Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ခိုင္ႏွင္းေဝ လုိက္ပါကူညီခဲ့တဲ့ အမႈတစ္ခုကေတာ့ ျပစ္ဒဏ္ခ်မွတ္လုိက္ပါၿပီ။

ခုိင္ႏွင္းေ၀ရဲ႕ ပရဟိတအသင္းက ပူးေပါင္းေဆာင္ရြက္မႈနဲ႔  ၅ ႏွစ္အရြယ္ကေလးငယ္တစ္ဦး ရက္ရက္စက္စက္ မုဒိမ္းက်င့္ ခံရတဲ့ အမႈရဲ႕ တရားခံကို ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီျဖစ္ေၾကာင္းနဲ႔ ေနာက္ထပ္ဒီလိုအမႈေတြ ထပ္မံေပၚေပါက္လာရင္ သူမရဲ႕ပရဟိတအဖြဲ႕ ကိုဆက္သြယ္ ႏုိင္တယ္လို႔ ဆိုပါတယ္။

''ဒီအမႈက က်မတို႔ ခိုင္ႏွင္းေဝပရဟိတအသင္း,အခရာအမ်ိဳးသမီးအသင္း တြံ႕ေတးၿမိဳ႕ရတနာလူမႈကူညီေရး အသင္းတို႔ မွပူးေပါင္း ေဆာင္ရြက္ၿပီး က်ဴးလြန္သူ တရားခံအား သက္ငယ္မုဒိမ္းမႈအတြက္ျမန္မာႏိုင္ငံရဲ႕အျမင့္ဆံုးျပစ္ဒဏ္ႏွစ္၂၀,အျပင္းအထန္နာက်င္ေစမႈ အတြက္ ၇ႏွစ္ စုစုေပါင္းေထာင္ဒဏ္၂၇ႏွစ္က်ခံေစရန္ ေတာင္ပိုင္းခ႐ိုင္တရားရံုးမွအမိန္႔ခ်မွတ္ၿပီးျဖစ္ပါတယ္ရွင္...က်ဴးလြန္ခံ ရသူ သမီးေလး နဲ႔မိဘမ်ားကိုလဲ က်မတို႔အသင္းမွ ပညာေရး,က်န္းမာေရး,စားဝတ္ေနေရးအားလံုးကိုတာဝန္ယူေစာင့္ေရွာက္ထားပါတယ္'' လုိ႔ ႏုိဝင္ဘာလ ၁၄ ရက္ေန႔က သူ႔ရဲ႔ Facebook အေကာင့္ကေန ပရိသတ္ေတြကုိ အသိေပးခဲ့ပါတယ္။

မဝင္းစႏၵာရဲ႕ျဖစ္စဥ္ကိုလည္း သ႐ုပ္ေေဆာင္ ခုိင္ႏွင္းေဝက မတ္လေလာက္ကတည္းက သူမရဲ႕ေဖ့စ္ဘြတ္မွာ ေဖာ္ျပခဲ့ဖူးပါတယ္။ ''တြံေတးၿမိဳ႕နယ္မွာေနထုိင္တဲ့ မဝင္းစႏၵာ အသက္(၅ ႏွစ္ ၅လ) သည္ မိခင္နဲ႔ အစ္မျဖစ္သူက ရန္ကုန္မွာ အလုပ္လုပ္ေနတာျဖစ္ၿပီး ဖခင္ျဖစ္သူနဲ႔ အိမ္မွာေနခဲ့ရတယ္လုိ႔သိရပါတယ္။ ဖခင္ျဖစ္သူကလည္း လက္လုပ္လက္စား ဘဝမုိ႔ အလုပ္ေခၚလာတဲ့အခ်ိန္ ခ်က္ခ်င္း ထသြားရတာမ်ိဳးရွိတာေၾကာင့္ ရြာမွာရွိတဲ့ အိမ္တစ္အိမ္က ကေလးကုိ ေခၚထိန္းေပးေလ့ရွိတယ္.. တစ္ရက္ မဂၤလာေဆာင္ တစ္ခုမွာ ဖခင္ျဖစ္သူအလုပ္သြားလုပ္ေနတုန္း ကေလးကုိ အသက္ ၂၇ ႏွစ္အရြယ္ေယာက်္ားတစ္ေယာက္က ကေလးကုိ ခ်စ္ဟန္ေဆာင္ၿပီး ေခၚထိန္းထားရာက သူ႔ကို လက္နဲ႔ဘယ္လိုႏိႈက္တာ, ပါးစပ္ထဲဘယ္လိုထည့္တာ,ပါးစပ္ကို လက္နဲ႔ပိတ္ၿပီး ပါးကိုဘယ္ျပန္ညာျပန္႐ိုက္ တယ္​.နင့္အေဖကို ေျပာရင္ ဓားနဲ႔ခုတ္မယ္ဆိုပီယၿခိမ္းေျခာက္တယ္တဲ့အေၾကာင္း မဝင္းစႏၵာကရပ္ကြက္ေရးမွဴးကုိ ေျပာျပခဲ့တယ္လုိ႔ သိရပါတယ္။ ေဆးရံုကိုပို႔ေတာ့ ဆရာဝန္က တစ္ႀကိမ္တခါတည္းေစာ္ကားထားတာမဟုတ္ေၾကာင္း အႀကိမ္ႀကိမ္အခါခါမို႔ သမီးေလးရဲ႕ သားအိမ္​တစ္ခုလံုးေၾကမြသြားလို႔ သားအိမ္ကိုလဲထုတ္ပစ္လိုက္ရပါတယ္'' လုိ႔ ေရးထားတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
ခိုင်နှင်းဝေ လိုက်ပါကူညီခဲ့တဲ့ အမှုတစ်ခုကတော့ ပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။

ခိုင်နှင်းဝေရဲ့ ပရဟိတအသင်းက ပူးပေါင်းဆောင်ရွက်မှုနဲ့  ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး ရက်ရက်စက်စက် မုဒိမ်းကျင့် ခံရတဲ့ အမှုရဲ့ တရားခံကို ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်းနဲ့ နောက်ထပ်ဒီလိုအမှုတွေ ထပ်မံပေါ်ပေါက်လာရင် သူမရဲ့ပရဟိတအဖွဲ့ ကိုဆက်သွယ် နိုင်တယ်လို့ ဆိုပါတယ်။

''ဒီအမှုက ကျမတို့ ခိုင်နှင်းဝေပရဟိတအသင်း,အခရာအမျိုးသမီးအသင်း တွံ့တေးမြို့ရတနာလူမှုကူညီရေး အသင်းတို့ မှပူးပေါင်း ဆောင်ရွက်ပြီး ကျူးလွန်သူ တရားခံအား သက်ငယ်မုဒိမ်းမှုအတွက်မြန်မာနိုင်ငံရဲ့အမြင့်ဆုံးပြစ်ဒဏ်နှစ်၂၀,အပြင်းအထန်နာကျင်စေမှု အတွက် ၇နှစ် စုစုပေါင်းထောင်ဒဏ်၂၇နှစ်ကျခံစေရန် တောင်ပိုင်းခရိုင်တရားရုံးမှအမိန့်ချမှတ်ပြီးဖြစ်ပါတယ်ရှင်...ကျူးလွန်ခံ ရသူ သမီးလေး နဲ့မိဘများကိုလဲ ကျမတို့အသင်းမှ ပညာရေး,ကျန်းမာရေး,စားဝတ်နေရေးအားလုံးကိုတာဝန်ယူစောင့်ရှောက်ထားပါတယ်'' လို့ နိုဝင်ဘာလ ၁၄ ရက်နေ့က သူ့ရဲ့ Facebook အကောင့်ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

မဝင်းစန္ဒာရဲ့ဖြစ်စဉ်ကိုလည်း သရုပ်ေဆောင် ခိုင်နှင်းဝေက မတ်လလောက်ကတည်းက သူမရဲ့ဖေ့စ်ဘွတ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ ''တွံတေးမြို့နယ်မှာနေထိုင်တဲ့ မဝင်းစန္ဒာ အသက်(၅ နှစ် ၅လ) သည် မိခင်နဲ့ အစ်မဖြစ်သူက ရန်ကုန်မှာ အလုပ်လုပ်နေတာဖြစ်ပြီး ဖခင်ဖြစ်သူနဲ့ အိမ်မှာနေခဲ့ရတယ်လို့သိရပါတယ်။ ဖခင်ဖြစ်သူကလည်း လက်လုပ်လက်စား ဘဝမို့ အလုပ်ခေါ်လာတဲ့အချိန် ချက်ချင်း ထသွားရတာမျိုးရှိတာကြောင့် ရွာမှာရှိတဲ့ အိမ်တစ်အိမ်က ကလေးကို ခေါ်ထိန်းပေးလေ့ရှိတယ်.. တစ်ရက် မင်္ဂလာဆောင် တစ်ခုမှာ ဖခင်ဖြစ်သူအလုပ်သွားလုပ်နေတုန်း ကလေးကို အသက် ၂၇ နှစ်အရွယ်ယောကျ်ားတစ်ယောက်က ကလေးကို ချစ်ဟန်ဆောင်ပြီး ခေါ်ထိန်းထားရာက သူ့ကို လက်နဲ့ဘယ်လိုနှိုက်တာ, ပါးစပ်ထဲဘယ်လိုထည့်တာ,ပါးစပ်ကို လက်နဲ့ပိတ်ပြီး ပါးကိုဘယ်ပြန်ညာပြန်ရိုက် တယ်.နင့်အဖေကို ပြောရင် ဓားနဲ့ခုတ်မယ်ဆိုပီယခြိမ်းခြောက်တယ်တဲ့အကြောင်း မဝင်းစန္ဒာကရပ်ကွက်ရေးမှူးကို ပြောပြခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံကိုပို့တော့ ဆရာဝန်က တစ်ကြိမ်တခါတည်းစော်ကားထားတာမဟုတ်ကြောင်း အကြိမ်ကြိမ်အခါခါမို့ သမီးလေးရဲ့ သားအိမ်တစ်ခုလုံးကြေမွသွားလို့ သားအိမ်ကိုလဲထုတ်ပစ်လိုက်ရပါတယ်'' လို့ ရေးထားတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top