Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×









Credit: 7DayDaily
#Unicode Version#
ရေကူးပြီးတဲ့အခါမျိုးတွေမှာ ရေကူးကန်ထဲက ကလိုရင်းကြောင့် ဆံသားတွေကြမ်းပြီး ခြောက်သွေ့သွားတာကြုံဖူးမှာပါ။ ဒါကြောင့် ဆံပင်မပျက်စီးဘဲ ရေကူးနိုင်တဲ့နည်းလမ်းလေးတွေမျှဝေလိုက်ပါတယ်။

-ဆီလီကွန်(Silicone)က ကလိုရင်းကြောင့် ဆံပင်မပျက်စီးအောင် ကာကွယ်နိုင်စွမ်းရှိတာကြောင့် ရေကူးကန်ထဲမဆင်းခင်မှာ ဆီလီကွန် ပါတဲ့ကွန်ဒီရှင်နာနဲ့ ခေါင်းလျှော်ပါ။

-ရေကူးဦးထုပ်ဆောင်းတာကလည်း ဆံပင်မပျက်စီးဖို့ကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။

-ဆံသားမှာ ရေဓာတ်များများရှိနေအောင်လို့ ရေကူးကန်ထဲမဆင်း ခင်မှာ ရေဘုံပိုင်အောက်မှာ ခေါင်းလောင်းရေချိုးပြီးမှ ဆင်းပါ။

-ရေကူးပြီးတဲ့အခါမှာလည်း ဆံသားမှာကပ်နေတဲ့ကလိုရင်းတွေ ပြောင်စင်ဖို့အတွက် ခေါင်းလျှော်ရည်နဲ့သေသေချာချာပွတ်လျှော်ဖို့လို ပါတယ်။

-မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေခပ်နွေးနွေးလေးနဲ့ ဖျော်စပ်ပြီး ဦးရေပြားနဲ့ဆံပင်အမြစ်ကို သုတ်လိမ်းပြီး ငါးမိနစ်လောက် ထားပြီး ခေါင်းလျှော်နိုင်ပါတယ်။

-ပန်းသီးဗီနီဂါလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်နဲ့ရော  ပြီး ဆံသားတွေသုတ်လိမ်းပြီး ခေါင်းလျှော်ပေးနိုင်ပါတယ်။

-ခေါင်းလျှော်ပြီးတဲ့အခါမှာလည်း ဆံပင်ကိုရေသေချာသုတ်ပြီးအုန်း ဆီလေးအနည်းငယ်လိမ်းကာ ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးခြင်း ဖြင့် ဆံသားပြန်ကောင်းစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top