Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လူေတြေတာ္ေတာ္မ်ားမ်ား ေကာ္ဖီကို ႀကိဳက္ႏွစ္သက္ၾကပါတယ္။ တခ်ိဳ႕ဆို တစ္ေန႔ကို ေကာ္ဖီမေသာက္ဘဲ မေနႏိုင္ပါဘူး။ မနက္ေစာေစာအိပ္ယာႏိုးႏိုးခ်င္း ေကာ္ဖီေသာက္တတ္ၾကသလို အလုပ္မွာ အိပ္မငိုက္ေစဖို႔အတြက္လည္း ေကာ္ဖီေသာက္ၾကတယ္။ သူငယ္ခ်င္းေတြနဲ႔ သြားရင္းလာရင္းနဲ႔လည္း ေကာ္ဖီအတူေသာက္ၾကေလ့ရွိပါတယ္။

ဒါေပမယ့္ ေကာ္ဖီဟာ သင့္ရဲ႕ သြားေလးေတြကို အေရာင္ေျပာင္းျခင္းနဲ႔ သြားပိုးစားျခင္းတို႔ကို ျဖစ္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ေကာ္ဖီေသာက္ၿပီးရင္လည္း ေတာက္ပတဲ့ အၿပံဳးပန္းေလးဆင္ႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းေလးေတြကို မွ်ေ၀ေပးသြားပါမယ္ေနာ္။

ေကာ္ဖီဟာ သြားေတြကို ဘယ္လို အေရာင္ေျပာင္းေစပါသလဲ

ကၽြန္မတို႔သြားေလးေတြရဲ႕ အျပင္ဖက္ဆံုးမွာရွိတဲ့ သြားေၾကြလႊာ (Enamel) ေတြဟာ ခရစၥတယ္လို႔ေခၚတဲ့ ေက်ာက္သလင္းေလးေတြစုၿပီး ဖြဲ႔စည္းထားတာပါ။ ဒါ့ေၾကာင့္ ကၽြန္မတို႔ စားသံုးလိုက္တဲ့ အစားအစာေတြဟာ အဲဒီ့သြားမ်က္ႏွာျပင္မွာ ပိတ္မိ က်န္ရစ္ခဲ့တတ္ပါတယ္။  ေနာက္ပိုင္းမွာ သြားေခ်းလႊာေလးေတြျဖစ္လာၿပီး သြားေတြကို အေရာင္ေျပာင္းလာေစပါတယ္။ ဒါ့ေၾကာင့္ သြားျဖဴျဖဴေလးကေန အေရာင္မြဲေျခာက္ေျခာက္ႀကီး ျဖစ္သြားတတ္ပါတယ္။ဒါ့အျပင္ အဲဒီ သြားေခ်းလႊာေလးေတြက တစ္ဆင့္ သြားပိုးစားျခင္းကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

ေကာ္ဖီေသာက္လို႔ သြားအေရာင္ေျပာင္းတာကို ဘယ္လိုေရွာင္ၾကဥ္မလဲ

အေကာင္းဆံုးကေတာ့ ေကာ္ဖီ၊ လက္ဖက္ရည္ နဲ႔ သြားေတြကို အေရာင္ေျပာင္းေစတဲ့ အစားအစာေတြကို ေရွာင္ေပးတာပါပဲ။ ဒါေပမယ့္ လူတိုင္းေတာ့ ဒီနည္းလမ္းကို မလိုက္နာႏိုင္ၾကပါဘူး။

ေကာ္ဖီေသာက္ရင္ ပိုက္နဲ႔ ျဖည္းျဖည္းခ်င္း ေသာက္ေပးတာမ်ိဳး(သို႔) သြားေတြကို မထိေအာင္ ခပ္ဖြဖြေလး ေသာက္ေပးတာမ်ိဳး၊ ေကာ္ဖီေသာက္ေနခ်ိန္မွာ ေရ ေသာက္ေပးတာမ်ိဳး၊ ေသာက္ၿပီးသြားရင္လည္း ေရနဲ႔ပလုတ္က်င္းေပးတာမ်ိဳးလုပ္မယ္ဆိုရင္ သြား အေရာင္ေျပာင္းျခင္းနဲ႔ သြားပိုးေပါက္ျဖစ္တာကို သက္သာေစပါတယ္။

သြားပိုးေပါက္ကင္းၿပီး လွပတဲ့ သြားေတြကို ပိုင္ဆိုင္ဖို႔ အေကာင္းဆံုး နည္းလမ္းေလးေတြ

၁။ ပိုက္ကို သံုးပါ

ေကာ္ဖီ (သုိ႔) တျခား သြားေတြကို အေရာင္ေျပာင္းေစတဲ့ အရည္ေတြ ေသာက္တဲ့အခါ ပိုက္ေသးေသးေလးနဲ႔ ေသာက္ေပးပါ။ သြားေတြကို မထိေအာင္ေသာက္ေပးတာဟာ သြားညစ္ညမ္းျခင္းကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

၂။ သြားေတြကို သန္႔ရွင္းေရးလုပ္ပါ

အထက္မွာ ေဖာ္ျပခဲ့သလိုပဲ သြားေတြ အေရာင္ေျပာင္းၿပီး သြားေခ်းလႊာေတြ အမ်ားႀကီး ျဖစ္ေပၚမလာေစဖို႔အတြက္ သြားကို သန္႔ရွင္းေရးလုပ္တာ၊ သြားတိုက္ေပးတာမ်ိဳး လုပ္ေပးသင့္ပါတယ္။ သြားတိုက္မယ္ဆိုရင္ မိုက္ခရို ကယ္လ္ဆီယမ္နဲ႔ ဖလိုရိုက္ ပါ၀င္တဲ့ သြားတိုက္ေဆးနဲ႔ မနက္တစ္ႀကိမ္ ည တစ္ႀကိမ္ ပံုမွန္သြားတိုက္ေပးပါ။

၃။ ေဆးလိပ္မေသာက္ပါနဲ႔

ေဆးလိပ္ေသာက္တာဟာ သြားေတြကို အေရာင္ေျပာင္းေစရံုသာမက တျခားက်န္းမာေရးဆိုင္ရာ ျပႆနာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ခံတြင္းကင္ဆာတို႔လို ဆိုးရြားလွတဲ့ ေရာဂါေတြျဖစ္ေစလို႔ ေဆးလိပ္ေသာက္တာကို ေရွာင္ေပးသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
လူတွေတော်တော်များများ ကော်ဖီကို ကြိုက်နှစ်သက်ကြပါတယ်။ တချို့ဆို တစ်နေ့ကို ကော်ဖီမသောက်ဘဲ မနေနိုင်ပါဘူး။ မနက်စောစောအိပ်ယာနိုးနိုးချင်း ကော်ဖီသောက်တတ်ကြသလို အလုပ်မှာ အိပ်မငိုက်စေဖို့အတွက်လည်း ကော်ဖီသောက်ကြတယ်။ သူငယ်ချင်းတွေနဲ့ သွားရင်းလာရင်းနဲ့လည်း ကော်ဖီအတူသောက်ကြလေ့ရှိပါတယ်။

ဒါပေမယ့် ကော်ဖီဟာ သင့်ရဲ့ သွားလေးတွေကို အရောင်ပြောင်းခြင်းနဲ့ သွားပိုးစားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကော်ဖီသောက်ပြီးရင်လည်း တောက်ပတဲ့ အပြုံးပန်းလေးဆင်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးသွားပါမယ်နော်။

ကော်ဖီဟာ သွားတွေကို ဘယ်လို အရောင်ပြောင်းစေပါသလဲ

ကျွန်မတို့သွားလေးတွေရဲ့ အပြင်ဖက်ဆုံးမှာရှိတဲ့ သွားကြွေလွှာ (Enamel) တွေဟာ ခရစ္စတယ်လို့ခေါ်တဲ့ ကျောက်သလင်းလေးတွေစုပြီး ဖွဲ့စည်းထားတာပါ။ ဒါ့ကြောင့် ကျွန်မတို့ စားသုံးလိုက်တဲ့ အစားအစာတွေဟာ အဲဒီ့သွားမျက်နှာပြင်မှာ ပိတ်မိ ကျန်ရစ်ခဲ့တတ်ပါတယ်။  နောက်ပိုင်းမှာ သွားချေးလွှာလေးတွေဖြစ်လာပြီး သွားတွေကို အရောင်ပြောင်းလာစေပါတယ်။ ဒါ့ကြောင့် သွားဖြူဖြူလေးကနေ အရောင်မွဲခြောက်ခြောက်ကြီး ဖြစ်သွားတတ်ပါတယ်။ဒါ့အပြင် အဲဒီ သွားချေးလွှာလေးတွေက တစ်ဆင့် သွားပိုးစားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

ကော်ဖီသောက်လို့ သွားအရောင်ပြောင်းတာကို ဘယ်လိုရှောင်ကြဉ်မလဲ

အကောင်းဆုံးကတော့ ကော်ဖီ၊ လက်ဖက်ရည် နဲ့ သွားတွေကို အရောင်ပြောင်းစေတဲ့ အစားအစာတွေကို ရှောင်ပေးတာပါပဲ။ ဒါပေမယ့် လူတိုင်းတော့ ဒီနည်းလမ်းကို မလိုက်နာနိုင်ကြပါဘူး။

ကော်ဖီသောက်ရင် ပိုက်နဲ့ ဖြည်းဖြည်းချင်း သောက်ပေးတာမျိုး(သို့) သွားတွေကို မထိအောင် ခပ်ဖွဖွလေး သောက်ပေးတာမျိုး၊ ကော်ဖီသောက်နေချိန်မှာ ရေ သောက်ပေးတာမျိုး၊ သောက်ပြီးသွားရင်လည်း ရေနဲ့ပလုတ်ကျင်းပေးတာမျိုးလုပ်မယ်ဆိုရင် သွား အရောင်ပြောင်းခြင်းနဲ့ သွားပိုးပေါက်ဖြစ်တာကို သက်သာစေပါတယ်။

သွားပိုးပေါက်ကင်းပြီး လှပတဲ့ သွားတွေကို ပိုင်ဆိုင်ဖို့ အကောင်းဆုံး နည်းလမ်းလေးတွေ

၁။ ပိုက်ကို သုံးပါ

ကော်ဖီ (သို့) တခြား သွားတွေကို အရောင်ပြောင်းစေတဲ့ အရည်တွေ သောက်တဲ့အခါ ပိုက်သေးသေးလေးနဲ့ သောက်ပေးပါ။ သွားတွေကို မထိအောင်သောက်ပေးတာဟာ သွားညစ်ညမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၂။ သွားတွေကို သန့်ရှင်းရေးလုပ်ပါ

အထက်မှာ ဖော်ပြခဲ့သလိုပဲ သွားတွေ အရောင်ပြောင်းပြီး သွားချေးလွှာတွေ အများကြီး ဖြစ်ပေါ်မလာစေဖို့အတွက် သွားကို သန့်ရှင်းရေးလုပ်တာ၊ သွားတိုက်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ သွားတိုက်မယ်ဆိုရင် မိုက်ခရို ကယ်လ်ဆီယမ်နဲ့ ဖလိုရိုက် ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ် ည တစ်ကြိမ် ပုံမှန်သွားတိုက်ပေးပါ။

၃။ ဆေးလိပ်မသောက်ပါနဲ့

ဆေးလိပ်သောက်တာဟာ သွားတွေကို အရောင်ပြောင်းစေရုံသာမက တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။ ခံတွင်းကင်ဆာတို့လို ဆိုးရွားလှတဲ့ ရောဂါတွေဖြစ်စေလို့ ဆေးလိပ်သောက်တာကို ရှောင်ပေးသင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top