(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ဒါ မၾကာခင္မိဘေတြျဖစ္လာေတာ့မယ့္ သင္တို႔ကုိေျပာျပခ်င္တာပါ၊ ၾကားဖူးေနက်ျဖစ္တဲ့ ဖခင္ေတြနဲ႔ပတ္သတ္တဲ့ ယံုတမ္းစကားေတြအေၾကာင္းေပါ့။ သင္ေတြးေကာင္းေတြးေလ့ရွိပါလိိမ့္မယ္။
အေဖေတြက ကေလးမထိန္းတတ္ဘူး

ကေလးထိန္းတဲ့ေနရာမွာ ဖခင္ေတြဟာ သူတို႔အမ်ိဳးသမီးေတြေလာက္ အေရးမၾကီးပါဘူးလုိ႔ ထင္တတ္ၾကတယ္။ ဒါမွားပါတယ္ ဘာလုိ႔လဲဆို ေယာက်္ားေရာ မိန္းမေရာ နွစ္ေယာက္စလံုးဟာ ကေလးမရဖူးမခ်င္း ကေလးထိန္းတာနဲ႔ပတ္သတ္ျပီး ဘာမွမသိၾကပါဘူး။ ဒါေပမယ့္ မိခင္ေတြက ရင္ေသြးေလးကို ၉ လၾကာလြယ္ထားခဲ့တာေၾကာင့္ ကေလးနဲ႔ အခ်ိန္ပုိၾကာၾကာရွိေနႏိုင္သလိုျဖစ္ေနပါတယ္။ ျပီးေတာ့ မိခင္ေတြဟာ မိသားစု၊ သူငယ္ခ်င္းနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈဌာနေတြကေန အားေပးမႈေတြလည္းရပါေသးတယ္။ ဖခင္ေတြဟာ ကေလးျပဳစုပ်ိဳးေထာင္ႏို္င္စြမ္းမနည္းပါဘူး။ သူတို႔က မိခင္ေတြနဲ႔ယွဥ္ရင္သာ နည္းနည္းေလးေနာက္က်ျပီးမွ ကေလးနဲ႔စသိခြင့္ရတာပါ။ ဖခင္ေတြလည္း ကေလးငယ္ေလးေတြကိုဘယ္လိုေစာင့္ေရွာက္ရမယ္ဆိုတာ စာအုပ္ေတြဖတ္ျပီး ေလ့လာျပီး သူတို႔အမ်ိဳးသမီးေတြကို ကူညီႏိုင္ပါတယ္။
အေဖေတြကမီးဖြားဖို႔အတြက္ဘာမွလုပ္တာမဟုတ္ဘူး

မွားပါတယ္။ ဒီေန႔ေတြမွာ ဖခင္ေတြအမ်ားအျပားဟာ သူတို႔အမ်ိဳးသမီးေတြ မီးဖြားဖို႔အတြက္ ေဆးရံုကိုလိုက္ပါေစာင့္ေရွာက္ေနၾကပါျပီ။ ဖခင္တစ္ေယာက္ဟာ မိခင္ေလာင္းေလးကို စိတ္ေလ်ွာ့ႏိုင္ေအာင္ ကူညီေပးရင္း သူ႔ေဘးမွာရွိေနႏိုင္ပါတယ္။ သူဟာမိခင္ေတြကို စိတ္သက္သာရာရေအာင္ေျပာေပးနိုင္မယ္၊ ပစၥည္းေတြသယ္ေပးမယ္၊ အငွားယာဥ္ေခၚေပးႏိုင္တယ္၊ ဇနီးသည္ကုိအားေပးႏွစ္သိမ့္ႏိုင္ပါတယ္။ ကိုယ္၀န္သည္အမ်ားစုဟာ ကေလးအေဖေဘးမွာရွိေနရင္ ေမြးရဖြားရပိုလြယ္ကူတတ္ပါတယ္။ ဖခင္ေတြက တူညီတဲ့မီးဖြားတဲ့ေ၀ဒနာကို ကူညီမခံစားေပးႏိုင္ေပမယ့္ ဇနီးသည္ကုိ ေအာင္ေအာင္ျမင္ျမင္ ေခ်ာေခ်ာေမြ႕ေမြ႕မီးဖြားႏိုင္ေရးအတြက္ေတာ့ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင့္ မီးဖြားတဲ့ေနရာမွာ ဖခင္ေတြရဲ႕အေရးပါမႈကုိလည္း အထင္မေသးလိုက္ပါနဲ႔။
အေဖေတြကေမြးကင္းစေလးနဲ႔တူတူရွိေနစရာမလိုဘူး

ေမြးကင္းစေလးေတြက အိပ္တာ ႏို႔စို႔တာနဲ႔ပဲ အခ်ိန္ကုန္ေနတာပါ။ ဒါေၾကာင့္ ဖခင္ေတြထက္ မိခင္ကိုသာပိုလိုအပ္တာေပါ့၊ ဒီအခ်က္ေၾကာင့္လည္း ေမြးကင္းစေလးက ဖခင္ကိုလိုအပ္ပါဦးမလား လို႔ေတြးေကာင္းေတြးႏိုင္ပါတယ္။ လိုအပ္ပါတယ္ …. သင္ဟာ သူတုိ႔ေလးေတြရဲ႕ဘ၀ျဖစ္ျပီး သူတုိ႔ကသင္နဲ႔အတူရွိေနရတာကုိျကိုက္ပါတယ္။ သင့္ကေလးနဲ႔သံေယာဇဥ္ပိုတြယ္ေစရန္ ကေလးကိုခ်ီေပြ႔ျပီး ေခ်ာ့ျမွဴပါ။ မိခင္ျဖစ္သူက ႏို႔ရည္ကို ပုလင္းေလးထဲညွစ္ထည့္ေပးျပီး သင္ကကေလးကို ႏို႔ဘူးနဲ႔ႏို႔ တိုိုက္ေကၽြးလို႔ရပါေသးတယ္။ ဒါမွမဟုတ္ ကေလးႏို႔စို႔ျပီးခ်ိန္မွာ သင့္အမ်ိဳးသမီးကုိ နားခ်ိန္ေပးဖို႔အတြက္ သင္အလွည့္က်တာ၀န္ယူူလုိ႔လည္းရပါတယ္။
အေဖေတြအိမ္မွာမရွိလည္းရတယ္

ဖခင္ေတြဟာ မ်ားေသာအားျဖင့္ အလုပ္လုပ္ျပီး ပုိက္ဆံရွာေပးဖုိ႔ပဲလို႔ ေတြးၾကပါတယ္။ ဒါေၾကာင့္ ဖခင္ေတြ သူတို႔အိမ္မွာရွိရွိ မရွိရွိ ဘာမွမထူးဖူးလို႔ ထင္ႏို္င္ေစပါတယ္။ ဒါေပမယ့္ တကယ္တာ့ဖခင္ေတြဟာ ကေလးေတြရဲ႕ စိ္တ္ပိုင္းဆိုင္ရာ ဖြံ႔ျဖိဳးမႈအတြက္ မိခင္ေတြလိုပဲ တူညီစြာလိုအပ္ပါတယ္။ ဖခင္ရဲ႕ဂရုစိုက္မႈကုိမရတဲ့ကေလးဟာ အနာဂတ္မွာ ေဒါသၾကီးတတ္သူေလးေတြျဖစ္လာတတ္တယ္လို႔ ဆိုၾကပါတယ္။ ဒါေၾကာင့္ ဖခင္ေတြ အိမ္အတြက္အခ်ိန္ေပးျခင္းဟာ အိမ္အလုပ္ေတြကူညီလို႔ရတာအျပင္ မိသားစုတစ္ဦးနဲ႔တစ္ဦးကိုလည္း ပိုမိုသံေယာဇဥ္တြယ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
ဒါ မကြာခင်မိဘတွေဖြစ်လာတော့မယ့် သင်တို့ကိုပြောပြချင်တာပါ၊ ကြားဖူးနေကျဖြစ်တဲ့ ဖခင်တွေနဲ့ပတ်သတ်တဲ့ ယုံတမ်းစကားတွေအကြောင်းပေါ့။ သင်တွေးကောင်းတွေးလေ့ရှိပါလိမ့်မယ်။
အဖေတွေက ကလေးမထိန်းတတ်ဘူး

ကလေးထိန်းတဲ့နေရာမှာ ဖခင်တွေဟာ သူတို့အမျိုးသမီးတွေလောက် အရေးမကြီးပါဘူးလို့ ထင်တတ်ကြတယ်။ ဒါမှားပါတယ် ဘာလို့လဲဆို ယောကျ်ားရော မိန်းမရော နှစ်ယောက်စလုံးဟာ ကလေးမရဖူးမချင်း ကလေးထိန်းတာနဲ့ပတ်သတ်ပြီး ဘာမှမသိကြပါဘူး။ ဒါပေမယ့် မိခင်တွေက ရင်သွေးလေးကို ၉ လကြာလွယ်ထားခဲ့တာကြောင့် ကလေးနဲ့ အချိန်ပိုကြာကြာရှိနေနိုင်သလိုဖြစ်နေပါတယ်။ ပြီးတော့ မိခင်တွေဟာ မိသားစု၊ သူငယ်ချင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကနေ အားပေးမှုတွေလည်းရပါသေးတယ်။ ဖခင်တွေဟာ ကလေးပြုစုပျိုးထောင်နိုင်စွမ်းမနည်းပါဘူး။ သူတို့က မိခင်တွေနဲ့ယှဉ်ရင်သာ နည်းနည်းလေးနောက်ကျပြီးမှ ကလေးနဲ့စသိခွင့်ရတာပါ။ ဖခင်တွေလည်း ကလေးငယ်လေးတွေကိုဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ စာအုပ်တွေဖတ်ပြီး လေ့လာပြီး သူတို့အမျိုးသမီးတွေကို ကူညီနိုင်ပါတယ်။
အဖေတွေကမီးဖွားဖို့အတွက်ဘာမှလုပ်တာမဟုတ်ဘူး

မှားပါတယ်။ ဒီနေ့တွေမှာ ဖခင်တွေအများအပြားဟာ သူတို့အမျိုးသမီးတွေ မီးဖွားဖို့အတွက် ဆေးရုံကိုလိုက်ပါစောင့်ရှောက်နေကြပါပြီ။ ဖခင်တစ်ယောက်ဟာ မိခင်လောင်းလေးကို စိတ်လျှော့နိုင်အောင် ကူညီပေးရင်း သူ့ဘေးမှာရှိနေနိုင်ပါတယ်။ သူဟာမိခင်တွေကို စိတ်သက်သာရာရအောင်ပြောပေးနိုင်မယ်၊ ပစ္စည်းတွေသယ်ပေးမယ်၊ အငှားယာဉ်ခေါ်ပေးနိုင်တယ်၊ ဇနီးသည်ကိုအားပေးနှစ်သိမ့်နိုင်ပါတယ်။ ကိုယ်ဝန်သည်အများစုဟာ ကလေးအဖေဘေးမှာရှိနေရင် မွေးရဖွားရပိုလွယ်ကူတတ်ပါတယ်။ ဖခင်တွေက တူညီတဲ့မီးဖွားတဲ့ဝေဒနာကို ကူညီမခံစားပေးနိုင်ပေမယ့် ဇနီးသည်ကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့မီးဖွားနိုင်ရေးအတွက်တော့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် မီးဖွားတဲ့နေရာမှာ ဖခင်တွေရဲ့အရေးပါမှုကိုလည်း အထင်မသေးလိုက်ပါနဲ့။
အဖေတွေကမွေးကင်းစလေးနဲ့တူတူရှိနေစရာမလိုဘူး

မွေးကင်းစလေးတွေက အိပ်တာ နို့စို့တာနဲ့ပဲ အချိန်ကုန်နေတာပါ။ ဒါကြောင့် ဖခင်တွေထက် မိခင်ကိုသာပိုလိုအပ်တာပေါ့၊ ဒီအချက်ကြောင့်လည်း မွေးကင်းစလေးက ဖခင်ကိုလိုအပ်ပါဦးမလား လို့တွေးကောင်းတွေးနိုင်ပါတယ်။ လိုအပ်ပါတယ် …. သင်ဟာ သူတို့လေးတွေရဲ့ဘဝဖြစ်ပြီး သူတို့ကသင်နဲ့အတူရှိနေရတာကိုကြိုက်ပါတယ်။ သင့်ကလေးနဲ့သံယောဇဉ်ပိုတွယ်စေရန် ကလေးကိုချီပွေ့ပြီး ချော့မြှူပါ။ မိခင်ဖြစ်သူက နို့ရည်ကို ပုလင်းလေးထဲညှစ်ထည့်ပေးပြီး သင်ကကလေးကို နို့ဘူးနဲ့နို့ တိုက်ကျွေးလို့ရပါသေးတယ်။ ဒါမှမဟုတ် ကလေးနို့စို့ပြီးချိန်မှာ သင့်အမျိုးသမီးကို နားချိန်ပေးဖို့အတွက် သင်အလှည့်ကျတာဝန်ယူူလို့လည်းရပါတယ်။
အဖေတွေအိမ်မှာမရှိလည်းရတယ်

ဖခင်တွေဟာ များသောအားဖြင့် အလုပ်လုပ်ပြီး ပိုက်ဆံရှာပေးဖို့ပဲလို့ တွေးကြပါတယ်။ ဒါကြောင့် ဖခင်တွေ သူတို့အိမ်မှာရှိရှိ မရှိရှိ ဘာမှမထူးဖူးလို့ ထင်နိုင်စေပါတယ်။ ဒါပေမယ့် တကယ်တာ့ဖခင်တွေဟာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် မိခင်တွေလိုပဲ တူညီစွာလိုအပ်ပါတယ်။ ဖခင်ရဲ့ဂရုစိုက်မှုကိုမရတဲ့ကလေးဟာ အနာဂတ်မှာ ဒေါသကြီးတတ်သူလေးတွေဖြစ်လာတတ်တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဖခင်တွေ အိမ်အတွက်အချိန်ပေးခြင်းဟာ အိမ်အလုပ်တွေကူညီလို့ရတာအပြင် မိသားစုတစ်ဦးနဲ့တစ်ဦးကိုလည်း ပိုမိုသံယောဇဉ်တွယ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top