ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္တိုင္းေဒသႀကီး ေတာင္ပိုင္းခရိုင္ သုံးခြၿမိဳ ႔ အမွတ္(၄)ရပ္ကြက္ ေအာင္ေဇယ်လမ္း ရွိ ေရႊဆိုင္း လက္ဘက္ရည္ဆိုင္မွ ႏုိ၀င္ဘာလ ၄ ရက္ေန ့နံနက္ ၃ နာရီ ၃၅ မိနစ္တြင္ မီးစတင္ေလာင္ကြ်မ္းေၾကာင္း သိရသည္။

ယင္း မီးေလာင္ရာတြင္ ပ်ဥ္ေထာင္သြပ္မိုးေနအိမ္ (၅)လံုး ႏွင့္ ၊၄င္းေနအိမ္မ်ားေရွ ႔ရိွ ဆိုင္ခန္း(၄)ခန္းပါဝင္ မီးေလာင္ကြ်မ္းခ႔ဲသလုိ ေရႊဆိုင္းလက္ဘက္ရည္ဆိုင္ေဘးကပ္လွ်က္ ဇမၺဴထြန္း သကၤန္းဆိုင္က ပိုင္ဆိုင္ေသာ 3H----- KLUGER အျဖဴေရာင္ယာဥ္ တစ္စီးလည္း မီးေလာင္ဆံုးရံွဳးခ႔ဲေၾကာင္းသိရပါသည္။ မီးေလာင္မွဳေၾကာင့္ ပစၥည္းဆံုးရွံဳးမႈရွိခဲ့ေပမယ့္ တိရစာၧန္ထိခိုက္ဒဏ္ရာမရရွိခဲ့ပါ။ ေရႊဆိုင္းလက္ဘက္ရည္ဆိုင္၏ ေဘးကပ္လ်က္မီးဖိုတြင္ ေရေႏြးအိုးတည္ရာမွ ေဘးအကာအား စတင္မီးစြဲေလာင္ကြ်မ္းခ႔ဲျခင္းျဖစ္ေၾကာင္း သိရသည္။

မီးလာင္ရာသို႔ သုံးခြၿမိဳ ႔နယ္ မီးသတ္ဦးစီးဌာနမႉး ဦးသြင္ယုႏိုင္ ဦးေဆာင္ေသာ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ သုံးခြၿမိဳ ႔ရဲတပ္ဖြဲ႔မႉး ရဲမႉး လွဦး၊ စခန္းမႉး ဒု ရဲမႉး ေအာင္ႏိုင္ဦး ႏွင္႔ တပ္ဖြဲ႕ဝင္မ်ား၊ ခရမ္းၿမိဳ ႔နယ္၊သန္လ်င္ၿမိဳ ႔နယ္၊ တံတားၿမိဳ ႔၊ ဆိပ္ကမ္းၿမိဳ႕နယ္မ်ားမွ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ပူးေပါင္း၍ မီးသတ္ယာဥ္(၁၀)စီး၊ ျဖင္႔ ဝိုင္းဝန္းၿငိမ္းသတ္ခ႔ဲရာ နံနက္ ၅ နာရီခြဲခန္႔ မီးလံုးဝၿငိမ္းသြားေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့ အမှတ်(၄)ရပ်ကွက် အောင်ဇေယျလမ်း ရှိ ရွှေဆိုင်း လက်ဘက်ရည်ဆိုင်မှ နိုဝင်ဘာလ ၄ ရက်နေ့နံနက် ၃ နာရီ ၃၅ မိနစ်တွင် မီးစတင်လောင်ကျွမ်းကြောင်း သိရသည်။

ယင်း မီးလောင်ရာတွင် ပျဉ်ထောင်သွပ်မိုးနေအိမ် (၅)လုံး နှင့် ၊၎င်းနေအိမ်များရှေ့ရှိ ဆိုင်ခန်း(၄)ခန်းပါဝင် မီးလောင်ကျွမ်းခဲ့သလို ရွှေဆိုင်းလက်ဘက်ရည်ဆိုင်ဘေးကပ်လျှက် ဇမ္ဗူထွန်း သင်္ကန်းဆိုင်က ပိုင်ဆိုင်သော 3H----- KLUGER အဖြူရောင်ယာဉ် တစ်စီးလည်း မီးလောင်ဆုံးရံှုးခဲ့ကြောင်းသိရပါသည်။ မီးလောင်မှုကြောင့် ပစ္စည်းဆုံးရှုံးမှုရှိခဲ့ပေမယ့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာမရရှိခဲ့ပါ။ ရွှေဆိုင်းလက်ဘက်ရည်ဆိုင်၏ ဘေးကပ်လျက်မီးဖိုတွင် ရေနွေးအိုးတည်ရာမှ ဘေးအကာအား စတင်မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလာင်ရာသို့ သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးသွင်ယုနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ သုံးခွမြို့ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦး၊ စခန်းမှူး ဒု ရဲမှူး အောင်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ ခရမ်းမြို့နယ်၊သန်လျင်မြို့နယ်၊ တံတားမြို့၊ ဆိပ်ကမ်းမြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ်(၁၀)စီး၊ ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီခွဲခန့် မီးလုံးဝငြိမ်းသွားကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top