Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လူတစ္ေယာက္မွာ ရွိတဲ့ လက္ေခ်ာင္းေလး ေတြေတာင္ အတိုအရွည္ မညီၾကပါဘူး။ အေဖမတူ အေမမတူ ေသြးမေတာ္ သားမစပ္ လူသား ႏွစ္ဦးရဲ႕ စိတ္ဟာ အခ်ိန္တိုင္း တူညီေနဖို႔ ဆိုတာလည္း မလြယ္ကူလွတဲ့ ကိစၥပါပဲ။

တခါတေလ ေတာ့လည္း ကေတာက္ကဆ/ ကေတာက္ကဆ ကေန စကားမ်ား/ စကားမ်ားရာက ရန္ျဖစ္/ ရန္ျဖစ္ရာကေန ထသတ္ ပါေလေရာ။ 😛

ဒါေပမယ့္ ရန္ျဖစ္တဲ့ အဆင့္ထိပဲ ေကာင္းပါတယ္ေနာ္။ လက္ပါတာေတာ့ သိပ္မမိုက္ဘူး။ ကုိယ္ခ်စ္လို႔ ေရြးထားတဲ့ သူေတြ မလား။ နာက်င္ေအာင္ မလုပ္ရဘူးေလ ေနာ့္ ။ 😀

ကဲ ရန္ျဖစ္ၾကတဲ့ အတြဲေတြ ဘာလို႕ အခ်စ္တိုး ၾကလဲ သိလား။ ေအာက္မွာ ဖတ္ၾကည့္ ႏိုင္ပါတယ္။

1) စကားႏိုင္လုရာကေန ခ်စ္တဲ့သူက အေလွ်ာ့ေပး။

ပိုခ်စ္တဲ့ သူက အေလွ်ာ့ေပး ၾကတာခ်ည္းပါပဲ။ (မနိုင္ေတာ့လို႕လည္း ပါမွာေပါ့။ 😛 )

အဲ့ဒီေတာ့ ရန္ျဖစ္ေနရင္း ကုိယ့္ခ်စ္သူက ေလွ်ာ့လိုက္ၿပီဆိုရင္ ကုိယ္လည္း အႏိုင္မယူပါနဲ႕ေတာ့။ သူကုိယ့္ကို ပိုခ်စ္လို႔သာ ေလွ်ာ့လိုက္တာပါ။

2) စကားႏိုင္ လုတာက စေနာက္ခ်င္ လို႔လည္းျဖစ္ႏိုင္။

ခ်စ္က ကိုကို႔ကို မခ်စ္ပါဘူး။ ဘာညာ စကားစရွာၿပီး ရန္စ တတ္ပါတယ္။ အဲ့ကေန ရန္ျဖစ္ စိတ္ဆိုးၿပီး ျပန္ေခ်ာ့။ ျပန္လည္း အဆင္ေျပ သြားျပန္ေရာ အခ်စ္ေတြက တိုးၿပီးက်န္ခဲ့။ အို္က္စ္ စ္ စ္ စ္ စ္။ 😍

3) တစ္ေယာက္ အေၾကာင္း တစ္ေယာက္ပိုသိ။

ခ်စ္သူသက္တမ္း ၾကာလာေလ တစ္ေယာက္ အေၾကာင္း တစ္ေယာက္ သိေလပါပဲ။ လူ႔အေၾကာင္းက ေပါင္းၾကည့္မွေလ။ ပိုသိလာတာနဲ႕အမွ် ကုိယ့္ခ်စ္သူရဲ႕ စိတ္ေန သေဘာထားကို ပိုသိလာပါမယ္။ အဲ့ေတာ့မွ ပိုခ်စ္သြားတယ္ ဆိုတာ ေတြလည္း ရွိေသးတယ္ေတာ့္။

4) ဥာဏ္လည္း ပိုေကာင္းၾက။

စေနာက္ခ်င္လို႔ ရန္ျဖစ္တာပဲ ျဖစ္ျဖစ္/ အခန္႔မသင့္လို႔ ရန္ျဖစ္မိတာပဲ ျဖစ္ျဖစ္ လတ္တေလာမွာေတာ့ ကုိယ့္ဘက္က အသာစီး လိုခ်င္တာပါပဲ။ ကုိယ္မွန္တယ္ ထင္ရင္ ပိုလို႔ေတာင္ ႏိုင္ခ်င္ပါတယ္။

အဲ့ေတာ့ လွည့္ပတ္ေျပာရင္း ဥာဏ္ကလည္း ေကာင္းလာေရာ။ ဥာဏ္ေကာင္းခ်င္ ရန္မ်ားမ်ား ျဖစ္ၾကပါ။ (စတာ သက္လား 😛 )

5) စိတ္ထဲ မထားတတ္။

ရန္ျဖစ္တဲ့ စံုတြဲေတြဟာ ပြင့္လင္း ၾကသူမ်ားပဲ ျဖစ္ပါတယ္။ တစ္ခုကို မေက်နပ္ဘူးဆိုရင္ ခ်က္ခ်င္း ဖြင့္ေျပာလို႔ ရန္ျဖစ္ရတာလည္း ပါပါတယ္။ အစိုင္အခဲ ေတြကို ရင္ထဲ မထားဘဲ ခ်က္ခ်င္း ေျဖရွင္းဖို႕အတြက္ ရန္ျဖစ္တဲ့ နည္းကို သံုးလို႕ စကားမ်ား ၿပီးတာနဲ႕ အေတးအမွတ္ မထားတဲ့ အတြဲပါ။ အဲ့ဒီေတာ့ ျဖစ္ၿပီးသမွ်ေတြ ေမ့ၿပီး တိုးလို႔ ခ်စ္သြားျပန္ေရာ။

ကဲ ပ်ိဳေမတို႕ေကာ ရန္ျဖစ္ဖို႕ အဆင္သင့္ပဲလား။😁

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #

လူတစ်ယောက်မှာ ရှိတဲ့ လက်ချောင်းလေး တွေတောင် အတိုအရှည် မညီကြပါဘူး။ အဖေမတူ အမေမတူ သွေးမတော် သားမစပ် လူသား နှစ်ဦးရဲ့ စိတ်ဟာ အချိန်တိုင်း တူညီနေဖို့ ဆိုတာလည်း မလွယ်ကူလှတဲ့ ကိစ္စပါပဲ။

တခါတလေ တော့လည်း ကတောက်ကဆ/ ကတောက်ကဆ ကနေ စကားများ/ စကားများရာက ရန်ဖြစ်/ ရန်ဖြစ်ရာကနေ ထသတ် ပါလေရော။ 😛

ဒါပေမယ့် ရန်ဖြစ်တဲ့ အဆင့်ထိပဲ ကောင်းပါတယ်နော်။ လက်ပါတာတော့ သိပ်မမိုက်ဘူး။ ကိုယ်ချစ်လို့ ရွေးထားတဲ့ သူတွေ မလား။ နာကျင်အောင် မလုပ်ရဘူးလေ နော့် ။ 😀

ကဲ ရန်ဖြစ်ကြတဲ့ အတွဲတွေ ဘာလို့ အချစ်တိုး ကြလဲ သိလား။ အောက်မှာ ဖတ်ကြည့် နိုင်ပါတယ်။

1) စကားနိုင်လုရာကနေ ချစ်တဲ့သူက အလျှော့ပေး။

ပိုချစ်တဲ့ သူက အလျှော့ပေး ကြတာချည်းပါပဲ။ (မနိုင်တော့လို့လည်း ပါမှာပေါ့။ 😛 )

အဲ့ဒီတော့ ရန်ဖြစ်နေရင်း ကိုယ့်ချစ်သူက လျှော့လိုက်ပြီဆိုရင် ကိုယ်လည်း အနိုင်မယူပါနဲ့တော့။ သူကိုယ့်ကို ပိုချစ်လို့သာ လျှော့လိုက်တာပါ။

2) စကားနိုင် လုတာက စနောက်ချင် လို့လည်းဖြစ်နိုင်။

ချစ်က ကိုကို့ကို မချစ်ပါဘူး။ ဘာညာ စကားစရှာပြီး ရန်စ တတ်ပါတယ်။ အဲ့ကနေ ရန်ဖြစ် စိတ်ဆိုးပြီး ပြန်ချော့။ ပြန်လည်း အဆင်ပြေ သွားပြန်ရော အချစ်တွေက တိုးပြီးကျန်ခဲ့။ အိုက်စ် စ် စ် စ် စ်။ 😍

3) တစ်ယောက် အကြောင်း တစ်ယောက်ပိုသိ။

ချစ်သူသက်တမ်း ကြာလာလေ တစ်ယောက် အကြောင်း တစ်ယောက် သိလေပါပဲ။ လူ့အကြောင်းက ပေါင်းကြည့်မှလေ။ ပိုသိလာတာနဲ့အမျှ ကိုယ့်ချစ်သူရဲ့ စိတ်နေ သဘောထားကို ပိုသိလာပါမယ်။ အဲ့တော့မှ ပိုချစ်သွားတယ် ဆိုတာ တွေလည်း ရှိသေးတယ်တော့်။

4) ဉာဏ်လည်း ပိုကောင်းကြ။

စနောက်ချင်လို့ ရန်ဖြစ်တာပဲ ဖြစ်ဖြစ်/ အခန့်မသင့်လို့ ရန်ဖြစ်မိတာပဲ ဖြစ်ဖြစ် လတ်တလောမှာတော့ ကိုယ့်ဘက်က အသာစီး လိုချင်တာပါပဲ။ ကိုယ်မှန်တယ် ထင်ရင် ပိုလို့တောင် နိုင်ချင်ပါတယ်။

အဲ့တော့ လှည့်ပတ်ပြောရင်း ဉာဏ်ကလည်း ကောင်းလာရော။ ဉာဏ်ကောင်းချင် ရန်များများ ဖြစ်ကြပါ။ (စတာ သက်လား 😛 )

5) စိတ်ထဲ မထားတတ်။

ရန်ဖြစ်တဲ့ စုံတွဲတွေဟာ ပွင့်လင်း ကြသူများပဲ ဖြစ်ပါတယ်။ တစ်ခုကို မကျေနပ်ဘူးဆိုရင် ချက်ချင်း ဖွင့်ပြောလို့ ရန်ဖြစ်ရတာလည်း ပါပါတယ်။ အစိုင်အခဲ တွေကို ရင်ထဲ မထားဘဲ ချက်ချင်း ဖြေရှင်းဖို့အတွက် ရန်ဖြစ်တဲ့ နည်းကို သုံးလို့ စကားများ ပြီးတာနဲ့ အတေးအမှတ် မထားတဲ့ အတွဲပါ။ အဲ့ဒီတော့ ဖြစ်ပြီးသမျှတွေ မေ့ပြီး တိုးလို့ ချစ်သွားပြန်ရော။

ကဲ ပျိုမေတို့ကော ရန်ဖြစ်ဖို့ အဆင်သင့်ပဲလား။😁

ဖိုးသူတော် (www.phothutaw.com)
Credit: (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top