Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

စစ္ကိုင္းတိုင္းေဒသႀကီး မံုရြာၿမိဳ႕တြင္ ယခုလ ၁၄ ရက္ေန႔က ဘိန္းျဖဴ က်ပ္သိန္း ၅၀ ေက်ာ္ဖိုးခန္႔ ဖမ္းဆီးရမိခ့ဲေၾကာင္း မံုရြာနယ္ေျမရဲစခန္းမွ သိရသည္။

ဘိန္းျဖဴအမႈန္႔ ၅၅ ဒသမ ၄ ဂရမ္၊ ကာလတန္ဖိုး (၅၅၄၀၀၀၀)က်ပ္ကို  ဖမ္းမိခ့ဲျခင္းျဖစ္သည္။

ႏိုဝင္ဘာ ၁၄ ရက္ေန႔က မံုရြာမူးယစ္တပ္ဖြဲ႔စု ႏွင့္ မံုရြာနယ္ေျမရဲစခန္းတို႔ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ဘုန္းစိုးလမ္းႏွင့္ပိေတာက္လမ္းဆံုတြင္ ေစာင့္ဆိုင္းေနခ့ဲရာ ဆိုင္ကယ္ေမာင္းႏွင့္ လာေသာ အသက္ (၂၀)အရြယ္ အမ်ိဳးသားတစ္ဦးထံမွ ဘိန္းျဖဴ (၀ ဒသမ ၆) ဂရမ္  ဖမ္းမိခ့ဲသည္။

၄င္း၏ေနအိမ္တြင္လည္း ဘိန္းျဖဴမ်ားက်န္ရွိေနေသးေၾကာင္း ထြက္ဆိုသျဖင့္ သြားေရာက္ရွာေဖြခ့ဲရာ ထပ္မံသိမ္းဆည္းရမိခ့ဲသည္။

ယင္းေၾကာင့္ မူးယစ္ေဆးမ်ားလက္ဝယ္ေတြ႔ရွိသူ အသက္ (၂၀)အရြယ္အမ်ိဳးသားအား မံုရြာနယ္ေျမရဲစခန္း တြင္ မယ(ပ)၁၃/၂၀၁၇၊ မူး/စိတ္ ပုဒ္မ ၁၅/၁၉(က) အရအမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzima
#Unicode Version#
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယခုလ ၁၄ ရက်နေ့က ဘိန်းဖြူ ကျပ်သိန်း ၅၀ ကျော်ဖိုးခန့် ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

ဘိန်းဖြူအမှုန့် ၅၅ ဒသမ ၄ ဂရမ်၊ ကာလတန်ဖိုး (၅၅၄၀၀၀၀)ကျပ်ကို  ဖမ်းမိခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက်နေ့က မုံရွာမူးယစ်တပ်ဖွဲ့စု နှင့် မုံရွာနယ်မြေရဲစခန်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဘုန်းစိုးလမ်းနှင့်ပိတောက်လမ်းဆုံတွင် စောင့်ဆိုင်းနေခဲ့ရာ ဆိုင်ကယ်မောင်းနှင့် လာသော အသက် (၂၀)အရွယ် အမျိုးသားတစ်ဦးထံမှ ဘိန်းဖြူ (၀ ဒသမ ၆) ဂရမ်  ဖမ်းမိခဲ့သည်။

၎င်း၏နေအိမ်တွင်လည်း ဘိန်းဖြူများကျန်ရှိနေသေးကြောင်း ထွက်ဆိုသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ယင်းကြောင့် မူးယစ်ဆေးများလက်ဝယ်တွေ့ရှိသူ အသက် (၂၀)အရွယ်အမျိုးသားအား မုံရွာနယ်မြေရဲစခန်း တွင် မယ(ပ)၁၃/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရအမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top