မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

Credit:  lwinpyin
#Unicode Version#
နှလုံးရောဂါ လေးဘက်နာရောဂါ အတွက် ကြွက်နားရွက်မှို ကို စားပါ။ ( ဘိုးဘွား နားရွက် လို့ခေါ်သည်)
ငါးရက်တခါ၊ တကြိမ်ကို မှိုခြောက် တကျပ်သား ကုန်အောင် စားရသည်။ ဟင်းချက်စား၊ သုပ်စား၊ အမျိုးမျိုး စီမံပြီး စားပါ။ တလအတွင်း ခြောက်ကျပ်သား ဝမ်းထဲဝင်ရင် ရပြီ။

အကျိုးဆက်က နှလုံးသွေးကြောကျဉ်းတာ၊ ကျယ်တာ၊ နှလုံးအဆီပိတ်တာ၊ မောပန်းနွမ်းနယ်တာ၊ ရင်ကျပ်ပန်းနာ၊ အစာအိမ် လေထိုးလေအောင့် ဝေဒနာ အစုံသက်သာပျောက်ကင်းစေသည်။

ကြွက်နားရွက်မှို သုပ်စားလိုသော်—
မှိုခြောက်ကို ရေနွေးစိမ်ပါ၊ တနာရီကြာလျှင် ရေစင်အောင် ဆေး၍ ဓား၊ ကတ်ကြေးဖြင့် ပါးပါးလှီး ညှပ်ထားပါ။ ကြက်သွန်နီ တဥကို ဆီချက် ချက်၍ အအေးခံထားပါ။ ကျန်တလုံးကို ပါးပါး လှီးထားပါ။ စားခါနီးတွင် မှို၊ ပုစွန်ခြောက်မှုန့်၊ ပဲအကျက်မှုန့်၊ ဂေါ်ဖီ လှီးပြီးသားများ ကြက်သွန်နီ လှီးပြီးသား တို့ကို အချို၊ အငန် သင့်ရုံ၊ ဆီချက်၊ သံပုရာရည်ဆမ်း၍ နယ်ကာ စားသုံးပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးစိမ်း၊ ငရုတ်သီးခြောက် အကျက်မှုန့် သုံးနိုင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top