Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကြ်န္မတို႕မိန္းကေလးေတြဟာ ကိုယ့္ရဲ ႔ခႏၱာကိုယ္ အေပၚအျပည့္အဝေက်နပ္မွုမရွိတတ္ၾကပါဘူး။ အရပ္ရွည္တဲ့သူေတြကလည္း ရွည္လို႕ဆိုျပီး ကိုယ့္အသြင္ကို မေက်နပ္တဲ့သူေတြရွိသလို အရပ္ပုတဲ့ပ်ိဳေမေတြကလည္း ကိုယ့္ကိုကိုယ္ အရပ္ပုတယ္ ဆိုျပီး စိတ္ညစ္ေန၊ စိတ္အေႏွာင့္ယွက္ျဖစ္ေနတတ္ၾကပါတယ္။ တကယ္ေတာ့ အရပ္ပုတာဟာ စိတ္ရွုပ္စရာ စိတ္ညစ္စရာမဟုတ္ပါဘူး။ ေဒါက္ျမင့္ဖိနပ္လွလွေလးေတြစီးျပီး အရပ္ရွည္တဲ့သြင္ကို စမတ္က်က် ဖန္တီးႏုိင္ပါတယ္။ ဒါေပမယ့္လည္း အရပ္ရွည္တယ္ထင္ရဖို႔ ကိုယ့္အတြက္ေတာင့္သက္သာမရွိလွတဲ့ ေဒါက္ဖိနပ္အျမင့္ၾကီးေတြလည္း အျမဲတမ္းစီးစရာမလုိပါဘူး။ ဖက္ရွင္ Tip & Tricks ေတြကို နားလည္ျပီး အရပ္ရွည္တဲ့အသြင္ကို ဖန္တီးဝတ္ဆင္တတ္ရင္ အရပ္ရွည္တဲ့သူေတြထက္ေတာင္ပိုျပီး စတိုင္က်က်နဲ႔ လန္းႏိုင္ပါတယ္။

ဘယ္လုိဖက္ရွင္မ်ိဳးက သင့္ကိုအရပ္ရွည္တဲ့အသြင္ျဖစ္ေစႏိုင္လဲဆိုတာ ၾကည့္ရေအာင္။

၁။ လူေတာ္ေတာ္မ်ားမ်ားကေတာ့ Maxi Skirt လို႔ ေခၚတဲ့ ေျခမ်က္စိဖံုးတဲ့ စကဒ္ရွည္ရွည္ေတြကို အရပ္ပုတဲ့သူေတြနဲ႔ မလိုက္ဖက္ဘူးလို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ Cutting ေကာင္းတဲ့ Maxi Skirt ေတြဟာ သင့္ကို အရပ္ရွည္တဲ့အသြင္ျဖစ္ေစႏိုင္ပါတယ္။ အေပၚဝတ္ Top ကိုေတာ့ ကိုယ္နဲ႔ Fitting ျဖစ္တာမ်ိဳးကို ေရြးခ်ယ္ပါ။

၂။ High Waisted ေဘာင္းဘီေတြကလည္း သင့္ကိုအရပ္ရွည္သေယာင္ဖန္တီးေပးႏိုင္ပါတယ္။ ေဘာင္းဘီ အတို (သို႔) အရွည္ မိမိႏွစ္သက္ရာကို ေရြးခ်ယ္ဝတ္ဆင္ႏိုင္ပါတယ္။

၃။ အရပ္ရွည္တဲ့အသြင္ျဖစ္ေစဖို႔ အဝတ္အစားေရြးခ်ယ္တဲ့အခါမွာ အေပၚေအာက္ အေရာင္ကြဲေတြထက္ အေရာင္တူတာမ်ိဳးကို ဝတ္ဆင္ပါ။

၄။ Vertical Stripes လို႔ ေခၚတဲ့ ေဒါင္လိုက္စင္း အဝတ္အစားမ်ိဳးကလည္း သင့္ကိုအရပ္ရွည္တဲ့အသြင္ ျဖစ္ေအာင္ ပံ့ပိုးေပးႏိုင္ပါတယ္။

၅။ ဖိနပ္ ေရြးခ်ယ္တဲ့အခါမွာ အနိမ့္ပဲျဖစ္ျဖစ္၊ အျမင့္ပဲျဖစ္ျဖစ္ ထိပ္အခြ်န္ဖိနပ္မ်ိဳးကိုပဲ ေရြးခ်ယ္ပါ။ ထိပ္ဝိုင္းဖိနပ္ေတြက သင့္ကိုလက္ရွိအရပ္ထက္ပိုျပီး ပုတယ္လို႔ထင္ရေစတာမို႔ပါ။

၆။ လည္ပင္းေပါက္ကို V Shape ပံုစံမ်ိဳး ဝတ္ဆင္ျခင္းကလည္း သင့္ရဲ ႔ေက်ာ့ရွင္းတဲ့လည္တုိင္ကို ေပၚလြင္ေစတာမို႔ အရပ္ရွည္တယ္လို႔ထင္ရေစမွာပါ။

၇။ အက်ၤီနဲ႔ စကဒ္ ဝမ္းဆက္ပဲျဖစ္ျဖစ္ တဆက္တည္းဂါဝန္ပဲျဖစ္ျဖစ္ ဝတ္ဆင္တဲ့အခါ ခါးမွာ ခါးပတ္ေသးေသးေလးပတ္ျပီးဝတ္ဆင္တာက ဒီတုိင္းၾကီးဝတ္တာထက္ သင့္အသြင္ကို ပိုျပီး သြယ္လ်ေက်ာ့ရွင္းေစပါတယ္။

၈။ သင့္ရဲ ႔ဆံပင္ေတြကို ထိပ္မွာ ဆံထံုးခပ္ျမင့္ျမင့္ေလးထံုးေပးျခင္းျဖင့္လည္း သင့္ရဲ အသြင္ကို ရွည္သြယ္သေယာင္ဖန္တီးႏိုင္ပါတယ္။

၉။ ေနာက္ဆံုးအခ်က္အေနနဲ႔ အၾကံေပးခ်င္တာက အဝတ္အစားေရြးခ်ယ္တဲ့အခါမွာ ရွည္လည္းမရွည္ တိုတာလည္း မဟုတ္တဲ့ ဟိုမေရာက္ ဒီမေရာက္ ဖက္ရွင္ေတြက သင္နဲ႔အဆင္မေျပလွပါဘူး။ အရွည္ဆိုရင္လည္း ရွည္လြန္းတာမ်ိဳး အတိုဆိုရင္လည္း Super Short အသြင္မ်ိဳးကို ဝတ္ဆင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ကျွန်မတို့မိန်းကလေးတွေဟာ ကိုယ့်ရဲ့ခန္တာကိုယ် အပေါ်အပြည့်အဝကျေနပ်မှုမရှိတတ်ကြပါဘူး။ အရပ်ရှည်တဲ့သူတွေကလည်း ရှည်လို့ဆိုပြီး ကိုယ့်အသွင်ကို မကျေနပ်တဲ့သူတွေရှိသလို အရပ်ပုတဲ့ပျိုမေတွေကလည်း ကိုယ့်ကိုကိုယ် အရပ်ပုတယ် ဆိုပြီး စိတ်ညစ်နေ၊ စိတ်အနှောင့်ယှက်ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ အရပ်ပုတာဟာ စိတ်ရှုပ်စရာ စိတ်ညစ်စရာမဟုတ်ပါဘူး။ ဒေါက်မြင့်ဖိနပ်လှလှလေးတွေစီးပြီး အရပ်ရှည်တဲ့သွင်ကို စမတ်ကျကျ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့်လည်း အရပ်ရှည်တယ်ထင်ရဖို့ ကိုယ့်အတွက်တောင့်သက်သာမရှိလှတဲ့ ဒေါက်ဖိနပ်အမြင့်ကြီးတွေလည်း အမြဲတမ်းစီးစရာမလိုပါဘူး။ ဖက်ရှင် Tip & Tricks တွေကို နားလည်ပြီး အရပ်ရှည်တဲ့အသွင်ကို ဖန်တီးဝတ်ဆင်တတ်ရင် အရပ်ရှည်တဲ့သူတွေထက်တောင်ပိုပြီး စတိုင်ကျကျနဲ့ လန်းနိုင်ပါတယ်။

ဘယ်လိုဖက်ရှင်မျိုးက သင့်ကိုအရပ်ရှည်တဲ့အသွင်ဖြစ်စေနိုင်လဲဆိုတာ ကြည့်ရအောင်။

၁။ လူတော်တော်များများကတော့ Maxi Skirt လို့ ခေါ်တဲ့ ခြေမျက်စိဖုံးတဲ့ စကဒ်ရှည်ရှည်တွေကို အရပ်ပုတဲ့သူတွေနဲ့ မလိုက်ဖက်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ Cutting ကောင်းတဲ့ Maxi Skirt တွေဟာ သင့်ကို အရပ်ရှည်တဲ့အသွင်ဖြစ်စေနိုင်ပါတယ်။ အပေါ်ဝတ် Top ကိုတော့ ကိုယ်နဲ့ Fitting ဖြစ်တာမျိုးကို ရွေးချယ်ပါ။

၂။ High Waisted ဘောင်းဘီတွေကလည်း သင့်ကိုအရပ်ရှည်သယောင်ဖန်တီးပေးနိုင်ပါတယ်။ ဘောင်းဘီ အတို (သို့) အရှည် မိမိနှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

၃။ အရပ်ရှည်တဲ့အသွင်ဖြစ်စေဖို့ အဝတ်အစားရွေးချယ်တဲ့အခါမှာ အပေါ်အောက် အရောင်ကွဲတွေထက် အရောင်တူတာမျိုးကို ဝတ်ဆင်ပါ။

၄။ Vertical Stripes လို့ ခေါ်တဲ့ ဒေါင်လိုက်စင်း အဝတ်အစားမျိုးကလည်း သင့်ကိုအရပ်ရှည်တဲ့အသွင် ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။

၅။ ဖိနပ် ရွေးချယ်တဲ့အခါမှာ အနိမ့်ပဲဖြစ်ဖြစ်၊ အမြင့်ပဲဖြစ်ဖြစ် ထိပ်အချွန်ဖိနပ်မျိုးကိုပဲ ရွေးချယ်ပါ။ ထိပ်ဝိုင်းဖိနပ်တွေက သင့်ကိုလက်ရှိအရပ်ထက်ပိုပြီး ပုတယ်လို့ထင်ရစေတာမို့ပါ။

၆။ လည်ပင်းပေါက်ကို V Shape ပုံစံမျိုး ဝတ်ဆင်ခြင်းကလည်း သင့်ရဲ့ကျော့ရှင်းတဲ့လည်တိုင်ကို ပေါ်လွင်စေတာမို့ အရပ်ရှည်တယ်လို့ထင်ရစေမှာပါ။

၇။ အင်္ကျီနဲ့ စကဒ် ဝမ်းဆက်ပဲဖြစ်ဖြစ် တဆက်တည်းဂါဝန်ပဲဖြစ်ဖြစ် ဝတ်ဆင်တဲ့အခါ ခါးမှာ ခါးပတ်သေးသေးလေးပတ်ပြီးဝတ်ဆင်တာက ဒီတိုင်းကြီးဝတ်တာထက် သင့်အသွင်ကို ပိုပြီး သွယ်လျကျော့ရှင်းစေပါတယ်။

၈။ သင့်ရဲ့ဆံပင်တွေကို ထိပ်မှာ ဆံထုံးခပ်မြင့်မြင့်လေးထုံးပေးခြင်းဖြင့်လည်း သင့်ရဲ အသွင်ကို ရှည်သွယ်သယောင်ဖန်တီးနိုင်ပါတယ်။

၉။ နောက်ဆုံးအချက်အနေနဲ့ အကြံပေးချင်တာက အဝတ်အစားရွေးချယ်တဲ့အခါမှာ ရှည်လည်းမရှည် တိုတာလည်း မဟုတ်တဲ့ ဟိုမရောက် ဒီမရောက် ဖက်ရှင်တွေက သင်နဲ့အဆင်မပြေလှပါဘူး။ အရှည်ဆိုရင်လည်း ရှည်လွန်းတာမျိုး အတိုဆိုရင်လည်း Super Short အသွင်မျိုးကို ဝတ်ဆင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top