ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စီးတီးတကၠစီမွတ္ပံုတင္ျခင္းႏွင့္ သက္တမ္းတိုးျခင္းလာ ေရာက္ေဆာင္ရြက္သူ တစ္ရက္ လွ်င္ ရာႏွင့္ခ်ီရွိေနၿပီး ေန႔စဥ္ကား အစီးေရ သံုးရာေက်ာ္ၿပီးစီးေအာင္ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးသယ္ယူပို႔ေဆာင္ ေရးႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္ အဖြဲ႕ (YRTA) ဗဟို႐ုံးမွ တာ၀န္ရွိ သူတစ္ဦးက ေျပာသည္။

ရန္ကုန္လိုင္စင္ထုတ္ေပး ထားသည့္ အငွားယာဥ္မ်ားကို ဒီဇင္ဘာလကုန္ေနာက္ဆံုးထား ၍ စီးတီးတကၠစီမွတ္ပံုတင္ရမည္ ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသ ႀကီးသယ္ယူပို႔ေဆာင္ေရးႀကီး ၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕ ကႏို၀င္ဘာဒုတိယပတ္က ေၾကညာသည္။


 ယင္းကဲ့သို႔ ေၾကညာၿပီး ေနာက္ပိုင္း ႏို၀င္ဘာလ ၁၄ ရက္ မွစတင္၍ စီးတီးတကၠစီမွတ္ပံု တင္ရန္ အငွားယာဥ္အမ်ားအျပားလာေရာက္ျပဳလုပ္ကာ ႏို၀င္ဘာ ၁၄ ရက္တြင္ ကားအစီးေရ ၃၁၈ စီး၊ ၁၅ ရက္တြင္ ၃၉၁ စီး၊ ၁၆ ရက္တြင္ ၃၃၃ စီး (သံုးရက္အတြင္း ၁,၀၄၂ စီး) ေဆာင္ရြက္ေပးခဲ့ေၾကာင္း တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္ အငွားယာဥ္ ‘ဂ’ငယ္လုိင္စင္မွတ္ပံုတင္ထား သည့္ ကားအေရအတြက္ ေျခာက္ ေသာင္းေက်ာ္ရွိသည္။ ယခင္က စီးတီးတကၠစီျပဳလုပ္ျခင္း၊ သက္ တမ္းတိုးျခင္းကို ခ႐ိုင္ေလးခုတြင္ တစ္ရက္လွ်င္ အမ်ားဆံုး ၁၀ စီး ခန္႔သာ လာေရာက္ေဆာင္ရြက္ သည္။ သို႔ေသာ္ အေရွ႕ပိုင္းခ႐ိုင္တြင္ တစ္ရက္လွ်င္ အစီးေရ ၁၅၀ ခန္႔ ေဆာင္ရြက္ေပးႏိုင္ေၾကာင္း ၎က ေျပာသည္။ ယခုရက္ပိုင္းမွသာ စုၿပံဳလာေနျခင္းျဖစ္သည္။

 ရန္ကုန္တိုင္းေဒသႀကီးရွိ ခ႐ိုင္ေလးခုမွ အငွားယာဥ္မ်ား အားလံုးသည္ တာေမြၿမိဳ႕နယ္ရွိ YRTA ႐ုံး၌ လာေရာက္ေဆာင္ ရြက္ရသည့္အတြက္ ကားအစီးေရ အမ်ားအျပားကို တစ္ေနရာတည္းတြင္ စုၿပံဳေဆာင္ရြက္ေပးေန  ျခင္းေၾကာင့္ ႐ုံးေရွ႕ရွိ ေလးေထာင့္ ကန္လမ္းမႀကီး၌ ယာဥ္ေၾကာ ပိတ္ဆို႔မႈမ်ားျဖစ္ပြားေနေၾကာင္း YRTA ဗဟို႐ုံး တာ၀န္ရွိသူက ေျပာသည္။

‘‘အစိုးရဌာန၀န္ႀကီးကို တင္ ျပေနတယ္။ အေရွ႕ပိုင္းနဲ႔ ေတာင္ ပိုင္းခ႐ိုင္ကေတာ့ YRTA ဗဟိုမွာ ပဲ ၀န္ႀကီးသေဘာတူမယ္ဆိုရင္ ေတာ့ အေနာက္ပိုင္းနဲ႔ ေျမာက္ပိုင္းခ႐ိုင္ကို အင္းစိန္ႀကိဳ႕ကုန္း (ပန္း ေစ်းနား)က YRTA ႐ုံးမွာ လုပ္ေပး မယ္။ အဲဒီလိုခြဲထြက္ၿပီးေတာ့ အဲ မွာလုပ္ေပးမယ္’’ဟု ၎က ေျပာ သည္။

ထိုကဲ့သို႔ စီစဥ္ေပးႏိုင္ပါက ယာဥ္ေၾကာပိတ္ဆို႔မႈကို ေျဖေလွ်ာ့ႏိုင္ျခင္း၊ ေ၀းသည့္ၿမိဳ႕နယ္မ်ားမွ လာေရာက္ေဆာင္ရြက္သူမ်ား အခ်ိန္ကုန္ သက္သာေစႏုိင္ေၾကာင္း အထက္ပါတာ၀န္ရွိသူက ေျပာသည္။ ယခင္က စီးတီးတကၠစီမွတ္ ပံုတင္ျခင္း၊သက္တမ္းတိုးျခင္းမ်ား ေဆာင္ရြက္ေသာအခါ စည္ပင္ သာယာဌာနမွ တာ၀န္ယူ၍ သက္ ဆိုင္ရာၿမိဳ႕နယ္အလိုက္ ခ႐ိုင္တစ္ ခုသတ္မွတ္ၿပီး ထုိေနရာတြင္ ေဆာင္ရြက္ရသျဖင့္ လူနည္းၿပီး လုပ္ငန္းေဆာင္ရြက္ရျမန္ဆန္ေၾကာင္း လိႈင္သာယာၿမိဳ႕နယ္မွ အငွားယာဥ္ေမာင္း ကိုေဇာ္ထြန္းက ေျပာသည္။ သို႔ေသာ္ ယခု YRTA ႐ုံးတြင္ ခ႐ိုင္ေလးခုမွ အငွားယာဥ္မ်ားအားလံုးျပဳလုပ္ရသျဖင့္ လုပ္ငန္းေဆာင္ရြက္မႈၾကန္႔ၾကာၿပီး အခ်ိန္ ႏွစ္ရက္ေပးျပဳရသည့္ အခက္အခဲ ႀကံဳေနရေၾကာင္း အငွားယာဥ္ေမာင္းမ်ားက ေျပာသည္။

‘‘ကားအံုနာက သက္တမ္း တိုးရမွာကို နားလည္လို႔ တစ္ရက္၊ ႏွစ္ရက္ အံုနာခမယူရင္ေတာင္ ယာဥ္ေမာင္းအတြက္ ထမင္း စရိတ္ေတာ့ထုတ္မေပးႏုိင္ဘူး ေလ။ တစ္ရက္တည္းနဲ႔မၿပီးဘဲ ႏွစ္ ရက္ေလာက္လာလုပ္ေနရေတာ့ စား၀တ္ေနေရးအတြက္ အခက္ အခဲရွိတယ္’’ဟု အငွားယာဥ္ ေမာင္း ဦးမ်ဳိးမင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
စီးတီးတက္ကစီမှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းလာ ရောက်ဆောင်ရွက်သူ တစ်ရက် လျှင် ရာနှင့်ချီရှိနေပြီး နေ့စဉ်ကား အစီးရေ သုံးရာကျော်ပြီးစီးအောင်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) ဗဟိုရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရန်ကုန်လိုင်စင်ထုတ်ပေး ထားသည့် အငှားယာဉ်များကို ဒီဇင်ဘာလကုန်နောက်ဆုံးထား ၍ စီးတီးတက္ကစီမှတ်ပုံတင်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးသယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ ကနိုဝင်ဘာဒုတိယပတ်က ကြေညာသည်။


 ယင်းကဲ့သို့ ကြေညာပြီး နောက်ပိုင်း နိုဝင်ဘာလ ၁၄ ရက် မှစတင်၍ စီးတီးတက္ကစီမှတ်ပုံ တင်ရန် အငှားယာဉ်အများအပြားလာရောက်ပြုလုပ်ကာ နိုဝင်ဘာ ၁၄ ရက်တွင် ကားအစီးရေ ၃၁၈ စီး၊ ၁၅ ရက်တွင် ၃၉၁ စီး၊ ၁၆ ရက်တွင် ၃၃၃ စီး (သုံးရက်အတွင်း ၁,၀၄၂ စီး) ဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် အငှားယာဉ် ‘ဂ’ငယ်လိုင်စင်မှတ်ပုံတင်ထား သည့် ကားအရေအတွက် ခြောက် သောင်းကျော်ရှိသည်။ ယခင်က စီးတီးတက္ကစီပြုလုပ်ခြင်း၊ သက် တမ်းတိုးခြင်းကို ခရိုင်လေးခုတွင် တစ်ရက်လျှင် အများဆုံး ၁၀ စီး ခန့်သာ လာရောက်ဆောင်ရွက် သည်။ သို့သော် အရှေ့ပိုင်းခရိုင်တွင် တစ်ရက်လျှင် အစီးရေ ၁၅၀ ခန့် ဆောင်ရွက်ပေးနိုင်ကြောင်း ၎င်းက ပြောသည်။ ယခုရက်ပိုင်းမှသာ စုပြုံလာနေခြင်းဖြစ်သည်။

 ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင်လေးခုမှ အငှားယာဉ်များ အားလုံးသည် တာမွေမြို့နယ်ရှိ YRTA ရုံး၌ လာရောက်ဆောင် ရွက်ရသည့်အတွက် ကားအစီးရေ အများအပြားကို တစ်နေရာတည်းတွင် စုပြုံဆောင်ရွက်ပေးနေ  ခြင်းကြောင့် ရုံးရှေ့ရှိ လေးထောင့် ကန်လမ်းမကြီး၌ ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပွားနေကြောင်း YRTA ဗဟိုရုံး တာဝန်ရှိသူက ပြောသည်။

‘‘အစိုးရဌာနဝန်ကြီးကို တင် ပြနေတယ်။ အရှေ့ပိုင်းနဲ့ တောင် ပိုင်းခရိုင်ကတော့ YRTA ဗဟိုမှာ ပဲ ဝန်ကြီးသဘောတူမယ်ဆိုရင် တော့ အနောက်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်ကို အင်းစိန်ကြို့ကုန်း (ပန်း ဈေးနား)က YRTA ရုံးမှာ လုပ်ပေး မယ်။ အဲဒီလိုခွဲထွက်ပြီးတော့ အဲ မှာလုပ်ပေးမယ်’’ဟု ၎င်းက ပြော သည်။

ထိုကဲ့သို့ စီစဉ်ပေးနိုင်ပါက ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့နိုင်ခြင်း၊ ဝေးသည့်မြို့နယ်များမှ လာရောက်ဆောင်ရွက်သူများ အချိန်ကုန် သက်သာစေနိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။ ယခင်က စီးတီးတက္ကစီမှတ် ပုံတင်ခြင်း၊သက်တမ်းတိုးခြင်းများ ဆောင်ရွက်သောအခါ စည်ပင် သာယာဌာနမှ တာဝန်ယူ၍ သက် ဆိုင်ရာမြို့နယ်အလိုက် ခရိုင်တစ် ခုသတ်မှတ်ပြီး ထိုနေရာတွင် ဆောင်ရွက်ရသဖြင့် လူနည်းပြီး လုပ်ငန်းဆောင်ရွက်ရမြန်ဆန်ကြောင်း လှိုင်သာယာမြို့နယ်မှ အငှားယာဉ်မောင်း ကိုဇော်ထွန်းက ပြောသည်။ သို့သော် ယခု YRTA ရုံးတွင် ခရိုင်လေးခုမှ အငှားယာဉ်များအားလုံးပြုလုပ်ရသဖြင့် လုပ်ငန်းဆောင်ရွက်မှုကြန့်ကြာပြီး အချိန် နှစ်ရက်ပေးပြုရသည့် အခက်အခဲ ကြုံနေရကြောင်း အငှားယာဉ်မောင်းများက ပြောသည်။

‘‘ကားအုံနာက သက်တမ်း တိုးရမှာကို နားလည်လို့ တစ်ရက်၊ နှစ်ရက် အုံနာခမယူရင်တောင် ယာဉ်မောင်းအတွက် ထမင်း စရိတ်တော့ထုတ်မပေးနိုင်ဘူး လေ။ တစ်ရက်တည်းနဲ့မပြီးဘဲ နှစ် ရက်လောက်လာလုပ်နေရတော့ စားဝတ်နေရေးအတွက် အခက် အခဲရှိတယ်’’ဟု အငှားယာဉ် မောင်း ဦးမျိုးမင်းက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top