Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ျပည္ၿမိဳ႕ န၀ေဒးတံတား ေပၚမွ ဧရာ၀တီျမစ္အတြင္း ခုန္ခ် သည့္ အသက္ (၁၅) ႏွစ္အရြယ္စက္မႈအထက္တန္းေက်ာင္းသား တစ္ဦး ေပ်ာက္ဆံုးေနေၾကာင္း န၀ေဒးရဲကင္းမွ ရဲအရာရွိတစ္ဦး က ေျပာသည္။

အဆိုပါေက်ာင္းသားသည္ ျပည္ၿမိဳ႕ စက္မႈ အထက္တန္း ေက်ာင္းတြင္ ပထမႏွစ္ပညာသင္ၾကားေနၿပီး ႏို၀င္ဘာ ၉ ရက္ ညေန ၆ နာရီခန္႔က န၀ေဒးတံတားေရလယ္တိုင္အမွတ္ (၂) ႏွင့္ (၃) အၾကားမွ ခုန္ခ်ခဲ့သျဖင့္ ေရလုပ္သားမ်ားက စက္ေလွမ်ားျဖင့္ လက္ရွိ အခ်ိန္အထိ ရွာေဖြေနေၾကာင္း န၀ေဒး ရဲကင္းမွဴး ဒုရဲအုပ္ မ်ဳိးေဇာ္က ႏို၀င္ဘာ ၁၀ရက္ ေန႔လယ္က ေျပာသည္။

‘‘ႏို၀င္ဘာ ၁၀ ရက္ ေန႔လယ္ပိုင္းအထိေတာ့ ရွာတုန္းပဲ မေတြ႕ ေသးဘူး။ ေက်ာင္းသားကေလး ကို အုပ္ထိန္းသူက အေပ်ာ္အပါး ခ်ည္းမေနဖို႔၊ စာႀကိဳးစားဖို႔ ဆံုးမတာေလာက္ပဲရွိတယ္လို႔ သိရ တယ္’’ဟု ၎က ဆိုသည္။

ေက်ာင္းသားသည္ ႏို၀င္ဘာ၉ ရက္ ညေန ၆ နာရီခန္႔က ၎၏ သူငယ္ခ်င္းျဖစ္သူ န၀မတန္း ေက်ာင္းသားတစ္ဦးႏွင့္အတူ န၀ေဒးတံတားေပၚရွိ လူသြားစႀကႍ သို႔ ေရာက္ရွိလာသည္။ ယင္း ေနာက္ ၎၏ သူငယ္ခ်င္းက စႀကႍလက္ရန္းကိုမွီကာ  လက္ ကိုင္ဖုန္းျဖင့္ အင္တာနက္သံုးေန စဥ္ ခုန္ခ်ျခင္းျဖစ္ေၾကာင္း ဒုရဲအုပ္ မ်ဳိးေဇာ္က ေျပာသည္။

‘‘ေက်ာင္းသားေလးက ခုန္ခ် ဖို႔ စႀကႍလက္ရန္းေပၚေရာက္တဲ့ အခ်ိန္မွာ သူငယ္ခ်င္းျဖစ္သူက ျမင္လို႔ လွမ္းေအာ္ေပမယ့္ အခ်ိန္ မမီလိုက္ဘူးလို႔ သိရတယ္။ ပါလာတဲ့ သူငယ္ခ်င္းကလည္း ဒီလိုခုန္ ခ်လိမ့္မယ္လို႔ ထင္မထားဘူးလို႔ ေျပာတယ္’’ဟု ၎က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 ပြည်မြို့ နဝဒေးတံတား ပေါ်မှ ဧရာဝတီမြစ်အတွင်း ခုန်ချ သည့် အသက် (၁၅) နှစ်အရွယ်စက်မှုအထက်တန်းကျောင်းသား တစ်ဦး ပျောက်ဆုံးနေကြောင်း နဝဒေးရဲကင်းမှ ရဲအရာရှိတစ်ဦး က ပြောသည်။

အဆိုပါကျောင်းသားသည် ပြည်မြို့ စက်မှု အထက်တန်း ကျောင်းတွင် ပထမနှစ်ပညာသင်ကြားနေပြီး နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီခန့်က နဝဒေးတံတားရေလယ်တိုင်အမှတ် (၂) နှင့် (၃) အကြားမှ ခုန်ချခဲ့သဖြင့် ရေလုပ်သားများက စက်လှေများဖြင့် လက်ရှိ အချိန်အထိ ရှာဖွေနေကြောင်း နဝဒေး ရဲကင်းမှူး ဒုရဲအုပ် မျိုးဇော်က နိုဝင်ဘာ ၁၀ရက် နေ့လယ်က ပြောသည်။

‘‘နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းအထိတော့ ရှာတုန်းပဲ မတွေ့ သေးဘူး။ ကျောင်းသားကလေး ကို အုပ်ထိန်းသူက အပျော်အပါး ချည်းမနေဖို့၊ စာကြိုးစားဖို့ ဆုံးမတာလောက်ပဲရှိတယ်လို့ သိရ တယ်’’ဟု ၎င်းက ဆိုသည်။

ကျောင်းသားသည် နိုဝင်ဘာ၉ ရက် ညနေ ၆ နာရီခန့်က ၎င်း၏ သူငယ်ချင်းဖြစ်သူ နဝမတန်း ကျောင်းသားတစ်ဦးနှင့်အတူ နဝဒေးတံတားပေါ်ရှိ လူသွားစင်္ကြံ သို့ ရောက်ရှိလာသည်။ ယင်း နောက် ၎င်း၏ သူငယ်ချင်းက စင်္ကြံလက်ရန်းကိုမှီကာ  လက် ကိုင်ဖုန်းဖြင့် အင်တာနက်သုံးနေ စဉ် ခုန်ချခြင်းဖြစ်ကြောင်း ဒုရဲအုပ် မျိုးဇော်က ပြောသည်။

‘‘ကျောင်းသားလေးက ခုန်ချ ဖို့ စင်္ကြံလက်ရန်းပေါ်ရောက်တဲ့ အချိန်မှာ သူငယ်ချင်းဖြစ်သူက မြင်လို့ လှမ်းအော်ပေမယ့် အချိန် မမီလိုက်ဘူးလို့ သိရတယ်။ ပါလာတဲ့ သူငယ်ချင်းကလည်း ဒီလိုခုန် ချလိမ့်မယ်လို့ ထင်မထားဘူးလို့ ပြောတယ်’’ဟု ၎င်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top