Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×


သွေးဖိအား






#Unicode Version#
 ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုး ကျေးဇူးများ
စိတ်ဖိစီးမှုကို ပြေလျော့ စေတဲ့ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ-
ကဗျာ များတဲ့ ဘဝက စိတ်ဖိ စီးမှု တစ်ပုံကြီး ပေးပါတယ်။
စိတ်ဖိ စီးမှု အားလုံးကို ပြေလျော့ စေတဲ့ ရိုးရှင်းတဲ့ နည်းတစ် နည်းကတော့ ပြုံးရယ် ခြင်းသာ ဖြစ်တယ်။ ပြုံးရယ် ခြင်းက သင့်ကို စိတ်ပျော်ရွှင် စေရုံမက စိတ်ဖိ စီးမှု ကိုလည်း အမြန် ဖြေလျှော့ ပေးတယ်။

သွေးဖိအား

(Blood Pressure)ကို ကျစေ သင့်မှာ သွေးတိုး ပြဿနာ ရှိနေ ရင် ဆေးစား၊ ဆေးသောက် အပြင် တစ်နေ့တာ အချိန်ကို ပြုံးရယ် ခြင်းနှင့် ကုန်လွန် ပါစေ။ တစ်ကြိမ် ပြုံးရယ်တိုင်း သွေးပေါင် ချိန်ပမာဏ အတော် အတန် ကျဆင်းကြောင်း သိရတယ်။

ခန္ဓာကိုယ်ခုခံ အားစနစ် ခန္ဓာကိုယ် ခုခံ အားစနစ်(Immune System) တိုးတက် ကောင်းမွန် စေတယ်။

သင့်ခန္ဓာကိုယ်ခုခံအား စနစ်ကို တိုးမြှင့် စေဖို့ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက ခန္ဓာကိုယ်ကို ကိုယ်စိတ် ပြေလျော့ စေ တဲ့အသွင် ရောက်စေပြီး ရောဂါများ (အထူး သဖြင့် အအေးမိ နှာစေးနှင့် တုပ်ကွေး) တိုက်ဖျက ်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ ရုပ်ကို နုပျိုစေ ပါးရေ တွန့်ခြင်း ကင်းပြီး လှပ တင်းရင်းတဲ့ မျက်နှာ ပိုင်ရှင် ဖြစ်ဖို့ မကြာ ခဏ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက သင့်မျက်နှာကို တင်းရင်း စေတဲ့ သဘာဝ နည်းတစ်ခု ဖြစ်ပြီး ရေရှည်မှာ ရုပ်ကို နုပျိုစေပါတယ်။

အနာသက်သာ စေတဲ့ဆေးတစ်လက်

Endorphins ဓာတ်ပစ္စည်းများက သင့်ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှု ကို သက်သာ စေတယ်လို့ သိရတယ်။ ပြုံးရယ်ခြင်းက ယင်းဓာတ် ပစ္စည်းတွေကို ထုတ်လွှတ် ပေးပါတယ်။ ဒါကြောင့် သဘာဝ အကိုက်အခဲ ပျောက်ဆေး သို့မဟုတ် နာကျင်မှု သက်သာဆေး တစ်ခု အနေနှင့် ပြုမူပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျန်းမာရေးစာတိုများစုစည်းမှု
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top