Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×




ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုလားတန်မြစ် အထက်ပိုင်းရှိ ကုန်ပြင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂ ရက်က တပ်မတော် ခမရ (၃၇၈) နဲ့ ရက္ခိုင်တပ်မတော် (AA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။

တခါ နိုဝင်ဘာ ၈ ရက်မှာ ပလက်ဝမြို့နယ်၊ နုံးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်ထဲမှာ တပ်မတော်သားများ စီးနင်းလိုက်ပါလာတဲ့ စက်လှေတစင်းနဲ့ အရပ်သားပြည်သူတွေ စီးနင်းလိုက်ပါလာတဲ့ စက်လှေတစင်းတို့ကို AA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုအတွင်း ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံ ကျောင်းသားတဦး သေဆုံးခဲ့ပြီး အရပ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Credit: lwinpyin
#Unicode Version#
ပလက်၀ ကိစ္စက အရပ်သားပြည်သူကို ထိခိုက်တာကြောင့် အစိုးရနဲ့ တပ်မတော်အနေနဲ့ ပြန်တိုက်မယ်လို့ အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်က ရန်ကုန်မှာ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး မီဒီယာတွေက မေးမြန်းရာမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ပလက်၀ ကတော့ အခု သတင်းတွေမှာ တွေ့တဲ့အတိုင်းပဲနော်၊ ဒါက ကျန်တဲ့ ပြည်သူတွေကို အရပ်သားပြည်သူတွေကို ထိခိုက်တဲ့ဟာပေါ့။ ဒါက နိုင်ငံတော်အစိုးရကိုရော လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုရော အကုန်လုံးက ပြည်သူကို ထိခိုက်လာတာကြောင့် ပြန်တိုက်ရမှာပေါ့”

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကုုလားတန်မြစ် အထက်ပိုုင်းရှိ ကုုန်ပြင်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂ ရက်က တပ်မတော် ခမရ (၃၇၈) နဲ့ ရက္ခိုင်တပ်မတော် (AA) တို့ တိုုက်ပွဲ ဖြစ်ပွားခဲ့တယ်။

တခါ နိုဝင်ဘာ ၈ ရက်မှာ ပလက်ဝမြို့နယ်၊ နုံးဘူးကျေးရွာအနီး၊ ကုုလားတန်မြစ်ထဲမှာ တပ်မတော်သားများ စီးနင်းလိုုက်ပါလာတဲ့ စက်လှေတစင်းနဲ့ အရပ်သားပြည်သူတွေ စီးနင်းလိုုက်ပါလာတဲ့ စက်လှေတစင်းတို့ကို AA က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုအတွင်း ကျောက်ဖြူ စက်မှုလက်မှုသိပ္ပံ ကျောင်းသားတဦး သေဆုံုးခဲ့ပြီး အရပ်သား ၃ ဦးထိခိုုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top