Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေဖ့စ္ဘြတ္ခ္ႏွင့္ အက္ပဲလ္က အမ်ိဳး သမီးဝန္ထမ္းမ်ားအား မ်ိဳးဥ ေအးခဲထားခ အကုန္အက်ခံေပးရန္ ဆုံးျဖတ္လိုက္ၿပီ ျဖစ္သည္။ ထိုသို႔ ေအးခဲထားလွ်င္ အသက္ႀကီးလာလွ်င္လည္း က်န္းမာသန္စြမ္းသည့္ကေလးကို ေမြးဖြားႏိုင္မည္ျဖစ္သည္။

အမ်ိဳးသမီးတစ္ဦး ကေလးေမြးဖြားရန္ က်န္းမာေရးအေကာင္းဆုံးအခ်ိန္တြင္ ျဖစ္လာသည့္ မ်ိဳးဥကို ေအးခဲထားလိုက္ၿပီး ကေလးယူခ်င္သည့္အခ်ိန္တြင္ သားအိမ္ထဲျပန္ထည့္လိုက္လွ်င္ က်န္းမာသန္စြမ္းသည့္ကေလးကို ရႏိုင္မည္ျဖစ္သည္။

 ထိုသို႔ေ႐ႊ႕ထားလိုက္ျခင္းအားျဖင့္ အလုပ္ကို အာ႐ုံအျပည့္စိုက္ႏိုင္ကာ ကေလးယူမည့္ ကိစၥအား ေနာက္ေ႐ႊ႕ထားႏိုင္ေတာ့မည္ ျဖစ္သည္။ အမ်ိဳးသမီးမ်ားသည္ အသက္ ၃၅ ႏွစ္ေက်ာ္လာလွ်င္ ကေလးေမြးဖြားႏိုင္ စြမ္း က်ဆင္းလာေလ့ရွိသည္။ အသက္ႀကီးသည့္အခါမွ ကေလးယူေလ၊ ကေလး ပ်က္က်ႏိုင္ေျခႏွင့္ မ်ိဳးဗီဇ ပုံမမွန္ျဖစ္ႏိုင္ေျခ ပိုမ်ားေလျဖစ္သည္။

 ေဖ့စ္ဘြတ္ခ္သည္ အမ်ိဳးသမီးမ်ားကို မီးဖြားခြင့္ အမ်ား ဆုံး ၄ လေပးသည္။ အမ်ိဳးသမီးမ်ား၏ မ်ိဳးဥကို သားအိမ္မွထုတ္ကာ ေအးခဲၿပီး သိမ္းဆည္းထားသည့္ လုပ္ငန္းစဥ္သည္ ကုန္က်စရိတ္ ေဒၚလာ ၁၀ ၀၀၀ ရွိႏိုင္ၿပီး ထိန္းသိမ္းခ တစ္ႏွစ္ ေဒၚလာ ၅၀၀ ထပ္မံ ကုန္က်ေသးသည္။ ထို႔ေၾကာင့္ ယင္း စရိတ္အတြက္ က်ခံေပးသည့္အေနျဖင့္ေဒၚလာ ၂၀၀၀၀ ေထာက္ပံ့သြားရန္ အက္ပဲလ္ႏွင့္ေဖ့စ္ဘြတ္ခ္က ဆုံးျဖတ္လိုက္ ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ဖေ့စ်ဘွတ်ခ်နှင့် အက်ပဲလ်က အမျိုး သမီးဝန်ထမ်းများအား မျိုးဥ အေးခဲထားခ အကုန်အကျခံပေးရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ ထိုသို့ အေးခဲထားလျှင် အသက်ကြီးလာလျှင်လည်း ကျန်းမာသန်စွမ်းသည့်ကလေးကို မွေးဖွားနိုင်မည်ဖြစ်သည်။

အမျိုးသမီးတစ်ဦး ကလေးမွေးဖွားရန် ကျန်းမာရေးအကောင်းဆုံးအချိန်တွင် ဖြစ်လာသည့် မျိုးဥကို အေးခဲထားလိုက်ပြီး ကလေးယူချင်သည့်အချိန်တွင် သားအိမ်ထဲပြန်ထည့်လိုက်လျှင် ကျန်းမာသန်စွမ်းသည့်ကလေးကို ရနိုင်မည်ဖြစ်သည်။

 ထိုသို့ရွှေ့ထားလိုက်ခြင်းအားဖြင့် အလုပ်ကို အာရုံအပြည့်စိုက်နိုင်ကာ ကလေးယူမည့် ကိစ္စအား နောက်ရွှေ့ထားနိုင်တော့မည် ဖြစ်သည်။ အမျိုးသမီးများသည် အသက် ၃၅ နှစ်ကျော်လာလျှင် ကလေးမွေးဖွားနိုင် စွမ်း ကျဆင်းလာလေ့ရှိသည်။ အသက်ကြီးသည့်အခါမှ ကလေးယူလေ၊ ကလေး ပျက်ကျနိုင်ခြေနှင့် မျိုးဗီဇ ပုံမမှန်ဖြစ်နိုင်ခြေ ပိုများလေဖြစ်သည်။

 ဖေ့စ်ဘွတ်ခ်သည် အမျိုးသမီးများကို မီးဖွားခွင့် အများ ဆုံး ၄ လပေးသည်။ အမျိုးသမီးများ၏ မျိုးဥကို သားအိမ်မှထုတ်ကာ အေးခဲပြီး သိမ်းဆည်းထားသည့် လုပ်ငန်းစဉ်သည် ကုန်ကျစရိတ် ဒေါ်လာ ၁၀ ၀၀၀ ရှိနိုင်ပြီး ထိန်းသိမ်းခ တစ်နှစ် ဒေါ်လာ ၅၀၀ ထပ်မံ ကုန်ကျသေးသည်။ ထို့ကြောင့် ယင်း စရိတ်အတွက် ကျခံပေးသည့်အနေဖြင့်ဒေါ်လာ ၂၀၀၀၀ ထောက်ပံ့သွားရန် အက်ပဲလ်နှင့်ဖေ့စ်ဘွတ်ခ်က ဆုံးဖြတ်လိုက် ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top