Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မံုရြာၿမိဳ႕တြင္ ဘက္ထရီေမာ္တာသံုးေဆးဖ်န္းပံုးအားသြင္းရာ မွ မီးေလာင္မႈျဖစ္ပြား၍ ေနအိမ္ သံုးလံုးမီးေလာင္ဆံုး႐ႈံးခဲ့ေၾကာင္း မံုရြာၿမိဳ႕နယ္ မီးသတ္ဦးစီးမွဴး ဦးညီညီေဇာ္က ေျပာသည္။

မံုရြာၿမိဳ႕ ထန္းေတာရပ္ကြက္ ကံ့ေကာ္လမ္းရွိ ေနအိမ္တြင္ ႏုိဝင္ ဘာ ၁၂ ရက္ ည ၉ နာရီခန္႔က ဘက္ထရီေမာ္တာသံုးေဆးဖ်န္း ပံုးအားသြင္းရာမွ ဘက္ထရီအပူ လြန္ကဲေပါက္ကြဲၿပီး ေနအိမ္ထရံမွ တစ္ဆင့္ မီးကူးစက္ေလာင္ကြၽမ္း ခဲ့သည္။

‘‘မီးေလာင္တဲ့အိမ္က သီးႏွံ ပြဲ႐ံုလုပ္ကိုင္တာပါ။ သီးႏွံေလွာင္ တဲ့အခါ ေဆးဖ်န္းဖို႔ အားသြင္း ထားတာလို႔ သိရပါတယ္။ ေဆး ဖ်န္းပံုးအားသြင္းၿပီး အျပင္ခဏ သြားေတာ့ အဲဒီအိမ္မွာ လူမရွိတဲ့ အခ်ိန္ မီးေလာင္မႈျဖစ္ပြားခဲ့တာ ပါ’’ဟု ဦးညီညီေဇာ္က ေျပာသည္။ မီးေလာင္မႈျဖစ္ပြားရာသို႔ စစ္ကိုင္းတိုင္းေဒသႀကီး မီးသတ္ ဦးစီးဌာန၊ မံုရြာၿမိဳ႕နယ္ မီးသတ္ စခန္းႏွင့္ ၿမိဳ႕ေပၚ အရန္မီးသတ္ တပ္ဖြဲ႕မ်ားမွ စုစုေပါင္းမီးၿငႇိမ္း သတ္ယာဥ္ ၁၂ စီး၊ ေရသယ္ယာဥ္ငါးစီးတုိ႔ျဖင့္ ဝိုင္းဝန္းၿငိႇမ္းသတ္ခဲ့ သျဖင့္ မီးေလာင္မႈျဖစ္ပြားၿပီး မိနစ္၃၀ ခန္႔အၾကာတြင္ လံုးဝၿငိႇမ္းသတ္ႏုိင္ခဲ့သည္။ မီးေလာင္မႈေၾကာင့္ သြပ္မိုး၊ ထရံကာ၊ အုတ္ခင္းတစ္ ထပ္ အေဆာက္အအံုႏွစ္လံုး၊ သြပ္မိုး၊ ထရံကာ၊ ပ်ဥ္ခင္းႏွစ္ထပ္အ ေဆာက္အအံုတစ္လံုး၊ ဆိုင္ကယ္ ငါးစီး၊ ေရခဲေသတၱာတစ္လံုး၊ တီဗီသံုးလံုး၊ ကြန္ပ်ဴတာေလးလံုး စုစုေပါင္းကာလတန္ဖိုး က်ပ္ ၁၇ သိန္းေက်ာ္ ဆံုး႐ႈံးခဲ့ေၾကာင္း မီး သတ္ဦးစီးဌာနမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ မီးေပါ့ဆစြာ အသံုးျပဳခဲ့ ေသာ အသက္(၄၅)ႏွစ္အရြယ္ အမ်ိဳးသမီးကို မံုရြာၿမိဳ႕ နယ္ေျမ ရဲတပ္ဖြဲ႕စခန္းက ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္စစ္ ေဆးေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မုံရွာမြို့တွင် ဘက်ထရီမော်တာသုံးဆေးဖျန်းပုံးအားသွင်းရာ မှ မီးလောင်မှုဖြစ်ပွား၍ နေအိမ် သုံးလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးမှူး ဦးညီညီဇော်က ပြောသည်။

မုံရွာမြို့ ထန်းတောရပ်ကွက် ကံ့ကော်လမ်းရှိ နေအိမ်တွင် နိုဝင် ဘာ ၁၂ ရက် ည ၉ နာရီခန့်က ဘက်ထရီမော်တာသုံးဆေးဖျန်း ပုံးအားသွင်းရာမှ ဘက်ထရီအပူ လွန်ကဲပေါက်ကွဲပြီး နေအိမ်ထရံမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်း ခဲ့သည်။

‘‘မီးလောင်တဲ့အိမ်က သီးနှံ ပွဲရုံလုပ်ကိုင်တာပါ။ သီးနှံလှောင် တဲ့အခါ ဆေးဖျန်းဖို့ အားသွင်း ထားတာလို့ သိရပါတယ်။ ဆေး ဖျန်းပုံးအားသွင်းပြီး အပြင်ခဏ သွားတော့ အဲဒီအိမ်မှာ လူမရှိတဲ့ အချိန် မီးလောင်မှုဖြစ်ပွားခဲ့တာ ပါ’’ဟု ဦးညီညီဇော်က ပြောသည်။ မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ် ဦးစီးဌာန၊ မုံရွာမြို့နယ် မီးသတ် စခန်းနှင့် မြို့ပေါ် အရန်မီးသတ် တပ်ဖွဲ့များမှ စုစုပေါင်းမီးငြှိမ်း သတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ်ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ သဖြင့် မီးလောင်မှုဖြစ်ပွားပြီး မိနစ်၃၀ ခန့်အကြာတွင် လုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ အုတ်ခင်းတစ် ထပ် အဆောက်အအုံနှစ်လုံး၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်အ ဆောက်အအုံတစ်လုံး၊ ဆိုင်ကယ် ငါးစီး၊ ရေခဲသေတ္တာတစ်လုံး၊ တီဗီသုံးလုံး၊ ကွန်ပျူတာလေးလုံး စုစုပေါင်းကာလတန်ဖိုး ကျပ် ၁၇ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း မီး သတ်ဦးစီးဌာနမှတ်တမ်းများတွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ မီးပေါ့ဆစွာ အသုံးပြုခဲ့ သော အသက်(၄၅)နှစ်အရွယ် အမျိုးသမီးကို မုံရွာမြို့ နယ်မြေ ရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ် ဆေးနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top