Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

လက္ရွိဥပေဒအရ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားသည္ သမၼတသက္တမ္းႏွင့္အညီ ထမ္းေဆာင္ရမည္

ရန္ကုန္တုိင္းေဒသႀကီး ရပ္ကြက္အခ်ိဳ႕တြင္ အုပ္ခ်ဳပ္ေရး မွဴးအသစ္ ျပန္လည္ေရြးခ်ယ္ရန္ အိမ္ေထာင္စုစာရင္းအသစ္မ်ား စတင္ျပဳစု၍ ေရြးေကာက္ပြဲအ တြက္ ႀကိဳတင္ျပင္ဆင္ေနေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအခ်ိဳ႕က ေျပာသည္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးအ သစ္မ်ားကို ႏိုဝင္ဘာအတြင္း ျပန္ လည္ေရြးခ်ယ္ရန္ ၿမိဳ႕နယ္အုပ္ ခ်ဳပ္ေရးမွဴး႐ံုးက ၫႊန္ၾကားလာ သျဖင့္ ႀကိဳတင္ျပင္ဆင္ျခင္းလုပ္ ငန္းမ်ား လုပ္ကိုင္ေနေၾကာင္း ၎ တို႔က ဆုိသည္။

‘‘၁၀ အိမ္စု ကိုယ္စားလွယ္ ဖြဲ႕မွာေတြ၊ ႀကီးၾကပ္ေရးမွဴးအဖြဲ႕ ဖြဲ႕မွာေတြနဲ႔ပတ္သက္လို႔ေတာ့ ၿမိဳ႕နယ္က ထပ္ၫႊန္ၾကားမယ္ ေျပာတယ္။ ေလာေလာဆယ္ ေတာ့ မဲေပးႏုိင္ခြင့္ရွိသူ အေရအ တြက္ မက်န္ရေအာင္ စာရင္းေတြ ျပန္ျပဳစုတဲ့ လုပ္ငန္းေတြ လုပ္ဖုိ႔ ၫႊန္ၾကားထားတာေၾကာင့္ အဲဒါ ေတြလုပ္ေနပါၿပီ။ ဒီလထဲ ျပန္ေရြး ရမယ္ဆိုတာကေတာ့ ေသခ်ာပါ တယ္’’ဟု စမ္းေခ်ာင္းၿမိဳ႕နယ္ ကြၽန္းေတာေျမာက္ရပ္ကြက္ အုပ္ ခ်ဳပ္ေရးမွဴး ဦးေအာင္ျမင့္က ေျပာ သည္။အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ အုပ္ ခ်ဳပ္ေရးမွဴးအသစ္ ျပန္လည္ေရြး ခ်ယ္ရန္ ၫႊန္ၾကားခ်က္အတိအ က် မရရွိေသးေသာ္လည္း ထြက္ ေပၚေနေသာ သတင္းမ်ားေၾကာင့္ ေရြးေကာက္ပြဲအတြက္ အဆင္ သင့္ျဖစ္ေစရန္ ႀကိဳတင္ျပင္ဆင္ ထားေၾကာင္း ရပ္ေက်းအုပ္ခ်ဳပ္ ေရးမွဴးအခ်ိဳ႕က ဆုိသည္။

‘‘မနက္ျဖန္ (ႏိုဝင္ဘာ ၇ ရက္) မွာေတာ့ ၿမိဳ႕နယ္က အစည္း အေဝးေခၚထားတယ္။ အဲဒီအုပ္ခ်ဳပ္ေရးမွဴးအသစ္ ေရြးခ်ယ္ေရး ကိစၥလို႔ေတာ့ ထင္တယ္။ ဒီေန႔အ ထိကေတာ့ ကြၽန္ေတာ္တုိ႔ကို ဘာ မွ မေျပာေသးဘူး’’ဟု မဂၤလာဒံု ၿမိဳ႕နယ္ အမွတ္ ၃/ခ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးနီဝင္းေအာင္ က ေျပာသည္။

စစ္ကိုင္းတုိင္းေဒသႀကီး ထီး ခ်ိဳင့္ၿမိဳ႕နယ္ အမွတ္ (၂) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးခင္ေမာင္လြင္ က ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး ျပန္ လည္ေရြးခ်ယ္ရမည္ဆုိသည့္ သတင္းမ်ားသာ ၾကားေနရၿပီး ၫႊန္ၾကားခ်က္မရရွိေသးေၾကာင္း ဆုိ သည္။

လက္ရွိ အုပ္ခ်ဳပ္ေရးမွဴးမ်ား ေနရာတြင္ တစ္ႏုိင္ငံလံုး တစ္ေျပး ညီ ျပန္လည္ေရြးခ်ယ္ရန္ သမၼတ ႐ံုးက ၫႊန္ၾကားလာသျဖင့္ ေရြး ေကာက္ပြဲမ်ား ျပဳလုပ္ရန္ စီစဥ္ေန ေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။

ေရြးေကာက္ပြဲမ်ား ျပန္လည္ ျပဳလုပ္ရမည့္ အစီအစဥ္ႏွင့္ပတ္ သက္၍ သိရွိႏုိင္ရန္ ျပည္ထဲေရး ဝန္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ ေရးဦးစီးဌာနသို႔ ဆက္သြယ္ေမး ျမန္းေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

ရပ္ကြက္ (သို႔မဟုတ္) ေက်း ရြာအုပ္စု အုပ္ခ်ဳပ္ေရး ဥပေဒတြင္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား၏ သက္တမ္းကို ျပည္သူ႔လႊတ္ေတာ္ သက္တမ္းႏွင့္အညီဟု မူလက သတ္မွတ္ခဲ့ၿပီး ယင္းဥပေဒကို ဒုတိယအႀကိမ္ ျပင္ဆင္ခ်က္တြင္ ႏုိင္ငံေတာ္သမၼတသက္တမ္းႏွင့္ အညီျဖစ္ၿပီး သက္တမ္းႏွစ္ႀကိမ္ ထက္မပိုရဟု အစားထိုးေျပာင္းလဲ သတ္မွတ္ခဲ့သည္။

လက္ရိွ အုပ္ခ်ဳပ္ေရးမွဴးမ်ား သည္ သမၼတဦးထင္ေက်ာ္ အစိုးရ တာဝန္လႊဲေျပာင္းမယူမီ ႏွစ္လခန္႔ အလိုကတည္းက ေရြးေကာက္ ပြဲျပဳလုပ္၍ ေရြးခ်ယ္ခံထားရသူ မ်ားျဖစ္သည္။

ထိုသို႔ ေရြးေကာက္ပြဲမွ ေရြး ခ်ယ္ခံထားရသည့္ အုပ္ခ်ဳပ္ေရး မွဴးအသစ္မ်ားသည္ ေရြးေကာက္ ပြဲၿပီးေသာ္လည္း တာဝန္ထမ္း ေဆာင္ခြင့္မရရွိခဲ့ဘဲ အစိုးရသစ္ တာဝန္လႊဲေျပာင္းယူခ်ိန္အထိ ေစာင့္ဆုိင္းခဲ့ရသည္။

၎တုိ႔သည္ အစိုးရသစ္ႏွင့္ အတူ ၂၀၁၆ ဧၿပီ ၁ ရက္တြင္ စတင္ တာဝန္ထမ္းေဆာင္ခဲ့ျခင္းေၾကာင့္ သမၼတသက္တမ္းႏွင့္အတူ တာဝန္ထမ္းေဆာင္ခြင့္ရရွိထား ေသာ္လည္း မည္သည့္အတြက္ ေၾကာင့္ ျပန္ေရြးခ်ယ္မည္ကို စီစဥ္ သူမ်ားသာ သိႏုိင္မည္ဟု တရား လႊတ္ေတာ္ေရွ႕ေန ဦးသန္းဝင္းက ေျပာသည္။

‘‘အရင္ အစိုးရတာဝန္ယူ ထားစဥ္က ေရြးေကာက္ပြဲလုပ္ၿပီး ေရြးထားသူေတြျဖစ္တာေၾကာင့္ ျပန္ေရြးခ်င္တဲ့သေဘာလားဆုိ တာ စဥ္းစားမိတာေပါ့။ သူက ဘယ္လိုရည္ရြယ္ခ်က္နဲ႔ ျပန္ေရြး ခ်ယ္မယ္ဆုိၿပီး ေျပာမထားေတာ့ ဥပေဒနဲ႔ ကိုက္ညီမႈရွိလား၊ မရွိ လားဆိုတာ ေထာက္ျပလို႔မရ ေသးဘူး။ ေသခ်ာတာက လက္ရွိ အုပ္ခ်ဳပ္ေရးမွဴးဆုိသူေတြက ဒီ အစိုးရစ တာဝန္ယူမွ အသက္ဝင္ ထားတဲ့သူေတြဆုိေတာ့ သက္ တမ္းက ဥပေဒမွာပါတဲ့အတုိင္းပဲ ျဖစ္ရမယ္။ ဒီလိုမွ မဟုတ္ဘဲ တာဝန္ကရပ္စဲၿပီး ျပန္ေရြးတာမ်ိဳး လည္း ျဖစ္ႏုိင္တယ္’’ဟု ၎က ေျပာသည္။

လက္ရွိ တာဝန္ယူထားသည့္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ား သည္ အစိုးရသက္တမ္းႏွင့္အတူ တာဝန္ထမ္းေဆာင္ခဲ့သျဖင့္ ၎ တုိ႔ သက္တမ္းသည္ တစ္ႏွစ္ႏွင့္ ရွစ္လေက်ာ္သာရွိေသးေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးမ်ားက ဆုိသည္။

‘‘အစိုးရရဲ႕ မူဝါဒအရဆုိ ေတာ့ ကြၽန္ေတာ္တုိ႔အေနနဲ႔ ဘာ မွမေျပာလိုပါဘူး။ လုပ္ဆုိေတာ့ လည္း လုပ္ရမွာေပါ့’’ဟု ဦးေအာင္ျမင့္က ေျပာသည္။

လက္ရွိ တာဝန္ထမ္းေဆာင္ သည့္ကာလသည္ တစ္ႏွစ္ႏွင့္ ရွစ္လေက်ာ္သာရွိေသးသျဖင့္ အုပ္ ခ်ဳပ္ေရးပိုင္းဆုိင္ရာ လုပ္ငန္း တာဝန္မ်ားႏွင့္ပတ္သက္၍ အ သားက်ခါစသာရွိေသးေၾကာင္း ဦးနီဝင္းေအာင္က ဆုိသည္။

‘‘ေနာက္ေရြးခ်ယ္မယ့္သူဆုိ ရင္လည္း အစိုးရသက္တမ္းကုန္ အထိပဲ တာဝန္ယူရမွာဆုိေတာ့ သူတာဝန္ထမ္းေဆာင္ရမယ့္ကာ လက ၂ ႏွစ္ေက်ာ္ေလာက္ပဲရွိ မယ္။ ႐ံုးလုပ္ငန္းပိုင္းဆုိင္ရာနဲ႔ ဌာနေတြနဲ႔ ဆက္ဆံေဆာင္ရြက္ရ မယ့္အပိုင္းေတြ ေလ့လာတာနဲ႔ တင္ အဲဒီအခ်ိန္ေတြက ကုန္သြား မွာ။ ကြၽန္ေတာ္ကေတာ့ ျပန္ၿပီးအ ေရြးခံေတာ့မွာလည္းမဟုတ္ဘူး’’ ဟု ၎က ဆုိသည္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴး မ်ားကို ဆႏၵျပဳမဲေပးစနစ္ျဖင့္ ၂၀၁၃ က ပထမဆံုး ေရြးခ်ယ္ခန္႔ အပ္ခဲ့ၿပီး ယခုတစ္ႀကိမ္ ေရြးခ်ယ္ မည္ဆိုပါက တတိယအႀကိမ္ ျဖစ္ လာမည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
လက်ရှိဥပဒေအရ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် သမ္မတသက်တမ်းနှင့်အညီ ထမ်းဆောင်ရမည်

ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေး မှူးအသစ် ပြန်လည်ရွေးချယ်ရန် အိမ်ထောင်စုစာရင်းအသစ်များ စတင်ပြုစု၍ ရွေးကောက်ပွဲအ တွက် ကြိုတင်ပြင်ဆင်နေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအ သစ်များကို နိုဝင်ဘာအတွင်း ပြန် လည်ရွေးချယ်ရန် မြို့နယ်အုပ် ချုပ်ရေးမှူးရုံးက ညွှန်ကြားလာ သဖြင့် ကြိုတင်ပြင်ဆင်ခြင်းလုပ် ငန်းများ လုပ်ကိုင်နေကြောင်း ၎င်း တို့က ဆိုသည်။

‘‘၁၀ အိမ်စု ကိုယ်စားလှယ် ဖွဲ့မှာတွေ၊ ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့မှာတွေနဲ့ပတ်သက်လို့တော့ မြို့နယ်က ထပ်ညွှန်ကြားမယ် ပြောတယ်။ လောလောဆယ် တော့ မဲပေးနိုင်ခွင့်ရှိသူ အရေအ တွက် မကျန်ရအောင် စာရင်းတွေ ပြန်ပြုစုတဲ့ လုပ်ငန်းတွေ လုပ်ဖို့ ညွှန်ကြားထားတာကြောင့် အဲဒါ တွေလုပ်နေပါပြီ။ ဒီလထဲ ပြန်ရွေး ရမယ်ဆိုတာကတော့ သေချာပါ တယ်’’ဟု စမ်းချောင်းမြို့နယ် ကျွန်းတောမြောက်ရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးအောင်မြင့်က ပြော သည်။အချို့မြို့နယ်များတွင် အုပ် ချုပ်ရေးမှူးအသစ် ပြန်လည်ရွေး ချယ်ရန် ညွှန်ကြားချက်အတိအ ကျ မရရှိသေးသော်လည်း ထွက် ပေါ်နေသော သတင်းများကြောင့် ရွေးကောက်ပွဲအတွက် အဆင် သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင် ထားကြောင်း ရပ်ကျေးအုပ်ချုပ် ရေးမှူးအချို့က ဆိုသည်။

‘‘မနက်ဖြန် (နိုဝင်ဘာ ၇ ရက်) မှာတော့ မြို့နယ်က အစည်း အဝေးခေါ်ထားတယ်။ အဲဒီအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရေး ကိစ္စလို့တော့ ထင်တယ်။ ဒီနေ့အ ထိကတော့ ကျွန်တော်တို့ကို ဘာ မှ မပြောသေးဘူး’’ဟု မင်္ဂလာဒုံ မြို့နယ် အမှတ် ၃/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနီဝင်းအောင် က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ထီး ချိုင့်မြို့နယ် အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် က ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန် လည်ရွေးချယ်ရမည်ဆိုသည့် သတင်းများသာ ကြားနေရပြီး ညွှန်ကြားချက်မရရှိသေးကြောင်း ဆို သည်။

လက်ရှိ အုပ်ချုပ်ရေးမှူးများ နေရာတွင် တစ်နိုင်ငံလုံး တစ်ပြေး ညီ ပြန်လည်ရွေးချယ်ရန် သမ္မတ ရုံးက ညွှန်ကြားလာသဖြင့် ရွေး ကောက်ပွဲများ ပြုလုပ်ရန် စီစဉ်နေ ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ရွေးကောက်ပွဲများ ပြန်လည် ပြုလုပ်ရမည့် အစီအစဉ်နှင့်ပတ် သက်၍ သိရှိနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ ဆက်သွယ်မေး မြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ရပ်ကွက် (သို့မဟုတ်) ကျေး ရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ သက်တမ်းကို ပြည်သူ့လွှတ်တော် သက်တမ်းနှင့်အညီဟု မူလက သတ်မှတ်ခဲ့ပြီး ယင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ချက်တွင် နိုင်ငံတော်သမ္မတသက်တမ်းနှင့် အညီဖြစ်ပြီး သက်တမ်းနှစ်ကြိမ် ထက်မပိုရဟု အစားထိုးပြောင်းလဲ သတ်မှတ်ခဲ့သည်။

လက်ရှိ အုပ်ချုပ်ရေးမှူးများ သည် သမ္မတဦးထင်ကျော် အစိုးရ တာဝန်လွှဲပြောင်းမယူမီ နှစ်လခန့် အလိုကတည်းက ရွေးကောက် ပွဲပြုလုပ်၍ ရွေးချယ်ခံထားရသူ များဖြစ်သည်။

ထိုသို့ ရွေးကောက်ပွဲမှ ရွေး ချယ်ခံထားရသည့် အုပ်ချုပ်ရေး မှူးအသစ်များသည် ရွေးကောက် ပွဲပြီးသော်လည်း တာဝန်ထမ်း ဆောင်ခွင့်မရရှိခဲ့ဘဲ အစိုးရသစ် တာဝန်လွှဲပြောင်းယူချိန်အထိ စောင့်ဆိုင်းခဲ့ရသည်။

၎င်းတို့သည် အစိုးရသစ်နှင့် အတူ ၂၀၁၆ ဧပြီ ၁ ရက်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် သမ္မတသက်တမ်းနှင့်အတူ တာဝန်ထမ်းဆောင်ခွင့်ရရှိထား သော်လည်း မည်သည့်အတွက် ကြောင့် ပြန်ရွေးချယ်မည်ကို စီစဉ် သူများသာ သိနိုင်မည်ဟု တရား လွှတ်တော်ရှေ့နေ ဦးသန်းဝင်းက ပြောသည်။

‘‘အရင် အစိုးရတာဝန်ယူ ထားစဉ်က ရွေးကောက်ပွဲလုပ်ပြီး ရွေးထားသူတွေဖြစ်တာကြောင့် ပြန်ရွေးချင်တဲ့သဘောလားဆို တာ စဉ်းစားမိတာပေါ့။ သူက ဘယ်လိုရည်ရွယ်ချက်နဲ့ ပြန်ရွေး ချယ်မယ်ဆိုပြီး ပြောမထားတော့ ဥပဒေနဲ့ ကိုက်ညီမှုရှိလား၊ မရှိ လားဆိုတာ ထောက်ပြလို့မရ သေးဘူး။ သေချာတာက လက်ရှိ အုပ်ချုပ်ရေးမှူးဆိုသူတွေက ဒီ အစိုးရစ တာဝန်ယူမှ အသက်ဝင် ထားတဲ့သူတွေဆိုတော့ သက် တမ်းက ဥပဒေမှာပါတဲ့အတိုင်းပဲ ဖြစ်ရမယ်။ ဒီလိုမှ မဟုတ်ဘဲ တာဝန်ကရပ်စဲပြီး ပြန်ရွေးတာမျိုး လည်း ဖြစ်နိုင်တယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိ တာဝန်ယူထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည် အစိုးရသက်တမ်းနှင့်အတူ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ၎င်း တို့ သက်တမ်းသည် တစ်နှစ်နှင့် ရှစ်လကျော်သာရှိသေးကြောင်း အုပ်ချုပ်ရေးမှူးများက ဆိုသည်။

‘‘အစိုးရရဲ့ မူဝါဒအရဆို တော့ ကျွန်တော်တို့အနေနဲ့ ဘာ မှမပြောလိုပါဘူး။ လုပ်ဆိုတော့ လည်း လုပ်ရမှာပေါ့’’ဟု ဦးအောင်မြင့်က ပြောသည်။

လက်ရှိ တာဝန်ထမ်းဆောင် သည့်ကာလသည် တစ်နှစ်နှင့် ရှစ်လကျော်သာရှိသေးသဖြင့် အုပ် ချုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်း တာဝန်များနှင့်ပတ်သက်၍ အ သားကျခါစသာရှိသေးကြောင်း ဦးနီဝင်းအောင်က ဆိုသည်။

‘‘နောက်ရွေးချယ်မယ့်သူဆို ရင်လည်း အစိုးရသက်တမ်းကုန် အထိပဲ တာဝန်ယူရမှာဆိုတော့ သူတာဝန်ထမ်းဆောင်ရမယ့်ကာ လက ၂ နှစ်ကျော်လောက်ပဲရှိ မယ်။ ရုံးလုပ်ငန်းပိုင်းဆိုင်ရာနဲ့ ဌာနတွေနဲ့ ဆက်ဆံဆောင်ရွက်ရ မယ့်အပိုင်းတွေ လေ့လာတာနဲ့ တင် အဲဒီအချိန်တွေက ကုန်သွား မှာ။ ကျွန်တော်ကတော့ ပြန်ပြီးအ ရွေးခံတော့မှာလည်းမဟုတ်ဘူး’’ ဟု ၎င်းက ဆိုသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး များကို ဆန္ဒပြုမဲပေးစနစ်ဖြင့် ၂၀၁၃ က ပထမဆုံး ရွေးချယ်ခန့် အပ်ခဲ့ပြီး ယခုတစ်ကြိမ် ရွေးချယ် မည်ဆိုပါက တတိယအကြိမ် ဖြစ် လာမည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top