ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လင္မယားႏွစ္ေယာက္ ဟာ Harvard တကၠသိုလ္ ဥကၠဌ နဲ႔ ေတြ႕ဖို႔ အတြက္ တကၠသိုလ္႐ုံးခန္းသို႔ ေရာက္လာခဲ့ပါတယ္။ အတြင္းေရးမႉး မွ သူတို႔ႏွစ္ေယာက္ ကို ၾကည့္ၿပီး အသြင္အျပင္က သားနားမူမရွိ၊ ေတာအဝတ္အစား ပုံစံဆိုၿပီး ဂ႐ုမစိုက္ဘဲ ဥကၠဌကို ေတြ႕ခ်င္ရင္ ေစာင့္ရမယ္ သြားထိုင္ေစာင့္ဆိုၿပီး ျပတ္ျပတ္ေျပာ ၿပီး သူ႔ အလုပ္သူဆက္လုပ္ေနတယ္။ ၁ နာရီေလာက္ၾကာေတာ့ အတြင္းေရးမႉးလည္း ဥကၠဌကို မေခၚေပး ငါမေခၚေပးရင္ သူတို႔ မေစာင့္ႏိုင္ဘဲ ျပန္သြားလိမ့္မယ္လို႔ ေတြးၿပီး သူ႔အလုပ္သူဆက္လုပ္ေနတယ္။ ဝတ္စားေကာင္းစားနဲ႔လာတဲ့ ဧည့္သည္ၾကေတာ့ သူက ၿပဳံး႐ႊင္စြာနဲ႔ ႀကိဳဆိုၿပီး ဥကၠဌ ႐ုံးခန္းထဲကို လိုက္ပို႔တယ္။ လင္လုပ္သူက သတင္းစာတခုၿပီး တခု ေအးေဆးစြာ ထိုင္ဖတ္တယ္။ မယား လုပ္သူက ၿပဳံးၿပဳံးေလးနဲ႔ အတြင္းေရးမႉး မေလးကို မၾကာမၾကာ ၿပဳံးၿပဳံး ျပတယ္။

ေနာက္ေတာ့ အတြင္းေရးမႉးမွ သည္းမခံႏိုင္ တဲ့ ပုံစံျဖစ္ၿပီး ဥကၠဌကို ဝင္ေျပာေတာ့ ဥကၠဌက ဝင္လာဖို႔ ေျပာေတာ့မွ လင္မယား ႏွစ္ေယာက္ လည္း ႐ုံးခန္းထဲကို ဝင္သြားတယ္။ ဥကၠဌ ႐ုံးခန္းထဲေရာက္ေတာ့ ဥကၠဌမွ မ်က္ႏွာေၾကာတင္းတင္းနဲ႔ ဘာကိစၥလဲ လို႔ ေမးတယ္။ အဲေတာ့ မယားလုပ္သူမွ “ဒီလိုပါ က်မတို႔မွာ သားတစ္ေယာက္ ရွိပါတယ္ သူ ဒီ တကၠသိုလ္ကို တစ္ႏွစ္ပဲ တက္လိုက္ရၿပီး ႐ုတ္တ႐ုက္ ကြယ္လြန္သြားပါတယ္၊ အဲတာေၾကာင့္ က်မတို႔ လင္မယားက ေနၿပီး သားအတြက္ ေဟာဒီ တကၠသိုလ္ဝင္းထဲမွာ အမွတ္တရ တခုခု လုပ္ခ်င္လို႔ပါ ” အဲမွာ ေက်ာင္းဥကၠဌက မွ မေက်နပ္တဲ့ေလသံျဖင့္ ” က်ေနာ္တို႔ ေက်ာင္းမွာ တက္ခဲ့တယ္ဆို႐ုံနဲ႔ က်ေနာ္တို႔ ႐ုပ္တု မထားေပးႏိုင္ပါဘူး၊ ” ဆိုၿပီး ျပတ္ျပတ္ ေျပာတယ္။ အဲမွာ မယားလုပ္သူက ” အိုး မဟုတ္ပါဘူး ႐ုပ္တု ထားဖို႔ မဟုတ္ပါဘူး ေက်ာင္းတစ္ေက်ာင္း ေဆာက္ေပးမလို႔ပါ။ ” လို႔ ျပန္ေျပာတယ္။ အဲေတာ့ ဥကၠဌမွ မ်က္လုံးႀကီး ျပဴးၿပီး ေတာ့ သူတို႔ အဝတ္အစားကို ၾကည့္ၿပီး ေနာက္ခင္ဗ်ားတို႔သိလား ေက်ာင္းေဆာင္တစ္ေဆာင္ ေဆာက္ဖို႔ဆိုတာ ေဒၚလာ သန္းခ်ီ ကုန္တယ္ကြယ့္ ၊သိေကာသိၾကလား ” ဆိုၿပီး အထင္ေသးတဲ့ ေလသံ နဲ႔ ျပန္ေမးတယ္။

အဲမွာ မယားက လင္လုပ္သူကို တိုးတိုးေလး ေျပာတယ္ ေဒၚလာ သန္းေက်ာ္ပဲ ကုန္တယ္တဲ့ ဒါဆို ကိုယ့္ တကၠသိုလ္ပဲ ကိုယ္ေဆာက္ ရေအာင္ လို႔ ေျပာၿပီး ျပန္သြားၾကေလ၏။ ေက်ာင္း ဥကၠဌ လည္း ငါေတာ့ ဒီေန႔ အ႐ူး ေတြနဲ႔ ေတြ႕ေနရတယ္ဆိုၿပီး ျမည္တြန္ေနတယ္တဲ့။ ေနာက္တေန႔မွာ သတင္းစာမွာ ဘီလံနာသူေဌးလင္မယား Mr and Mrs Leland Standford မွေနၿပီး Standford တကၠသိုလ္ ေဆာက္မယ္လို႔ ေၾကဌာ ေတြ႕ေတာ့မွ မေန႔က သူနဲ႔ လာေတြ႕သြားတဲ့သူႏွစ္ေယာက္ဟာ ဘီလံနာသေဌးလင္မယားမွန္း သိေတာ့မွ သူ႔ဝမ္းနည္းသြားခဲ့ရတယ္တဲ့။ Standford တကၠသိုလ္ကို ၁၈၉၁ မွာ စတင္ ဖြင့္လွစ္ခဲ့ပါတယ္။ ၁၉၃၀ အထိ အခမဲ့ ျဖစ္ၿပီး အဲ့ ေနာက္ပိုင္းမွ တကၠသိုလ္ဝင္ေၾကးေတြ၊ tuition fees ေတြ ျပန္လည္ေကာက္ယူပါတယ္။ စာအုပ္ရဲ႕ မ်က္ႏွာဖုံးကို ၾကည့္႐ုံနဲ႔ စာအုပ္တန္ဖိုးကို မဆုံးျဖတ္ႏိုင္သလို လူတစ္ဦးရဲ႕ အသြင္အျပင္ကို ၾကည့္ၿပီး ထိုလူရဲ႕ တန္ဖိုး ထိုလူရဲ႕ ႂကြယ္၀ ခ်မ္းသာမူကို မဆုံးျဖတ္ႏိုင္ပါဘူး။ အထင္ေသးျခင္း ကင္းရွင္းၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer
#Unicode Version#
လင်မယားနှစ်ယောက် ဟာ Harvard တက္ကသိုလ် ဥက္ကဌ နဲ့ တွေ့ဖို့ အတွက် တက္ကသိုလ်ရုံးခန်းသို့ ရောက်လာခဲ့ပါတယ်။ အတွင်းရေးမှူး မှ သူတို့နှစ်ယောက် ကို ကြည့်ပြီး အသွင်အပြင်က သားနားမူမရှိ၊ တောအဝတ်အစား ပုံစံဆိုပြီး ဂရုမစိုက်ဘဲ ဥက္ကဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး ပြတ်ပြတ်ပြော ပြီး သူ့ အလုပ်သူဆက်လုပ်နေတယ်။ ၁ နာရီလောက်ကြာတော့ အတွင်းရေးမှူးလည်း ဥက္ကဌကို မခေါ်ပေး ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။ ဝတ်စားကောင်းစားနဲ့လာတဲ့ ဧည့်သည်ကြတော့ သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဌ ရုံးခန်းထဲကို လိုက်ပို့တယ်။ လင်လုပ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။ မယား လုပ်သူက ပြုံးပြုံးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြုံးပြုံး ပြတယ်။

နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် တဲ့ ပုံစံဖြစ်ပြီး ဥက္ကဌကို ဝင်ပြောတော့ ဥက္ကဌက ဝင်လာဖို့ ပြောတော့မှ လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ဝင်သွားတယ်။ ဥက္ကဌ ရုံးခန်းထဲရောက်တော့ ဥက္ကဌမှ မျက်နှာကြောတင်းတင်းနဲ့ ဘာကိစ္စလဲ လို့ မေးတယ်။ အဲတော့ မယားလုပ်သူမှ “ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ် သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊ အဲတာကြောင့် ကျမတို့ လင်မယားက နေပြီး သားအတွက် ဟောဒီ တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ ” အဲမှာ ကျောင်းဥက္ကဌက မှ မကျေနပ်တဲ့လေသံဖြင့် ” ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ ” ဆိုပြီး ပြတ်ပြတ် ပြောတယ်။ အဲမှာ မယားလုပ်သူက ” အိုး မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ ” လို့ ပြန်ပြောတယ်။ အဲတော့ ဥက္ကဌမှ မျက်လုံးကြီး ပြူးပြီး တော့ သူတို့ အဝတ်အစားကို ကြည့်ပြီး နောက်ခင်ဗျားတို့သိလား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်ကွယ့် ၊သိကောသိကြလား ” ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။

အဲမှာ မယားက လင်လုပ်သူကို တိုးတိုးလေး ပြောတယ် ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက် ရအောင် လို့ ပြောပြီး ပြန်သွားကြလေ၏။ ကျောင်း ဥက္ကဌ လည်း ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်ဆိုပြီး မြည်တွန်နေတယ်တဲ့။ နောက်တနေ့မှာ သတင်းစာမှာ ဘီလံနာသူဌေးလင်မယား Mr and Mrs Leland Standford မှနေပြီး Standford တက္ကသိုလ် ဆောက်မယ်လို့ ကြေဌာ တွေ့တော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလံနာသဌေးလင်မယားမှန်း သိတော့မှ သူ့ဝမ်းနည်းသွားခဲ့ရတယ်တဲ့။ Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။ စာအုပ်ရဲ့ မျက်နှာဖုံးကို ကြည့်ရုံနဲ့ စာအုပ်တန်ဖိုးကို မဆုံးဖြတ်နိုင်သလို လူတစ်ဦးရဲ့ အသွင်အပြင်ကို ကြည့်ပြီး ထိုလူရဲ့ တန်ဖိုး ထိုလူရဲ့ ကြွယ်၀ ချမ်းသာမူကို မဆုံးဖြတ်နိုင်ပါဘူး။ အထင်သေးခြင်း ကင်းရှင်းကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top