Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အ႐ႈံးေတြက သင့္ကို ပိုေကာင္းတဲ့လူတစ္ေယာက္ ျဖစ္လာေစမွာ။

ဘယ္ေတာ့မွမ႐ႈံးတဲ့လူဆိုတာ ဘယ္ေတာ့မွ မႀကိဳးစားဖူးသူပဲ။ ဒီေတာ့ ကိုယ့္ရဲ႕အမွားေတြဟာ ကိုယ့္ရဲ႕ႀကိဳးစားမႈေတြလို႔လည္း သက္ေသျပရာေရာက္ပါတယ္။ အမွားေတြထဲကေနပဲ သင္ခန္းစာယူရင္း ေအာင္ျမင္ခဲ့သူေတြ ထုနဲ႔ေဒးပါ။ က်႐ႈံးဖူးတုိင္း စိတ္ဓာတ္မက်ပါနဲ႔။ အ႐ႈံးေတြကေန အျမတ္ရေအာင္ယူတတ္ရင္ ဒီ့ထက္မက ေအာင္ျမင္လာမွာ ေသခ်ာပါတယ္။

၁။ လက္ခံလိုက္

လူတုိင္း ႐ႈံးနိမ့္ဖူးတယ္။ နည္းနည္းနဲ႔ မ်ားမ်ားပဲ ကြာတယ္။ ဒီေတာ့ ကိုယ္႐ႈံးနိမ့္တာကို လက္ခံလိုက္ပါ။ ဘယ္သူ႔ေၾကာင့္ ဘာေၾကာင့္ရယ္လို႔ သူမ်ားကိုလည္း အျပစ္မတင္နဲ႔ေတာ့။ ႐ႈံးသြားတာကို ႐ွိပေစေတာ့ေလ။ ျပင္လို႔မွ မရေတာ့ဘဲ။ ေ႐ွ႕ဆက္ေလွ်ာက္ပါ။

၂။ အေတြ႕အၾကံဳကေန သင္ယူပါ

႐ႈံးနိမ့္မႈနဲ႔ ျငင္းပယ္ခံရမႈေတြဟာ သာယာတဲ့အေတြ႕အၾကံဳေတြမဟုတ္ေပမဲ့ အဖိုးတန္တဲ့အရာေတြလည္း ျဖစ္ပါတယ္။ အ႐ႈံးေတြကေန အျမတ္ရဖုိ႔ဆုိရင္ သင္ယူႏိုင္ဖုိ႔လိုတယ္။ ဒါေၾကာင့္မို႔လို႔ စိတ္ဓာတ္မက်ပါနဲ႔။ မတူညီတဲ့နည္းလမ္းအသစ္ကိုသံုးၿပီး ထပ္ႀကိဳးစားပါ။ အရင္က မွားခဲ့တဲ့အတိုင္း ထပ္မမွားမိဖုိ႔ပဲလိုတယ္။

၃။ ဘယ္အခ်ိန္မွာရပ္တန္႔ရမလဲ

အ႐ႈံးတစ္ခုကေန ကပ္ဆိုက္သလို ေဘးအႏၱရာယ္ဆုိးႀကီး မျဖစ္ဖုိ႔ကေတာ့ ႀကိဳတင္ျပင္ဆင္မႈက အေရးႀကီးသြားၿပီး။ ေလာင္းကစားသမားေတြလိုေပါ့ ေငြေမ်ာရင္ ေငြနဲ႔လိုက္ရင္း မြဲျပာက်႐ံုမက အေၾကြးပါတင္သြားတာ။ အခ်စ္ေရးမွာဆုိလည္း အဆင္မေျပတဲ့အေျခအေနႀကီးဟာ ၆ လအတြင္းမွာ မေျပလည္ေတာ့ဘူးဆုိရင္ ရပ္တန္႔လိုက္ဖုိ႔ လိုပါတယ္။

၄။ အၾကံဉာဏ္နဲ႔ တံု႔ျပန္ခ်က္ေတြယူ

႐ႈံးနိမ့္မႈ တစ္ခုကို ပိုင္းျခားစိတ္ျဖာၿပီး နားလည္သေဘာေပါက္လာေအာင္ ႀကိဳးစားၾကည့္ပါ။ ဘာေတြ မွားယြင္းခဲ့တာလည္းဆိုတာ သိလာလိမ့္မယ္။ ျဖစ္ပ်က္ခဲ့တာအေပၚ ခံစားခ်က္ေတြကို ဖယ္ထုတ္လိုက္ၿပီး သူမ်ားေတြရဲ႕အျမင္ကိုေမး၊ အၾကံဉာဏ္ေတြ ေတာင္းခံၾကည့္ပါ။ သူတုိ႔ရဲ႕အျမင္ကိုေမးတဲ့အခါ ျမင္တဲ့အတုိင္းပဲ ေျပာပါေစ။ ကိုယ့္ဘက္လိုက္ၿပီး ေျပာတာမ်ိဳးမလုပ္ဖို႔လည္း ေတာင္းဆုိပါ။

၅။ အေရထူလာမယ္

တစ္ခါမွားတယ္ .... အ႐ူးလိုပဲ ေသြးပ်က္သြားတယ္။ ထပ္မွားတယ္... နာက်င္ရတုန္းပဲ။ သံုးႀကိမ္ေလာက္က်ေတာ့ သိပ္မခံစားရေတာ့ဘူး။ ႐ႈံးနိမ့္မႈေတြကေန ပိုၿပီးဆိုးရြားမသြားေအာင္ သင္ခန္းစာယူႏိုင္မယ္၊ ျပန္ႀကိဳးစားတယ္ဆုိရင္ ေနာက္ထပ္ ႐ႈံးနိမ့္မႈနဲ႔ႀကံဳရတဲ့အခါ အရင္ကေလာက္ဆိုးရြားမသြားေတာ့ဘူး။ အေရထူသြားၿပီး ပိုပိုေတာ္လာပါတယ္။ စိန္ေတြဟာ အဆင့္ဆင့္ ျဖတ္ေတာက္ ေသြးေလေလ ပိုလွလာေလေလပါပဲဆုိတာ မေမ့ပါနဲ႔။ အ႐ႈံးေတြက သင့္ကို ပိုေကာင္းတဲ့လူတစ္ေယာက္ ျဖစ္လာေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အရှုံးတွေက သင့်ကို ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေမှာ။

ဘယ်တော့မှမရှုံးတဲ့လူဆိုတာ ဘယ်တော့မှ မကြိုးစားဖူးသူပဲ။ ဒီတော့ ကိုယ့်ရဲ့အမှားတွေဟာ ကိုယ့်ရဲ့ကြိုးစားမှုတွေလို့လည်း သက်သေပြရာရောက်ပါတယ်။ အမှားတွေထဲကနေပဲ သင်ခန်းစာယူရင်း အောင်မြင်ခဲ့သူတွေ ထုနဲ့ဒေးပါ။ ကျရှုံးဖူးတိုင်း စိတ်ဓာတ်မကျပါနဲ့။ အရှုံးတွေကနေ အမြတ်ရအောင်ယူတတ်ရင် ဒီ့ထက်မက အောင်မြင်လာမှာ သေချာပါတယ်။

၁။ လက်ခံလိုက်

လူတိုင်း ရှုံးနိမ့်ဖူးတယ်။ နည်းနည်းနဲ့ များများပဲ ကွာတယ်။ ဒီတော့ ကိုယ်ရှုံးနိမ့်တာကို လက်ခံလိုက်ပါ။ ဘယ်သူ့ကြောင့် ဘာကြောင့်ရယ်လို့ သူများကိုလည်း အပြစ်မတင်နဲ့တော့။ ရှုံးသွားတာကို ရှိပစေတော့လေ။ ပြင်လို့မှ မရတော့ဘဲ။ ရှေ့ဆက်လျှောက်ပါ။

၂။ အတွေ့အကြုံကနေ သင်ယူပါ

ရှုံးနိမ့်မှုနဲ့ ငြင်းပယ်ခံရမှုတွေဟာ သာယာတဲ့အတွေ့အကြုံတွေမဟုတ်ပေမဲ့ အဖိုးတန်တဲ့အရာတွေလည်း ဖြစ်ပါတယ်။ အရှုံးတွေကနေ အမြတ်ရဖို့ဆိုရင် သင်ယူနိုင်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ စိတ်ဓာတ်မကျပါနဲ့။ မတူညီတဲ့နည်းလမ်းအသစ်ကိုသုံးပြီး ထပ်ကြိုးစားပါ။ အရင်က မှားခဲ့တဲ့အတိုင်း ထပ်မမှားမိဖို့ပဲလိုတယ်။

၃။ ဘယ်အချိန်မှာရပ်တန့်ရမလဲ

အရှုံးတစ်ခုကနေ ကပ်ဆိုက်သလို ဘေးအန္တရာယ်ဆိုးကြီး မဖြစ်ဖို့ကတော့ ကြိုတင်ပြင်ဆင်မှုက အရေးကြီးသွားပြီး။ လောင်းကစားသမားတွေလိုပေါ့ ငွေမျောရင် ငွေနဲ့လိုက်ရင်း မွဲပြာကျရုံမက အကြွေးပါတင်သွားတာ။ အချစ်ရေးမှာဆိုလည်း အဆင်မပြေတဲ့အခြေအနေကြီးဟာ ၆ လအတွင်းမှာ မပြေလည်တော့ဘူးဆိုရင် ရပ်တန့်လိုက်ဖို့ လိုပါတယ်။

၄။ အကြံဉာဏ်နဲ့ တုံ့ပြန်ချက်တွေယူ

ရှုံးနိမ့်မှု တစ်ခုကို ပိုင်းခြားစိတ်ဖြာပြီး နားလည်သဘောပေါက်လာအောင် ကြိုးစားကြည့်ပါ။ ဘာတွေ မှားယွင်းခဲ့တာလည်းဆိုတာ သိလာလိမ့်မယ်။ ဖြစ်ပျက်ခဲ့တာအပေါ် ခံစားချက်တွေကို ဖယ်ထုတ်လိုက်ပြီး သူများတွေရဲ့အမြင်ကိုမေး၊ အကြံဉာဏ်တွေ တောင်းခံကြည့်ပါ။ သူတို့ရဲ့အမြင်ကိုမေးတဲ့အခါ မြင်တဲ့အတိုင်းပဲ ပြောပါစေ။ ကိုယ့်ဘက်လိုက်ပြီး ပြောတာမျိုးမလုပ်ဖို့လည်း တောင်းဆိုပါ။

၅။ အရေထူလာမယ်

တစ်ခါမှားတယ် .... အရူးလိုပဲ သွေးပျက်သွားတယ်။ ထပ်မှားတယ်... နာကျင်ရတုန်းပဲ။ သုံးကြိမ်လောက်ကျတော့ သိပ်မခံစားရတော့ဘူး။ ရှုံးနိမ့်မှုတွေကနေ ပိုပြီးဆိုးရွားမသွားအောင် သင်ခန်းစာယူနိုင်မယ်၊ ပြန်ကြိုးစားတယ်ဆိုရင် နောက်ထပ် ရှုံးနိမ့်မှုနဲ့ကြုံရတဲ့အခါ အရင်ကလောက်ဆိုးရွားမသွားတော့ဘူး။ အရေထူသွားပြီး ပိုပိုတော်လာပါတယ်။ စိန်တွေဟာ အဆင့်ဆင့် ဖြတ်တောက် သွေးလေလေ ပိုလှလာလေလေပါပဲဆိုတာ မမေ့ပါနဲ့။ အရှုံးတွေက သင့်ကို ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်လာစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top