ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ယေန႔ေခတ္တြင္ ၿမိဳ႕ျပ ၏ မြန္းက်ပ္မႈမ်ားကို ခဏတာျဖစ္ျဖစ္  ေျပေပ်ာက္ေစရန္ ခရီးထြက္ၾကသည္။  အခ်ိဳ႕က ခံစားမႈအသစ္အဆန္းကို ခံစားရန္၊ စိတ္အပန္းေျဖရန္၊ သဘာဝတရားကို    ေလ့လာၾကည့္႐ႈရန္ စသည့္အေၾကာင္းျပခ်က္အမ်ိဳး မ်ိဳးျဖင့္ ခရီးထြက္ၾကသည္။

Social Media အားေကာင္း လာသည္ႏွင့္အမွ် ခရီးသြား ကုမၸဏီမ်ားသည္လည္း ပံုစံအမ်ိဳး မ်ိဳးျဖင့္ ဆြဲေဆာင္လာၾကသည္။ ထိုသို႔ ပံုစံအမ်ိဳးမ်ိဳးရွိသည့္ ဆြဲ ေဆာင္မႈမ်ားထဲမွ Travelling Beetle Travel and Tour ကုမၸဏီ ၏ ခရီးစဥ္တစ္ခုက လက္ရွိလူမႈ ကြန္ရက္တြင္ စိတ္ဝင္စားမႈျမင့္ တက္ေနသည္။

အဆုိပါ အစီအစဥ္သည္ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၈ ဦးစီျဖင့္ရန္ကုန္မွ ကေလာသို႔ ေလးရက္ ၾကာသြားေရာက္မည့္ Single Tripအစီအစဥ္ဟု ေၾကညာထားျခင္း ျဖစ္သည္။

ယင္းအစီအစဥ္အရ ရန္ကုန္ မွ ကေလာသို႔ ခရီးသြားကားျဖင့္ ဒီဇင္ဘာ ၈ ရက္မွ ၁၁ ရက္အထိ သြားေရာက္လည္ပတ္မည့္ ႏွစ္ည အိပ္ သံုးရက္ခရီးစဥ္ျဖစ္သည္။

‘‘Single Trip က အားလံုးထင္ေနၾကတာက Dating ခရီးစဥ္လုိ႔ထင္ေနၾကတယ္။ ဒီခရီးစဥ္ရဲ႕သေဘာက အရင္က ခရီးထြက္တဲ့အခါမွာ အေဖာ္မရွိတဲ့အခါ မ်ားေသာအားျဖင့္ ႏွစ္ေယာက္မွဆို ေတာ့ တစ္ေယာက္တည္း ခရီး ထြက္ဖို႔ဆုိတာ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးေလ။ အဲဒီေတာ့ Single ဆုိၿပီးေတာ့ ဒီခရီးေလးလုပ္ျဖစ္တာ။ ဒီခရီးစဥ္က Dating Tour မဟုတ္ဘူး။ ဟိုတယ္ကအစ ခြဲၿပီးတည္းရမွာပါ။ က်န္တဲ့ကိစၥေတြကို လည္း စိတ္ပူစရာမရွိပါဘူး’’ဟု ကိုမ်ိဳးသက္ႏုိင္က ေျပာသည္။

ျမန္မာႏုိင္ငံတြင္ လက္ရွိခရီး သြားလုပ္ငန္းလုပ္ကိုင္သူမ်ား ၾကား ခရီးစဥ္မ်ိဳးစံုကို စီစဥ္ေပး ျခင္းမ်ားရွိေနရာ Customer မ်ား အတြက္ လူတုိင္းသြားေနက်ခရီး စဥ္မ်ားကို ထူးျခားသည့္အစီအ စဥ္မ်ားျဖင့္ စီစဥ္ေပးေၾကာင္း ၎ က ေျပာသည္။

အဆုိပါ Single ခရီးစဥ္တြင္ Trekking ေလွ်ာက္ျခင္း၊ ဂိမ္း ကစားျခင္း အစီအစဥ္မ်ားလည္း ပါဝင္မည္ျဖစ္သည္။

‘‘မီးပံုပြဲလုပ္ေပးမယ္။ ဂိမ္းေဆာ့မယ္။ သီခ်င္းေတြ တူတူ ဆုိမယ္။ ကံထူးတဲ့သူတစ္ဦးကို လည္း လက္ေဆာင္ပစၥည္းတစ္ခု ကံစမ္းမဲေဖာက္ေပးဖို႔ရွိတယ္’’ဟု ၎က ေျပာသည္။

တည္းခိုရန္ ကေလာရွိ Pine Hill Resort တြင္ ႏွစ္ေယာက္တစ္ ခန္းႏႈန္း တည္းခိုရမည္ျဖစ္ၿပီး ခရီး စဥ္အတြက္ လက္ရွိ လူဦးေရ ၁၀ ဦး လက္ခံၿပီးျဖစ္ေၾကာင္း ၎က ေျပာသည္။ အဆုိပါခရီးစဥ္တြင္ ခ်စ္သူရည္းစားမ်ား ပါဝင္ေစမည္ မဟုတ္ဘဲ အတြဲမရွိသူ Single မ်ားသာ သီးသန္႔လက္ခံမည္ျဖစ္ သည္။

‘‘ခရီးသြားေနတဲ့ လူအခ်င္း ခ်င္းျဖစ္တဲ့အတြက္ တစ္ေယာက္ နဲ႔တစ္ေယာက္ ႐ိုင္း႐ိုင္းပင္းပင္းရွိ တာေတာ့ ပိုေကာင္းတယ္။ သူတုိ႔ ဟာသူတို႔ ေနာက္ပိုင္းမွ ႀကိဳက္ သြားရင္ေတာ့ သူတို႔အပိုင္းေပါ့။ ခရီးစဥ္မွာေတာ့ က်ိန္းေသတာက မိတ္ေဆြအဆင့္ပါပဲ’’ဟု ၎က ေျပာသည္။

Travelling Beetle အေန ျဖင့္ ‘The Hangover Tour’ ခရီး စဥ္ကိုလည္း ဖိတ္ေခၚထားသည္။ ေသာၾကာညမ်ားတြင္ ဘားမ်ား၊ ကလပ္မ်ား၌ ကုန္ဆံုးေလ့ရွိသူ မ်ားအတြက္ ဓမၼေစတီလမ္းႏွင့္ လင့္လမ္းေထာင့္တြင္ အသစ္ဖြင့္ လွစ္ထားသည့္ Regional Bistro Bar မွစၿပီး ေငြေဆာင္ကမ္းေျခသို႔ သြားမည့္အစီအစဥ္ျဖစ္သည္။ အဆိုပါအစီအစဥ္တြင္ အနည္း ဆံုး သူငယ္ခ်င္းေလးဦး (သို႔ မဟုတ္) ရွစ္ဦး ပါဝင္မည္ျဖစ္ သည္။

‘‘Travelling Beetle အေန နဲ႔ Dating မွမဟုတ္ဘူး။ Va-lentine ဆုိလည္း အဲဒီလိုမ်ိဳးရွိ မယ္။ ခ်စ္သူမ်ားေန႔ဆုိရင္ ေန႔ခ်င္းျပန္သြားမယ္။ ဓာတ္ပံုဆရာေတြအမ်ားႀကီးေခၚသြားမယ္။ အတြဲေတြ ဓာတ္ပံုအမ်ားႀကီး႐ိုက္လုိ႔ရ မယ့္ေနရာေပါ့။ ၿပီးရင္ အတြဲလိုက္ကို အယ္လ္ဘမ္လိုက္ထုတ္ေပး မယ္။ CD ခ်ပ္ေတြ ထည့္ေပးမယ္။သူတုိ႔နာမည္နဲ႔ ကိတ္တစ္လံုး လက္ေဆာင္ေပးမယ္’’ဟု ကုိမ်ိဳး သက္ႏုိင္က ေျပာသည္။

ယခုေနာက္ပိုင္းတြင္ လူငယ္ အမ်ားစုက ခရီးထြက္အပန္းေျဖ ၍ ဓာတ္ပံု႐ိုက္ျခင္းကို ႏွစ္သက္ လာၾကေၾကာင္း အလြယ္တကူ ေတြ႕ျမင္ႏိုင္သည္။ ခရီးသြားအ ပန္းေျဖျခင္းတြင္ တစ္ဦးတည္း ခရီးထြက္ျခင္းသည္ ႏိုင္ငံတကာ တြင္ မထူးဆန္းေသာ္လည္း ျမန္မာႏုိင္ငံ၌မူ ေခတ္မစားေသးေပ။ ထို႔ ေၾကာင့္ တစ္ေယာက္တည္းသမား မ်ား စုစည္း၍ ယခုလို Single Trip မ်ားစီစဥ္ကာ ဖန္တီးေပးျခင္းျဖင့္ တစ္ဦးတည္းသမားမ်ားအတြက္ ရသတစ္ခုကို ခံစားႏုိင္မည္ျဖစ္ သည္။

‘‘ကြၽန္ေတာ္က အသက္အ ေနအထားအရလည္း(၃၀)ကပ္ေနၿပီ။ ခရီးေတြ ဘာေတြသြားမယ္ဆို သူငယ္ခ်င္းအမ်ားစုကလည္း သူ႔ အိမ္ေထာင္နဲ႔သူဆိုတဲ့အခါက် ေတာ့ ကိုယ္နဲ႔ ခရီးတူတူသြားဖို႔က အဆင္မေျပဘူး။ ဒီခရီးစဥ္ေလး ကိုေတြ႕ေတာ့ တစ္ေယာက္တည္း သမားေတြအတြက္ ေတာ္ေတာ္ ေလး အဆင္ေျပတယ္လုိ႔လည္း ျမင္မိတယ္။ ႏုိင္ငံျခားမွာဆုိရင္ လည္း Single Party တုိ႔ ဘာတုိ႔ ရွိတယ္ေလ။ ဒီျမန္မာႏုိင္ငံမွာ ေတာ့ ပထမဆံုးစလုပ္တဲ့ အသစ္ အဆန္းေလးတစ္ခုလို႔ ျမင္မိ တယ္။ အစက ရြာငံဘက္ကို တစ္ ေယာက္တည္းသြားမလုိ႔ အစီအ စဥ္ရွိတယ္ေပါ့။ ဒါေပမဲ့ ဒီခရီး စဥ္ေလးကို ေတြ႕တဲ့အခါ တစ္ေယာက္တည္းသြားရင္ ပ်င္း ေျခာက္ေျခာက္ျဖစ္ေနမွာနဲ႔အတူ  တူ ဒီခရီးစဥ္ေလးကို လိုက္သြား မယ္ဆုိၿပီး စာရင္းေပးျဖစ္လိုက္ တာပါ’’ဟု အဆုိပါခရီးစဥ္သို႔ လိုက္ပါရန္ စီစဥ္ထားသည့္ ကိုသက္ထူးက ေျပာသည္။

ကိုယ္တုိင္က အမ်ိဳးသားျဖစ္ ေသာေၾကာင့္ အဆုိပါခရီးစဥ္ႏွင့္ ပတ္သက္၍ စိတ္ပူျခင္း၊ စိုးရိမ္ ျခင္းမ်ားမရွိသလုိ သူငယ္ခ်င္းအ သစ္မ်ားႏွင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လိုက္ပါရမည့္ ခရီးစဥ္တစ္ခုျဖစ္ ေသာေၾကာင့္ ေပ်ာ္ရႊင္မည္ဟု ယံုၾကည္ေၾကာင္း ၎က ေျပာ သည္။ ဒီခရီးစဥ္ အစီအစဥ္က ေကာင္းပါတယ္။ တစ္ေယာက္ တည္း ျဖစ္ေနလို႔ ခရီးမသြားျဖစ္တဲ့ သူေတြအတြက္ အဆင္ေျပတယ္။ ကိုယ္တုိင္လည္း သြားခ်င္စိတ္ျဖစ္ မိတယ္’’ဟု (၂၁)ႏွစ္အရြယ္ မျဖဴ စင္သန္႔က ေျပာသည္။

ျမန္မာႏိုင္ငံ၏လူမႈဆက္ဆံ ေရးဆိုင္ရာ အယူအဆေတြက ယခုကဲ့သို႔ ခရီးစဥ္မ်ိဳးႏွင့္ လိုက္ ေလ်ာညီေထြျဖစ္ရန္ မေသခ်ာ ေၾကာင္း ဥပေဒေက်ာင္းသား ကိုသက္ပိုင္က ေျပာသည္။

‘‘ကြၽန္ေတာ္ကေတာ့ မရင္း ႏွီးတဲ့ လူေတြအမ်ားႀကီးနဲ႔ မလိုအပ္ဘဲ ဆက္ဆံရတာကို သေဘာမ က်တဲ့အတြက္ ဒီလိုခရီးစဥ္မ်ိဳးမ သြားျဖစ္ေလာက္ဘူး’’ဟု ၎က ေျပာသည္။

‘‘ကိုယ့္သားသမီးက (၁၈)ႏွစ္ ျပည့္ရင္ေတာ့ စိတ္ခ်လို႔ ရပါ တယ္။ (၁၈)ႏွစ္မျပည့္ေသးရင္ ေတာ့ စိတ္ခ်လို႔မရေသးဘူး။ စီစဥ္တဲ့အဖြဲဲ႕အစည္းအေနနဲ႔ ယံုၾကည္စိတ္ခ်ရေလာက္တဲ့ အဖြဲ႕အစည္း ဆိုရင္ေတာ့ အဆင္ေျပပါတယ္။ မိဘခြင့္ျပဳခ်က္ေတြ ဘာေတြ ေသခ်ာေမးၿပီး စိစစ္ရင္ေတာ့ အဆင္ေျပပါတယ္’’ဟု အသက္(၅၀)အရြယ္ ေဒၚခင္ၿပံဳးက ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ပထမဆံုး ခရီးစဥ္ျဖစ္၍ လူငယ္မ်ားအဆင္ ေျပႏိုင္ၿပီး လူႀကီးမ်ားအေနျဖင့္ သေဘာမက်ႏိုင္သည့္ အေျခအ ေနမ်ိဳးရွိႏိုင္ေၾကာင္း A.M Star Travel & Tour ဒါ႐ိုက္တာ မျဖဴေဖြးသန္႔က ေျပာသည္။

‘‘ပထမဆံုးခရီးစဥ္ျဖစ္တဲ့အ တြက္ ျပန္လာတဲ့အခါ သူတုိ႔ရဲ႕အ ေျခအေနနဲ႔ အေနအထား Feed-back ကို ေစာင့္ၾကည့္ၿပီး လူေတြ က လက္ခံတယ္၊ လက္မခံဘူး သိသာလာမယ္ထင္ပါတယ္။ အိုင္ ဒီယာထုိးေဖာက္ႏုိင္တာကို သ ေဘာက်တယ္။ ဒါေပမဲ့ ကိုယ္ ကိုယ္တုိင္က်ေတာ့ ဒီလိုမ်ိဳးလုပ္ မလားဆိုေတာ့ အမွန္အတုိင္း ေျပာရင္ေတာ့ မလြယ္ဘူးေပါ့။ ပံု မွန္ခရီးသြားလုပ္ငန္းေတြေတာင္  အခက္အခဲအမ်ားႀကီးရွိတာ သူ တို႔လို ပံုစံမ်ိဳးဆိုရင္ေတာ့ စီစဥ္ရ တဲ့အပိုင္းမွာ ပိုၿပီးေတာင္ အခက္ အခဲရွိႏုိင္ပါတယ္’’ဟု ၎က ေျပာသည္။

အျခားအေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားတြင္ ခရီးသြား Package ျဖင့္ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ား ေတြ႕ဆံုရန္ စီစဥ္သည့္ခရီးစဥ္မ်ား ကို ေရာင္းခ်တာမ်ိဳး ႀကံဳဖူးေၾကာင္း ေဒၚစံပယ္ေအာင္က ေျပာသည္။

‘‘အစ္မတို႔ ျမန္မာႏုိင္ငံမွာက ယဥ္ေက်းမႈအေျခခံခရီးသြားလုပ္ ငန္းနဲ႔ သဘာဝအေျခခံခရီးသြား လုပ္ငန္းကို အေကာင္အထည္ ေဖာ္တဲ့ႏိုင္ငံျဖစ္တယ္။ ဒီႏုိင္ငံရဲ႕ ခရီးသြား image က ဒီႏိုင္ငံအေပၚ မွာ အင္မတန္မွ မူတည္တယ္။ အျခားခရီးသြားလုပ္ငန္းတစ္ခု ပုဂၢိလကပဲျဖစ္ျဖစ္၊ ႏုိင္ငံတကာ ကပဲျဖစ္ျဖစ္ ႏုိင္ငံရဲ႕ Image က် ဆင္းေစႏုိင္တဲ့အဓိပၸာယ္အမ်ိဳးမ်ိဳး ထြက္တဲ့ ဝန္ေဆာင္မႈေတြကို ေပး ေနမယ္ဆုိရင္ သက္ဆုိင္ရာလူ ေတြရဲ႕ တာဝန္ပဲျဖစ္တယ္’’ဟု ေဒၚစံပယ္ေအာင္က ေျပာသည္။

ယခင္က ျမန္မာႏုိင္ငံတြင္ ေအာင္သြယ္ဝန္ေဆာင္မႈလုပ္ငန္း မ်ားႏွင့္ ႏုိင္ငံတကာ၌ တစ္ဦး တည္းသမားအခ်င္းခ်င္း ခ်ိတ္ ဆက္ေပးသည့္ ကုမၸဏီမ်ားရွိ ေသာ္လည္း ယခု Single Trip သည္ အဆုိပါအရာမ်ားႏွင့္ ကြဲလြဲ ၿပီး ထူးျခားသည့္ ခရီးစဥ္တစ္ခုျဖစ္ ေသာေၾကာင့္ စိတ္ဝင္စားသူမ်ား ႏွင့္ တစ္ဦးတည္းခရီးထြက္ရန္ ခက္ခဲေနသူမ်ားအတြက္ လိုက္ပါ လည္ပတ္လိုပါက အဆင္ေျပ ေခ်ာေမြ႕ေသာ ခရီးစဥ္တစ္ခုျဖစ္ လာမည္လားဆုိတာကေတာ့ ေစာင့္ၾကည့္ရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ယနေ့ခေတ်တွင် မြို့ပြ ၏ မွန်းကျပ်မှုများကို ခဏတာဖြစ်ဖြစ်  ပြေပျောက်စေရန် ခရီးထွက်ကြသည်။  အချို့က ခံစားမှုအသစ်အဆန်းကို ခံစားရန်၊ စိတ်အပန်းဖြေရန်၊ သဘာဝတရားကို    လေ့လာကြည့်ရှုရန် စသည့်အကြောင်းပြချက်အမျိုး မျိုးဖြင့် ခရီးထွက်ကြသည်။

Social Media အားကောင်း လာသည်နှင့်အမျှ ခရီးသွား ကုမ္ပဏီများသည်လည်း ပုံစံအမျိုး မျိုးဖြင့် ဆွဲဆောင်လာကြသည်။ ထိုသို့ ပုံစံအမျိုးမျိုးရှိသည့် ဆွဲ ဆောင်မှုများထဲမှ Travelling Beetle Travel and Tour ကုမ္ပဏီ ၏ ခရီးစဉ်တစ်ခုက လက်ရှိလူမှု ကွန်ရက်တွင် စိတ်ဝင်စားမှုမြင့် တက်နေသည်။

အဆိုပါ အစီအစဉ်သည် အမျိုးသား၊ အမျိုးသမီး ၁၈ ဦးစီဖြင့်ရန်ကုန်မှ ကလောသို့ လေးရက် ကြာသွားရောက်မည့် Single Tripအစီအစဉ်ဟု ကြေညာထားခြင်း ဖြစ်သည်။

ယင်းအစီအစဉ်အရ ရန်ကုန် မှ ကလောသို့ ခရီးသွားကားဖြင့် ဒီဇင်ဘာ ၈ ရက်မှ ၁၁ ရက်အထိ သွားရောက်လည်ပတ်မည့် နှစ်ည အိပ် သုံးရက်ခရီးစဉ်ဖြစ်သည်။

‘‘Single Trip က အားလုံးထင်နေကြတာက Dating ခရီးစဉ်လို့ထင်နေကြတယ်။ ဒီခရီးစဉ်ရဲ့သဘောက အရင်က ခရီးထွက်တဲ့အခါမှာ အဖော်မရှိတဲ့အခါ များသောအားဖြင့် နှစ်ယောက်မှဆို တော့ တစ်ယောက်တည်း ခရီး ထွက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ အဲဒီတော့ Single ဆိုပြီးတော့ ဒီခရီးလေးလုပ်ဖြစ်တာ။ ဒီခရီးစဉ်က Dating Tour မဟုတ်ဘူး။ ဟိုတယ်ကအစ ခွဲပြီးတည်းရမှာပါ။ ကျန်တဲ့ကိစ္စတွေကို လည်း စိတ်ပူစရာမရှိပါဘူး’’ဟု ကိုမျိုးသက်နိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိခရီး သွားလုပ်ငန်းလုပ်ကိုင်သူများ ကြား ခရီးစဉ်မျိုးစုံကို စီစဉ်ပေး ခြင်းများရှိနေရာ Customer များ အတွက် လူတိုင်းသွားနေကျခရီး စဉ်များကို ထူးခြားသည့်အစီအ စဉ်များဖြင့် စီစဉ်ပေးကြောင်း ၎င်း က ပြောသည်။

အဆိုပါ Single ခရီးစဉ်တွင် Trekking လျှောက်ခြင်း၊ ဂိမ်း ကစားခြင်း အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

‘‘မီးပုံပွဲလုပ်ပေးမယ်။ ဂိမ်းဆော့မယ်။ သီချင်းတွေ တူတူ ဆိုမယ်။ ကံထူးတဲ့သူတစ်ဦးကို လည်း လက်ဆောင်ပစ္စည်းတစ်ခု ကံစမ်းမဲဖောက်ပေးဖို့ရှိတယ်’’ဟု ၎င်းက ပြောသည်။

တည်းခိုရန် ကလောရှိ Pine Hill Resort တွင် နှစ်ယောက်တစ် ခန်းနှုန်း တည်းခိုရမည်ဖြစ်ပြီး ခရီး စဉ်အတွက် လက်ရှိ လူဦးရေ ၁၀ ဦး လက်ခံပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ အဆိုပါခရီးစဉ်တွင် ချစ်သူရည်းစားများ ပါဝင်စေမည် မဟုတ်ဘဲ အတွဲမရှိသူ Single များသာ သီးသန့်လက်ခံမည်ဖြစ် သည်။

‘‘ခရီးသွားနေတဲ့ လူအချင်း ချင်းဖြစ်တဲ့အတွက် တစ်ယောက် နဲ့တစ်ယောက် ရိုင်းရိုင်းပင်းပင်းရှိ တာတော့ ပိုကောင်းတယ်။ သူတို့ ဟာသူတို့ နောက်ပိုင်းမှ ကြိုက် သွားရင်တော့ သူတို့အပိုင်းပေါ့။ ခရီးစဉ်မှာတော့ ကျိန်းသေတာက မိတ်ဆွေအဆင့်ပါပဲ’’ဟု ၎င်းက ပြောသည်။

Travelling Beetle အနေ ဖြင့် ‘The Hangover Tour’ ခရီး စဉ်ကိုလည်း ဖိတ်ခေါ်ထားသည်။ သောကြာညများတွင် ဘားများ၊ ကလပ်များ၌ ကုန်ဆုံးလေ့ရှိသူ များအတွက် ဓမ္မစေတီလမ်းနှင့် လင့်လမ်းထောင့်တွင် အသစ်ဖွင့် လှစ်ထားသည့် Regional Bistro Bar မှစပြီး ငွေဆောင်ကမ်းခြေသို့ သွားမည့်အစီအစဉ်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် အနည်း ဆုံး သူငယ်ချင်းလေးဦး (သို့ မဟုတ်) ရှစ်ဦး ပါဝင်မည်ဖြစ် သည်။

‘‘Travelling Beetle အနေ နဲ့ Dating မှမဟုတ်ဘူး။ Va-lentine ဆိုလည်း အဲဒီလိုမျိုးရှိ မယ်။ ချစ်သူများနေ့ဆိုရင် နေ့ချင်းပြန်သွားမယ်။ ဓာတ်ပုံဆရာတွေအများကြီးခေါ်သွားမယ်။ အတွဲတွေ ဓာတ်ပုံအများကြီးရိုက်လို့ရ မယ့်နေရာပေါ့။ ပြီးရင် အတွဲလိုက်ကို အယ်လ်ဘမ်လိုက်ထုတ်ပေး မယ်။ CD ချပ်တွေ ထည့်ပေးမယ်။သူတို့နာမည်နဲ့ ကိတ်တစ်လုံး လက်ဆောင်ပေးမယ်’’ဟု ကိုမျိုး သက်နိုင်က ပြောသည်။

ယခုနောက်ပိုင်းတွင် လူငယ် အများစုက ခရီးထွက်အပန်းဖြေ ၍ ဓာတ်ပုံရိုက်ခြင်းကို နှစ်သက် လာကြကြောင်း အလွယ်တကူ တွေ့မြင်နိုင်သည်။ ခရီးသွားအ ပန်းဖြေခြင်းတွင် တစ်ဦးတည်း ခရီးထွက်ခြင်းသည် နိုင်ငံတကာ တွင် မထူးဆန်းသော်လည်း မြန်မာနိုင်ငံ၌မူ ခေတ်မစားသေးပေ။ ထို့ ကြောင့် တစ်ယောက်တည်းသမား များ စုစည်း၍ ယခုလို Single Trip များစီစဉ်ကာ ဖန်တီးပေးခြင်းဖြင့် တစ်ဦးတည်းသမားများအတွက် ရသတစ်ခုကို ခံစားနိုင်မည်ဖြစ် သည်။

‘‘ကျွန်တော်က အသက်အ နေအထားအရလည်း(၃၀)ကပ်နေပြီ။ ခရီးတွေ ဘာတွေသွားမယ်ဆို သူငယ်ချင်းအများစုကလည်း သူ့ အိမ်ထောင်နဲ့သူဆိုတဲ့အခါကျ တော့ ကိုယ်နဲ့ ခရီးတူတူသွားဖို့က အဆင်မပြေဘူး။ ဒီခရီးစဉ်လေး ကိုတွေ့တော့ တစ်ယောက်တည်း သမားတွေအတွက် တော်တော် လေး အဆင်ပြေတယ်လို့လည်း မြင်မိတယ်။ နိုင်ငံခြားမှာဆိုရင် လည်း Single Party တို့ ဘာတို့ ရှိတယ်လေ။ ဒီမြန်မာနိုင်ငံမှာ တော့ ပထမဆုံးစလုပ်တဲ့ အသစ် အဆန်းလေးတစ်ခုလို့ မြင်မိ တယ်။ အစက ရွာငံဘက်ကို တစ် ယောက်တည်းသွားမလို့ အစီအ စဉ်ရှိတယ်ပေါ့။ ဒါပေမဲ့ ဒီခရီး စဉ်လေးကို တွေ့တဲ့အခါ တစ်ယောက်တည်းသွားရင် ပျင်း ခြောက်ခြောက်ဖြစ်နေမှာနဲ့အတူ  တူ ဒီခရီးစဉ်လေးကို လိုက်သွား မယ်ဆိုပြီး စာရင်းပေးဖြစ်လိုက် တာပါ’’ဟု အဆိုပါခရီးစဉ်သို့ လိုက်ပါရန် စီစဉ်ထားသည့် ကိုသက်ထူးက ပြောသည်။

ကိုယ်တိုင်က အမျိုးသားဖြစ် သောကြောင့် အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ စိတ်ပူခြင်း၊ စိုးရိမ် ခြင်းများမရှိသလို သူငယ်ချင်းအ သစ်များနှင့် ပျော်ပျော်ရွှင်ရွှင် လိုက်ပါရမည့် ခရီးစဉ်တစ်ခုဖြစ် သောကြောင့် ပျော်ရွှင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြော သည်။ ဒီခရီးစဉ် အစီအစဉ်က ကောင်းပါတယ်။ တစ်ယောက် တည်း ဖြစ်နေလို့ ခရီးမသွားဖြစ်တဲ့ သူတွေအတွက် အဆင်ပြေတယ်။ ကိုယ်တိုင်လည်း သွားချင်စိတ်ဖြစ် မိတယ်’’ဟု (၂၁)နှစ်အရွယ် မဖြူ စင်သန့်က ပြောသည်။

မြန်မာနိုင်ငံ၏လူမှုဆက်ဆံ ရေးဆိုင်ရာ အယူအဆတွေက ယခုကဲ့သို့ ခရီးစဉ်မျိုးနှင့် လိုက် လျောညီထွေဖြစ်ရန် မသေချာ ကြောင်း ဥပဒေကျောင်းသား ကိုသက်ပိုင်က ပြောသည်။

‘‘ကျွန်တော်ကတော့ မရင်း နှီးတဲ့ လူတွေအများကြီးနဲ့ မလိုအပ်ဘဲ ဆက်ဆံရတာကို သဘောမ ကျတဲ့အတွက် ဒီလိုခရီးစဉ်မျိုးမ သွားဖြစ်လောက်ဘူး’’ဟု ၎င်းက ပြောသည်။

‘‘ကိုယ့်သားသမီးက (၁၈)နှစ် ပြည့်ရင်တော့ စိတ်ချလို့ ရပါ တယ်။ (၁၈)နှစ်မပြည့်သေးရင် တော့ စိတ်ချလို့မရသေးဘူး။ စီစဉ်တဲ့အဖွဲ့အစည်းအနေနဲ့ ယုံကြည်စိတ်ချရလောက်တဲ့ အဖွဲ့အစည်း ဆိုရင်တော့ အဆင်ပြေပါတယ်။ မိဘခွင့်ပြုချက်တွေ ဘာတွေ သေချာမေးပြီး စိစစ်ရင်တော့ အဆင်ပြေပါတယ်’’ဟု အသက်(၅၀)အရွယ် ဒေါ်ခင်ပြုံးက ပြောသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ခရီးစဉ်ဖြစ်၍ လူငယ်များအဆင် ပြေနိုင်ပြီး လူကြီးများအနေဖြင့် သဘောမကျနိုင်သည့် အခြေအ နေမျိုးရှိနိုင်ကြောင်း A.M Star Travel & Tour ဒါရိုက်တာ မဖြူဖွေးသန့်က ပြောသည်။

‘‘ပထမဆုံးခရီးစဉ်ဖြစ်တဲ့အ တွက် ပြန်လာတဲ့အခါ သူတို့ရဲ့အ ခြေအနေနဲ့ အနေအထား Feed-back ကို စောင့်ကြည့်ပြီး လူတွေ က လက်ခံတယ်၊ လက်မခံဘူး သိသာလာမယ်ထင်ပါတယ်။ အိုင် ဒီယာထိုးဖောက်နိုင်တာကို သ ဘောကျတယ်။ ဒါပေမဲ့ ကိုယ် ကိုယ်တိုင်ကျတော့ ဒီလိုမျိုးလုပ် မလားဆိုတော့ အမှန်အတိုင်း ပြောရင်တော့ မလွယ်ဘူးပေါ့။ ပုံ မှန်ခရီးသွားလုပ်ငန်းတွေတောင်  အခက်အခဲအများကြီးရှိတာ သူ တို့လို ပုံစံမျိုးဆိုရင်တော့ စီစဉ်ရ တဲ့အပိုင်းမှာ ပိုပြီးတောင် အခက် အခဲရှိနိုင်ပါတယ်’’ဟု ၎င်းက ပြောသည်။

အခြားအရှေ့တောင်အာရှ နိုင်ငံများတွင် ခရီးသွား Package ဖြင့် အမျိုးသား၊ အမျိုးသမီးများ တွေ့ဆုံရန် စီစဉ်သည့်ခရီးစဉ်များ ကို ရောင်းချတာမျိုး ကြုံဖူးကြောင်း ဒေါ်စံပယ်အောင်က ပြောသည်။

‘‘အစ်မတို့ မြန်မာနိုင်ငံမှာက ယဉ်ကျေးမှုအခြေခံခရီးသွားလုပ် ငန်းနဲ့ သဘာဝအခြေခံခရီးသွား လုပ်ငန်းကို အကောင်အထည် ဖော်တဲ့နိုင်ငံဖြစ်တယ်။ ဒီနိုင်ငံရဲ့ ခရီးသွား image က ဒီနိုင်ငံအပေါ် မှာ အင်မတန်မှ မူတည်တယ်။ အခြားခရီးသွားလုပ်ငန်းတစ်ခု ပုဂ္ဂိလကပဲဖြစ်ဖြစ်၊ နိုင်ငံတကာ ကပဲဖြစ်ဖြစ် နိုင်ငံရဲ့ Image ကျ ဆင်းစေနိုင်တဲ့အဓိပ္ပာယ်အမျိုးမျိုး ထွက်တဲ့ ဝန်ဆောင်မှုတွေကို ပေး နေမယ်ဆိုရင် သက်ဆိုင်ရာလူ တွေရဲ့ တာဝန်ပဲဖြစ်တယ်’’ဟု ဒေါ်စံပယ်အောင်က ပြောသည်။

ယခင်က မြန်မာနိုင်ငံတွင် အောင်သွယ်ဝန်ဆောင်မှုလုပ်ငန်း များနှင့် နိုင်ငံတကာ၌ တစ်ဦး တည်းသမားအချင်းချင်း ချိတ် ဆက်ပေးသည့် ကုမ္ပဏီများရှိ သော်လည်း ယခု Single Trip သည် အဆိုပါအရာများနှင့် ကွဲလွဲ ပြီး ထူးခြားသည့် ခရီးစဉ်တစ်ခုဖြစ် သောကြောင့် စိတ်ဝင်စားသူများ နှင့် တစ်ဦးတည်းခရီးထွက်ရန် ခက်ခဲနေသူများအတွက် လိုက်ပါ လည်ပတ်လိုပါက အဆင်ပြေ ချောမွေ့သော ခရီးစဉ်တစ်ခုဖြစ် လာမည်လားဆိုတာကတော့ စောင့်ကြည့်ရမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top