Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိတ္ကပ္လိမ္းတာဟာ ကၽြန္မတို႔ မိန္းကေလးေတြကို ကိုယ့္ကိုကိုယ္ ယံုၾကည္မႈအျပည့္ရွိေစပါတယ္။ မိတ္ကပ္လိမ္းလိုက္လို႔ ပိုၿပီးႏုသြားတဲ့သူေတြရွိသလို မိတ္ကပ္လိမ္းမွ ပိုၿပီးရုပ္ရင့္သြားတယ္လို႔ ထင္ရတဲ့သူေတြလည္းရွိပါတယ္။

ၾကားဖူးလားမသိဘူး မိတ္ကပ္လိမ္းလိုက္တာ ရုပ္ေျပာင္းသြားတယ္။ လူႀကီးဆန္သြားတယ္လို႔ ေျပာတာမ်ိဳးေလ။ ဒီလိုမျဖစ္ရေအာင္ မိတ္ကပ္လိမ္းနည္းအမွားေတြကို မွ်ေ၀ေပးသြားပါမယ္။

၁။ Concealer အမ်ားႀကီးလိမ္းျခင္း

Concealer အမ်ားႀကီးလိမ္းေပးတာဟာ သင့္အသားအေရအတြက္ အေရးေၾကာင္းပိုျဖစ္ေစၿပီး သင့္ကို အိုမင္းရင့္ေရာ္ေစတယ္လို႔ ထင္ရေစပါတယ္။ မိတ္ကပ္ပညာရွင္ေတြက အခုလို ေဖာင္ေဒးရွင္းအထူႀကီးလိမ္းတာမ်ိဳးမလုပ္ဖို႔ အႀကံျပဳထားပါတယ္။

၂။ မ်က္ေတာင္ေမႊးမွာ Mascara အလြန္အကၽြံသံုးျခင္း

Mascara ကို ေအာက္မ်က္ေတာင္ေမႊးမွာ အမ်ားႀကီးလိမ္းေပးတာဟာ သင့္မ်က္လံုးနားတစ္၀ိုက္မွာ အေရးေၾကာင္းျဖစ္ေစပါတယ္။ အခုလို Mascara အမ်ားႀကီးသံုးလိုက္လို႔လည္း သင့္ကို ပိုၿပီးဆြဲေဆာင္မႈရွိေစမွာမဟုတ္ဘဲ သင့္ကို ပိုၿပီး ရုပ္ရင့္ေစပါတယ္။

၃။ ႏႈတ္ခမ္းနီအေရာင္ ေရြးခ်ယ္မႈမွားယြင္းျခင္း

ႏႈတ္ခမ္းနီဟာ သင့္ရဲ့ ရုပ္ရင့္ျခင္း ႏုပ်ိဳျခင္း ၊ ဆြဲေဆာင္မႈရွိျခင္း မရွိျခင္းကို ပိုၿပီး ထင္ဟပ္ျပသေစပါတယ္။ ဒါ့ေၾကာင့္ ႏႈတ္ခမ္းနီေရာင္ကို သဘာ၀က်တဲ့ အေရာင္ေလးေရြးခ်ယ္သင့္ပါတယ္။ ႏႈတ္ခမ္းနီဆိုးတဲ့အခါႏႈတ္ခမ္းကို ပါးပါးေလးျဖစ္တယ္လို႔မထင္ရေစတဲ့ ႏႈတ္ခမ္းနီမ်ိဳးကို ေရြးခ်ယ္ဆိုးေပးသင့္ပါတယ္။

၄။ အမည္းေရာင္ Eyeshadow ကို မ်ားမ်ားသံုးျခင္း

အမည္းေရာင္ Eye Shadow ကို မ်က္ခြံတစ္ခုလံုးမွာ လိမ္းေပးတာဟာ သင့္ကို ပိုၿပီး အိုမင္းရင့္ေရာ္ေစပါတယ္။ မ်က္ခြံေဒါင့္နားေလးမွာ နည္းနည္းေလးပဲ ထည့္ဆိုးေပးသင့္ပါတယ္။

၅။ Eyeliner ကို မ်က္ခမ္းနားမွာမ်ားမ်ားထည့္ျခင္း။

Eyeliner ကို မ်က္ခမ္းနားမွာ အလြန္အကၽြံဆိုးတာဟာ သင့္မ်က္လံုးကို ပိုက်ဥ္းေစၿပီး ရုပ္ရင့္ေစပါတယ္။ အခုလို Liner အမည္းဆိုးၿပီးရင္လည္း အျဖဴေရာင္ေလးနဲ႔ ျပန္ၿပီး ေျပေအာင္လုပ္ေပးပါ။

၆။ ပါးနီရဲရဲဆိုးျခင္း။

ပန္းႏုေရာင္ ပါးနီိကို ပါးျပင္ေပၚမွာခပ္မ်ားမ်ား ဆိုးေပးတာဟာ သင့္ကို ပိုၿပီး ရုပ္ရွင့္ေစပါတယ္။ ကိုယ္အသက္ ငယ္ေသးတဲ့အခ်ိန္တုန္းကေတာ့ အခုလိုမ်ိဳး ပါးနီ ပန္းေရာင္ဆိုးတာ ျပႆနာမရွိေပမယ့္ အသက္ႀကီးလာလို႔ ရင့္က်က္လာခဲ့အခါ အခုလိုမ်ိဳး ဆိုးေပးရင္ သင့္ကို ပိုၿပီး ရုပ္ရွင့္ေစပါတယ္။

၇။ မ်က္ခံုးေမႊးကို ခပ္ထူထူဆိုးျခင္း။

မ်က္ခံုးေမႊးကို ခပ္ထူထူဆိုးတာဟာ သင့္ကို ပိုၿပီး ရုပ္ရင့္ေစပါတယ္။ အမည္းေရာင္မဟုတ္ဘဲ အညိဳေရာင္ကို ေျပာင္းသံုးေပးပါ။

၈။ မ်က္ကြင္းညိဳတာကို မဖံုးျခင္း။

မ်က္ကြင္းညိဳတာဟာ လူေတာ္ေတာ္မ်ားမ်ား ႀကံဳေတြ႔ရတဲ့ ျပႆနာတစ္ခုပါ။ မ်က္ကြင္းညိဳေနတာကို Concealer နဲ႔မဟုတ္ဘဲ Corrector နဲ႔ ပါးပါးေလးဖံုးေပးပါ။

၉။ Lip Liner ကို ခပ္ပါးပါးျဖစ္ေအာင္ ေဖ်ာက္မပစ္ျခင္း။

Lip Liner က မိတ္ကပ္လိမ္းတဲ့ေနရာမွာ လိုအပ္ေပမယ့္ Lip Liner ကို ခပ္ထူထူေလး ထားပစ္ခဲ့မယ္ဆိုရင္ သင့္ကို ပိုၿပီး ရုပ္ရင့္ေစပါတယ္။ Lip Liner ကို ခပ္ေဖ်ာ့ေဖ်ာ့ေလးျဖစ္ေအာင္ ေဖ်ာက္ပစ္လိုက္ပါ။

၁၀။ ေပါင္ဒါထူထူလိမ္းျခင္း။

ေပါင္ဒါကို ခပ္ထူထူေလးလိမ္းတာဟာ သင့္ကို ပိုၿပီး ရုပ္ရင့္ေစသလို အေရးေၾကာင္းျဖစ္ေစၿပီး အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
မိတ်ကပ်လိမ်းတာဟာ ကျွန်မတို့ မိန်းကလေးတွေကို ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိစေပါတယ်။ မိတ်ကပ်လိမ်းလိုက်လို့ ပိုပြီးနုသွားတဲ့သူတွေရှိသလို မိတ်ကပ်လိမ်းမှ ပိုပြီးရုပ်ရင့်သွားတယ်လို့ ထင်ရတဲ့သူတွေလည်းရှိပါတယ်။

ကြားဖူးလားမသိဘူး မိတ်ကပ်လိမ်းလိုက်တာ ရုပ်ပြောင်းသွားတယ်။ လူကြီးဆန်သွားတယ်လို့ ပြောတာမျိုးလေ။ ဒီလိုမဖြစ်ရအောင် မိတ်ကပ်လိမ်းနည်းအမှားတွေကို မျှဝေပေးသွားပါမယ်။

၁။ Concealer အများကြီးလိမ်းခြင်း

Concealer အများကြီးလိမ်းပေးတာဟာ သင့်အသားအရေအတွက် အရေးကြောင်းပိုဖြစ်စေပြီး သင့်ကို အိုမင်းရင့်ရော်စေတယ်လို့ ထင်ရစေပါတယ်။ မိတ်ကပ်ပညာရှင်တွေက အခုလို ဖောင်ဒေးရှင်းအထူကြီးလိမ်းတာမျိုးမလုပ်ဖို့ အကြံပြုထားပါတယ်။

၂။ မျက်တောင်မွှေးမှာ Mascara အလွန်အကျွံသုံးခြင်း

Mascara ကို အောက်မျက်တောင်မွှေးမှာ အများကြီးလိမ်းပေးတာဟာ သင့်မျက်လုံးနားတစ်ဝိုက်မှာ အရေးကြောင်းဖြစ်စေပါတယ်။ အခုလို Mascara အများကြီးသုံးလိုက်လို့လည်း သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေမှာမဟုတ်ဘဲ သင့်ကို ပိုပြီး ရုပ်ရင့်စေပါတယ်။

၃။ နှုတ်ခမ်းနီအရောင် ရွေးချယ်မှုမှားယွင်းခြင်း

နှုတ်ခမ်းနီဟာ သင့်ရဲ့ ရုပ်ရင့်ခြင်း နုပျိုခြင်း ၊ ဆွဲဆောင်မှုရှိခြင်း မရှိခြင်းကို ပိုပြီး ထင်ဟပ်ပြသစေပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီရောင်ကို သဘာဝကျတဲ့ အရောင်လေးရွေးချယ်သင့်ပါတယ်။ နှုတ်ခမ်းနီဆိုးတဲ့အခါနှုတ်ခမ်းကို ပါးပါးလေးဖြစ်တယ်လို့မထင်ရစေတဲ့ နှုတ်ခမ်းနီမျိုးကို ရွေးချယ်ဆိုးပေးသင့်ပါတယ်။

၄။ အမည်းရောင် Eyeshadow ကို များများသုံးခြင်း

အမည်းရောင် Eye Shadow ကို မျက်ခွံတစ်ခုလုံးမှာ လိမ်းပေးတာဟာ သင့်ကို ပိုပြီး အိုမင်းရင့်ရော်စေပါတယ်။ မျက်ခွံဒေါင့်နားလေးမှာ နည်းနည်းလေးပဲ ထည့်ဆိုးပေးသင့်ပါတယ်။

၅။ Eyeliner ကို မျက်ခမ်းနားမှာများများထည့်ခြင်း။

Eyeliner ကို မျက်ခမ်းနားမှာ အလွန်အကျွံဆိုးတာဟာ သင့်မျက်လုံးကို ပိုကျဉ်းစေပြီး ရုပ်ရင့်စေပါတယ်။ အခုလို Liner အမည်းဆိုးပြီးရင်လည်း အဖြူရောင်လေးနဲ့ ပြန်ပြီး ပြေအောင်လုပ်ပေးပါ။

၆။ ပါးနီရဲရဲဆိုးခြင်း။

ပန်းနုရောင် ပါးနီကို ပါးပြင်ပေါ်မှာခပ်များများ ဆိုးပေးတာဟာ သင့်ကို ပိုပြီး ရုပ်ရှင့်စေပါတယ်။ ကိုယ်အသက် ငယ်သေးတဲ့အချိန်တုန်းကတော့ အခုလိုမျိုး ပါးနီ ပန်းရောင်ဆိုးတာ ပြဿနာမရှိပေမယ့် အသက်ကြီးလာလို့ ရင့်ကျက်လာခဲ့အခါ အခုလိုမျိုး ဆိုးပေးရင် သင့်ကို ပိုပြီး ရုပ်ရှင့်စေပါတယ်။

၇။ မျက်ခုံးမွှေးကို ခပ်ထူထူဆိုးခြင်း။

မျက်ခုံးမွှေးကို ခပ်ထူထူဆိုးတာဟာ သင့်ကို ပိုပြီး ရုပ်ရင့်စေပါတယ်။ အမည်းရောင်မဟုတ်ဘဲ အညိုရောင်ကို ပြောင်းသုံးပေးပါ။

၈။ မျက်ကွင်းညိုတာကို မဖုံးခြင်း။

မျက်ကွင်းညိုတာဟာ လူတော်တော်များများ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။ မျက်ကွင်းညိုနေတာကို Concealer နဲ့မဟုတ်ဘဲ Corrector နဲ့ ပါးပါးလေးဖုံးပေးပါ။

၉။ Lip Liner ကို ခပ်ပါးပါးဖြစ်အောင် ဖျောက်မပစ်ခြင်း။

Lip Liner က မိတ်ကပ်လိမ်းတဲ့နေရာမှာ လိုအပ်ပေမယ့် Lip Liner ကို ခပ်ထူထူလေး ထားပစ်ခဲ့မယ်ဆိုရင် သင့်ကို ပိုပြီး ရုပ်ရင့်စေပါတယ်။ Lip Liner ကို ခပ်ဖျော့ဖျော့လေးဖြစ်အောင် ဖျောက်ပစ်လိုက်ပါ။

၁၀။ ပေါင်ဒါထူထူလိမ်းခြင်း။

ပေါင်ဒါကို ခပ်ထူထူလေးလိမ်းတာဟာ သင့်ကို ပိုပြီး ရုပ်ရင့်စေသလို အရေးကြောင်းဖြစ်စေပြီး အသားအရေကို ခြောက်သွေ့စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top