ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

ပါကစၥတန္ႏုိင္ငံမွာ ေျမေအာက္ကတူးေဖၚရရွိခဲ့တဲ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၇ဝဝ ခန္႔က ေလ်ာင္းေတာ္မူ ျမတ္စြာဘုရား ရုပ္ပြားေတာ္တဆူကုိ ဗုဒၶဟူးေန႔က ျပသခဲ့ပါတယ္။ Bhamala ဘာမာလာျပည္နယ္ မွာရွိတဲ့ အဲဒီေရွးေဟာင္းဘုရားေဒသကုိ ၁၉၂၉ ခုႏွစ္ကစတင္ေတြ႔ရွိျပီး အခုေနာက္ဆုံးတူးေဖၚရရွိတဲ့ ရုပ္ပြားေတာ္ဟာ ဥာဏ္ေတာ္ ၄၈ ေပရွိပါတယ္။

ဒါဟာ ေအဒီ ၃ ရာစုကလက္ရာျဖစ္ျပီး ကမာၻေပၚမွာ သက္တမ္းအရွည္ၾကာဆုံး ရုပ္ပြားေတာ္တဆူျဖစ္ပါတယ္။ ႏုိင္ငံေတာ္ရဲ႕ အေမြအႏွစ္ပါပဲလုိ႔ ပညာရွင္တဦးကေျပာပါတယ္။

အဲဒီ ဘာမာလာျပည္နယ္ဟာ အေသာကမင္းၾကီး လက္ထက္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၃ဝဝ ေက်ာ္က ဗုဒၶသာသနာ ပ်ံ႕ပြားထြန္႔ကားခဲ့တဲ့ အခ်က္အခ်ာေဒသျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ပါကစ္စတန်နိုင်ငံမှာ မြေအောက်ကတူးဖေါ်ရရှိခဲ့တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇ဝဝ ခန့်က လျောင်းတော်မူ မြတ်စွာဘုရား ရုပ်ပွားတော်တဆူကို ဗုဒ္ဓဟူးနေ့က ပြသခဲ့ပါတယ်။ Bhamala ဘာမာလာပြည်နယ် မှာရှိတဲ့ အဲဒီရှေးဟောင်းဘုရားဒေသကို ၁၉၂၉ ခုနှစ်ကစတင်တွေ့ရှိပြီး အခုနောက်ဆုံးတူးဖေါ်ရရှိတဲ့ ရုပ်ပွားတော်ဟာ ဉာဏ်တော် ၄၈ ပေရှိပါတယ်။

ဒါဟာ အေဒီ ၃ ရာစုကလက်ရာဖြစ်ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံး ရုပ်ပွားတော်တဆူဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အမွေအနှစ်ပါပဲလို့ ပညာရှင်တဦးကပြောပါတယ်။

အဲဒီ ဘာမာလာပြည်နယ်ဟာ အသောကမင်းကြီး လက်ထက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၃ဝဝ ကျော်က ဗုဒ္ဓသာသနာ ပျံ့ပွားထွန့်ကားခဲ့တဲ့ အချက်အချာဒေသဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top