ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ျမန္မာ့ေတာဆင္ရို္င္းမ်ား သတ္ျဖတ္ခံရျခင္း အေျခအေနကိုတားဆီးရပ္တန္႔ႏိုင္ရန္“မိုမိုတို႔အတြက္ ရင္တြင္းစကားသံ” VOICES FOR MOMOS အသိပညာေပးလႈပ္ရွားမႈတစ္ရပ္ကို ရန္ကုန္ၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ ႏွင့္မဟာဗႏၶဳလပန္းၿခံ ေရွ႕တြင္ ယေန႔ နိဝင္ဘာ ၄ ရက္ေန႔၊ နံနက္ပိုင္းက ျပဳလုပ္ခဲ႔သည္။
အဆိုပါ အသိပညာေပးလႈပ္႐ွားမႈကို ေတာ႐ိုင္း တိရိစၧာန္ထိန္းသိမ္းေရးမိတ္ေဆြမ်ားအသင္း အပါအဝင္ အရပ္ဖက္အဖြဲ႔အစည္း ၆ ခု ပူးေပါင္း ျပဳလုပ္ျခင္းျဖစ္ၿပီး ဆင္ရုပ္မ်ားကို ၃ ရက္ၾကာျပသ သြားမည္ျဖစ္သည္။
အစိုးရအေနႏွင့္ ႏိုင္ငံေရး၊ စီးပြားေရးလုပ္ငန္းစဥ္မ်ား ေအာင္ျမင္မွ ေတာ႐ိုင္းတိရိစာၦထိန္းသိမ္းေရးကိစၥ မ်ား ေဆာင္႐ြက္မည္ဆိုလ်ွင္ မွားမည္ျဖစ္ေၾကာင္း ေတာ႐ိုင္းတိရိစၧာန္ထိန္းသိမ္းေရးမိတ္ေဆြမ်ား အသင္းဥကၠ႒ ဦးျမင့္ေအာင္က မဇၩိမသို႔ ေျပာသည္။
" အဓိကက တိုင္းျပည္ဆင္းရဲတယ္၊ ခ်မ္းသာတယ္ ဆိုတာ ဒီဇီဝမ်ဳိးစုံ၊ မ်ဳိးကြဲေတြကို ပညာဥာဏ္ရွိ႐ွိ စီမံ အုပ္ခ်ဳပ္တဲ႔အေပၚမွာ မူတည္တယ္၊ အခု ကြ်န္ေတာ္ တို႔ တိုင္းျပည္ဆင္းရဲတာသည္ ကြ်န္ေတာ္တို႔ရဲ႕ ဒီဇီဝမ်ဳိးစုံ၊ မ်ဳိးကြဲေတြကို ပညာဥာဏ္ရွိ႐ွိ မအုပ္ခ်ဳပ္ ခဲ႔လို႔ တိုင္းျပည္ဆင္းရဲေနတယ္လို႔ အားလုံးက သတ္မွတ္ထားတာပါ၊ အခုအခ်ိန္ထိလည္းပဲ ဒီဇီဝမ်ဳိးစုံ၊ မ်ဳိးကြဲေတြကို စီမံအုပ္ခ်ဳပ္တာ မွားယြင္း တဲ႔လမ္းေၾကာင္းေပၚမွာ ႐ွိေသးတယ္လို႔ ကြ်န္ေတာ္ တို႔ သုံးသပ္ထားပါတယ္" ဟု ဦးျမင့္ေအာင္က မဇၩိမသို႔ ေျပာသည္။
ေတာရိုင္းတိရစၦာန္ႏွင့္ သဘာ၀အပင္မ်ား ကာကြယ္ ေရးႏွင့္ သဘာ၀နယ္ေျမမ်ား ထိန္းသိမ္းေရးဥပေဒ အရ လုံး၀ကာကြယ္ေပးထားသည့္ ေတာဆင္ရိုင္း မ်ားအနက္ ၇ ႏွစ္အတြင္း ၆၉ ေကာင္ သတ္ျဖတ္ခံ ရေၾကာင္း သစ္ေတာဦးစီးဌာနက သိရသည္။
" ကြ်န္ေတာ္တို႔ ဒီအတိုင္းသာဆက္သြားမယ္၊ ဆိုလို တာက ၂ ခ်က္ပါပဲ၊ အဓိကက စီမံခန္႔ခြဲမႈ၊ လက္ရွိ ရွိေနတဲ႔စီမံခန္႔ခြဲမႈက ပံုစံကိုေျပာင္းမွ ရမယ္၊ ၂ အခ်က္က အဖြဲ႔အစည္းလုပ္ငန္းေတြ ေျပာင္းမွ ရမယ္၊ က်န္တဲ႔ဘက္ဂ်က္ ဘာညာက အလွဴရွင္ ေတြနဲ႔ဆို ရမွာပါ" ဟု ဦးျမင့္ေအာင္က ဆက္လက္ ေျပာသည္။
ေတာဆင္း႐ိုင္းမ်ားကို ပဲခူးတိုင္း၊ ဧရာဝတီတိုင္းႏွင့္ ရန္ကုန္တိုင္းတို႔တြင္ အမ်ားဆုံးသတ္ျဖတ္ျခင္း ခံေန ရၿပီး၊ ေတာဆင္႐ိုင္းမ်ား စားက်က္႐ွားပါးလာေၾကာင္း  ေတာ႐ိုင္းတိရိစၧာန္ထိန္းသိမ္းေရး မိတ္ေဆြမ်ား အသင္းမွ မေမမိုးဝါက ေျပာသည္။
"ဆင္ေတြက စားက်က္ရွားပါးလာတဲ႔အခါ လူေတြ ရွိတဲ႔ေနရာကို ဆင္းလာတယ္၊ စပါးစိုက္တဲ႔အခ်ိန္ စပါးနံ႔ကို အနံ႔ခံၿပီး လိုက္လာေတာ့ လူေတြနဲ႔ ပိုနီး လာေတာ့ ဆင္ေတြနဲ႔လူေတြၾကား ျပသနာေတြ ႐ွိလာတာ၊ အဲဒီလိုအေျခအေနမ်ဳိးေတြလည္း ရွိ တယ္" ဟု မေမမိုးဝါက ေျပာသည္။
ပညာေပးရာတြင္ ေတာလိုက္မုဆိုးမ်ားအထိ ပညာေပးလႈပ္႐ွားမႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ အခက္အခဲမ်ားလည္း႐ွိေနသည္။ ဆင္ေစ်းကြက္အေနႏွင့္ ျပည္တြင္းဝယ္လို အား နည္းပါးေသာ္လည္း ထိုင္း၊ တရုတ္၊ ကေမာၻဒီးယား စသည့္ႏိုင္ငံမ်ားက အမ်ားဆုံးဝယ္ ယူေန ၿပီးဆင္စြယ္ထက္ အေရခြံကိုပို၍ အဝယ္ လိုက္ ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၁၀ ျပည့္ႏွစ္မွ ၂၀၁၇ ခုႏွစ္အထိ စုစုေပါင္း ၆၉ ေကာင္ သတ္ျဖတ္ခံခဲ့ရျခင္းျဖစ္သည္။ ေတာဆင္ရိုင္း ေကာင္ေရ ၂၀၀၀ ခန္႕သာ က်န္ရွိ ေတာ့သည္ဟု ခန္႕မွန္းရၿပီး ဆင္မုဆိုးမ်ား၏ သတ္ျဖတ္ျခင္းမွ ၀ိုင္း၀န္းထိန္းသိမ္း ကာကြယ္ႏိုင္ ရန္ လိုအပ္ေနသည္။
ေတာဆင္႐ိုင္းသတ္ျဖတ္ခံေနရမႈမ်ားအား ကာကြယ္ ရန္ "မိုမိုတို႔အတြက္ ရင္တြင္းစကားသံ” လႈပ္ရွား မႈျပဳလုပရန္္အတြက္ ဂရပ္ဖတီအႏုပညာရွင္ ကိုအာကာေက်ာ္ သရုပ္ေဖာ္ဖန္တီးထားသည့္ သတင္းစာစကၠဴႏွင့္ ဝါးျဖင့္ယက္လုပ္ထားေသာ ေတာဆင္႐ိုင္းရုပ္မ်ားကို ျပသထားၿပီး၊ လက္ကမ္း စာအုပ္မ်ားေဝမ်ွခဲ႔သည္။
အဆိုပါ အသိပညာေပးလႈပ္႐ွားမႈကို ေတာ႐ိုင္း တိရိစၧာန္ထိန္းသိမ္းေရးမိတ္ေဆြမ်ားအသင္း အပါအဝင္ အရပ္ဖက္အဖြဲ႔အစည္း ၆ ခု ပူးေပါင္း ျပဳလုပ္ျခင္းျဖစ္ၿပီး၊ ဆင္ရုပ္မ်ားကို ၃ ရက္ၾကာျပသ သြားမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  mizzima
#Unicode Version#
မြန်မာ့တောဆင်ရိုင်းများ သတ်ဖြတ်ခံရခြင်း အခြေအနေကိုတားဆီးရပ်တန့်နိုင်ရန်“မိုမိုတို့အတွက် ရင်တွင်းစကားသံ” VOICES FOR MOMOS အသိပညာပေးလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့၊ မြို့တော်ခန်းမ နှင့်မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ယနေ့ နိဝင်ဘာ ၄ ရက်နေ့၊ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၆ ခု ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး ဆင်ရုပ်များကို ၃ ရက်ကြာပြသ သွားမည်ဖြစ်သည်။

အစိုးရအနေနှင့် နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းစဉ်များ အောင်မြင်မှ တောရိုင်းတိရိစ္ဆာထိန်းသိမ်းရေးကိစ္စ များ ဆောင်ရွက်မည်ဆိုလျှင် မှားမည်ဖြစ်ကြောင်း တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများ အသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က မဇ္ဈိမသို့ ပြောသည်။

" အဓိကက တိုင်းပြည်ဆင်းရဲတယ်၊ ချမ်းသာတယ် ဆိုတာ ဒီဇီဝမျိုးစုံ၊ မျိုးကွဲတွေကို ပညာဉာဏ်ရှိရှိ စီမံ အုပ်ချုပ်တဲ့အပေါ်မှာ မူတည်တယ်၊ အခု ကျွန်တော် တို့ တိုင်းပြည်ဆင်းရဲတာသည် ကျွန်တော်တို့ရဲ့ ဒီဇီဝမျိုးစုံ၊ မျိုးကွဲတွေကို ပညာဉာဏ်ရှိရှိ မအုပ်ချုပ် ခဲ့လို့ တိုင်းပြည်ဆင်းရဲနေတယ်လို့ အားလုံးက သတ်မှတ်ထားတာပါ၊ အခုအချိန်ထိလည်းပဲ ဒီဇီဝမျိုးစုံ၊ မျိုးကွဲတွေကို စီမံအုပ်ချုပ်တာ မှားယွင်း တဲ့လမ်းကြောင်းပေါ်မှာ ရှိသေးတယ်လို့ ကျွန်တော် တို့ သုံးသပ်ထားပါတယ်" ဟု ဦးမြင့်အောင်က မဇ္ဈိမသို့ ပြောသည်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ အရ လုံးဝကာကွယ်ပေးထားသည့် တောဆင်ရိုင်း များအနက် ၇ နှစ်အတွင်း ၆၉ ကောင် သတ်ဖြတ်ခံ ရကြောင်း သစ်တောဦးစီးဌာနက သိရသည်။

" ကျွန်တော်တို့ ဒီအတိုင်းသာဆက်သွားမယ်၊ ဆိုလို တာက ၂ ချက်ပါပဲ၊ အဓိကက စီမံခန့်ခွဲမှု၊ လက်ရှိ ရှိနေတဲ့စီမံခန့်ခွဲမှုက ပုံစံကိုပြောင်းမှ ရမယ်၊ ၂ အချက်က အဖွဲ့အစည်းလုပ်ငန်းတွေ ပြောင်းမှ ရမယ်၊ ကျန်တဲ့ဘက်ဂျက် ဘာညာက အလှူရှင် တွေနဲ့ဆို ရမှာပါ" ဟု ဦးမြင့်အောင်က ဆက်လက် ပြောသည်။

တောဆင်းရိုင်းများကို ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် အများဆုံးသတ်ဖြတ်ခြင်း ခံနေ ရပြီး၊ တောဆင်ရိုင်းများ စားကျက်ရှားပါးလာကြောင်း  တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေး မိတ်ဆွေများ အသင်းမှ မမေမိုးဝါက ပြောသည်။

"ဆင်တွေက စားကျက်ရှားပါးလာတဲ့အခါ လူတွေ ရှိတဲ့နေရာကို ဆင်းလာတယ်၊ စပါးစိုက်တဲ့အချိန် စပါးနံ့ကို အနံ့ခံပြီး လိုက်လာတော့ လူတွေနဲ့ ပိုနီး လာတော့ ဆင်တွေနဲ့လူတွေကြား ပြသနာတွေ ရှိလာတာ၊ အဲဒီလိုအခြေအနေမျိုးတွေလည်း ရှိ တယ်" ဟု မမေမိုးဝါက ပြောသည်။

ပညာပေးရာတွင် တောလိုက်မုဆိုးများအထိ ပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အခက်အခဲများလည်းရှိနေသည်။ ဆင်ဈေးကွက်အနေနှင့် ပြည်တွင်းဝယ်လို အား နည်းပါးသော်လည်း ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများက အများဆုံးဝယ် ယူနေ ပြီးဆင်စွယ်ထက် အရေခွံကိုပို၍ အဝယ် လိုက် ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၇ ခုနှစ်အထိ စုစုပေါင်း ၆၉ ကောင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ တောဆင်ရိုင်း ကောင်ရေ ၂၀၀၀ ခန့်သာ ကျန်ရှိ တော့သည်ဟု ခန့်မှန်းရပြီး ဆင်မုဆိုးများ၏ သတ်ဖြတ်ခြင်းမှ ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်နိုင် ရန် လိုအပ်နေသည်။

တောဆင်ရိုင်းသတ်ဖြတ်ခံနေရမှုများအား ကာကွယ် ရန် "မိုမိုတို့အတွက် ရင်တွင်းစကားသံ” လှုပ်ရှား မှုပြုလုပရန်အတွက် ဂရပ်ဖတီအနုပညာရှင် ကိုအာကာကျော် သရုပ်ဖော်ဖန်တီးထားသည့် သတင်းစာစက္ကူနှင့် ဝါးဖြင့်ယက်လုပ်ထားသော တောဆင်ရိုင်းရုပ်များကို ပြသထားပြီး၊ လက်ကမ်း စာအုပ်များဝေမျှခဲ့သည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို တောရိုင်း တိရိစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း အပါအဝင် အရပ်ဖက်အဖွဲ့အစည်း ၆ ခု ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး၊ ဆင်ရုပ်များကို ၃ ရက်ကြာပြသ သွားမည်ဖြစ်သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:  mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top