ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အခ်စ္ဦး (The First Love) ဆုိတာ အရမ္းကို ျဖဴစင္ေနေသးတဲ့ အရြယ္မွာ ျဖစ္ေပၚခဲ့လုိ႕ အခ်စ္ က ျဖဴစင္ တယ္လုိ႕ ထင္ခဲ့တယ္။ ဒုတိယအခ်စ္ (The Second love ) ဆုိတာ The First love ျပီးမွ ျဖစ္ေပၚလာတာပါ။ဒီ အခ်စ္ မွာေတာ့ ေရွ႕က ရခဲ့တဲ့ သင္ခန္းစာ ထက္ ပိုနာက်င္ခဲ့့လုိ႕ အခ်စ္ က နာက်င္ရတယ္ လုိ႕ ထင္ခဲ့တယ္။ ေနာက္ဆုံး အခ်စ္ (The Third love) ဆုိတာ The First love နဲ႕ The Second love ျပီးမွ ေနာက္ဆုံးအေနနဲ႕ ခ်စ္ဖုိ႕ ျဖစ္လာတာပါ။ ေရွ႕ႏွစ္ခုမွာ ဒဏ္ရာေတြရခဲ့ေတာ့ ဒီေနာက္ဆုံးအခ်စ္မွာပဲ ကုစားတတ္ၾကတယ္။ ဒီ ေနာက္ဆုံး အခ်စ္ ကုိေတာ့ ဘ၀ လက္တဲြေဖာ္ အျဖစ္ေရြးခ်ယ္ၾကတယ္။

(၁) အခ်စ္ဦး (The First ove)

အခ်စ္ဦး( The first love ) ဟာ ဘယ္အရြယ္မွာ စျပီးျဖစ္ေပၚၾကလဲ ဆုိရင္ အသက္ငယ္ ေသးတဲ့အခ်ိန္၊ ေက်ာင္းျပီးခါစအရြယ္၊ ဆယ္ေက်ာ္သက္ အရြယ္ မွာေပါ့။ ဒီပထမဆုံး အခ်စ္ က အရမ္းကို ျဖဴစင္လြန္းခဲ့တယ္။ အဲ့ အခ်စ္ဦးကေန စျပီး အခ်စ္ဟာ ဘယ္လုိမ်ိဳးလဲဆုိတာ သိလာတယ္။ ဒီ အခ်စ္ မွာပဲ အရာရာက ပထမဆုံးျဖစ္ခဲ့တယ္။ နာက်င္မႈမရွိခဲ့ဘူး။ အဲ့အရြယ္တုန္းက ဒီပထမဦးဆုံး ခ်စ္သူ ကပဲ ေနာက္ဆုံး ခ်စ္သူ လို႕ ထင္ခဲ့ၾကဖူးတယ္။ အခ်စ္ဦး ကုိေတာ့ မေမ့ႏုိင္ၾကပါဘူး။

(၂) ဒုတိယ အခ်စ္ (The Second Love)

ဒီဒုတိယ အခ်စ္ ကေတာ့ ခ်စ္ရတာ အရမ္းပင္ပန္းတယ္။ The first love ကေန ရခဲ့တဲ့ နာက်င္မႈထက္ ပုိျပင္းတယ္။ ဒီဒုတိယ အခ်စ္ ကပဲ သင္ခန္းစာေတြ အမ်ားၾကီးရတယ္။ နာက်င္ရတယ္။ အလိမ္ခံရတယ္။ သစၥာေဖာက္ခံရတယ္။ ဒီအခ်စ္မွာ ျပသနာမ်ိဳးစုံကို ေတြ႕ခဲ့မယ္။ ပထမ အခ်စ္ ထက္ ပုိျပီးနာက်င္ရေပမယ့္ ဒီဒုတိယအခ်စ္က အခ်စ္ဆုံးျဖစ္ခဲ့တယ္။ ပုိခ်စ္လုိ႕ ပိုျပီးနာက်င္ရတယ္။ ဒီအခ်စ္ကုိေတာ့ အရမ္းနာက်င္ရလုိ႕ ဘ၀လက္တဲြေဖာ္အျဖစ္ မေရြးတတ္ၾကဘူး။

(၃) ေနာက္ဆုံး အခ်စ္ (The Last love)

ေရွ႕ႏွစ္ခုက ရခဲ့တဲ့ ဒဏ္ရာ ၏ ေတြကို ဒီ အခ်စ္ မွာ ကုစားတယ္။ ဒီေနာက္ဆုံး အခ်စ္ မွာပဲ ဘ၀လက္တဲြေဖာ္အျဖစ္ ေရြးခ်ယ္ၾကတယ္။ ဘာျဖစ္လုိ႕လဲဆုိေတာ့ ေနာက္ဆုံးအခ်စ္က အရင္ႏွစ္ခုေလာက္ မရႈပ္ေထြးေတာ့ဘူး။ ေရွ႔ႏွစ္ခုက ရခဲ့တဲ့ သင္ခန္းစာ၊ အမွားေတြကို ဒီ အခ်စ္ မွာ ျပင္လာတယ္။ ေပ်ာ္ရြင္လာရတယ္။ ဒီ အခ်စ္ မွာ အခ်စ္ခံရတာ ဘယ္လုိမ်ိဳးလဲ နဲ႕ ခ်စ္တတ္လာေအာင္ သင္ေပးတယ္။ ဂရုစိုက္မႈေတြရတယ္။ အဲ့ဒါေၾကာင့္ ေနာက္ဆုံး အခ်စ္ ကိုပဲ လက္တဲြေဖာ္အျဖစ္ ေရြးခ်ယ္ၾကတယ္။

သင္ ဒီသုံးခုစလုံးကို ၾကံဳေတြ႕ခဲ့ရျပီးျပီလား။ အခ်စ္ တစ္ခုစီတုိင္းမွာေတာ့ သင္ခန္းစာတစ္ခုစီရသြားပါလိမ့္မယ္။ အခ်စ္မွာပဲ တခ်ိဳ႕က သစၥာေဖာက္ခံရတယ္။ တခ်ိဳ႕က အလိမ္ခံရတယ္။ တခ်ိဳ႕က ကံေကာင္းၾကတယ္။ တခ်ိဳ႕က ကံဆုိးၾကတယ္။ ဒါေပမယ့္ ဒီ အခ်စ္ ေတြကေန ရခဲ့ သင္ခန္းစာ ေတြေၾကာင့္ သင့္ရဲ႕ ဘ၀ လက္တဲြေဖာ္ ကို မွန္မွန္ကန္ကန္ ေရြးခ်ယ္တတ္သြားမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer
#Unicode Version#
အချစ်ဦး (The First Love) ဆိုတာ အရမ်းကို ဖြူစင်နေသေးတဲ့ အရွယ်မှာ ဖြစ်ပေါ်ခဲ့လို့ အချစ် က ဖြူစင် တယ်လို့ ထင်ခဲ့တယ်။ ဒုတိယအချစ် (The Second love ) ဆိုတာ The First love ပြီးမှ ဖြစ်ပေါ်လာတာပါ။ဒီ အချစ် မှာတော့ ရှေ့က ရခဲ့တဲ့ သင်ခန်းစာ ထက် ပိုနာကျင်ခဲ့လို့ အချစ် က နာကျင်ရတယ် လို့ ထင်ခဲ့တယ်။ နောက်ဆုံး အချစ် (The Third love) ဆိုတာ The First love နဲ့ The Second love ပြီးမှ နောက်ဆုံးအနေနဲ့ ချစ်ဖို့ ဖြစ်လာတာပါ။ ရှေ့နှစ်ခုမှာ ဒဏ်ရာတွေရခဲ့တော့ ဒီနောက်ဆုံးအချစ်မှာပဲ ကုစားတတ်ကြတယ်။ ဒီ နောက်ဆုံး အချစ် ကိုတော့ ဘ၀ လက်တွဲဖော် အဖြစ်ရွေးချယ်ကြတယ်။

(၁) အချစ်ဦး (The First ove)

အချစ်ဦး( The first love ) ဟာ ဘယ်အရွယ်မှာ စပြီးဖြစ်ပေါ်ကြလဲ ဆိုရင် အသက်ငယ် သေးတဲ့အချိန်၊ ကျောင်းပြီးခါစအရွယ်၊ ဆယ်ကျော်သက် အရွယ် မှာပေါ့။ ဒီပထမဆုံး အချစ် က အရမ်းကို ဖြူစင်လွန်းခဲ့တယ်။ အဲ့ အချစ်ဦးကနေ စပြီး အချစ်ဟာ ဘယ်လိုမျိုးလဲဆိုတာ သိလာတယ်။ ဒီ အချစ် မှာပဲ အရာရာက ပထမဆုံးဖြစ်ခဲ့တယ်။ နာကျင်မှုမရှိခဲ့ဘူး။ အဲ့အရွယ်တုန်းက ဒီပထမဦးဆုံး ချစ်သူ ကပဲ နောက်ဆုံး ချစ်သူ လို့ ထင်ခဲ့ကြဖူးတယ်။ အချစ်ဦး ကိုတော့ မမေ့နိုင်ကြပါဘူး။

(၂) ဒုတိယ အချစ် (The Second Love)

ဒီဒုတိယ အချစ် ကတော့ ချစ်ရတာ အရမ်းပင်ပန်းတယ်။ The first love ကနေ ရခဲ့တဲ့ နာကျင်မှုထက် ပိုပြင်းတယ်။ ဒီဒုတိယ အချစ် ကပဲ သင်ခန်းစာတွေ အများကြီးရတယ်။ နာကျင်ရတယ်။ အလိမ်ခံရတယ်။ သစ္စာဖောက်ခံရတယ်။ ဒီအချစ်မှာ ပြသနာမျိုးစုံကို တွေ့ခဲ့မယ်။ ပထမ အချစ် ထက် ပိုပြီးနာကျင်ရပေမယ့် ဒီဒုတိယအချစ်က အချစ်ဆုံးဖြစ်ခဲ့တယ်။ ပိုချစ်လို့ ပိုပြီးနာကျင်ရတယ်။ ဒီအချစ်ကိုတော့ အရမ်းနာကျင်ရလို့ ဘဝလက်တွဲဖော်အဖြစ် မရွေးတတ်ကြဘူး။

(၃) နောက်ဆုံး အချစ် (The Last love)

ရှေ့နှစ်ခုက ရခဲ့တဲ့ ဒဏ်ရာ ၏ တွေကို ဒီ အချစ် မှာ ကုစားတယ်။ ဒီနောက်ဆုံး အချစ် မှာပဲ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးအချစ်က အရင်နှစ်ခုလောက် မရှုပ်ထွေးတော့ဘူး။ ရှေ့နှစ်ခုက ရခဲ့တဲ့ သင်ခန်းစာ၊ အမှားတွေကို ဒီ အချစ် မှာ ပြင်လာတယ်။ ပျော်ရွင်လာရတယ်။ ဒီ အချစ် မှာ အချစ်ခံရတာ ဘယ်လိုမျိုးလဲ နဲ့ ချစ်တတ်လာအောင် သင်ပေးတယ်။ ဂရုစိုက်မှုတွေရတယ်။ အဲ့ဒါကြောင့် နောက်ဆုံး အချစ် ကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်ကြတယ်။

သင် ဒီသုံးခုစလုံးကို ကြုံတွေ့ခဲ့ရပြီးပြီလား။ အချစ် တစ်ခုစီတိုင်းမှာတော့ သင်ခန်းစာတစ်ခုစီရသွားပါလိမ့်မယ်။ အချစ်မှာပဲ တချို့က သစ္စာဖောက်ခံရတယ်။ တချို့က အလိမ်ခံရတယ်။ တချို့က ကံကောင်းကြတယ်။ တချို့က ကံဆိုးကြတယ်။ ဒါပေမယ့် ဒီ အချစ် တွေကနေ ရခဲ့ သင်ခန်းစာ တွေကြောင့် သင့်ရဲ့ ဘ၀ လက်တွဲဖော် ကို မှန်မှန်ကန်ကန် ရွေးချယ်တတ်သွားမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top