ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဧရာဝတီတိုင္းေဒသႀကီး ဘိုကေလးၿမိဳ႕ စက္ဆန္း ေက်းရြာအုပ္စု ေအာင္ခ်မ္းသာေက်းရြာ၌ ကဏန္း ေထာင္ လုပ္ကိုင္စားေသာက္သူ ကိုသန္႔ေဇာ္၏ ဇနီးျဖစ္သူ မအိျဖဴ(၂၅ ႏွစ္)သည္ ႏိုဝင္ဘာ ၁ ရက္ တြင္ မိေက်ာင္းကိုက္ခံရၿပီး ေသဆံုးသြားေၾကာင္း သိရသည္။

မိေက်ာင္းကိုက္ခံရ

ႏိုဝင္ဘာ ၂ ရက္တြင္ ဘုိကေလးၿမိဳ႕ ၿမိဳ႕မရဲစခန္း ၌ ရဲအုပ္ဝင္းေက်ာ္ တာဝန္ထမ္းေဆာင္ေနစဥ္ ကိုသန္႔ေဇာ္က ၄င္း၏ဇနီး မအိျဖဴသည္ မိေက်ာင္း ကိုက္ခံရ၍ အေလာင္းကို ဘိုကေလးၿမိဳ႕ ခုတင္ ၁ဝဝ ေဆး႐ံုသို႔ ေရာက္ရွိေနေၾကာင္း တိုင္ၾကားခဲ့သည္။

ျဖစ္စဥ္ကို စံုစမ္းစစ္ေဆးရာ ႏိုဝင္ဘာ ၁ ရက္တြင္ ကိုသန္႔ေဇာ္သည္ မိန္းမလွကြၽန္းထဲသို႔ ကဏန္းေထာင္ ရန္ ထြက္ခြာသြားစဥ္ ဇနီးျဖစ္သူ မအိျဖဴႏွင့္ သားျဖစ္သူ ေမာင္ေအာင္ခန္႔ ရွစ္လသားတို႔သည္ မိေက်ာင္းေခါင္းပုတ္သစ္ေတာစခန္းရွိ ယာယီတဲ၌ က်န္ရစ္ခဲ့သည္။ ညေန ၄ နာရီတြင္ မိေက်ာင္း ေခါင္းပုတ္သစ္ေတာစခန္း၌ အလုပ္အတူ လုပ္ကိုင္ ေနသူ ညီေတာ္စပ္သူ ေမာင္မိုးမွာ ကိုသန္႔ေဇာ္ ထံ ေရာက္ရွိလာၿပီး မြန္းတည့္ ၁၂ နာရီခန္႔တြင္ ကိုသန္႔ေဇာ္၏ ဇနီးျဖစ္သူ မအိျဖဴမွာ ယာယီတဲအနီးရွိ ကမ္းစပ္သို႔ ေရဆင္းခတ္စဥ္ မိေက်ာင္းဆြဲသြားေၾကာင္း၊ ကိုသန္႔ေဇာ္က လိုက္လံရွာေဖြရာ ညေန ၅ နာရီခြဲ တြင္ ေဒါင့္ေခ်ာင္း ေခ်ာင္းဖ်ားေရထဲ၌ မအိျဖဴအေလာင္း ကို ဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိရေၾကာင္း၊ ၆ နာရီခြဲတြင္ အေလာင္းအား စက္ဆန္း တိုက္နယ္ေဆး႐ံုသို႔ သြားေရာက္ပို႔ေဆာင္ရာ သူနာျပဳဆရာမက ဘိုကေလး ခုတင္ ၁ဝဝ ေဆး႐ံုသို႔ ပို႔ေဆာင္ရန္ ညႊန္ၾကားသျဖင့္ စက္ေလွျဖင့္ သယ္ေဆာင္လာရာ ႏိုဝင္ဘာ ၂ ရက္ ညေန ၆ နာရီတြင္ ဘိုကေလးၿမိဳ႕ ခုတင္ ၁ဝဝ ေဆး႐ံုသို႔ ေရာက္ရွိေၾကာင္း သိရသည္။

ေသမႈေသခင္းဖြင့္

မအိျဖဴ ေသဆံုးမႈအား ရဲအုပ္ဝင္းေက်ာ္၏ တိုင္တန္းခ်က္အရ ဘိုကေလးၿမိဳ႕မရဲစခန္းက ေသမႈ ေသခင္းဖြင့္၍ စစ္ေဆးလ်က္ရွိၿပီး ည ၇ နာရီခြဲတြင္ ဘုိကေလးၿမိဳ႕ ခုတင္ ၁ဝဝ ေဆး႐ံုသို႔ ေဆးစာျဖင့္ တင္ပို႔ ထားေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ စက်ဆန်း ကျေးရွာအုပ်စု အောင်ချမ်းသာကျေးရွာ၌ ကဏန်း ထောင် လုပ်ကိုင်စားသောက်သူ ကိုသန့်ဇော်၏ ဇနီးဖြစ်သူ မအိဖြူ(၂၅ နှစ်)သည် နိုဝင်ဘာ ၁ ရက် တွင် မိကျောင်းကိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

မိကျောင်းကိုက်ခံရ

နိုဝင်ဘာ ၂ ရက်တွင် ဘိုကလေးမြို့ မြို့မရဲစခန်း ၌ ရဲအုပ်ဝင်းကျော် တာဝန်ထမ်းဆောင်နေစဉ် ကိုသန့်ဇော်က ၎င်း၏ဇနီး မအိဖြူသည် မိကျောင်း ကိုက်ခံရ၍ အလောင်းကို ဘိုကလေးမြို့ ခုတင် ၁ဝဝ ဆေးရုံသို့ ရောက်ရှိနေကြောင်း တိုင်ကြားခဲ့သည်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာ နိုဝင်ဘာ ၁ ရက်တွင် ကိုသန့်ဇော်သည် မိန်းမလှကျွန်းထဲသို့ ကဏန်းထောင် ရန် ထွက်ခွာသွားစဉ် ဇနီးဖြစ်သူ မအိဖြူနှင့် သားဖြစ်သူ မောင်အောင်ခန့် ရှစ်လသားတို့သည် မိကျောင်းခေါင်းပုတ်သစ်တောစခန်းရှိ ယာယီတဲ၌ ကျန်ရစ်ခဲ့သည်။ ညနေ ၄ နာရီတွင် မိကျောင်း ခေါင်းပုတ်သစ်တောစခန်း၌ အလုပ်အတူ လုပ်ကိုင် နေသူ ညီတော်စပ်သူ မောင်မိုးမှာ ကိုသန့်ဇော် ထံ ရောက်ရှိလာပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ကိုသန့်ဇော်၏ ဇနီးဖြစ်သူ မအိဖြူမှာ ယာယီတဲအနီးရှိ ကမ်းစပ်သို့ ရေဆင်းခတ်စဉ် မိကျောင်းဆွဲသွားကြောင်း၊ ကိုသန့်ဇော်က လိုက်လံရှာဖွေရာ ညနေ ၅ နာရီခွဲ တွင် ဒေါင့်ချောင်း ချောင်းဖျားရေထဲ၌ မအိဖြူအလောင်း ကို ဒဏ်ရာများဖြင့် တွေ့ရှိရကြောင်း၊ ၆ နာရီခွဲတွင် အလောင်းအား စက်ဆန်း တိုက်နယ်ဆေးရုံသို့ သွားရောက်ပို့ဆောင်ရာ သူနာပြုဆရာမက ဘိုကလေး ခုတင် ၁ဝဝ ဆေးရုံသို့ ပို့ဆောင်ရန် ညွှန်ကြားသဖြင့် စက်လှေဖြင့် သယ်ဆောင်လာရာ နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီတွင် ဘိုကလေးမြို့ ခုတင် ၁ဝဝ ဆေးရုံသို့ ရောက်ရှိကြောင်း သိရသည်။

သေမှုသေခင်းဖွင့်

မအိဖြူ သေဆုံးမှုအား ရဲအုပ်ဝင်းကျော်၏ တိုင်တန်းချက်အရ ဘိုကလေးမြို့မရဲစခန်းက သေမှု သေခင်းဖွင့်၍ စစ်ဆေးလျက်ရှိပြီး ည ၇ နာရီခွဲတွင် ဘိုကလေးမြို့ ခုတင် ၁ဝဝ ဆေးရုံသို့ ဆေးစာဖြင့် တင်ပို့ ထားကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top