Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံ ဘန္ေကာက္ မွာ လြန္ခဲ့တဲ့ ၅ ႏွစ္က အသက္ ၁၆ ႏွစ္အရြယ္ အိမ္ေဖာ္ မိန္းကေလး ကို သတ္ျဖတ္ၿပီး အေလာင္း ေျမျမႇဳပ္ ခဲ့တဲ့ အလုပ္ရွင္ ထိုင္း အလွမယ္ေဟာင္း ကုိ ဖမ္းဆီး ရမိခဲ့ၿပီ ျဖစ္ပါတယ္။

ဘန္ေကာက္ မွာ အလွမယ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးသူ အသက္ ၄၅ ႏွစ္ရြယ္ ကရစၥနား ေခၚ မိုနာ ကို တာဝန္ရွိ ရဲတပ္ဖြဲ႔ဝင္ေတြက ႏိုဝင္ဘာ ၅ ရက္ မနက္ ၅ နာရီအခ်ိန္ သူပုန္းေအာင္းခိုလႈံေနတဲ့ ထိုင္းႏုိင္ငံအလယ္ပိုင္း ခ်ာ႔ခ်ိန္းေဆာင္းခ႐ုိင္ ဖႏုမ္ဆာရခမ္းၿမိဳ႕နယ္ မိုင္းေကာင္အုပ္စုရွိ လန္႔နားရီေဆာ့တ္ ဟိုတယ္မွာ ဝင္ေရာက္ဖမ္းဆီးခဲ့တာပါ။

ရဲေတြက သူ႔ကို ဝင္ေရာက္ဖမ္းဆီးစဥ္ အလွမယ္ မိုနာ ဟာ ကေယာင္ေခ်ာက္ခ်ား ေျပာဆိုေနၿပီး ၂ နာရီၾကာ စစ္ေၾကာေရးလုပ္ၿပီးတဲ့အခါမွ သူဟာ အိမ္ေဖာ္မိန္းကေလး နမ့္ဝမ္ ေခၚ က်ရိယာဆရီဆဒ္ဒီကို စိတ္လိုက္မာန္ပါ လုပ္ခဲ့မိေၾကာင္း ဝန္ခံခဲ့ပါတယ္။

သူမ သတ္လုိက္မိတာကို လူေတြသိမွာစိုးရိမ္ၿပီး အေလာင္း ေျမျမႇဳပ္ခဲ့ေၾကာင္း၊ သူနဲ႔အတူ ေထာင္းန္ဆိုတဲ့ သူငယ္ခ်င္းတဦးက လိုက္ပါကူညီေပးခဲ့တယ္လို႔လည္း ေျဖာင့္ခ်က္ေပးပါတယ္။

ဒါေပမယ့္ ရဲေတြကေတာ့ မိန္းကေလး အေလာင္း ေဖ်ာက္ဖ်က္ျမႇဳပ္ႏွံမႈမွာ ေနာက္ထပ္ ပါဝင္ပတ္သက္သူေတြ ရွိႏုိင္တယ္လို႔ ယူဆၿပီး သူမရဲ႕မိခ င္နဲ႔ တျခား သံသယ ရွိသူေတြကုိပါ ထပ္မံ စစ္ေဆးေနပါတယ္။

အိမ္ေဖာ္ မိန္းကေလး ဟာ အလွမယ္ တို႔အိမ္မွာ အလုပ္ဝင္တာ လပိုင္းမွ်သာရွိၿပီး ေပ်ာက္ဆံုး သြားခဲ့တာ ျဖစ္ပါတယ္။

မိခင္ျဖစ္သူက အလွမယ္ ကို ေမးျမန္းရာမွာလည္း မိန္းကေလး က သူတို႔အိမ္ကေန ထြက္ေျပးသြားၿပီဆိုတဲ့ အေျဖတခုသာ ရခဲ့ပါတယ္။

သမီးျဖစ္သူ ၅ ႏွစ္ၾကာ ေပ်ာက္ဆံုးေနရာက ဒီလဆန္းပိုင္းမွာ အလွမယ္ ရဲ႕ အတြင္းသိ လူတဦးမွ အိမ္ေဖာ္ မိန္းကေလး စပေရးဘူးနဲ႔ အေပါက္ခံရၿပီး ဒဏ္ရာ အျပင္းအထန္ ရသြားေၾကာင္း၊ မိန္းကေလး ကို ေဆး႐ုံပို႔ေဆာင္ျခင္း မရွိတဲ့အျပင္ ထြက္မေျပးႏိုင္ေအာင္ သံႀကိဳး နဲ႔ ခ်ည္ထားေၾကာင္း၊ ဒဏ္ရာရ မိန္းကေလး ထပ္မံႏွိပ္စက္ခံရတဲ့အတြက္ ေသဆံုးသြားၿပီး သူ႔ အေလာင္း ကို ဖစ္ခ်္ပူရီခ႐ုိင္ရွိ သူ႔မိခင္ပိုင္ ၿခံဝင္းထဲမွာ သြားျမႇဳပ္ခဲ့ေၾကာင္း၊ သူကိုယ္တိုင္လည္း အသက္အႏၱရာယ္ နဲ႔ ရင္ဆိုင္ေနရလို႔ ျဖစ္ရပ္မွန္ကို ဖြင့္ေျပာလိုက္တာလို႔ ဆိုပါတယ္။

တာဝန္ရွိသူေတြက အလွမယ္ ရဲ႕ ကိုယ္ေရးရာဇဝင္ေတြ စစ္ေဆးရာမွာ သူမဟာ အလုပ္အကိုင္ အတည္တက်မရွိဘဲ ေငြေၾကးခ်မ္းသာတဲ့ အမ်ိဳးသား ေတြနဲ႔ ထည္လဲတြဲေလ့ရွိၿပီး ဖဲကစားတာ ခံုမင္ေၾကာင္း၊ သူ႔ကို သြားေရာက္ဖမ္းဆီးစဥ္ကလည္း မူးယစ္ေဆး သံုးထားတာကိုပါ စစ္ေဆးေတြ႔ရွိတယ္လို႔ ဆိုပါတယ္။

ရဲတပ္ဖြဲ႔က သူမကို အာမခံမဲ့ ခ်ဳပ္ေႏွာင္ထားၿပီး တျခား ပါဝင္ပတ္သက္သူေတြနဲ႔ အေရးႀကီး သက္ေသအေထာက္အထားေတြ ျပည့္စံုမွ ႐ုံးတင္တရားစြဲမယ္လို႔ ထိုင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
ထိုင်းနိုင်ငံ ဘန်ကောက် မှာ လွန်ခဲ့တဲ့ ၅ နှစ်က အသက် ၁၆ နှစ်အရွယ် အိမ်ဖော် မိန်းကလေး ကို သတ်ဖြတ်ပြီး အလောင်း မြေမြှုပ် ခဲ့တဲ့ အလုပ်ရှင် ထိုင်း အလှမယ်ဟောင်း ကို ဖမ်းဆီး ရမိခဲ့ပြီ ဖြစ်ပါတယ်။

ဘန်ကောက် မှာ အလှမယ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ အသက် ၄၅ နှစ်ရွယ် ကရစ္စနား ခေါ် မိုနာ ကို တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၅ ရက် မနက် ၅ နာရီအချိန် သူပုန်းအောင်းခိုလှုံနေတဲ့ ထိုင်းနိုင်ငံအလယ်ပိုင်း ချာ့ချိန်းဆောင်းခရိုင် ဖနုမ်ဆာရခမ်းမြို့နယ် မိုင်းကောင်အုပ်စုရှိ လန့်နားရီဆော့တ် ဟိုတယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ရဲတွေက သူ့ကို ဝင်ရောက်ဖမ်းဆီးစဉ် အလှမယ် မိုနာ ဟာ ကယောင်ချောက်ချား ပြောဆိုနေပြီး ၂ နာရီကြာ စစ်ကြောရေးလုပ်ပြီးတဲ့အခါမှ သူဟာ အိမ်ဖော်မိန်းကလေး နမ့်ဝမ် ခေါ် ကျရိယာဆရီဆဒ်ဒီကို စိတ်လိုက်မာန်ပါ လုပ်ခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။

သူမ သတ်လိုက်မိတာကို လူတွေသိမှာစိုးရိမ်ပြီး အလောင်း မြေမြှုပ်ခဲ့ကြောင်း၊ သူနဲ့အတူ ထောင်းန်ဆိုတဲ့ သူငယ်ချင်းတဦးက လိုက်ပါကူညီပေးခဲ့တယ်လို့လည်း ဖြောင့်ချက်ပေးပါတယ်။

ဒါပေမယ့် ရဲတွေကတော့ မိန်းကလေး အလောင်း ဖျောက်ဖျက်မြှုပ်နှံမှုမှာ နောက်ထပ် ပါဝင်ပတ်သက်သူတွေ ရှိနိုင်တယ်လို့ ယူဆပြီး သူမရဲ့မိခ င်နဲ့ တခြား သံသယ ရှိသူတွေကိုပါ ထပ်မံ စစ်ဆေးနေပါတယ်။

အိမ်ဖော် မိန်းကလေး ဟာ အလှမယ် တို့အိမ်မှာ အလုပ်ဝင်တာ လပိုင်းမျှသာရှိပြီး ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

မိခင်ဖြစ်သူက အလှမယ် ကို မေးမြန်းရာမှာလည်း မိန်းကလေး က သူတို့အိမ်ကနေ ထွက်ပြေးသွားပြီဆိုတဲ့ အဖြေတခုသာ ရခဲ့ပါတယ်။

သမီးဖြစ်သူ ၅ နှစ်ကြာ ပျောက်ဆုံးနေရာက ဒီလဆန်းပိုင်းမှာ အလှမယ် ရဲ့ အတွင်းသိ လူတဦးမှ အိမ်ဖော် မိန်းကလေး စပရေးဘူးနဲ့ အပေါက်ခံရပြီး ဒဏ်ရာ အပြင်းအထန် ရသွားကြောင်း၊ မိန်းကလေး ကို ဆေးရုံပို့ဆောင်ခြင်း မရှိတဲ့အပြင် ထွက်မပြေးနိုင်အောင် သံကြိုး နဲ့ ချည်ထားကြောင်း၊ ဒဏ်ရာရ မိန်းကလေး ထပ်မံနှိပ်စက်ခံရတဲ့အတွက် သေဆုံးသွားပြီး သူ့ အလောင်း ကို ဖစ်ချ်ပူရီခရိုင်ရှိ သူ့မိခင်ပိုင် ခြံဝင်းထဲမှာ သွားမြှုပ်ခဲ့ကြောင်း၊ သူကိုယ်တိုင်လည်း အသက်အန္တရာယ် နဲ့ ရင်ဆိုင်နေရလို့ ဖြစ်ရပ်မှန်ကို ဖွင့်ပြောလိုက်တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက အလှမယ် ရဲ့ ကိုယ်ရေးရာဇဝင်တွေ စစ်ဆေးရာမှာ သူမဟာ အလုပ်အကိုင် အတည်တကျမရှိဘဲ ငွေကြေးချမ်းသာတဲ့ အမျိုးသား တွေနဲ့ ထည်လဲတွဲလေ့ရှိပြီး ဖဲကစားတာ ခုံမင်ကြောင်း၊ သူ့ကို သွားရောက်ဖမ်းဆီးစဉ်ကလည်း မူးယစ်ဆေး သုံးထားတာကိုပါ စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က သူမကို အာမခံမဲ့ ချုပ်နှောင်ထားပြီး တခြား ပါဝင်ပတ်သက်သူတွေနဲ့ အရေးကြီး သက်သေအထောက်အထားတွေ ပြည့်စုံမှ ရုံးတင်တရားစွဲမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top