ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သြားနဲ႔ခံတြင္း က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ပတ္သက္ၿပီး သြားဆရာဝန္ ေတြက သင့္ကို သိေစလိုတဲ့ အခ်က္ေတြကို ေရးသား လိုက္ရပါတယ္။

၁) လူေတြက သင့္ကို ပထမဆံုးအႀကိမ္ စေတြ႕တဲ့အခါ အရင္ဆံုး သူတို႔ သတိထား မိတာက သင္ရဲ႕ မ်က္လံုးေတြ ျဖစ္ၿပီး ဒုတိယ အေနနဲ႔ သတိထား မိတာက သင့္သြား ေတြပါပဲ။ တတိယ အေနနဲ႔က်မွ သင့္ဆံပင္ေတြကို သတိျပဳမိတာပါ။ ဒါေပမဲ့ လူေတြက သြားေတြထက္ ဆံပင္အတြက္ ပိုၿပီး ေငြကုန္ ေၾကးက်ခံကာ ျပဳျပင္ ေနၾကပါတယ္။

၂) သြားေဆးခန္းကို လာတဲ့ လူနာေတြက နာမည္ေက်ာ္ သူေတြရဲ႕ ပံုေတြကို ယူေဆာင္လာၿပီး “ကၽြန္မရဲ႕ သြားေတြကို သူ႔လို ပံုစံမ်ဳိး ျဖစ္ခ်င္ပါတယ္” လို႔ ေျပာၾကပါတယ္။ အဲဒီအခါမွာ ကၽြန္ေတာ္ ျပန္ရွင္းျပ ခ်င္တဲ့ အခ်က္ ရွိပါတယ္။ သင့္အေနနဲ႔ အင္ဂ်လီနာ ဂ်ဳိလီလို အၿပံဳးမ်ဳိးေတာ့ ၿပံဳးႏိုင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလို သြားေတြနဲ႔ အံဝင္ခြင္က် အဆင္ေျပတဲ့ မ်က္ႏွာ ပံုစံမ်ဳိး သင့္မွာ မရွိတာေၾကာင့္ ပါပဲ။

၃) သင့္အေနနဲ႔ သင့္ခံတြင္းထဲမွာ မေကာင္းတဲ့ ဘက္တီးရီးယားေတြ ေလွ်ာ့ခ် လိုတယ္ဆိုရင္ Xylitol (ပီေကထဲမွာ ေတြ႕ရတဲ့ သၾကား အစားထိုး ပစၥည္း) ကို စားေပးဖို႔ လိုပါတယ္။ Xylitol က သင့္ခံတြင္းရဲ႕ ဓာတ္သဘာဝကို ေျပာင္းလဲ ပစ္ႏိုင္ပါတယ္။ Xylitol ပါတဲ့ ပီေက ေျခာက္ခု၊ ခုနစ္ခုေလာက္ ေန႔စဥ္စားရင္ သြားပိုးစား ေရာဂါ ကင္းေဝး ေစပါတယ္။

၄) ခံတြင္းကို အေပါက္ ေဖာက္ၿပီး အလွဆင္တာက ကူးစက္ပိုး ဝင္ႏိုင္ေျခ မ်ားပါတယ္။ လွ်ာကို အေပါက္ေဖာက္ၿပီး အလွဆင္တာေၾကာင့္ ပိုးဝင္ကာ လွ်ာျဖတ္လိုက္ရတဲ့ သူေတြကို ႀကံဳဖူးပါတယ္။ တကယ္လို႔ အဲဒီလို မျဖစ္ဘူး ဆိုရင္ေတာင္ လွ်ာကို အေပါက္ ေဖာက္တာ ေၾကာင့္ ေရွ႕သြားေတြ ပဲ့ထြက္ တာမ်ဳိး ျဖစ္တတ္ ပါတယ္။

၅)လူေတြက ခက္ခဲ ၾကန္႔ၾကာတဲ့ ကိစၥမ်ဳိးဆိုရင္ သြားႏုတ္ရသလိုပဲလို႔ တင္စား ေျပာဆို တတ္ၾကတယ္။ တကယ္တမ္းက သြားႏုတ္ရတာက လြယ္ကူ ျမန္ဆန္ပါတယ္။

၆) သြားေဆးခန္းကို မလာခင္ ၾကက္သြန္ျဖဴေတြ စားမလာခဲ့ရင္ ေက်းဇူးတင္ ေနမွာပါ။

၇)လြန္ခဲ့တဲ့ ႏွစ္ ၂၀ ေလာက္တုန္းက ကေလးေတြက ႏို႔ဘူးစို႔ၿပီး အိပ္ရင္ သြားပ်က္စီး ႏိုင္တယ္လို႔ သြားဆရာဝန္ေတြက မိဘေတြကို သတိေပးခဲ့ၾက ပါတယ္။ ဒါေၾကာင့္ ႏို႔ဘူးစို႔ရက္နဲ႔ ကေလးကို မအိပ္ေစဖို႔ လိုပါတယ္။ ဒီသေဘာတရားက အခုအထိလည္း ေျပာင္းလဲမႈ မရွိပါဘူး။

၈)သြားဖံုးေတြကေန ေသြးထြက္တဲ့အခါ သင္တို႔အေနနဲ႔ ဘာမွ ကိစၥမရွိပါဘူး လို႔ပဲ ထင္ေနၾကပါတယ္။ သြားကို ခပ္ၾကမ္းၾကမ္း မတိုက္ဘဲနဲ႔ သြားဖံုးကေန ေသြးေတြ ထြက္ေနရင္ ဒါက သြားပတ္ေျမႇး ေရာဂါ (Periodontal Disease) ျဖစ္ေန ႏိုင္တာေၾကာင့္ သြားဆရာဝန္နဲ႔ ျပသသင့္ ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
သွားနဲ့ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး သွားဆရာဝန် တွေက သင့်ကို သိစေလိုတဲ့ အချက်တွေကို ရေးသား လိုက်ရပါတယ်။

၁) လူတွေက သင့်ကို ပထမဆုံးအကြိမ် စတွေ့တဲ့အခါ အရင်ဆုံး သူတို့ သတိထား မိတာက သင်ရဲ့ မျက်လုံးတွေ ဖြစ်ပြီး ဒုတိယ အနေနဲ့ သတိထား မိတာက သင့်သွား တွေပါပဲ။ တတိယ အနေနဲ့ကျမှ သင့်ဆံပင်တွေကို သတိပြုမိတာပါ။ ဒါပေမဲ့ လူတွေက သွားတွေထက် ဆံပင်အတွက် ပိုပြီး ငွေကုန် ကြေးကျခံကာ ပြုပြင် နေကြပါတယ်။

၂) သွားဆေးခန်းကို လာတဲ့ လူနာတွေက နာမည်ကျော် သူတွေရဲ့ ပုံတွေကို ယူဆောင်လာပြီး “ကျွန်မရဲ့ သွားတွေကို သူ့လို ပုံစံမျိုး ဖြစ်ချင်ပါတယ်” လို့ ပြောကြပါတယ်။ အဲဒီအခါမှာ ကျွန်တော် ပြန်ရှင်းပြ ချင်တဲ့ အချက် ရှိပါတယ်။ သင့်အနေနဲ့ အင်ဂျလီနာ ဂျိုလီလို အပြုံးမျိုးတော့ ပြုံးနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို သွားတွေနဲ့ အံဝင်ခွင်ကျ အဆင်ပြေတဲ့ မျက်နှာ ပုံစံမျိုး သင့်မှာ မရှိတာကြောင့် ပါပဲ။

၃) သင့်အနေနဲ့ သင့်ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ လျှော့ချ လိုတယ်ဆိုရင် Xylitol (ပီကေထဲမှာ တွေ့ရတဲ့ သကြား အစားထိုး ပစ္စည်း) ကို စားပေးဖို့ လိုပါတယ်။ Xylitol က သင့်ခံတွင်းရဲ့ ဓာတ်သဘာဝကို ပြောင်းလဲ ပစ်နိုင်ပါတယ်။ Xylitol ပါတဲ့ ပီကေ ခြောက်ခု၊ ခုနစ်ခုလောက် နေ့စဉ်စားရင် သွားပိုးစား ရောဂါ ကင်းဝေး စေပါတယ်။

၄) ခံတွင်းကို အပေါက် ဖောက်ပြီး အလှဆင်တာက ကူးစက်ပိုး ဝင်နိုင်ခြေ များပါတယ်။ လျှာကို အပေါက်ဖောက်ပြီး အလှဆင်တာကြောင့် ပိုးဝင်ကာ လျှာဖြတ်လိုက်ရတဲ့ သူတွေကို ကြုံဖူးပါတယ်။ တကယ်လို့ အဲဒီလို မဖြစ်ဘူး ဆိုရင်တောင် လျှာကို အပေါက် ဖောက်တာ ကြောင့် ရှေ့သွားတွေ ပဲ့ထွက် တာမျိုး ဖြစ်တတ် ပါတယ်။

၅)လူတွေက ခက်ခဲ ကြန့်ကြာတဲ့ ကိစ္စမျိုးဆိုရင် သွားနုတ်ရသလိုပဲလို့ တင်စား ပြောဆို တတ်ကြတယ်။ တကယ်တမ်းက သွားနုတ်ရတာက လွယ်ကူ မြန်ဆန်ပါတယ်။

၆) သွားဆေးခန်းကို မလာခင် ကြက်သွန်ဖြူတွေ စားမလာခဲ့ရင် ကျေးဇူးတင် နေမှာပါ။

၇)လွန်ခဲ့တဲ့ နှစ် ၂၀ လောက်တုန်းက ကလေးတွေက နို့ဘူးစို့ပြီး အိပ်ရင် သွားပျက်စီး နိုင်တယ်လို့ သွားဆရာဝန်တွေက မိဘတွေကို သတိပေးခဲ့ကြ ပါတယ်။ ဒါကြောင့် နို့ဘူးစို့ရက်နဲ့ ကလေးကို မအိပ်စေဖို့ လိုပါတယ်။ ဒီသဘောတရားက အခုအထိလည်း ပြောင်းလဲမှု မရှိပါဘူး။

၈)သွားဖုံးတွေကနေ သွေးထွက်တဲ့အခါ သင်တို့အနေနဲ့ ဘာမှ ကိစ္စမရှိပါဘူး လို့ပဲ ထင်နေကြပါတယ်။ သွားကို ခပ်ကြမ်းကြမ်း မတိုက်ဘဲနဲ့ သွားဖုံးကနေ သွေးတွေ ထွက်နေရင် ဒါက သွားပတ်မြှေး ရောဂါ (Periodontal Disease) ဖြစ်နေ နိုင်တာကြောင့် သွားဆရာဝန်နဲ့ ပြသသင့် ပါတယ်။



 ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top