Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
Credit: ChelmoTeam
# Unicode Version ဖြင့် ဖတ်ပါ #
ပိုက်ဆံ မရှိ တာထက် ရှိတာက ပိုပြီး ကောင်းတာပေါ့။ ပိုက်ဆံနဲ့ ဝယ်လို့ ရတဲ့ စိတ်ချမ်းသာ စရာတွေလည်း အများကြီး ရှိပါတယ်။
ကဲ ဘယ်သူက ပိုက်ဆံ ရှာကောင်းလည်း ဆိုတာကို ကြည့်လိုက် ရအောင်နော်။
၀၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
သူကတော့ ဉာဏ်ကောင်းပြီး တီထွင် ကြံဆ နိုင်သူပါ။ ဒါကြောင့် ပွဲတွေကို စီစဉ်သူ၊ ပစ္စည်းသစ် တွေကို တီထွင်သူ အဖြစ် ရပ်တည်နိုင် ပါတယ်။ ယုံကြည်ချက် အပြည့်နဲ့ ကြိုးစားရင် လုံးဝကို အောင်မြင်မှာပါ။ ခေတ် ရေစီးကြောင်းနဲ့ ကိုက်ညီ ဖို့တော့ လိုပါလိမ့်မယ်။
၀၂. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
သူကတော့ မြေတို့ အဆောက် အအုံတို့ကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် အောင်မြင် ပါလိမ့်မယ်။ သူကတော့ ရိုးရိုးလေးနဲ့ ပိုက်ဆံကို ရအောင် စုတတ်သူပါ။ ပိုက်ဆံကို များများ ရအောင်ဆိုပြီး အလောင်း အစားတွေကို မုန်းတတ်သူပါ။ ဖြေးဖြေးနဲ့ အေးအေး ဆေးဆေး ပိုက်ဆံကို ရအောင် ရှာတတ်သူပါ။
၀၃. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
သူကတော့ ပိုက်ဆံနဲ့ လက်နဲ့ မကွာ တတ်သူပါ။ ကံကောင်းတယ် ဆိုတာထက် ကိုယ့်ရဲ့ဘဝ တိုးတက်ရေး အတွက် သင်တန်း တက်ပြီး အနာဂတ်မှာ ယခုထက် ဘဝကို တိုးတက် ချင်သူဖြစ်ပါတယ်။ ပိုက်ဆံကိုလည်း မဖြုန်းပဲ အနာဂတ်မှာ လိုအပ်ရင်သုံးဖို့ရန် စုထားလေ့ ရှိပါတယ်။
၀၄. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
သူကတော့ ပိုက်ဆံ ရှာတော်သလို ပိုက်ဆံသုံးတဲ့ နေရာမှာလည်း ချက်ချင်း ဆိုသလို သုံးတတ် တာကြောင့် လက်ထဲမှာ ဘာမှကို မကျန်ပါ။
၀၅. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
လက်ရှိ အလုပ်ထက် စာရင် အိမ်အလုပ်က ပိုပြီး ပိုက်ဆံ ရနေသူ ဖြစ်ပါလိမ့်မယ်။
၀၆. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
ဘဝရည် မှန်းချက်က မြင့်မားပြီး ကိုယ့်ဘဝ တိုးတက်ဖို့ရန် အမြဲ ကြိုးစားနေသူ ဖြစ်တာကြောင့် အနာဂတ်မှာ သူဌေး ဖြစ်မည့်သူပါ။
၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
သူငယ်ချင်း အပေါင်းအသင်း များတာကြောင့် ပိုက်ဆံရမယ့် လမ်းကြောင်းကို အမြဲ သိမြင် နေသူပါ။
၀၈.ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
အမြဲ သွားလာ လှုပ်ရှား နေသူ ဖြစ်တာကြောင့် ပိုက်ဆံအနံ့ကို ခံပြီး ရအောင် ယူတတ် သူပါ။
၀၉.ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
ကိုယ်တိုင် ကြိုးစားလာတဲ့ ကိစ္စလေး တစ်ခုက သူဌေးတွေက သဘောကျပြီး မြေတောင် မြောက်ပေး ပါလိမ့်မယ်။
၁၀.မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
ဒါအလုပ်က ပိုက်ဆံ များများ ရမယ် ဆိုရင် ချက်ချင်း ဆိုသလို သွားလုပ်လေ့ ရှိပြီး ဘာကို မှ မစဉ်းစားပါ။ ဒါကြောင့် ဆုံးရှုံး မှုတွေ များပါလိမ့်မယ်။
၁၁.ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
ပိုက်ဆံထက် စာရင် ကောင်းသော မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ သာ အတူတူ ရှိနေရင် သူ့အတွက် လုံလောက်ပါပြီ။
၁၂.မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
ပိုက်ဆံရှာရတာကို သူ့အနေနဲ့ စိတ်မပါ။ ပိုက်ဆံ မရှိလဲ ပျော်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: ChelmoTeam
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top