ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

10390215_337065609778545_2695110574746971189_nလူ႔ေလာကမွာ
လူေတြအႏူိင္အရႈံး သတ္မွတ္တဲ့ေနရာမွာ
အယူအဆျခင္း မတူညီၾကဘူး။
ေလာကရႈေထာင့္ကၾကည့္တဲ့အခါ
အႏူိင္လုိ႔ထင္ရေပမယ့္
ဓမၼရႈေထာင့္ကၾကည့္တဲ့အခါ
အရႈံးျဖစ္ေနတာေတြ ေတြ႕တယ္။ဒါေၾကာင့္မုိ႔ အႏူိင္အရႈံးဆုိတာဟာ
ရႈေထာင့္အလုိက္ ဘယ္သူကႏူိင္ၿပီး
ဘယ္သူကရႈံးသလဲဆုိတာ သိၾကရတယ္။
တစ္ခါတစ္ရံ လူေတြဟာ
ကုိယ္ကႏူိင္လုိက္တယ္လုိ႔ ယူဆတယ္။
သုိ႔ေသာ္ ကုိယ္ကရႈံးသြားတာကုိ မသိလုိက္ဘူး။
အဲဒီေတာ့ ႏူိင္လုိက္တယ္ထင္ၿပီး
အရႈံးႀကီးရႈံးသြားၾကတဲ့ ပုဂၢဳိလ္ေတြဟာ
တစ္ဘဝသာမကဘူး တစ္သံသရာထိေအာင္ ရႈံးသြားၾကတယ္။

မိမိက ႏူိင္လုိက္တယ္လုိ႔ ထင္ေပမယ့္
ရႈံးသြားတာေတြ အမ်ားႀကီးပဲ။

ေအး တခ်ဳိ႕ပုဂၢဳိလ္ဟာ
ရႈံးသြားတယ္လုိ႔ ယူဆေပမယ့္
အဲဒီရႈံးသြားတယ္ဆုိတဲ့ပုဂၢဳိလ္က
အႏူိင္ရလုိက္တာကုိ မသိလုိက္ၾကဘူး။

ဒါေၾကာင့္ ေလာကအျမင္နဲ႔ ဓမၼအျမင္ဟာ
အင္မတန္မွ ကြာျခားတယ္။
တစ္ခါတစ္ရံ လုံးဝဆန္႔က်င္ဘက္ျဖစ္တယ္။

“အေကၠာေဓန ဇိေနေကာဓံ” ေကာဓဆုိတာ ေဒါသခက္ထန္သူ၊
ေဒါသခက္ထန္တဲ့လူတစ္ေယာက္ကုိ
ဘယ္လု္ိအႏူိင္ယူမလဲဆုိတဲ့ နည္းစနစ္။
ေလာကလူသားေတြကေတာ့
ေဒါသခက္ထန္တဲ့ လူတစ္ေယာက္ကုိ
နွိမ္နင္းၿပီးေတာ့ အႏူိင္ယူမယ္၊
သတ္ျဖတ္ၿပီးေတာ့ အႏူိင္ယူမယ္လုိ႔ ဒီအေတြးပဲရွိတယ္။
ဒီေန႔ေခတ္ ကမာၻမွာ
လူတကာဒုကၡေရာက္ေအာင္
ရက္ရက္စက္စက္ အၾကမ္းဖက္လုပ္ေဆာင္ေနတဲ့ပုဂၢဳိလ္ေတြ၊
အၾကမ္းဖက္သမားလုိ႔ သတ္မွတ္ထားတဲ့ ပုဂၢဳိလ္ေတြကုိ
ဘာနဲ႔အႏူိင္ယူမလဲဆုိရင္ ျပန္လည္ အၾကမ္းဖက္ျခင္းျဖင့္ အႏူိင္ယူၾကတယ္ေပါ့။

အဲဒီလုိ ျပန္လည္အၾကမ္းဖက္တဲ့နည္းျဖင့္ အႏူိင္ယူတာဟာ
တကယ္ႏူိင္တာ ဟုတ္ရဲ႕လားလုိ႔ ေမးစရာရွိတယ္။
အဲဒီ နည္းစနစ္ဟာ ဗုဒၶျမတ္စြာရဲ႕
ဓမၼအျမင္ဘက္က ၾကည့္လုိ႔ရွိရင္
အလြန္မွားယြင္းေနတဲ့ နည္းစနစ္တစ္ခုပဲ။

ျမတ္စြာဘုရားက “အေကၠာေဓန ဇိေနေကာဓံ”
ေဒါသခက္ထန္ေနတဲ့ ပုဂၢဳိလ္တစ္ေယာက္ကုိ
မိမိကေဒါသခက္ထန္ျခင္းမျပဳ၊ သည္းခံျခင္း၊ ေမတၲာထားျခင္း၊
ေအးၿငိမ္းတဲ့စိတ္ဓာတ္မ်ဳိးျဖင့္သာလ်ွင္ အႏူိင္ယူလုိ႔ ေဟာေတာ္မူတယ္။
ေလာကရဲ႕အျမင္နဲ႔ အလြန္ဆန္႔က်င္တယ္။ ခက္ထန္တဲ့ပုဂၢဳိလ္တစ္ေယာက္ကုိ ေဒါသနဲ႔မတုံ႔ျပန္ဘဲ
ေမတၲာနဲ႔တုံ႔ျပန္ရမယ္လုိ႔ ဆုိလုိတာပဲ။
ေဒါသကုိ ေမတၲာနဲ႔အႏူိင္ယူပါ၊
ခႏၲီဆုိတဲ့တရားနဲ႔ အႏူိင္ယူပါ။

ဒီေနရာမွာ ခႏၲီနဲ႔ေမတၲာ
ဘာကြာသလဲလုိ႔ ေမးစရာရွိတယ္။
စာေပက်မ္းဂန္မွာ ဖြင့္ထားတာၾကည့္ရင္
ခႏၲီဆုိတဲ့တရားဟာ အေဒါသပဲျဖစ္တယ္။
ေမတၲာကလည္း အေဒါသပဲဆုိေတာ့
ခႏၲီနဲ႔ေမတၲာ တရားကုိယ္အားျဖင့္ တူတယ္လုိ႔ေျပာရမွာပဲ။

ေနာက္တစ္နည္းအားျဖင့္ ခႏၲီဆုိသည္မွာ
အေဒါသ အဓိကပဓာန ဦးေဆာင္ေနတဲ့စိတ္ရဲ႕
သဘာဝတရား၊ စိတ္ေနစိတ္ထားလုိ႔
ဒီလုိအဓိပၸာယ္ရတယ္။ ေနာက္တစ္ခါ
ခႏၲီဆုိတဲ့ စကားလုံးရဲ႕ ရႈေထာင့္ကၾကည့္မယ္ဆုိရင္
(သဒၵါနည္းအရ ေျပာျပတဲ့ Literal meaning ေပါ့ )။

ခႏၲီဆုိတာ “ခမု”ဓာတ္ (root)က လာတာ။
ခမုဓာတ္ကုိ အနက္ေဖာ္ရင္
“ခမုသဟေန- စြမ္းႏူိင္ျခင္း” ဆုိတဲ့ အဓိပၸာယ္ရတယ္။
ခႏၲီဆုိတာ စြမ္းႏူိင္တယ္လုိ႔ အဓိပၸာယ္ရတယ္။
ဒါျဖင့္ ဘာစြမ္းႏူိင္တာလဲဆုိရင္
တစ္စုံတစ္ေယာက္က
မိမိကုိေဒါသထြက္လာေအာင္ လာေနွာင့္ယွက္ေပမယ့္
ေဒါသမထြက္ေအာင္ ထိန္းထားႏူိင္တယ္။
မူလစိတ္ အေျခအေနေလးမပ်က္ေအာင္ ထိန္းထားႏူိင္တယ္။
“အတၲမန စိတၲႆ” ၾကည္ႏူးေနတဲ့စိတ္ကေလးကုိ
ျပင္ပကအေနွာင့္အယွက္ေၾကာင့္
ပ်က္စီးမသြားေအာင္ ထိန္းသိမ္းထားႏူိင္တဲ့
စြမ္းရည္သတၲိတစ္မ်ဳိးကုိ ခႏၲီလုိ႔ ေခၚတယ္။

ေလာကႀကီးမွာ တခ်ဳိ႕ပုဂၢဳိလ္ေတြ
“ခႏၲီ၊ ခႏၲီ”လုိ႔ ေျပာေနေပမယ့္
တကယ္ခႏၲီ မဟုတ္ဘူး။
ဒါေၾကာင့္ ရယ္စရာအေနနဲ႔ ”
ခႏၲီစ – မႏူိင္လုိ႔ သည္းခံရျခင္းသည္လည္းေကာင္း”
ဆုိတဲ့ အဓိပၸာယ္ေပၚလာတာေပါ့ေနာ္။
မႏူိင္လုိ႔ အေလ်ွာ႔ေပးတာကုိ
ခႏၲီလုိ႔ ထင္ေနၾကတယ္။

တကယ္ေတာ့ ခႏၲီဆုိတာ
မႏူိင္လုိ႔သည္းခံတာ မဟုတ္ဘူး။
မိမိရဲ႕ ပင္ကုိၾကည္ႏူးေနတဲ့စိတ္ေလးကုိ
မပ်က္ရေအာင္ ထိန္းထားႏူိင္တဲ့ စြမ္းရည္သတၲိ၊
စိတ္ပုိင္းဆုိင္ရာ ရင့္က်က္မႈသေဘာထားကုိ ခႏၲီလုိ႔ေျပာတာ။

ေအး ေဒါသထြက္ၿပီးေတာ့
လူကအံ့ႀကိတ္ေနတယ္။
သုိ႔ေသာ္ ျပန္ေတာ့မေျပာဘူး၊
ျပန္ေတာ့မလုပ္ဘူး ဆုိတာမ်ဳိးကုိ
ဒီကေန႔ ခႏၲီလုိ႔ေခၚၾကတယ္။
စိတ္ပုိင္းဆုိင္ရာက တုံ႔ျပန္ေနတာ ျဖစ္တဲ့အတြက္ေၾကာင့္
အဲဒီဟာ ခႏၲီမဟုတ္ဘူး။ ျပန္မေျပာတာပဲရွိတယ္၊
ခႏၲီ အစစ္မဟုတ္ဘူး။
ခႏၲီဆုိသည္မွာ
ပင္ကုိအေနအထားေလးမပ်က္ေအာင္
ထိန္းႏူိင္တာကုိေျပာတာ။

အဲဒါေၾကာင့္ ခႏၲီဆုိတာ
ေမတၲာမပ်က္ေအာင္
ထိန္းထားႏူိင္တဲ့ စြမ္းရည္သတၲိပဲ။

လူတစ္ဖက္သား အက်ဳိးစီးပြားကုိလုိလားတဲ့
စိတ္ေနသေဘာထားသည္ ေမတၲာ၊
ထုိေမတၲာ ပ်က္မသြားေအာင္
ထိန္းထားတာသည္ ခႏၲီပဲ။

ေမတၲာဆုိသည္မွာ
ပုဂၢဳိလ္တစ္ဦးတစ္ေယာက္ရဲ႕ အက်ဳိးစီးပြားကုိ
လုိလားတဲ့စိတ္ေနသေဘာထားပဲ။
စကားလုံးအရေျပာရရင္ ေမတၲာဆုိသည္မွာ
“မိတၲႆဧသာ”ဆုိတဲ့အတုိင္း
မိတ္ေဆြရဲ႕စိတ္ဓာတ္ကုိ ေမတၲာလုိ႔ေခၚတယ္။
မိတ္ေဆြရဲ႕စိတ္ဓာတ္ဆုိသည္မွာ
မိတ္ေဆြဟာ ဘယ္လုိစိတ္မ်ဳိးထားသလဲ။
ကုိယ္ခ်စ္ခင္နွစ္သက္တဲ့ မိတ္ေဆြသူငယ္ခ်င္းတစ္ေယာက္ရဲ႕
ေကာင္းစားမႈကုိလုိလားတယ္ ၊
အက်ဳိးတရားကုိ လုိလားတယ္ ၊
အဲဒါဟာ ေမတၲာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ)
#Unicode Version#
 လူ့လောကမှာ
လူတွေအနိူင်အရှုံး သတ်မှတ်တဲ့နေရာမှာ
အယူအဆခြင်း မတူညီကြဘူး။
လောကရှုထောင့်ကကြည့်တဲ့အခါ
အနိူင်လို့ထင်ရပေမယ့်
ဓမ္မရှုထောင့်ကကြည့်တဲ့အခါ
အရှုံးဖြစ်နေတာတွေ တွေ့တယ်။ဒါကြောင့်မို့ အနိူင်အရှုံးဆိုတာဟာ
ရှုထောင့်အလိုက် ဘယ်သူကနိူင်ပြီး
ဘယ်သူကရှုံးသလဲဆိုတာ သိကြရတယ်။
တစ်ခါတစ်ရံ လူတွေဟာ
ကိုယ်ကနိူင်လိုက်တယ်လို့ ယူဆတယ်။
သို့သော် ကိုယ်ကရှုံးသွားတာကို မသိလိုက်ဘူး။
အဲဒီတော့ နိူင်လိုက်တယ်ထင်ပြီး
အရှုံးကြီးရှုံးသွားကြတဲ့ ပုဂ္ဂိုလ်တွေဟာ
တစ်ဘဝသာမကဘူး တစ်သံသရာထိအောင် ရှုံးသွားကြတယ်။

မိမိက နိူင်လိုက်တယ်လို့ ထင်ပေမယ့်
ရှုံးသွားတာတွေ အများကြီးပဲ။

အေး တချို့ပုဂ္ဂိုလ်ဟာ
ရှုံးသွားတယ်လို့ ယူဆပေမယ့်
အဲဒီရှုံးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်က
အနိူင်ရလိုက်တာကို မသိလိုက်ကြဘူး။

ဒါကြောင့် လောကအမြင်နဲ့ ဓမ္မအမြင်ဟာ
အင်မတန်မှ ကွာခြားတယ်။
တစ်ခါတစ်ရံ လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်။

“အက္ကောဓေန ဇိနေကောဓံ” ကောဓဆိုတာ ဒေါသခက်ထန်သူ၊
ဒေါသခက်ထန်တဲ့လူတစ်ယောက်ကို
ဘယ်လိုအနိူင်ယူမလဲဆိုတဲ့ နည်းစနစ်။
လောကလူသားတွေကတော့
ဒေါသခက်ထန်တဲ့ လူတစ်ယောက်ကို
နှိမ်နင်းပြီးတော့ အနိူင်ယူမယ်၊
သတ်ဖြတ်ပြီးတော့ အနိူင်ယူမယ်လို့ ဒီအတွေးပဲရှိတယ်။
ဒီနေ့ခေတ် ကမ္ဘာမှာ
လူတကာဒုက္ခရောက်အောင်
ရက်ရက်စက်စက် အကြမ်းဖက်လုပ်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေ၊
အကြမ်းဖက်သမားလို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေကို
ဘာနဲ့အနိူင်ယူမလဲဆိုရင် ပြန်လည် အကြမ်းဖက်ခြင်းဖြင့် အနိူင်ယူကြတယ်ပေါ့။

အဲဒီလို ပြန်လည်အကြမ်းဖက်တဲ့နည်းဖြင့် အနိူင်ယူတာဟာ
တကယ်နိူင်တာ ဟုတ်ရဲ့လားလို့ မေးစရာရှိတယ်။
အဲဒီ နည်းစနစ်ဟာ ဗုဒ္ဓမြတ်စွာရဲ့
ဓမ္မအမြင်ဘက်က ကြည့်လို့ရှိရင်
အလွန်မှားယွင်းနေတဲ့ နည်းစနစ်တစ်ခုပဲ။

မြတ်စွာဘုရားက “အက္ကောဓေန ဇိနေကောဓံ”
ဒေါသခက်ထန်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို
မိမိကဒေါသခက်ထန်ခြင်းမပြု၊ သည်းခံခြင်း၊ မေတ္တာထားခြင်း၊
အေးငြိမ်းတဲ့စိတ်ဓာတ်မျိုးဖြင့်သာလျှင် အနိူင်ယူလို့ ဟောတော်မူတယ်။
လောကရဲ့အမြင်နဲ့ အလွန်ဆန့်ကျင်တယ်။ ခက်ထန်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို ဒေါသနဲ့မတုံ့ပြန်ဘဲ
မေတ္တာနဲ့တုံ့ပြန်ရမယ်လို့ ဆိုလိုတာပဲ။
ဒေါသကို မေတ္တာနဲ့အနိူင်ယူပါ၊
ခန္တီဆိုတဲ့တရားနဲ့ အနိူင်ယူပါ။

ဒီနေရာမှာ ခန္တီနဲ့မေတ္တာ
ဘာကွာသလဲလို့ မေးစရာရှိတယ်။
စာပေကျမ်းဂန်မှာ ဖွင့်ထားတာကြည့်ရင်
ခန္တီဆိုတဲ့တရားဟာ အဒေါသပဲဖြစ်တယ်။
မေတ္တာကလည်း အဒေါသပဲဆိုတော့
ခန္တီနဲ့မေတ္တာ တရားကိုယ်အားဖြင့် တူတယ်လို့ပြောရမှာပဲ။

နောက်တစ်နည်းအားဖြင့် ခန္တီဆိုသည်မှာ
အဒေါသ အဓိကပဓာန ဦးဆောင်နေတဲ့စိတ်ရဲ့
သဘာဝတရား၊ စိတ်နေစိတ်ထားလို့
ဒီလိုအဓိပ္ပာယ်ရတယ်။ နောက်တစ်ခါ
ခန္တီဆိုတဲ့ စကားလုံးရဲ့ ရှုထောင့်ကကြည့်မယ်ဆိုရင်
(သဒ္ဒါနည်းအရ ပြောပြတဲ့ Literal meaning ပေါ့ )။

ခန္တီဆိုတာ “ခမု”ဓာတ် (root)က လာတာ။
ခမုဓာတ်ကို အနက်ဖော်ရင်
“ခမုသဟနေ- စွမ်းနိူင်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ရတယ်။
ခန္တီဆိုတာ စွမ်းနိူင်တယ်လို့ အဓိပ္ပာယ်ရတယ်။
ဒါဖြင့် ဘာစွမ်းနိူင်တာလဲဆိုရင်
တစ်စုံတစ်ယောက်က
မိမိကိုဒေါသထွက်လာအောင် လာနှောင့်ယှက်ပေမယ့်
ဒေါသမထွက်အောင် ထိန်းထားနိူင်တယ်။
မူလစိတ် အခြေအနေလေးမပျက်အောင် ထိန်းထားနိူင်တယ်။
“အတ္တမန စိတ္တဿ” ကြည်နူးနေတဲ့စိတ်ကလေးကို
ပြင်ပကအနှောင့်အယှက်ကြောင့်
ပျက်စီးမသွားအောင် ထိန်းသိမ်းထားနိူင်တဲ့
စွမ်းရည်သတ္တိတစ်မျိုးကို ခန္တီလို့ ခေါ်တယ်။

လောကကြီးမှာ တချို့ပုဂ္ဂိုလ်တွေ
“ခန္တီ၊ ခန္တီ”လို့ ပြောနေပေမယ့်
တကယ်ခန္တီ မဟုတ်ဘူး။
ဒါကြောင့် ရယ်စရာအနေနဲ့ ”
ခန္တီစ – မနိူင်လို့ သည်းခံရခြင်းသည်လည်းကောင်း”
ဆိုတဲ့ အဓိပ္ပာယ်ပေါ်လာတာပေါ့နော်။
မနိူင်လို့ အလျှော့ပေးတာကို
ခန္တီလို့ ထင်နေကြတယ်။

တကယ်တော့ ခန္တီဆိုတာ
မနိူင်လို့သည်းခံတာ မဟုတ်ဘူး။
မိမိရဲ့ ပင်ကိုကြည်နူးနေတဲ့စိတ်လေးကို
မပျက်ရအောင် ထိန်းထားနိူင်တဲ့ စွမ်းရည်သတ္တိ၊
စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုသဘောထားကို ခန္တီလို့ပြောတာ။

အေး ဒေါသထွက်ပြီးတော့
လူကအံ့ကြိတ်နေတယ်။
သို့သော် ပြန်တော့မပြောဘူး၊
ပြန်တော့မလုပ်ဘူး ဆိုတာမျိုးကို
ဒီကနေ့ ခန္တီလို့ခေါ်ကြတယ်။
စိတ်ပိုင်းဆိုင်ရာက တုံ့ပြန်နေတာ ဖြစ်တဲ့အတွက်ကြောင့်
အဲဒီဟာ ခန္တီမဟုတ်ဘူး။ ပြန်မပြောတာပဲရှိတယ်၊
ခန္တီ အစစ်မဟုတ်ဘူး။
ခန္တီဆိုသည်မှာ
ပင်ကိုအနေအထားလေးမပျက်အောင်
ထိန်းနိူင်တာကိုပြောတာ။

အဲဒါကြောင့် ခန္တီဆိုတာ
မေတ္တာမပျက်အောင်
ထိန်းထားနိူင်တဲ့ စွမ်းရည်သတ္တိပဲ။

လူတစ်ဖက်သား အကျိုးစီးပွားကိုလိုလားတဲ့
စိတ်နေသဘောထားသည် မေတ္တာ၊
ထိုမေတ္တာ ပျက်မသွားအောင်
ထိန်းထားတာသည် ခန္တီပဲ။

မေတ္တာဆိုသည်မှာ
ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားကို
လိုလားတဲ့စိတ်နေသဘောထားပဲ။
စကားလုံးအရပြောရရင် မေတ္တာဆိုသည်မှာ
“မိတ္တဿဧသာ”ဆိုတဲ့အတိုင်း
မိတ်ဆွေရဲ့စိတ်ဓာတ်ကို မေတ္တာလို့ခေါ်တယ်။
မိတ်ဆွေရဲ့စိတ်ဓာတ်ဆိုသည်မှာ
မိတ်ဆွေဟာ ဘယ်လိုစိတ်မျိုးထားသလဲ။
ကိုယ်ချစ်ခင်နှစ်သက်တဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်ရဲ့
ကောင်းစားမှုကိုလိုလားတယ် ၊
အကျိုးတရားကို လိုလားတယ် ၊
အဲဒါဟာ မေတ္တာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: (ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top