥ္နွင့္ ထုိင္ျခင္း၊ထျခင္းနွင့္ အေလးခ်ိန္မ်ားေသာ ပစၥည္းမ်ားကို မ ျခင္းမ်ားျပဳလုပ္လွ်င္ ေခါင္း၊ လည္ပင္းနွင့္ ခါးအေနအထားကို မတ္မတ္ထားပါ။

သင့္စာႀကည့္စားပြဲအေနအထားကို ညွိပါ။ ကြန္ပ်ဴတာကို သင့္မ်က္စိနွင့္ ေရျပင္ညီ အေနအထားတြင္ ထားပါ။ ဖုန္းကို အခ်ိန္ႀကာျမင့္စြာ မႀကည့္ပါနွင့္။ ထသြားထလာျပဳလုပ္ပါ။
သင္အိပ္ေသာ အေနအထားကို ေျပာင္းလဲေပးပါ။

အိပ္ေသာ အေနအထားသည္ အရိုးက်ီးေပါင္းျဖစ္ေစျပီး အရိုးက်ီးေပါင္းေႀကာင့္ လည္ပင္းဆစ္ေခ်ာ္ျခင္းျဖစ္ရပါသည္။ ထို႕ေႀကာင့္ အိပ္ေနစဥ္တြင္ ေက်ာရိုးကို ဆန္႕ဆန္႕ထားပါ။လည္ပင္းေအာက္တြင္ ေခါင္းအံုးပါးပါးအံုးပါ။ ေခါင္းအံုး နွစ္ဆင့္အံုးျခင္း၊ ထူထူအံုးျခင္းမ်ားကို မျပဳလုပ္ပါနွင့္။

ဒူးေခါင္းေအာက္တြင္ ေခါင္းအံုးငယ္တစ္ခုကို ထားျပီး အိပ္ပါ။ သင့္ကိုယ္အေနအထားကို ေထာက္ပံ့ေပးေသာ အိပ္ရာမ်ိဳးရွိလွ်င္ အေကာင္းဆံုးျဖစ္ပါသည္။ ထိုင္ေနလ်က္အေနထားျဖင့္ အိပ္ျခင္း၊ ေမွာက္အိပ္ျခင္းတို႕သည္ သင့္လည္ပင္းကို ပိုျပီး ဒဏ္ျဖစ္ေစပါသည္။

အဆစ္ေခ်ာ္ျခင္းမ်ားသည္ ခါးေနရာတြင္ အမ်ားဆံုးျဖစ္တတ္ပါသည္။ လည္ပင္းအဆစ္ေခ်ာ္ျခင္းသည္ ျဖစ္တတ္ပါသည္။ ထိုသို႕ျဖစ္လာလွ်င္ အထက္ေဖာ္ျပပါ အိမ္တြင္းကုထံုးမ်ားျဖင့္ သက္သာေစနိုင္ပါသည္။

သို႕ေသာ္ သင္သည္ နာက်င္ျခင္း၊ ထံုျခင္းမ်ားမခံမရပ္နိုင္ေအာင္ျဖစ္လာလွ်င္ ပိုမဆိုးလာမီ ဆရာ၀န္နွငိ့ ျပသျပီး ထိေရာက္ေသာ ကုသမႈမ်ား ခံယူသင့္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
လည်ပင်းဆစ်ချော်ခြင်းသည် ရှားပါးပါသည်။ ထိုသို့ဖြစ်ခြင်းသည် လည်းပင်းနေရာရှိ အဆစ်များ အနေအထားချော်သွားခြင်းကြောင့် ဖြစ်ပါသည်။ တခါတရံတွင် လည်ပင်းတွင် နာကျင်ခြင်း၊ ထုံုခြင်းနှင့် အားနည်းခြင်းတို့ ခံစားရတတ်ပါသည်။

ထိုသို့ မပြင်းထန်သော ဝေဒနာများကို ခံစားရလျှင် အိမ်တွင်းကုထုံးများဖြင့် ကုသခြင်းက အသုံးဝင်နိုင်ပါသည်။


အပူ သို့မဟုတ် အအေးကုထုံး

လည်ပင်းနေရာကို အပူသို့မဟုတ် ရေခဲကပ်ခြင်းဖြင့် သက်သက်သာစေနိုင်ပါသည်။ အပူသည် သွေးကြောများကို ကျယ်စေပြီး အဆစ်ချော်သည့်နေရာသို့ သွေးလည်ပတ်မှုကောင်းစေသောကြောင့် နာကျင်ခြင်းကို လျှင်မြန်စွာ သက်သာစေပါသည်။

ရေခဲကပ်ခြင်းသည် သွေးကြောများကို ကျုံ့စေပြီး ရောင်ရမ်းခြင်းနှင် နာကျင်မှုများကို သက်သာစေပါသည်။

လည်ပင်းနာနေသောနေရာကို ရေခဲဖြင့် ၁၀-၁၅ မိနစ်ကြာမျှ ကပ်ပေးပါ။ ၂-၃ နာရီခြားစီကပ်ပေးပါ။ သို့သော် အအေးကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်နိုင်ရန် ရေခဲနှင့် အရေပြားကြားတွင် အဝတ်ပါးတစ်လွှာခံပေးပါ။

ထို့ပြင် ရေနွေးဝတ်ဖြင့် ကပ်ခြင်း၊ ရေနွေးဖြင့် ရေချိုးခြင်းတို့ကိုလည်း ပြုလုပ်ပေးခြင်းဖြင့် အကြောအခြင်များကို ပြေလျော့စေနိုင်ပါသည်။ မပူချိန်အလယ်အလတ်မျှသာရှိသော ရေနွေးအိတ်ကိုသုံးပါ။

အပူအလွန်ပြင်းလျှင် သင့်အရေပြားအပူလောင်စေနိုင်သောကြောင့် ဖြစ်ပါသည်။ လည်ပင်းနာနေသောရောကို ရေခဲဖြင့် ၁၀-၁၅ မိနစ်ကြာမျှ ကပ်ပေးပါ။ ၂-၃ နာရီခြားစီကပ်ပေးပါ။

အဆိုပါ ရေနွေးအိတ်၊ ရေခဲများကို တညလုံးကပ်ထားခြင်းကလည်း အရေပြားကို ပျက်စီးစေနိုင်ကြောင်း သတိပြုရပါမည်။
နှိပ်နယ်ခြင်း

နှိပ်နယ်ခြင်းသည် တောင့်တင်းနေသောကြွက်သားများကို ပြေလျော့စေပါသည်။။ လည်ပင်းကို နှိပ်ပေးခြင်းဖြင့် လည်ပင်းကြွက်သားများကို ပြေလျော့စေပြီး လည်ပင်းတဝိုက်ရှိကြွက်သားများ၊ အရွတ်များ၊ အရိုးဆက်အရွတ်များကိုပါ ပြေလျော့စေပါသည်။ ထို့ပြင် နှိပ်နယ်ခြင်းသည် စိတ်ဖိစီးမှုများကိုလည်း ပြေလျော့စေပါသည်။

လေ့ကျင့်ခန်းပြုလုပ်ခြင်း

လည်ပင်းဆစ်ချော်ခြင်းအတွက် ပြုလုပ်ရမည့် လေ့ကျင့်ခန်းများတွင် ဆန့်ထုတ်သော လေ့ကျင့်ခန်းများ၊ အေရိုးဗစ်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည်။ လည်ပင်းနှင့် ပခုံးများကို လှည့်ခြင်း၊ ခေါင်းမော့ ခေါင်းငုံ့ပြုလုပ်ခြင်း စသည့်လေ့ကျင့်ခန်းများသည် လှုပ်ရှားမှုများနှင့် အကွေးအဆန့်များကို ပိုမိုကောင်းမွန်နိုင်စေပါသည်။

ထို့အပြင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများသည် ပေါ့ပါးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။ ထို့ပြင် နှလုံးခုန်မှန်စေခြင်း၊ ပင်မကျောရိုးသို့ သွေးလည်ပတ်မှုကောင်းခြင်းဖြစ်စေကာ သင့်ကို ကျန်းမာစေပါသည်။

လေ့ကျင့်ခန်းမလုပ်မီတွင် ရေနွေးဖြင့် ရေချိုးခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ ၅ မိနစ်ခန့်လမ်းလျှောက်ခြင်းဖြင့် သွေးပူလေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် မနာကျင်စေပါ။

သို့သော် တင်းသော ခံစားမှုကိုရပါမည်။ သင့်ကို အပြင်းအထန် နာကျင်စေသော လေ့ကျင့်ခန်းများကို မပြုလုပ်ပါနှင့်။ လေ့ကျင့်ခန်းပြုလုပ်နေရင်းလည်ပင်းဆစ်များ ပိုနာလာလျှင် ဆက်မလုပ်ဘဲ ရပ်ပစ်လိုက်ပါ။
သင့်အနေအထားကို သတိထားပါ။

ကိုယ်ဟန် အနေအထားမမှန်ခြင်းသည် လည်ပင်းဆစ်ချော်ခြင်းကို ဖြစ်စေနိုင်ပါသည်။ သင်အိပ်နေစဉ်နှင့် ထိုင်ခြင်း၊ထခြင်းနှင့် အလေးချိန်များသော ပစ္စည်းများကို မ ခြင်းများပြုလုပ်လျှင် ခေါင်း၊ လည်ပင်းနှင့် ခါးအနေအထားကို မတ်မတ်ထားပါ။

သင့်စာကြည့်စားပွဲအနေအထားကို ညှိပါ။ ကွန်ပျူတာကို သင့်မျက်စိနှင့် ရေပြင်ညီ အနေအထားတွင် ထားပါ။ ဖုန်းကို အချိန်ကြာမြင့်စွာ မကြည့်ပါနှင့်။ ထသွားထလာပြုလုပ်ပါ။
သင်အိပ်သော အနေအထားကို ပြောင်းလဲပေးပါ။

အိပ်သော အနေအထားသည် အရိုးကျီးပေါင်းဖြစ်စေပြီး အရိုးကျီးပေါင်းကြောင့် လည်ပင်းဆစ်ချော်ခြင်းဖြစ်ရပါသည်။ ထို့ကြောင့် အိပ်နေစဉ်တွင် ကျောရိုးကို ဆန့်ဆန့်ထားပါ။လည်ပင်းအောက်တွင် ခေါင်းအုံးပါးပါးအုံးပါ။ ခေါင်းအုံး နှစ်ဆင့်အုံးခြင်း၊ ထူထူအုံးခြင်းများကို မပြုလုပ်ပါနှင့်။

ဒူးခေါင်းအောက်တွင် ခေါင်းအုံးငယ်တစ်ခုကို ထားပြီး အိပ်ပါ။ သင့်ကိုယ်အနေအထားကို ထောက်ပံ့ပေးသော အိပ်ရာမျိုးရှိလျှင် အကောင်းဆုံးဖြစ်ပါသည်။ ထိုင်နေလျက်အနေထားဖြင့် အိပ်ခြင်း၊ မှောက်အိပ်ခြင်းတို့သည် သင့်လည်ပင်းကို ပိုပြီး ဒဏ်ဖြစ်စေပါသည်။

အဆစ်ချော်ခြင်းများသည် ခါးနေရာတွင် အများဆုံးဖြစ်တတ်ပါသည်။ လည်ပင်းအဆစ်ချော်ခြင်းသည် ဖြစ်တတ်ပါသည်။ ထိုသို့ဖြစ်လာလျှင် အထက်ဖော်ပြပါ အိမ်တွင်းကုထုံးများဖြင့် သက်သာစေနိုင်ပါသည်။

သို့သော် သင်သည် နာကျင်ခြင်း၊ ထုံခြင်းများမခံမရပ်နိုင်အောင်ဖြစ်လာလျှင် ပိုမဆိုးလာမီ ဆရာဝန်နှငိ့ ပြသပြီး ထိရောက်သော ကုသမှုများ ခံယူသင့်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top