ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပါကစၥတန္ႏုိင္ငံ ပန္ဂ်ပ္ခ႐ုိင္ အေနာက္ေတာင္ဘက္ မူဇာဖာဂါ့ၿမိဳ႕ ဒူးလက္ပူးဝါေဒသမွာ ခင္ပြန္း ျဖစ္သူနဲ႔ မိသားစုဝင္ ၁၄ ဦးတုိ႔ကို ႏြားႏို႔ထဲ အဆိပ္ခတ္ သတ္မႈနဲ႔ အမ်ိဳးသမီး ကို ဖမ္းဆီး လိုက္တယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့အပတ္က ဇနီး ျဖစ္သူ အဆီရာဘီဘီက ခင္ပြန္း ကို ေသေစလိုတဲ့ ရည္ရြယ္ခ်က္နဲ႔ သူေသာက္မယ့္ ႏြားႏုိ႔ထဲ အဆိပ္ခတ္ခဲ့တာပါ။ ဒီလုိ အဆိပ္ခတ္ ထားေပမယ့္ ခင္ပြန္း ျဖစ္သူက ႏြားႏုိ႔ ကို မေသာက္ျဖစ္ခဲ့ဘူးလို႔ ရဲေတြက ေျပာပါတယ္။

မေသာက္ျဖစ္တဲ့ ႏြားႏုိ႔ ကို ခင္ပြန္း ရဲ႕ မိခင္ ျဖစ္သူက ဒိန္ခ်ဥ္ လုပ္ၿပီး မိသားစုဝင္ ၂၇ ဦးကို ေကြၽးမိရာကေန မိသားစုဝင္ေတြ စားမိၾကရင္း အခုလုိ ျဖစ္ခဲ့ၾကတာပါ။

အေစာပိုင္းမွာ အဆီရာဘီဘီက ႏြားႏုိ႔ ထဲ အိမ္ေျမႇာင္ ျပဳတ္က်သြားတယ္လုိ႔ ေျပာခဲ့ေပမယ့္ ေနာက္ပိုင္းမွာ သူမ လုပ္ခဲ့တာကို အခ်ဳပ္ထဲမွာ ဝန္ခံခဲ့တယ္လုိ႔ သိရပါတယ္။

ရဲေတြရဲ႕အေျပာအရ အမ်ိဳးသမီး က ၿပီးခဲ့တဲ့ စက္တင္ဘာမွာ ခင္ပြန္းျဖစ္သူကို လက္မထပ္ခ်င္ဘဲ အတင္းအဓမၼ စီစဥ္မႈနဲ႔ လက္ထပ္ခဲ့ရေၾကာင္း၊ ဒီလုိ လက္ထပ္မႈ မ်ိဳးက ပါကစၥတန္ႏုိင္ငံ ေက်းလက္ေဒသနဲ႔ ဆင္းရဲတဲ့ မိသားစုဝင္ေတြမွာ ျဖစ္ေနက်ကိစၥျဖစ္ၿပီး တခါတရံမွာ မိသားစုဝင္ ေတြရဲ႕ အတင္းတုိက္တြန္းမႈနဲ႔ လက္ထပ္ၾကရတယ္လို႔ ဆုိပါတယ္။

အခုကိစၥမွာ ဇနီးသည္ ျဖစ္သူက သူမ လက္ထပ္ထားတဲ့ ေယာက္်ား အိမ္ကေန မိဘ ေတြ အိမ္ ကို ျပန္ထြက္ေျပးဖုိ႔ ႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့ေၾကာင္း၊ လက္ထပ္ၿပီး ရက္ပိုင္းအၾကာ မေပ်ာ္ရႊင္လို႔ မိဘ အိမ္ကို  ျပန္သြားေပမယ့္ မိဘေတြက ေယာကၡမအိမ္ကို အတင္းျပန္လႊတ္ခဲ့တယ္လို႔ ေဒသခံ သတင္းဌာနေတြက ထုတ္ျပန္ထားပါတယ္။

အဆီရာဘီဘီကုိ လူသတ္မႈ နဲ႔ တရားစြဲ ဆုိထားၿပီး သူမရဲ႕ ခ်စ္သူျဖစ္သူ အမ်ိဳးသားနဲ႔ အေဒၚျဖစ္သူကိုလည္း ဖမ္းဆီးထားတယ္လုိ႔ ရဲအႀကီးတန္းအရာရွိ အာမဒ္က ေျပာပါတယ္။

အဆိပ္ခတ္ မႈေၾကာင့္ စုစုေပါင္း လူ ၁၅ ဦး ေသဆံုး ခဲ့ၿပီး ေနာက္ထပ္ ၁၂ ဦးကလည္း မူလတန္ၿမိဳ႕နားက ေဆး႐ုံမွာ ကုသမႈ ခံယူေနရတယ္ စုိးရိမ္ရတဲ့အေနအထားမွာ ရွိတယ္လို႔ သိရပါတယ္။

ေသဆံုးသူ aတြကုိ စစ္ေဆးမႈ အရ အဆိပ္ေၾကာင့္ ေသဆံုး တာ ထင္ရွားေၾကာင္း၊ ဖမ္းခံရသူ အားလံုးကို တရားစြဲဆုိထားတယ္လုိ႔ ခ႐ုိင္ရဲအရာရွိ အာမဒ္မာလစ္က္က ေျပာေၾကာင္း ဘီဘီစီသတင္းမွာ ေဖာျ္ပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVD
#Unicode Version#
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ခရိုင် အနောက်တောင်ဘက် မူဇာဖာဂါ့မြို့ ဒူးလက်ပူးဝါဒေသမှာ ခင်ပွန်း ဖြစ်သူနဲ့ မိသားစုဝင် ၁၄ ဦးတို့ကို နွားနို့ထဲ အဆိပ်ခတ် သတ်မှုနဲ့ အမျိုးသမီး ကို ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ဇနီး ဖြစ်သူ အဆီရာဘီဘီက ခင်ပွန်း ကို သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ သူသောက်မယ့် နွားနို့ထဲ အဆိပ်ခတ်ခဲ့တာပါ။ ဒီလို အဆိပ်ခတ် ထားပေမယ့် ခင်ပွန်း ဖြစ်သူက နွားနို့ ကို မသောက်ဖြစ်ခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။

မသောက်ဖြစ်တဲ့ နွားနို့ ကို ခင်ပွန်း ရဲ့ မိခင် ဖြစ်သူက ဒိန်ချဉ် လုပ်ပြီး မိသားစုဝင် ၂၇ ဦးကို ကျွေးမိရာကနေ မိသားစုဝင်တွေ စားမိကြရင်း အခုလို ဖြစ်ခဲ့ကြတာပါ။

အစောပိုင်းမှာ အဆီရာဘီဘီက နွားနို့ ထဲ အိမ်မြှောင် ပြုတ်ကျသွားတယ်လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ သူမ လုပ်ခဲ့တာကို အချုပ်ထဲမှာ ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

ရဲတွေရဲ့အပြောအရ အမျိုးသမီး က ပြီးခဲ့တဲ့ စက်တင်ဘာမှာ ခင်ပွန်းဖြစ်သူကို လက်မထပ်ချင်ဘဲ အတင်းအဓမ္မ စီစဉ်မှုနဲ့ လက်ထပ်ခဲ့ရကြောင်း၊ ဒီလို လက်ထပ်မှု မျိုးက ပါကစ္စတန်နိုင်ငံ ကျေးလက်ဒေသနဲ့ ဆင်းရဲတဲ့ မိသားစုဝင်တွေမှာ ဖြစ်နေကျကိစ္စဖြစ်ပြီး တခါတရံမှာ မိသားစုဝင် တွေရဲ့ အတင်းတိုက်တွန်းမှုနဲ့ လက်ထပ်ကြရတယ်လို့ ဆိုပါတယ်။

အခုကိစ္စမှာ ဇနီးသည် ဖြစ်သူက သူမ လက်ထပ်ထားတဲ့ ယောက်ျား အိမ်ကနေ မိဘ တွေ အိမ် ကို ပြန်ထွက်ပြေးဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ကြောင်း၊ လက်ထပ်ပြီး ရက်ပိုင်းအကြာ မပျော်ရွှင်လို့ မိဘ အိမ်ကို  ပြန်သွားပေမယ့် မိဘတွေက ယောက္ခမအိမ်ကို အတင်းပြန်လွှတ်ခဲ့တယ်လို့ ဒေသခံ သတင်းဌာနတွေက ထုတ်ပြန်ထားပါတယ်။

အဆီရာဘီဘီကို လူသတ်မှု နဲ့ တရားစွဲ ဆိုထားပြီး သူမရဲ့ ချစ်သူဖြစ်သူ အမျိုးသားနဲ့ အဒေါ်ဖြစ်သူကိုလည်း ဖမ်းဆီးထားတယ်လို့ ရဲအကြီးတန်းအရာရှိ အာမဒ်က ပြောပါတယ်။

အဆိပ်ခတ် မှုကြောင့် စုစုပေါင်း လူ ၁၅ ဦး သေဆုံး ခဲ့ပြီး နောက်ထပ် ၁၂ ဦးကလည်း မူလတန်မြို့နားက ဆေးရုံမှာ ကုသမှု ခံယူနေရတယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ aတွကို စစ်ဆေးမှု အရ အဆိပ်ကြောင့် သေဆုံး တာ ထင်ရှားကြောင်း၊ ဖမ်းခံရသူ အားလုံးကို တရားစွဲဆိုထားတယ်လို့ ခရိုင်ရဲအရာရှိ အာမဒ်မာလစ်က်က ပြောကြောင်း ဘီဘီစီသတင်းမှာ ဖောြ်ပထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVD
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top