Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မက္ဆီ အား ဇနီးျဖစ္သူ အန္တိုနယ္လာေရာ့ကက္ဇိုႏွင့္ ေတြ႕ရစဥ္ (Photo: AFP)
ဘာစီလိုနာ အသင္း ၏ အာဂ်င္တီးနား လက္ေရြးစင္ တိုက္စစ္မွဴး မက္ဆီ သည္ အသေရဖ်က္မႈ အတြက္ ရရိွသည့္ ေလ်ာ္ေၾကး အား နယ္စည္းမျခား ဆရာ၀န္ မ်ားအဖြဲ႕ထံ ျပန္လည္ လွဴဒါန္း ခဲ့ေၾကာင္း သိရသည္။

၂၀၁၄ ကမၻာ့ဖလား ၿပိဳင္ပြဲ ဗိုလ္လုပြဲ အၿပီးတြင္ စပိန္ႏိုင္ငံ မက္ဒရစ္ၿမိဳ႕အေျခစိုက္ La Razon သတင္းစာက ဂ်ာနယ္လစ္ အယ္လ္ဖြန္ဆို အူစီယာ၏ ‘Sonatina’ အမည္ရိွ ေဆာင္းပါး အား ေဖာ္ျပခဲ့သည္။ အူစီယာ သည္ ယင္းေဆာင္းပါးတြင္ မက္ဆီ အား ျပင္းထန္စြာ ေ၀ဖန္ ေရးသားထားၿပီး စြမ္းေဆာင္ျမင့္မားေစသည့္ နန္ဒ႐ိုလုန္း တားျမစ္ေဆး သံုးစြဲခဲ့ေၾကာင္း၊ ဆံပင္တု ၀တ္ဆင္ခဲ့ေၾကာင္း စသည္ျဖင့္ ပုဂၢိဳလ္ေရး တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။ ထို႔ေၾကာင့္ မက္ဆီ က အသေရဖ်က္မႈအတြက္ တရားစြဲဆိုခဲ့ရာ ဘာစီလိုနာ တရား႐ံုး က နစ္နာေၾကး ယူ႐ို ၇၂,၇၈၃ ေပးအပ္ရန္ ၿပီးခဲ့သည့္ႏွစ္တြင္ ဆံုးျဖတ္ခဲ့သည္။ La Razon သတင္းစာ က ျပစ္ဒဏ္အား စပိန္ တရား႐ံုးခ်ဳပ္ ထံ အယူခံ၀င္ခဲ့ေသာ္လည္း ဘာစီလိုနာ တရား႐ံုး ၏ ဆံုးျဖတ္ခ်က္ကိုသာ အတည္ျပဳရန္ ဆံုးျဖတ္ခဲ့သည္။ မက္ဆီ သည္ ႀကိဳတင္ကတိျပဳထားသည့္အတိုင္း ေလ်ာ္ေၾကးရရိွသည့္ ပမာဏအားလံုးကို နယ္စည္းမျခားဆရာ၀န္မ်ားအဖြဲ႕ထံ ျပန္လွည္ လွဴဒါန္း ခဲ့ေၾကာင္း ၎၏စီမံခန္႔ခြဲမႈကုမၸဏီက ႏို၀င္ဘာ ၃ ရက္တြင္ ESPN သတင္းဌာနသို႔ အတည္ျပဳ ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven
#Unicode Version#
 မက်ဆီ အား ဇနီးဖြစ်သူ အန်တိုနယ်လာရော့ကက်ဇိုနှင့် တွေ့ရစဉ် (Photo: AFP)
ဘာစီလိုနာ အသင်း ၏ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး မက်ဆီ သည် အသရေဖျက်မှု အတွက် ရရှိသည့် လျော်ကြေး အား နယ်စည်းမခြား ဆရာဝန် များအဖွဲ့ထံ ပြန်လည် လှူဒါန်း ခဲ့ကြောင်း သိရသည်။

၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဗိုလ်လုပွဲ အပြီးတွင် စပိန်နိုင်ငံ မက်ဒရစ်မြို့အခြေစိုက် La Razon သတင်းစာက ဂျာနယ်လစ် အယ်လ်ဖွန်ဆို အူစီယာ၏ ‘Sonatina’ အမည်ရှိ ဆောင်းပါး အား ဖော်ပြခဲ့သည်။ အူစီယာ သည် ယင်းဆောင်းပါးတွင် မက်ဆီ အား ပြင်းထန်စွာ ဝေဖန် ရေးသားထားပြီး စွမ်းဆောင်မြင့်မားစေသည့် နန်ဒရိုလုန်း တားမြစ်ဆေး သုံးစွဲခဲ့ကြောင်း၊ ဆံပင်တု ဝတ်ဆင်ခဲ့ကြောင်း စသည်ဖြင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် မက်ဆီ က အသရေဖျက်မှုအတွက် တရားစွဲဆိုခဲ့ရာ ဘာစီလိုနာ တရားရုံး က နစ်နာကြေး ယူရို ၇၂,၇၈၃ ပေးအပ်ရန် ပြီးခဲ့သည့်နှစ်တွင် ဆုံးဖြတ်ခဲ့သည်။ La Razon သတင်းစာ က ပြစ်ဒဏ်အား စပိန် တရားရုံးချုပ် ထံ အယူခံဝင်ခဲ့သော်လည်း ဘာစီလိုနာ တရားရုံး ၏ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုရန် ဆုံးဖြတ်ခဲ့သည်။ မက်ဆီ သည် ကြိုတင်ကတိပြုထားသည့်အတိုင်း လျော်ကြေးရရှိသည့် ပမာဏအားလုံးကို နယ်စည်းမခြားဆရာဝန်များအဖွဲ့ထံ ပြန်လှည် လှူဒါန်း ခဲ့ကြောင်း ၎င်း၏စီမံခန့်ခွဲမှုကုမ္ပဏီက နိုဝင်ဘာ ၃ ရက်တွင် ESPN သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top