လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

သူကိုယ္တိုင္လည္း စိတ္ညစ္ေနပါတယ္။
သရုပ္ေဆာင္ ေရႊမံႈရတီကေတာ့ ေဆးရံုထပ္တက္ေနရျပန္ၿပီလို႕ သိရပါတယ္။ ေဆးရံုတက္ေနရတဲ့အေၾကာင္းကိုလည္း သူမရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။
ေရႊမံႈကေတာ့ အလုပ္ေတြက မၿပီးေသးပဲ ေဆးရံုတက္ေနရတဲ့အတြက္ စိတ္ညစ္လို႕ေနပါတယ္။

“စိတ္ညစ္တယ္
ေရာက္ရွိျပန္ၿပီ
အလုပ္ကမၿပီး
စိတ္ပ်က္မိ” ဆိုၿပီးေတာ့ ေရးသားထားပါတယ္။

ေရႊမံႈအတြက္ကိုလည္း သူမရဲ႕ ပရိသတ္ေတြ အႏုပညာေမာင္ႏွမေတြက အျမန္ဆံုး ေနေကာင္းပါေစဆိုၿပီး ဝိုင္းဆုေတာင္းေပးထားၾကပါတယ္။ ေရႊမံႈဟာ ငယ္ရြယ္ၿပီး ေအာင္ျမင္မႈ အခိုင္အမာရရွိထားတဲ့ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။
ေရႊမံႈဟာ ေမြးရာပါ ႏွလံုးေရာဂါရွိသလို အလုပ္လုပ္ေနခ်ိန္မွာလည္း ထမင္းေမ့ဟင္းေမ့ ႀကိဳးစားေနတတ္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ အစာအိမ္ေရာဂါပါ ရွိသူ တစ္ဦးျဖစ္ပါတ္ယ။

ဒါေပမယ့္ ဒီတစ္ခါ ေဆးရံုတက္ရတာကေတာ့ ဘာေရာဂါေၾကာင့္လဲဆိုတာ မသိရေသးပါဘူး။
ေရႊမံႈရတီ(Shwe Mhom Yati) ဟာ အႏုပညာပ်ိဳးခင္း(၁)ရဲ႕ စင္တင္မင္းသမီး တစ္လက္အျဖစ္ အႏုပညာေလာကထဲကို ေရာက္ရွိလာသူ တစ္ဦးျဖစ္ၿပီး အသက္(၁၉)ေက်ာ္သာ ရွိေသးတဲ့ သရုပ္ေဆာင္ တစ္ဦးလည္း ျဖစ္ပါတယ္။

ယခုဆုိရင္ ေရႊမံႈရတီဟာ ဗီဒီယို ဇာတ္ကားမ်ားသာမက ရုပ္ရွင္ဇာတ္ကားေတြကိုပါ လက္ခံရုိက္ကူးလာရတဲ့ သရုပ္ေဆာင္ တစ္ဦး ျဖစ္လို႕ေနရပါၿပီ။
က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏိုင္တဲ့ ေရႊမံႈရတီကေတာ့ ပရိသတ္အားေပးမႈ အခိုင္အမာ ရရွိ ထားသူ တစ္ဦးလည္း ျဖစ္လုိ႕လာပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
သူကိုယ်တိုင်လည်း စိတ်ညစ်နေပါတယ်။
သရုပ်ဆောင် ရွှေမှုံရတီကတော့ ဆေးရုံထပ်တက်နေရပြန်ပြီလို့ သိရပါတယ်။ ဆေးရုံတက်နေရတဲ့အကြောင်းကိုလည်း သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
ရွှေမှုံကတော့ အလုပ်တွေက မပြီးသေးပဲ ဆေးရုံတက်နေရတဲ့အတွက် စိတ်ညစ်လို့နေပါတယ်။

“စိတ်ညစ်တယ်
ရောက်ရှိပြန်ပြီ
အလုပ်ကမပြီး
စိတ်ပျက်မိ” ဆိုပြီးတော့ ရေးသားထားပါတယ်။

ရွှေမှုံအတွက်ကိုလည်း သူမရဲ့ ပရိသတ်တွေ အနုပညာမောင်နှမတွေက အမြန်ဆုံး နေကောင်းပါစေဆိုပြီး ဝိုင်းဆုတောင်းပေးထားကြပါတယ်။ ရွှေမှုံဟာ ငယ်ရွယ်ပြီး အောင်မြင်မှု အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။
ရွှေမှုံဟာ မွေးရာပါ နှလုံးရောဂါရှိသလို အလုပ်လုပ်နေချိန်မှာလည်း ထမင်းမေ့ဟင်းမေ့ ကြိုးစားနေတတ်သူ တစ်ယောက်ဖြစ်တာကြောင့် အစာအိမ်ရောဂါပါ ရှိသူ တစ်ဦးဖြစ်ပါတ်ယ။

ဒါပေမယ့် ဒီတစ်ခါ ဆေးရုံတက်ရတာကတော့ ဘာရောဂါကြောင့်လဲဆိုတာ မသိရသေးပါဘူး။
ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ်ပြီး အသက်(၁၉)ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။

ယခုဆိုရင် ရွှေမှုံရတီဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်လို့နေရပါပြီ။
ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်အားပေးမှု အခိုင်အမာ ရရှိ ထားသူ တစ်ဦးလည်း ဖြစ်လို့လာပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top