Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေက်ာက္ေတာ္ၿမိဳ႕နယ္ လမ္းမေတာ္ေက်းရြာမွ ေက်းရြာသားမ်ားက လွ်ပ္စစ္မီတာေဘာက္ ရရွိရန္ ေငြ ၉၀၀၀၀ စီ ေပးသြင္းထားသည္မွာ ၃ လေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေသာ္လည္း မီတာေဘာက္ မရရွိေသးသျဖင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားအေနျဖင့္ ရွင္းလင္းေပးေစလိုသည္ဟု လမ္းမေတာ္ ေက်းရြာမွ ရြာသားမ်ားကေျပာသည္။

“မီတာေဘာက္တစ္လံုးအတြက္ တစ္အိမ္ကေန ၉ ေသာင္းေက်ာ္ ေကာက္ခံထားပါတယ္။ ၃ လ ေက်ာ္သြားေပမယ့္လည္း အခုအခ်ိန္ထိ ဘာမွ မသိရေသးဘူး။ က်ေနာ္တို႔ အေနနဲ႔ အေဖအေမ မရွိသလိုမ်ိဳးပဲ ဘယ္ကို တိုင္လို႕ တိုင္ရမွန္းမသိဘူး။ သက္ဆိုင္တဲ့ အဖြဲ႕ကို တိုင္တန္းေပမယ့္ ဘာမွ အေၾကာင္း ျပန္ၾကားေပးတာ မရွိေသးပါဘူး။ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးကို သြားေမးၾကေတာ့လဲ သူက ဘာမွမသိသလိုမ်ိဳးပဲ လုပ္ေနပါတယ္”ဟု လမ္းမေတာ္ေက်းရြာသား ဦးဦးေစာျမင့္က နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။

အဆိုပါေက်းရြာသို႔ လွ်ပ္စစ္ဓါတ္အားလိုင္း ဆက္သြယ္ေပးထားၿပီး လမ္းမီးရရွိခဲ့သည္မွာ ၃ လ ေက်ာ္ေနၿပီျဖစ္ေၾကာင္း၊ သို႔ေသာ္ မီေဘာက္ေလွ်ာက္ထားမႈႏွင့္ ပတ္သက္၍ သက္ဆိုင္ရမွ တစ္စံုတစ္ရာ အေၾကာင္းျပန္ၾကားေပးမႈ မရွိေသးဟု ဆိုသည္။

“ဒီျပင္ေနရာေတြမွာ ဒီလိုမ်ိဳးမရွိပါဘူး။ ျပည္မဘက္မွာေတာ့ မီတာေဘာက္စ္ ေလွ်ာက္လိုက္ရင္ တစ္လအတြင္းမွာ ခ်ေပးတယ္လို႔ သိရတယ္။ ငါတို႔ရခိုင္ျပည္မွာပဲ ဒီလိုမ်ိဳးျဖစ္ေနတာပါ။ ခြဲျခားဆက္ဆံခံရတယ္လုိ႕ ခံစားမိပါတယ္။ ၿမိဳ႕နယ္က လွ်ပ္စစ္ဌာန တာ၀န္ရွိသူေတြကို သြားေရာက္အေၾကာင္းၾကေပမယ့္လည္း မီတာေဘာက္ မရွိေသးလ႔ို မခ်ေပးတာလို႕ အေၾကာင္းျပန္ၾကား ပါတယ္။ က်ေနာ္တို႔ ရြာသားေတြအေနနဲ႔ကေတာ့ မီတာေဘာက္ကို ျမန္ျမန္ဆန္ဆန္ ခ်ေပးၿပီး တပ္ဆင္ေပးေစလိုပါတယ္”ဟု ဦးဦးေစာျမကေျပာသည္။

လမ္းမေတာ္ေက်းရြာအုပ္စုတြင္ မီတာေဘာက္ေလွ်ာက္ထားသည့္ ေက်းရြာသားစုစုေပါင္း ၃၀၀၀ ေက်ာ္ရွိသည္ဟု သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ သိရွိႏိုင္ရန္ ေက်ာက္ေတာ္ၿမိဳ႕နယ္ လွ်ပ္စစ္အင္ဂ်င္နီယာမွဴးသို႔ နိရဥၥရာ သတင္းဌာနမွ ႏို၀င္ဘာလ ၁၃ ရက္ေန႔ႏွင့္ ၁၄ ရက္ေန႔မ်ားတြင္ ဖုန္းအႀကိမ္ႀကိမ္ ဆက္သြယ္ ေသာ္လည္း ဖုန္းစက္ပိတ္ထားသျဖင့္ အဆက္အသြယ္ မရရွိခဲ့ပါ။

ရခိုင္ျပည္နယ္လွ်ပ္စစ္အင္ဂ်င္နီယာဌာနမွ တာ၀န္ရွိသူတစ္ဦးအား ဆက္သြယ္ရာ သူက “မီတာေဘာက္စ္ ေလွ်ာက္ရင္ တစ္လအတြင္းမွာ ရႏိုင္ပါတယ္။ ဒါေပမယ့္ ရခိုင္ျပည္နယ္မွာ မဟာဓါတ္အားလိုင္းက ေပးထားတဲ့ ဓါတ္အားခြဲလိုင္းက လွ်ပ္စစ္ဓါတ္အားဟာ လံုေလာက္မႈ မရွိေသးတဲ့အတြက္ ေျမာက္ဦးၿမိဳ႕ေပၚက မီတာေဘာက္စ္ ေလွ်ာက္ထားသူေတြကိုေတာင္ မီတာေဘာက္ မခ်ေပးဘဲ ဆိုင္းငံ့ထားတာေတြ ရွိေနပါတယ္”ဟု ေျပာဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin
#Unicode Version#

ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာမှ ကျေးရွာသားများက လျှပ်စစ်မီတာဘောက် ရရှိရန် ငွေ ၉၀၀၀၀ စီ ပေးသွင်းထားသည်မှာ ၃ လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း မီတာဘောက် မရရှိသေးသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရှင်းလင်းပေးစေလိုသည်ဟု လမ်းမတော် ကျေးရွာမှ ရွာသားများကပြောသည်။

“မီတာဘောက်တစ်လုံးအတွက် တစ်အိမ်ကနေ ၉ သောင်းကျော် ကောက်ခံထားပါတယ်။ ၃ လ ကျော်သွားပေမယ့်လည်း အခုအချိန်ထိ ဘာမှ မသိရသေးဘူး။ ကျနော်တို့ အနေနဲ့ အဖေအမေ မရှိသလိုမျိုးပဲ ဘယ်ကို တိုင်လို့ တိုင်ရမှန်းမသိဘူး။ သက်ဆိုင်တဲ့ အဖွဲ့ကို တိုင်တန်းပေမယ့် ဘာမှ အကြောင်း ပြန်ကြားပေးတာ မရှိသေးပါဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူးကို သွားမေးကြတော့လဲ သူက ဘာမှမသိသလိုမျိုးပဲ လုပ်နေပါတယ်”ဟု လမ်းမတော်ကျေးရွာသား ဦးဦးစောမြင့်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါကျေးရွာသို့ လျှပ်စစ်ဓါတ်အားလိုင်း ဆက်သွယ်ပေးထားပြီး လမ်းမီးရရှိခဲ့သည်မှာ ၃ လ ကျော်နေပြီဖြစ်ကြောင်း၊ သို့သော် မီဘောက်လျှောက်ထားမှုနှင့် ပတ်သက်၍ သက်ဆိုင်ရမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားပေးမှု မရှိသေးဟု ဆိုသည်။

“ဒီပြင်နေရာတွေမှာ ဒီလိုမျိုးမရှိပါဘူး။ ပြည်မဘက်မှာတော့ မီတာဘောက်စ် လျှောက်လိုက်ရင် တစ်လအတွင်းမှာ ချပေးတယ်လို့ သိရတယ်။ ငါတို့ရခိုင်ပြည်မှာပဲ ဒီလိုမျိုးဖြစ်နေတာပါ။ ခွဲခြားဆက်ဆံခံရတယ်လို့ ခံစားမိပါတယ်။ မြို့နယ်က လျှပ်စစ်ဌာန တာဝန်ရှိသူတွေကို သွားရောက်အကြောင်းကြပေမယ့်လည်း မီတာဘောက် မရှိသေးလ့ို မချပေးတာလို့ အကြောင်းပြန်ကြား ပါတယ်။ ကျနော်တို့ ရွာသားတွေအနေနဲ့ကတော့ မီတာဘောက်ကို မြန်မြန်ဆန်ဆန် ချပေးပြီး တပ်ဆင်ပေးစေလိုပါတယ်”ဟု ဦးဦးစောမြကပြောသည်။

လမ်းမတော်ကျေးရွာအုပ်စုတွင် မီတာဘောက်လျှောက်ထားသည့် ကျေးရွာသားစုစုပေါင်း ၃၀၀၀ ကျော်ရှိသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိနိုင်ရန် ကျောက်တော်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူးသို့ နိရဉ္စရာ သတင်းဌာနမှ နိုဝင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့များတွင် ဖုန်းအကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ရခိုင်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ သူက “မီတာဘောက်စ် လျှောက်ရင် တစ်လအတွင်းမှာ ရနိုင်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ မဟာဓါတ်အားလိုင်းက ပေးထားတဲ့ ဓါတ်အားခွဲလိုင်းက လျှပ်စစ်ဓါတ်အားဟာ လုံလောက်မှု မရှိသေးတဲ့အတွက် မြောက်ဦးမြို့ပေါ်က မီတာဘောက်စ် လျှောက်ထားသူတွေကိုတောင် မီတာဘောက် မချပေးဘဲ ဆိုင်းငံ့ထားတာတွေ ရှိနေပါတယ်”ဟု ပြောဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top