Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သၽွမ္းျပည္ ၿမိဳ႕ေတာ္ ေတာင္ႀကီးၿမိဳ႕ အမွတ္ ၅ (အထက) အထက္တန္းေက်ာင္းတြင္ တက္တူးထိုးထားသည့္ အလယ္တန္း၊ အထက္တန္းေက်ာင္းသားမ်ားအား တန္းစီေခၚယူ၍ အလွည့္က် တပ္ေဆး႐ုံတြင္ သြားေရာက္ ဖ်က္ခိုင္းသည္ဟု သိရသည္။

ၿပီးခဲ့သည့္အပတ္ ေသာၾကာေန႔ နို၀င္ဘာလ ၁၀ ရက္ေန႔ကစၿပီး ၊ ရိုးရာေဆးမွင္ေၾကာင္မ်ား၊ တက္တူးမ်ား ထိုးထားသည့္ ေက်ာင္းသား ရ၀ ခန႔္အား ေတာင္ႀကီးၿမိဳ႕ အေရွ႕ပိုင္းတိုင္းလက္ေအာက္ခံ စစ္ေဆး႐ုံတြင္ အလွည့္က် သြားေရာက္ဖ်က္ေစေၾကာင္း ေက်ာင္းသားမိဘတဦးျဖစ္သည့္ နန္းရင္က ေျပာသည္။

“သားကိုေက်ာင္းသြားပို႔တုန္းက ဆရာမက ဘာမွမေျပာဘူး။ က်မ အိမ္ျပန္ေရာက္မွ ဖုန္းဆက္လာတယ္။ တက္တူးဖ်က္ရမယ္တဲ့ ။ အဲဒါကို စစ္ေဆး႐ုံမွာ သြားဖ်က္မယ္ဆိုေတာ့ လွန႔္သြားတယ္။ က်မ လိုက္သြားေတာ့ ကေလးကိုထုံေဆးေပးၿပီး ဖ်က္တာ။ ထုံေဆးပ်ယ္ေတာ့နာၿပီေလ။ သားလဲငို။ က်မလဲ သားကိုၾကည့္ၿပီး သနားလို႔လိုက္ငိုၾကတယ္သားအမိ ၂ ေယာက္။ ဒီေန႔ထိ ၃-၄ ရက္ရွိၿပီ။ အနာမေပ်ာက္ေသးဘူး။ သားအနာက ေသြးေၾကာနဲ႔နီးေတာ့ က်မ စိုးရိမ္လို႔ ညည အိပ္မေပ်ာ္နိုင္ဘူး။”- ဟု နန္းယိင္းကေျပာျပသည္။

အထက ၅ ေက်ာင္းတြင္ တက္တူးထိုးသည့္ေက်ာင္းသားေလးမ်ား ရ၀ ခန႔္ရွိၿပီး တရက္လ်င္ ၃-၄ ဦးစီ စစ္ေဆး႐ုံသို႔ေခၚေဆာင္ကာ ဖ်က္ေပးမည္ျဖစ္ဟု ဆရာမ မ်ားေျပာေၾကာင္း ေက်ာင္းသားမိဘမ်ား ကေျပာဆို ေနသည္။

ေက်ာင္းသားမ်ား၏ တက္တူးမွာ အသဲပုံတက္တူး၊ အိမ္ေျမာင္ပုံတက္တူး၊ ပန္းပုံတက္တူးတို႔အျပင္တခ်ိဳ႕မွာ သၽွမ္းရိုးရာ နေမာကင္ ေခၚ ဂါ႒ာေဆးမွင္ေၾကာင္လည္းပါ၀င္ေၾကာင္း၊ ၅ တန္းေက်ာင္းသားမွ ၁၀ တန္း ေက်ာင္းသား မ်ားျဖစ္ေၾကာင္း မူလတန္းျပဆရာမ တဦးကေျပာသည္။

ယခုကဲ့သို႔ေက်ာင္းသားေလးမ်ားအား ထုံေဆးေပး တက္တူးဖ်က္ျခင္းျပဳလုပ္မွုမွာ ပထမဆုံး အႀကိမ္ျပဳလုပ္ ျခင္းျဖစ္ၿပီး အထက္တန္းေက်ာင္းသားမ်ားႏွင့္ တက္တူးမွာ မအပ္စပ္သျဖင့္ဟုသာ ေက်ာင္းေကာ္မတီဝင္ ဆရာမတဦးကေျပာသည္။
ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေဆြေဆြေအာင္အားဆက္သြယ္ေသာ္လည္း အစည္းအေဝးတြင္ရွိေန သျဖင့္ေျဖၾကားရန္အဆင္မသင့္ေသးဟု သၽွမ္းသံေတာ္ဆင့္အား ေျပာသည္။

အဆိုပါအထက္တန္းေက်ာင္းသားကေလးမ်ားအား ထုံေဆးေပးၿပီးတက္တူးဖ်က္ေပးေနသည္မွာ စစ္မွုမထမ္းမေနရ စနစ္အတြက္ ႀကိဳတင္ျပင္ဆင္ျခင္းေလာ-ဟုလည္းေက်ာင္းသားမိဘတခ်ိဳ႕ႏွင့္ဆရာ ဆရာမတခ်ိဳ႕ကေျပာဆိုေနၾကသည္။

“က်ေနာ့္အျမင္ေတာ့ မၾကာေသးခင္က ျပဌာန္းထားတဲ့ နိုင္ငံသားအားလုံး အသက္ ၁၈ ႏွစ္ ျပည့္သူတိုင္း စစ္မွု မထမ္းမေနရကိစၥနဲ႔ပတ္သက္နိုင္တယ္။ ျမန္မာ့တပ္မေတာ္ စစ္ရာထူးခန႔္ခ်ဳပ္ဆိုင္ရာ စည္းမ်ဥ္းမွာ တက္တူး ထိုးထားသူ ပါ၀င္ခြင့္မရွိဘူးေလ တပ္မွာ။ ဘာဘဲျဖစ္ျဖစ္ေက်ာင္းသားမိဘနဲ႔အရင္ဆုံးတိုင္ပင္သင့္တယ္။ ေက်ာင္းေဆာင္ပုဒ္ကိုက မိဘ ဆရာ ပူးေပါင္း ကေလးပညာေကာင္းမဟုတ္လား။ ”- ဟု ကေလးဖခင္တဦးက သၽွမ္းသံေတာ္ဆင့္သို႔ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ အေျခခံအထက္တန္းေက်ာင္း (အထက) ေက်ာင္း ရ ေက်ာင္း ရွိသည့္ အနက္ အထက ၅ တြင္ ပထမ ဦးဆုံး တက္တူးဖ်က္ျခင္း အစီအစဥ္လုပ္ေနသည္ဟု ၾကားသိရေၾကာင္း၊ အျခားေက်ာင္းမ်ား ထိုကဲ့သို႔ ျပဳလုပ္ျခင္းမရွိ ေသး ေၾကာင္း ေက်ာင္းသားမိဘ မ်ားကေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
သျှမ်းပြည် မြို့တော် တောင်ကြီးမြို့ အမှတ် ၅ (အထက) အထက်တန်းကျောင်းတွင် တက်တူးထိုးထားသည့် အလယ်တန်း၊ အထက်တန်းကျောင်းသားများအား တန်းစီခေါ်ယူ၍ အလှည့်ကျ တပ်ဆေးရုံတွင် သွားရောက် ဖျက်ခိုင်းသည်ဟု သိရသည်။

ပြီးခဲ့သည့်အပတ် သောကြာနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ၊ ရိုးရာဆေးမှင်ကြောင်များ၊ တက်တူးများ ထိုးထားသည့် ကျောင်းသား ရ၀ ခန့်အား တောင်ကြီးမြို့ အရှေ့ပိုင်းတိုင်းလက်အောက်ခံ စစ်ဆေးရုံတွင် အလှည့်ကျ သွားရောက်ဖျက်စေကြောင်း ကျောင်းသားမိဘတဦးဖြစ်သည့် နန်းရင်က ပြောသည်။

“သားကိုကျောင်းသွားပို့တုန်းက ဆရာမက ဘာမှမပြောဘူး။ ကျမ အိမ်ပြန်ရောက်မှ ဖုန်းဆက်လာတယ်။ တက်တူးဖျက်ရမယ်တဲ့ ။ အဲဒါကို စစ်ဆေးရုံမှာ သွားဖျက်မယ်ဆိုတော့ လှန့်သွားတယ်။ ကျမ လိုက်သွားတော့ ကလေးကိုထုံဆေးပေးပြီး ဖျက်တာ။ ထုံဆေးပျယ်တော့နာပြီလေ။ သားလဲငို။ ကျမလဲ သားကိုကြည့်ပြီး သနားလို့လိုက်ငိုကြတယ်သားအမိ ၂ ယောက်။ ဒီနေ့ထိ ၃-၄ ရက်ရှိပြီ။ အနာမပျောက်သေးဘူး။ သားအနာက သွေးကြောနဲ့နီးတော့ ကျမ စိုးရိမ်လို့ ညည အိပ်မပျော်နိုင်ဘူး။”- ဟု နန်းယိင်းကပြောပြသည်။

အထက ၅ ကျောင်းတွင် တက်တူးထိုးသည့်ကျောင်းသားလေးများ ရ၀ ခန့်ရှိပြီး တရက်လျင် ၃-၄ ဦးစီ စစ်ဆေးရုံသို့ခေါ်ဆောင်ကာ ဖျက်ပေးမည်ဖြစ်ဟု ဆရာမ များပြောကြောင်း ကျောင်းသားမိဘများ ကပြောဆို နေသည်။

ကျောင်းသားများ၏ တက်တူးမှာ အသဲပုံတက်တူး၊ အိမ်မြောင်ပုံတက်တူး၊ ပန်းပုံတက်တူးတို့အပြင်တချို့မှာ သျှမ်းရိုးရာ နမောကင် ခေါ် ဂါဋ္ဌာဆေးမှင်ကြောင်လည်းပါဝင်ကြောင်း၊ ၅ တန်းကျောင်းသားမှ ၁၀ တန်း ကျောင်းသား များဖြစ်ကြောင်း မူလတန်းပြဆရာမ တဦးကပြောသည်။

ယခုကဲ့သို့ကျောင်းသားလေးများအား ထုံဆေးပေး တက်တူးဖျက်ခြင်းပြုလုပ်မှုမှာ ပထမဆုံး အကြိမ်ပြုလုပ် ခြင်းဖြစ်ပြီး အထက်တန်းကျောင်းသားများနှင့် တက်တူးမှာ မအပ်စပ်သဖြင့်ဟုသာ ကျောင်းကော်မတီဝင် ဆရာမတဦးကပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအောင်အားဆက်သွယ်သော်လည်း အစည်းအဝေးတွင်ရှိနေ သဖြင့်ဖြေကြားရန်အဆင်မသင့်သေးဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

အဆိုပါအထက်တန်းကျောင်းသားကလေးများအား ထုံဆေးပေးပြီးတက်တူးဖျက်ပေးနေသည်မှာ စစ်မှုမထမ်းမနေရ စနစ်အတွက် ကြိုတင်ပြင်ဆင်ခြင်းလော-ဟုလည်းကျောင်းသားမိဘတချို့နှင့်ဆရာ ဆရာမတချို့ကပြောဆိုနေကြသည်။

“ကျနော့်အမြင်တော့ မကြာသေးခင်က ပြဌာန်းထားတဲ့ နိုင်ငံသားအားလုံး အသက် ၁၈ နှစ် ပြည့်သူတိုင်း စစ်မှု မထမ်းမနေရကိစ္စနဲ့ပတ်သက်နိုင်တယ်။ မြန်မာ့တပ်မတော် စစ်ရာထူးခန့်ချုပ်ဆိုင်ရာ စည်းမျဉ်းမှာ တက်တူး ထိုးထားသူ ပါဝင်ခွင့်မရှိဘူးလေ တပ်မှာ။ ဘာဘဲဖြစ်ဖြစ်ကျောင်းသားမိဘနဲ့အရင်ဆုံးတိုင်ပင်သင့်တယ်။ ကျောင်းဆောင်ပုဒ်ကိုက မိဘ ဆရာ ပူးပေါင်း ကလေးပညာကောင်းမဟုတ်လား။ ”- ဟု ကလေးဖခင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

တောင်ကြီးမြို့တွင် အခြေခံအထက်တန်းကျောင်း (အထက) ကျောင်း ရ ကျောင်း ရှိသည့် အနက် အထက ၅ တွင် ပထမ ဦးဆုံး တက်တူးဖျက်ခြင်း အစီအစဉ်လုပ်နေသည်ဟု ကြားသိရကြောင်း၊ အခြားကျောင်းများ ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိ သေး ကြောင်း ကျောင်းသားမိဘ များကပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top