Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဒီကေန႔ေခတ္ႀကီးမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး တန္းတူအခြင့္အေရးရဖို႔ က်ား၊မ ခြဲျခားဆက္ဆံမႈမရွိဖို႔ အမ်ိဳးသမီးေတြလည္း တိုက္ပြဲ၀င္ေနၾကပါတယ္။ ထိတ္တန္းရာထူးေနရာေတြမွာ အမ်ိဳးသားေတြနဲ႔ တန္းတူ အမ်ိဳးသမီးေတြ ၀င္ေရာက္အလုပ္လုပ္ကိုင္ေနၾကတဲ့ ဒီေခတ္ႀကီးမွာ ရဲရင့္ၿပီး ထူးခၽြန္ထက္ျမတ္တဲ့ အမ်ိဳးသမီးေတြ အမ်ားႀကီးပါ။ ထက္ျမတ္တဲ့အမ်ိဳးသမီးေတြ၊ ရဲရင့္ၿပီး စိတ္ဓာတ္ႀကံ့ခိုင္တဲ့ အမ်ိဳးသမီးေတြ စိုးရိမ္ေလ့မရွိတဲ့ အရာ (၈)ခုကိုမွ်ေ၀ေပးသြားပါမယ္။

ရည္းစားေဟာင္းအေၾကာင္း

ရည္းစားေဟာင္းဆိုတာ ရည္းစားေဟာင္းပါပဲ။ အတိတ္က အခ်စ္ေရးဟာ လက္ရွိ သူ႔ရဲ့ လုပ္ငန္းမွာ ဘာအေႏွာင့္ယွက္မွ မေပးႏိုင္သလို သူ႔ရဲ့ ေပ်ာ္ရႊင္မႈကိုလည္း မဟန္႔တားႏိုင္ပါဘူး။

ဖက္ရွင္

ဖက္ရွင္ဆိုတာ လူတိုင္းအတြက္လိုအပ္တဲ့အရာတစ္ခုပါပဲ။ ဒါေပမယ့္ ရဲရင့္တဲ့အမ်ိဳးသမီးေတြဟာ ေနာက္ဆံုးေပၚ ဖက္ရွင္ဒီဇိုင္းေတြမ၀တ္ရလို႔ စိုးရိမ္တာမ်ိဳးမရွိသလို သူ႔ကိုယ္သူ ဖက္ရွင္က်က် မက်က် ယံုၾကည္မႈ ကင္းမဲ့တာမ်ိဳး ျဖစ္ေလ့မရွိပါဘူး။

လူမႈကြန္ရက္

ရဲရင့္တဲ့အမ်ိဳးသမီးေတြလည္း လူမႈကြန္ရက္ကို အသံုးျပဳၾကပါတယ္။ သူတို႔တင္ထားတဲ့ ဓာတ္ပံုအတြက္ Like ဘယ္ေလာက္ရတယ္။ comment, react ဘယ္ေလာက္ရတယ္ဆိုတဲ့အေပၚ သူတို႔ စိုးရိမ္ေလ့မရွိသလို လူမႈကြန္ရက္စာမ်က္ႏွာေပၚက လူေတြရဲ့ ထင္ျမင္ယူဆခ်က္ေတြဟာ သူတို႔ရဲ့ တန္းဖိုးကို သတ္မွတ္ေပးတယ္လို႔လည္း ခံယူေလ့မရွိပါဘူး။

ျပည့္စံုတဲ့ ခႏၶာကိုယ္ရွိျခင္းမရွိျခင္း

ထက္ျမတ္ၿပီး ရဲရင့္တဲ့အမ်ိဳးသမီးေတြဟာ သူတို႔ရဲ့ ခႏၶာကို္ယ္အရြယ္အစား ဘယ္လိုပဲရွိေနပါေစ ဒါဟာ သူတို႔ရဲ ဥာဏ္ပညာ အရည္အခ်င္းကို ထုတ္ေဖာ္ျပသတယ္လို႔ ခံယူေလ့မရွိသလို အဲဒီအေပၚမွာလည္း စိုးရိမ္စိတ္မရွိပါဘူး။

အတိတ္ကအမွားေတြ

လူတိုင္း မွားဖူးၾကပါတယ္။ ထက္ျမတ္ၿပီး ရဲရင့္တဲ့အမ်ိဳးသမီးေတြဟာ အတိတ္ကအမွားေတြအတြက္ ထပ္ခါထပ္ခါ စိုးရိမ္ေနာင္တရတာမ်ိဳးမရွိပါဘူး။ အမွားေတြကေန လူေတြဟာ သင္ယူရၿပီး ပိုၿပီးေတာ္လာၾကတယ္လို႔ ခံယူထားၾကလို႔ပါပဲ။

တျခားသူေတြရဲ့ ထင္ျမင္ယူဆခ်က္

တျခားသူေတြရဲ့ ထင္ျမင္ယူဆခ်က္ေတြဟာ သင့္ကို ေပ်ာ္ရႊင္မႈေတြ မဖန္တီးေပးႏိုင္ဘူးလို႔ရဲရင့္တဲ့ အမ်ိဳးသမီးေတြ ယံုၾကည္ၾကပါတယ္။ သူတို႔မွာ ကိုယ္ပိုင္ ပန္းတိုင္ ရည္ရြယ္ခ်က္ရွိၾကပါတယ္။ တျခားသူေတြ ဘာေျပာေျပာ သူတို႔ရဲ့ ပန္းတိုင္ ရည္မွန္းခ်က္ေတြ ယိုင္လဲမသြားပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ဒီကနေ့ခေတ်ကြီးမှာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးရဖို့ ကျား၊မ ခွဲခြားဆက်ဆံမှုမရှိဖို့ အမျိုးသမီးတွေလည်း တိုက်ပွဲဝင်နေကြပါတယ်။ ထိတ်တန်းရာထူးနေရာတွေမှာ အမျိုးသားတွေနဲ့ တန်းတူ အမျိုးသမီးတွေ ဝင်ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ဒီခေတ်ကြီးမှာ ရဲရင့်ပြီး ထူးချွန်ထက်မြတ်တဲ့ အမျိုးသမီးတွေ အများကြီးပါ။ ထက်မြတ်တဲ့အမျိုးသမီးတွေ၊ ရဲရင့်ပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတွေ စိုးရိမ်လေ့မရှိတဲ့ အရာ (၈)ခုကိုမျှဝေပေးသွားပါမယ်။

ရည်းစားဟောင်းအကြောင်း

ရည်းစားဟောင်းဆိုတာ ရည်းစားဟောင်းပါပဲ။ အတိတ်က အချစ်ရေးဟာ လက်ရှိ သူ့ရဲ့ လုပ်ငန်းမှာ ဘာအနှောင့်ယှက်မှ မပေးနိုင်သလို သူ့ရဲ့ ပျော်ရွှင်မှုကိုလည်း မဟန့်တားနိုင်ပါဘူး။

ဖက်ရှင်

ဖက်ရှင်ဆိုတာ လူတိုင်းအတွက်လိုအပ်တဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ရဲရင့်တဲ့အမျိုးသမီးတွေဟာ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းတွေမဝတ်ရလို့ စိုးရိမ်တာမျိုးမရှိသလို သူ့ကိုယ်သူ ဖက်ရှင်ကျကျ မကျကျ ယုံကြည်မှု ကင်းမဲ့တာမျိုး ဖြစ်လေ့မရှိပါဘူး။

လူမှုကွန်ရက်

ရဲရင့်တဲ့အမျိုးသမီးတွေလည်း လူမှုကွန်ရက်ကို အသုံးပြုကြပါတယ်။ သူတို့တင်ထားတဲ့ ဓာတ်ပုံအတွက် Like ဘယ်လောက်ရတယ်။ comment, react ဘယ်လောက်ရတယ်ဆိုတဲ့အပေါ် သူတို့ စိုးရိမ်လေ့မရှိသလို လူမှုကွန်ရက်စာမျက်နှာပေါ်က လူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ သူတို့ရဲ့ တန်းဖိုးကို သတ်မှတ်ပေးတယ်လို့လည်း ခံယူလေ့မရှိပါဘူး။

ပြည့်စုံတဲ့ ခန္ဓာကိုယ်ရှိခြင်းမရှိခြင်း

ထက်မြတ်ပြီး ရဲရင့်တဲ့အမျိုးသမီးတွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အရွယ်အစား ဘယ်လိုပဲရှိနေပါစေ ဒါဟာ သူတို့ရဲ ဉာဏ်ပညာ အရည်အချင်းကို ထုတ်ဖော်ပြသတယ်လို့ ခံယူလေ့မရှိသလို အဲဒီအပေါ်မှာလည်း စိုးရိမ်စိတ်မရှိပါဘူး။

အတိတ်ကအမှားတွေ

လူတိုင်း မှားဖူးကြပါတယ်။ ထက်မြတ်ပြီး ရဲရင့်တဲ့အမျိုးသမီးတွေဟာ အတိတ်ကအမှားတွေအတွက် ထပ်ခါထပ်ခါ စိုးရိမ်နောင်တရတာမျိုးမရှိပါဘူး။ အမှားတွေကနေ လူတွေဟာ သင်ယူရပြီး ပိုပြီးတော်လာကြတယ်လို့ ခံယူထားကြလို့ပါပဲ။

တခြားသူတွေရဲ့ ထင်မြင်ယူဆချက်

တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေဟာ သင့်ကို ပျော်ရွှင်မှုတွေ မဖန်တီးပေးနိုင်ဘူးလို့ရဲရင့်တဲ့ အမျိုးသမီးတွေ ယုံကြည်ကြပါတယ်။ သူတို့မှာ ကိုယ်ပိုင် ပန်းတိုင် ရည်ရွယ်ချက်ရှိကြပါတယ်။ တခြားသူတွေ ဘာပြောပြော သူတို့ရဲ့ ပန်းတိုင် ရည်မှန်းချက်တွေ ယိုင်လဲမသွားပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top